Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 341–360 of 1,587 words

    စ

    စဉ့်

    [sɪ̀ɴ့]
    မြီထည် အစဟိစွာတိကို သုတ်လူးရန် ချော်ရည် တမျိုး
    မြေထည် စသည်များကို သုတ်လိမ်းရန် ချော်ရည် တစ်မျိုး
    slip
    နာမ်

    စဉ်း

    [sɪ́ɴ]
    အချိန် ကာလ။ ၂၊ အချက်အချာ ကျသော နီရာ။ ပဓါန ဖြစ်ရေ အရာ
    အချိန် ကာလ။ ၂၊ အချက်အချာ ကျသော နေရာ။ ပဓါန ဖြစ်သော အရာ
    period
    နာမ်

    စဉ်၂

    [sɪ̀ɴ၂]
    ဟိနီာက် စီတန်း နိန်ရေ။ အဆက် မပြတ် ဖြစ်တေ
    ရှေ့နောက် စီတန်း နေသည်။ အဆက် မပြတ် ဖြစ်သည်
    queue
    ကြိယာ

    စဉ်၃

    [sɪ̀ɴ၃]
    စီတန်း၍ တည်ဟိခြင်း။ အစိုင်။ အဆက် ပြတ်လပ်သည် မဟိခြင်း
    စီတန်း၍ တည်ရှိခြင်း။ အစဉ်။ အဆက် ပြတ်လပ်သည် မရှိခြင်း
    queue
    နာမ်

    စဉ်းချောင်း

    [sɪ́ɴɕáʊɴ]
    အချက်အချာ ကောင်း (အချိန် ကာလ)ကို တတိန်းချေ ငံ့လင့် စောင့်မျှော် နိန်ရေ။ ပုန်းအောင်း စောင့်ဆိုင်း နိန်ရေ။ ၂၊ အကျိုး တစုံ တရာ ဖြစ်ဖို့အတွက် ပိပြား သေဝပ်စွာ ကြိုးစား အားထုတ်သည်
    အချက်အချာ ကောင်း (အချိန် ကာလ)ကို တိတ်တဆိတ် ငံ့လင့် စောင့်မျှော် နေသည်။ ပုန်းအောင်း စောင့်ဆိုင်း နေသည်။ ၂၊ အကျိုး တစ်စုံ တစ်ရာ ဖြစ်ဖို့ရန် ပိပြား သေဝပ်စွာ ကြိုးစား အားထုတ်သည်
    bide time
    ကြိယာ

    စဉ်းစား

    [sɪ́ɴsá]
    ဆင်ခြင်ရေ။ စိတ်ကူးရေ။ တွေးခေါ်ရေ။ ကြံဆသည်
    ဆင်ခြင်သည်။ စိတ်ကူးသည်။ တွေးတောသည်။ ကြံဆသည်
    think
    ကြိယာ

    စဉ်တရစ်

    [sɪ̀ɴtɹɪʔ]
    အစိုင်တစိုက်။ ရှေ့ဆင့် နောက်ဆင့်။ အဆက် မပြတ်။ အဆီးအတား အရပ်အနား မဟိ
    အစဉ်တစိုက်။ ရှေ့ဆင့် နောက်ဆင့်။ အဆက် မပြတ်။ အဆီးအတား အရပ်အနား မရှိ
    continuously
    ကြိယာဝိသေသန

    စဉ်တာ

    [sɪ̀ɴtà]
    တယောက်ပြီး တယောက် တခုပြီး တခု အစဟိစွာအနိန်နန့်။ ဟိနီာက်။ နိမ့်မြင့်။ ကြီးငယ် အစဟိစွာ အစီအစိုင်အနိန်နန့်။ အစီအစိုင် အတိုင်း
    တစ်ယောက်ပြီး တစ်ယောက် တစ်ခုပြီး တစ်ခု စသည် အားဖြင့်။ ရှေ့နောက်။ နိမ့်မြင့်။ ကြီးငယ် စသည် အစီအစဉ် အားဖြင့်။ အစီအစဉ် အတိုင်း
    queue
    ကြိယာဝိသေသန

