Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 21–40 of 1,587 words

    စ

    စကားကျယ်

    [skát͡ɕɛ̀]
    ပြောဆိုရေ သူ၏ ဂုဏ် အစဟိစွာရို့နန့် မလိုက် လျောအောင် လွန်ကဲ၍ ပြောဆိုရေ စကား
    ပြောဆိုသော သူ၏ ဂုဏ် စသည်တို့နှင့် မလိုက် လျောအောင် လွန်ကဲ၍ ပြောဆိုသော စကား
    speed upward
    နာမ်

    စကားကျွံ

    [skát͡ɕwံ]
    ပြောသင့်ရေ စကားထက် ပိုပြီးကေ လွန်ကဲ၍ ပြောရေ
    ပြောသင့်သည့် စကားထက် ပိုမို လွန်ကဲ၍ ပြောသည်
    commit oneself (in speech)
    ကြိယာ

    စကားကြီး

    [skát͡ɕï]
    အမှန်ထက် ပိုလွန်၍ ပြောဆိုရေ။ ချဲ့ထွင်၍ ဝါကြွား ပြောဆိုရေ
    အမှန်ထက် ပိုလွန်၍ ပြောဆိုသည်။ ချဲ့ထွင်၍ ဝါကြွား ပြောဆိုသည်
    boast
    ကြိယာ

    စကားကြီးစကားကျယ်

    [skát͡ɕïskát͡ɕɛ̀]
    အလွန့် အလွန်။ ပိုပြီးကေ လွန်ကဲဗျာယ်
    အလွန့် အလွန်။ ပိုမို လွန်ကဲလျက်
    extremely
    ကြိယာဝိသေသန

    စကားကြောရှည်

    [skát͡ɕɔ́ʃɛ̀]
    စကားကို စီကာပတ်ကုံး အစိုင်အတန်း ချပြီးကေ ပြောဆိုရေ။ ပြောသော စကား အဆုံးထိ မဟိ ဖြစ်တေ။ စကားကို အဆုံး မသတ်နိုင် ဖြစ်တေ။၂၊ အဖြစ် အပျက် အကြောင်း အရာ အမှု ကိစ္စ အစဟိစွာရို့နန့် အစီအစိုင် ရှည်လျားသည်
    စကားကို စီကာပတ်ကုံး အစဉ်အတန်း ချကာ ပြောဆိုသည်။ ပြောသော စကား ဆုံးခန်းတိုင် မရှိ ဖြစ်သည်။ စကားကို အဆုံး မသတ်နိုင် ဖြစ်သည်။၂၊ အဖြစ် အပျက် အကြောင်း အရာ အမှု ကိစ္စ စသည်တို့ဖြင့် အစီအစဉ် ရှည်လျားသည်
    verbose
    ကြိယာ

    စကားကြွင်း

    [skát͡ɕwɪ́ɴ]
    ပြောဖို့ လွတ်ကျန် လိုက်သော စကား
    ပြောရန် လွတ်ကျန် လိုက်သော စကား
    the rest escaped to talk
    နာမ်

    စကားကြွယ်

    [skát͡ɕwɛ̀]
    စကားကို အမျိုးမျိုး အထွီထွီ လည့်ပတ်၍ ပြောဆို နိုင်စွမ်း ဟိရေ
    စကားကို အမျိုးမျိုး အထွေထွေ လည့်ပတ်၍ ပြောဆို နိုင်စွမ်း ရှိသည်
    fluent
    ကြိယာ

    စကားခင်း

    [skákʰɪ́ɴ]
    ပရိသတ်ရို့ စိတ်ဝင်စား လာယောင် စကားကို ပန်လင်ခံ၍ ထုတ်ဖေါ် ပြောကြား သည်
    ပရိသတ်တို့ စိတ်ဝင်စား လာအောင် စကားကို ပလ္လင်ခံ၍ ထုတ်ဖေါ် ပြောကြား သည်
    throne speech
    ကြိယာ

    စကားချက်

    [skáɕɛʔ]
    အနက် အဓိပ္ပါယ် သက်ရောက်သော စကား
    အနက် အဓိပ္ပါယ် သက်ရောက်သော စကား
    the words
    ကြိယာ

