Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 361–380 of 1,587 words

    စ

    စည်၂

    [sɛ̀၂]
    တိုးမပေါက်အောင် များပြား ထူထပ်သော။ အဆင့်ဆင့် ဆက်ကာ ဆက်ကာ တိုးပွားသော။ များပြား ပြန့်ပွား ကြီးကျယ်သော
    တစ်ခဲနက် များပြား ထူထပ်သော။ အဆင့်ဆင့် ဆက်ကာ ဆက်ကာ တိုးပွားသော။ များပြား ပြန့်ပွား ကြီးကျယ်သော
    increase
    နာမဝိသေသန

    စည့်၂

    [sɛ̰၂]
    ကြက်၊ ငှက် အစဟိစွာရို့ကို ပျံမထွက် နှိုင်ယောင် မွိးမြူထားရာ အိမ်ငယ်။ လောင်းာင်ချိုင့်။ ၂၊ စပါး၊ ဆန် အစဟိစွာ ထည့်ထားစရာ အိမ်၊ စပါးရိုင်
    ကြက်၊ ငှက် စသည်တို့ကို ပျံမထွက် နိုင်အောင် မွေးမြူထားရာ အိမ်ငယ်။ လှောင်ချိုင့်။ ၂၊ စပါး၊ ဆန် စသည် ထည့်ထားစရာ အိမ်၊ စပါးကျီ
    cage
    နာမ်

    စည်း၂

    [sɛ́၂]
    ထင်း၊ မြက်အစဟိစွာ ရို့ကို စု၍ ချိုင်ရေ
    ထင်း၊ မြက်စသည် တို့ကို စု၍ ချည်သည်
    bond
    ကြိယာ

    စည်း၃

    [sɛ́၃]
    စုစည်းပနာ လံထားရေ အရာတိကို ရွီတွက် ရာမာ သုံးသော စကားလုံး
    စုစည်း၍ ချည်ထားသော အရာများကို ရေတွက် ရာတွင် သုံးသော စကားလုံး
    count
    နာမ်

    စည်းကမ်း

    [sɛ́káɴ]
    ပြောဆို ဆုံးမချက်၊ ညွန်ကြားချက် ရို့ကို လိုက်နာ ဆောင်ရွက်ပီးရဖို့ အမှုကိစ္စ၊ ကိုယ်ကျင့် တရား
    ပြောဆို ဆုံးမချက်၊ ညွန်ကြားချက် တို့ကို နာခံ ဆောင်ရွက်ပေးရမည့် အမှုကိစ္စ၊ ကိုယ်ကျင့် တရား
    rule-discipline
    နာမ်

    စည်းကမ်းတကျ

    [sɛ́káɴtt͡ɕ]
    လိုက်နာပြုမှု ဆောင်ရွက် ရဖို့ ကျင့်ဝတ် အနိန်နန့်
    လိုက်နာပြုမှု ဆောင်ရွက် ရမည့် ကျင့်ဝတ် အားလျော်စွာ
    discipline
    ကြိယာဝိသေသန

    စည်ကား

    [sɛ̀ká]
    အဆင့်ဆင့် ဆက်ကာ တိုးပွားသော။ တိုးမပေါက်အောင် များရေ
    အဆင့်ဆင့် ဆက်ကာ တိုးပွားသော။ တစ်ခဲနက် များပြားသော
    increase
    နာမဝိသေသန

    စည်းကျဝါးကျ

    [sɛ́t͡ɕwàးt͡ɕ]
    သီဆို တီးမှုတ်ရာမာ စည်းဝါးနန့် ညီညွတ်သည်၏ အဖြစ်။ ၂၊ တသားတည်း ချိတ်ချွတ် ဖြစ်ခြင်း
    သီဆို တီးမှုတ်ရာတွင် စည်းဝါးနှင့် ညီညွတ်သည်၏ အဖြစ်။ ၂၊ တစ်သားတည်း တစ်ထပ်တည်း ဖြစ်ခြင်း
    isotonic
    နာမ်

    စည်းကြပ်

    [sɛ́t͡ɕaʔ]
    စီမံ အုပ်ချုပ်ရေ။ ၂၊ အခွန်အတုတ် စစွာကို ခန့်ခွဲစီမံရေ။ ထောက်ခံသည်
    စီမံ အုပ်ချုပ်သည်။ ၂၊ အခွန်အတုတ် စသည်ကို ခန့်ခွဲစီမံသည်။ ထောက်ခံသည်
    bear out
    ကြိယာ