    စဉ်တိခတ်

    [sɪ̀ɴtìkʰaʔ]
    ကျွဲ၊ နွား လောက်ကျကေ ဖက်လိုင်စိုင်းရွက်ကို စနီ၊ အင်္ဂါ နိ့ခင်းမာ ဆွဲကေ ပျောက်သော နည်းမျိုး။ (ယင်းချင့်ကိုပင် စတိခတ်ရေလို့ ဆိုရေ)။ ၂၊ စတိ လုပ်ရေ
    ကျွဲ၊ နွား လောက်ကျလျှင် လောက်သေ ရွက်ကို စနေ၊ အင်္ဂါ နေ့လည်တွင် ဆွဲလျှင် ပျောက်သော နည်းမျိုး။ (ယင်းသည်ကို ပင်လျှင် စတိခတ်သည်ဟု ဆိုသည်)။ ၂၊ စတိ လုပ်သည်
    none
    ကြိယာ

    စဉ်တီနာ

    [sɪ̀ɴtínà]
    လူမာ ဖြစ်ပွား တတ်ရေ ခြီဆစ်၊ လက်ဆစ်၊ ဒူးဆစ် နာကြင် ရောင်းရမ်း ကိုက်ခဲ တတ်ရေ ရောဂါ။ လေးဘက်နာ
    လူတွင် ဖြစ်ပွား တတ်သော ခြေဆစ်၊ လက်ဆစ်၊ ဒူးဆစ် နာကျင် ရောင်းရမ်း ကိုက်ခဲ တတ်သော ရောဂါ။ လေးဘက်နာ
    gout
    နာမ်

    စဉ့်တုံ

    [sɪ̀ɴ့tòʊɴ]
    မြီစီးနန့် ပြုလုပ် ထားရေ အဝကျယ်ပနာ စောက်မိုးသောက်ဖက်ရေ (အင်တုံပိုင်) ထည့်စရာ ခွက်တမျိုး
    မြေစေးဖြင့် ပြုလုပ် ထားသော အဝကျယ်၍ စောက်မနက်သော (အင်တုံကဲ့သို့) ထည့်စရာ ခွက်တစ်မျိုး
    basin
    နာမ်

    စဉ့်ပိုင်း

    [sɪ̀ɴ့páɪɴ]
    မြီစီးဖြင့် ပြုလုပ် ထားရေ အဝကျယ်ပနာ စောက်မိုးသောက်ဖက်ရေ (အင်တုံပိုင်) ထည့်စရာ ခွက်တမျိုး
    မြေစေးဖြင့် ပြုလုပ် ထားသော အဝကျယ်၍ စောက်မနက်သော (အင်တုံကဲ့သို့) ထည့်စရာ ခွက်တစ်မျိုး
    basin
    နာမ်

    စဉ်းပြုတ်

    [sɪ́ɴpɹoʊʔ]
    လူလား လူလာပြတ်စဲသော အခါကာလ။ လူသူ မဟိရေ အချိန် ကာလ
    လူသွား လူလာ ပြတ်စဲသော အခါကာလ။ လူသူ ကင်းမဲ့သော အချိန် ကာလ
    humanless
    နာမ်

    စဉ်လိုင်နာ

    [sɪ̀ɴlàɪɴnà]
    လူမာ ဖြစ်ပွား တတ်ရေ ခြီဆစ်၊ လက်ဆစ်၊ ဒူးဆစ် နာကြင် ရောင်းရမ်း ကိုက်ခဲ တတ်ရေ ရောဂါ။ လေးဘက်နာ
    လူတွင် ဖြစ်ပွား တတ်သော ခြေဆစ်၊ လက်ဆစ်၊ ဒူးဆစ် နာကျင် ရောင်းရမ်း ကိုက်ခဲ တတ်သော ရောဂါ။ လေးဘက်နာ
    gout
    နာမ်