    စကားချပ်

    [skáɕaʔ]
    မူလ ရီးသားသော အခါမှ အခါအခွင့် အကြောင်းသင့် (အလျဉ်းသင့်)၍ ကြားညှပ် စိကေချေ ထည့်သွင်း ဖေါ်ပြ လိုက်ရေ
    မူလ ရေးသားသော အခါတွင် အခါအခွင့် အကြောင်းသင့် (အလျဉ်းသင့်)၍ ကြားညှပ် အနည်းငယ် ထည့်သွင်း ဖေါ်ပြ လိုက်သည်
    parenthesis
    ကြိယာ

    စကားချပ်၂

    [skáɕaʔ၂]
    ယင်းပိုင် ထည့်သွင်း ဖေါ်ပြ လိုက်သော စာ
    ယင်းသို့ ထည့်သွင်း ဖေါ်ပြ လိုက်သော စာ
    parenthesis
    နာမ်

    စကားချီးပေါက်

    [skáɕïpaʊʔ]
    အစီအစိုင် မဟိ ကြုံရာ ကျပန်း ပြောမိ အတွက်နန့် မားယွင်းချက်တိပါ ဟိသနန့် အယုံအကြည် (အဓိပ္ပါယ်) မဟိ ဖြစ်တေ
    အစီအစဉ် မရှိ ကြုံရာ ကျပန်း ပြောမိ သောကြောင့် မှားယွင်းချက်များပါ ရှိသဖြင့် အယုံအကြည် (အဓိပ္ပါယ်) မရှိ ဖြစ်သည်
    prologue
    ကြိယာ

    စကားချဲ့ထိုး

    [skáɕétʰó]
    စကားကို အကျယ် ချဲ့ထွင်၍ ပြောဆိုရေ
    စကားကို အကျယ် ချဲ့ထွင်၍ ပြောဆိုသည်
    expand the width of words said
    ကြိယာ

    စကားချွန်း

    [skáɕʊ́ɴ]
    နှုတ် မစောင့်ပဲ အလွဲလွဲ အချော်ချော် ပြောရေ။ မဟုတ် မဟတ်သော စကားကို ပြောဆို ပြုမူသည်
    နှုတ် မစောင့်ပဲ အလွဲလွဲ အချော်ချော် ပြောသည်။ မဟုတ် မဟတ်သော စကားကို ပြောဆို ပြုမူသည်
    speak not abnormal behavior
    ကြိယာ

    စကားချွန်း၂

    [skáɕʊ́ɴ၂]
    ယင်းပိုင် ပြောဆိုရေ စကား
    ယင်းကဲ့သို့ ပြောဆိုသော စကား
    such talk
    နာမ်

    စကားခွန်း

    [skákʰʊ́ɴ]
    အနက် အဓိပ္ပါယ် တစုံ တရာ သက်ရောက်သော စကားလုံး
    အနက် အဓိပ္ပါယ် တစ်စုံ တစ်ရာ သက်ရောက်သော စကားလုံး
    one of the definitions of a word
    နာမ်

    စကားငံ

    [skáŋံ]
    စကား ပြောဆိုရာမာ အထိန်းအသိမ်း အစောင့်အစည်း နည်းရေ။ တွိ့ကရာ တောင်စဉ် ရေမရ ပြောဆို သည်
    စကား ပြောဆိုရာတွင် အထိန်းအသိမ်း အစောင့်အစည်း နည်းသည်။ တွေ့ကရာ တောင်စဉ် ရေမရ ပြောဆို သည်
    said incoherently
    ကြိယာ

    စကားစ

    [skás]
    စကားကို အယင်ဦးဆုံး ပြောဆိုရေ
    စကားကို ပထမဦးစွာ ပြောဆိုသည်
    first spoken
    ကြိယာ

    စကားစ ရင်း

    [skás ɹɪ́ɴ]
    အလွန် ခင်မင်စွာ ပြောဆိုရေ စကား။၂၊ စကားကို ပြောလိုရာ အဓိကချက်
    အလွန် ခင်မင်စွာ ပြောဆိုသော စကား။၂၊ စကားကို ပြောလိုရာ အဓိကချက်
    friendly speech
    နာမ်

    စကားစ၂

    [skás၂]
    စကား ပြောဆိုဖို့ အခွင့် အခါ။ ၂၊ လက်စ မသတ်ရ သိမ့်ရေ စကား
    စကား ပြောဆိုရန် အခွင့် အခါ။ ၂၊ လက်စ မသတ်ရ သေးသော စကား
    yet finished
    နာမ်