    စည်းကြောင်း

    [sɛ́t͡ɕáʊɴ]
    ကစပ်ရာမာ သတ်မှတ် ပိုင်းခြား ထားရေ အရာ
    ကစားရာတွင် သတ်မှတ် ပိုင်းခြား ထားသော အရာ
    line
    နာမ်

    စည်းချ

    [sɛ́ɕ]
    ကိုယ့်ပါးကို ဖီးဥပဒ်အန္တရာယ် မကပ်မရောက် နိုင်စီရန် ပရိတ်တော်၊ မန္ဒရားးတော် အစဟိစွာရို့ကို ရွတ်ဆို သရဇ္ဈာယ်ကာ စည်းဝိုင်း အကာအရံ သတ်မှတ်သည်
    မိမိထံသို့ ဘေးဥပဒ်အန္တရာယ် မကပ်မရောက် နိုင်စေရန် ပရိတ်တော်၊ မန္တာန်းတော် စသည်တို့ကို ရွတ်ဆို သရဇ္ဈာယ်ကာ စည်းဝိုင်း အကာအရံ သတ်မှတ်သည်
    protect
    ကြိယာ

    စည်းချဝါးချညီ

    [sɛ́ɕwàးɕɲí]
    သီဆို တီးမှုတ်ရာမာ စည်းဝါး ကိုက်ညီရေ။ ညီညွတ်သည်
    သီဆို တီးမှုတ်ရာတွင် စည်းဝါး ကိုက်ညီသည်။ ညီညွတ်သည်
    isotonic
    ကြိယာ

    စည်ခြင်း

    [sɛ̀kʰɹɪ́ɴ]
    တေးခြင်း အလိုက် တီးခတ်ရရေ နည်း
    သီချင်း အလိုက် တီးခတ်ရသော နည်း
    Instrumental accompaniment
    နာမ်

    စည်ငါးမျိုး

    [sɛ̀ŋàးmró]
    ၁၊ တဖက်ပိတ် စည်။ ၂၊ နှစ်ဖက်ပိတ် စည်။ ၃၊ အားလုံး ပိတ်သော စည်။ ၄၊ တိုးမပေါက်အောင် ပိတ်သော စည်။ ၅၊ စည်ခေါင်း အစဟိစွာရို့ ဖြစ်တေ
    ၁၊ တစ်ဖက်ပိတ် စည်။ ၂၊ နှစ်ဖက်ပိတ် စည်။ ၃၊ အလုံးစုံ ပိတ်သော စည်။ ၄၊ တစ်ခဲနက် ပိတ်သော စည်။ ၅၊ စည်ခေါင်း စသည်တို့ ဖြစ်သည်
    drum
    နာမ်

    စည်းစည်း

    [sɛ́sɛ́]
    ကျစ်လစ်သော။ အကြားအလပ် မဟိ အလွန် စိပ်သော
    ကျစ်လစ်သော။ အကြားအလပ် မရှိ အလွန် စိပ်သော
    monolith
    နာမဝိသေသန

    စည်းစိမ်

    [sɛ́sèɪɴ]
    အလိုဟိအပ်၊ နှစ်သက်အပ်၊ သုံးဆောင် ခံစားအပ်ရေ ဝန်ဥစ္စာ
    အလိုရှိအပ်၊ နှစ်သက်အပ်၊ သုံးဆောင် ခံစားအပ်သော ပစ္စည်းဥစ္စာ
    possession
    နာမ်

    စည့်စိမ်ပိုး

    [sɛ̰sèɪɴpó]
    နွားချီး၊ ကျွဲချီးရို့မာ ပေါက်ဖွား၍ စိစိ-စိစိ မြည်တတ်ရေ ပိုးကောင် တမျိုး
    နွားချေး၊ ကျွဲချေးတို့၌ ပေါက်ဖွား၍ စိစိ-စိစိ မြည်တတ်သော ပိုးကောင် တစ်မျိုး
    insect
    နာမ်

    စည်းနန့်ဝါးနန့်

    [sɛ́nàɴ့wàးnàɴ့]
    စည်းနန့် ဝါးတိုကို တီးခတ်သော အချက်
    စည်းနှင့် ဝါးတိုကို တီးခတ်သော အချက်
    note
    နာမ်

    စည်ပင်

    [sɛ̀pɪ̀ɴ]
    ကြီးကျယ် ပြန့်ပွား များရေ
    ကြီးကျယ် ပြန့်ပွား များပြားသော
    plenty
    နာမဝိသေသန

    စည့်ပင်

    [sɛ̰pɪ̀ɴ]
    ကြီးရေ အပင် တမျိုး၏ အမည်
    ကြီးသော သစ်ပင် တစ်မျိုး၏ အမည်
    name of tree
    နာမ်