    စဉ်းသီတုံး

    [sɪ́ɴθítóʊɴ]
    တစုံ တခုကို ဓါးဖြင့် ခုတ်စိုင်းရာမာ အသုံး ပြုရေ အောက်ခံ သစ်သား တုံး။ စဉ်းနှီးတုံး
    တစ်စုံ တစ်ခုကို ဓါးဖြင့် ခုတ်စဉ်းရာတွင် အသုံး ပြုသော အောက်ခံ သစ်သား တုံး။ စဉ်းနှီးတုံး
    chopping block
    နာမ်

    စဉ့်အိုး

    [sɪ̀ɴ့ʔó]
    စဉ့်ရေ သုတ်ပနာ လုပ်ထားရေ မြီအိုး
    စဉ့်ရေ သုတ်၍ လုပ်ထားသော မြေအိုး
    crock
    နာမ်

    စဉ့်အိုးစဉ့်ခွက်

    [sɪ̀ɴ့ʔósɪ̀ɴ့kʰwɛʔ]
    စဉ့်အိုး အကြီးအချေ စစွာကို ခြုံ၍ ခေါ်သောစကား
    စဉ့်အိုး အကြီးအငယ် စသည်ကို ခြုံ၍ ခေါ်သောစကား
    crock
    နာမ်

    စည်

    [sɛ̀]
    သစ်သားကို အခေါင်း ထုတ်ချင်း ဖေါက်၍ အဝကို သားရေ ကြက်၍ တီးရရေ တူရိယာ
    သစ်သားကို အခေါင်း ထုတ်ချင်း ဖေါက်၍ အဝကို သားရေ ကြက်၍ တီးရသော တူရိယာ
    drum
    နာမ်

    စည့်

    [sɛ̰]
    တစုံ တခုကို ကြိုးဖြင့် ထိန်းချုပ် ထားရာမာ ကြိုးကို ဖြုတ်ရရေ ကိရိယာ။ ခလုတ်။ ၂၊ စက်၊ ယန္တရား အစဟိစွာရို့မာ တပ်ဆင် ထားရေ အထိန်း အချုပ် ကိရိယာ။ ခလုတ်
    တစ်စုံ တစ်ခုကို ကြိုးဖြင့် ထိန်းချုပ် ထားရာတွင် ကြိုးကို ဖြုတ်ရသော ကိရိယာ။ ခလုတ်။ ၂၊ စက်၊ ယန္တရား စသည်တို့တွင် တပ်ဆင် ထားသည့် အထိန်း အချုပ် ကိရိယာ။ ခလုတ်
    switch
    နာမ်

    စည်း

    [sɛ́]
    အိမ်မြေ၊ ကျောင်းမြေ၊ ဝင်းခြံ အစဟိစွာရို့ကို သတ်မှတ် ထားရေ အကာအရံ။ စည်းရိုး။ ၂၊ နှစ်သိုက်နန့် နှစ်သိုက် ပိုင်းခြား သတ်မှတ် ထားရေ နယ်နိမိတ်။ ၃၊ မဖေါက် မဖျက်ရန် သတ်မှတ် ထားရေ ကျင့်ဝတ် တရား။ ၄၊ တီးမှုတ် သီဆိုရာမာ တဆတ်ဆတ် တီးခတ်ရရေ တူရိယာ။ စည်း
    အိမ်မြေ၊ ကျောင်းမြေ၊ ဝင်းခြံ စသည်တို့ကို သတ်မှတ် ထားသော အကာအရံ။ စည်းရိုး။ ၂၊ တစ်ပြည်နှင့် တစ်ပြည် ပိုင်းခြား သတ်မှတ် ထားသော နယ်နိမိတ်။ ၃၊ မဖေါက် မဖျက်ရန် သတ်မှတ် ထားသော ကျင့်ဝတ် တရား။ ၄၊ တီးမှုတ် သီဆိုရာတွင် ဖြည်းဖြည်း တီးခတ်ရသော တူရိယာ။ စည်း
    boundary-rule-discipline
    နာမ်