Dictionary Entries
Showing 381–400 of 1,587 words
စ
စည်ပိုင်း
[sɛ̀páɪɴ]
Arakanese:
သံပုံးကို ထက်ဝက်ပိုင်း၍ ပြုလုပ်ထားရေ အရာ။ ထည့်စရာ
Burmese:
သံပုံးကို ထက်ဝက်ပိုင်း၍ ပြုလုပ်ထားသော အရာ။ ထည့်စရာ
English:
case
Grammar Note:
နာမ်
စည်ပိုင်း၂
[sɛ̀páɪɴ၂]
Arakanese:
ခန္ဓာကိုယ် ဝဖြိုး၍ အပင်တိုရေ သူ
Burmese:
ခန္ဓာကိုယ် ဆူဖြိုး၍ အရပ်ပုသော သူ
English:
fat
Grammar Note:
နာမ်
စည်ပိုင်းပိုင်း
[sɛ̀páɪɴpáɪɴ]
Arakanese:
ငါး၊ ဘာယောင်းသီး အစဟိစွာရို့ကို တတည့် ပိုင်းဖြတ်ရေ
Burmese:
ငါး၊ ခရမ်းသီး စသည်တို့ကို တည့်တည့် ပိုင်းဖြတ်သည်
English:
cut
Grammar Note:
ကြိယာ
စည်ပုတ်ကေ
[sɛ̀poʊʔkè]
Arakanese:
စည်လက်ခတ်ဖြင့် တီးရရေ စည်ပု။ စည်တို
Burmese:
စည်လက်ခတ်ဖြင့် တီးရသော စည်ပု။ စည်တို
English:
drum
Grammar Note:
နာမ်
စည်းပေါက်
[sɛ́paʊʔ]
Arakanese:
တခုတရီ အန္တရာယ် အတွက် ဂါထာ မန္တရား မန္တရားမန်း၍ ပြုလုပ်ထားရေ စည်းဝိုင်း အထဲကို ထွက်ဝင် ပြုခအတွက်နန့် စွမ်းအင် အာနိသင် ပျက်ပြယ် လားရေ
Burmese:
တစ်စုံတစ်ခု အန္တရာယ် အတွက် ဂါထာ မန္တရား မန်းမှုတ်၍ ပြုလုပ်ထားသော စည်းဝိုင်း အတွင်းသို့ ထွက်ဝင် ပြုခဲ့သောကြောင့် စွမ်းအင် အာနိသင် ပျက်ပြယ် သွားသည်
English:
neutralize
Grammar Note:
ကြိယာ
စည်းပျက်ကမ်းပျက်
[sɛ́prɛʔkáɴprɛʔ]
Arakanese:
လိုက်နာ စောင့်ထိန်းရဖို့ ကျင့်ဝတ် တရားတိကို လိုက်နာ စောင့်ထိန်းခြင်း မဟိ ဖြစ်တေ။ ဗြန်းစိကာရ ဖြစ်တေ
Burmese:
လိုက်နာ စောင့်ထိန်းရမည့် ကျင့်ဝတ် တရားများကို လိုက်နာ စောင့်ထိန်းခြင်း မရှိ ဖြစ်သည်။ စည်းမဲ့ကမ်းမဲ့ ဖြစ်သည်
English:
ruleless
Grammar Note:
ကြိယာ
စည်းဖေါက်
[sɛ́pʰaʊʔ]
Arakanese:
ပိုင်းခြား ကန့်သတ် ပြဠာန်းထားရေ ကျင်ထုံးကို ချိုးဖေါက်ရေ။ ပြဠာန်း ထားရေ လောက ထုံးစံကို ကျော်လွှား ဖေါက်ဖျက်ရေ
Burmese:
ပိုင်းခြား ကန့်သတ် ပြဠာန်းထားသော ကျင်ထုံးကို ချိုးဖေါက်သည်။ ပြဠာန်း ထားသော လောက ထုံးစံကို ကျော်လွှား ဖေါက်ဖျက်သည်
English:
violate
Grammar Note:
ကြိယာ
စည်ဘောင်
[sɛ̀bʱàʊɴ]
Arakanese:
လည်ဝတ် တန်ဆာ တမျိုး
Burmese:
လည်ဝတ် တန်ဆာ တစ်မျိုး
English:
necklace
Grammar Note:
နာမ်
စည်းမျဉ်း
[sɛ́mrɪ́ɴ]
Arakanese:
လူအများ လိုက်နာ သိမ်းဆည်း ထိန်းသိမ်းဖို့ ကျင့်ထုံး ကျင့်ရိုး
Burmese:
လူအများ လိုက်နာ သိမ်းဆည်း ထိန်းသိမ်းမည့် ကျင့်ထုံး ကျင့်ရိုး
English:
rule
Grammar Note:
နာမ်
စည်းရုံး
[sɛ́ɹóʊɴ]
Arakanese:
အသင်းအဖွဲ့ လုပ်ရေ။ ပေါင်းရုံးရေ။ ပေါင်းစုသည်
Burmese:
အသင်းအဖွဲ့ လုပ်သည်။ ပေါင်းရုံးသည်။ ပေါင်းစုသည်
English:
commune
Grammar Note:
ကြိယာ
စည်လည်
[sɛ̀lɛ̀]
Arakanese:
လူအများ သိစီလိုရာကို မောင်းခတ်၍ ကျွီး ကြားသိ စီရေ။ လူအများ ကြားသိယောင် ပြုသည်
Burmese:
လူအများ သိစေလိုရာကို မောင်းခတ်၍ အော်ဟစ် ကြားသိ စေသည်။ လူအများ ကြားသိအောင် ပြုသည်
English:
announce
Grammar Note:
ကြိယာ
စည်းလိုက်ဝါးလိုက်
[sɛ́laɪʔwàးlaɪʔ]
Arakanese:
သီဆို တီးမှုတ်ရာမာ စည်းဝါးနန့် ညီညွတ်သည်၏ အဖြစ်။ ၂၊ တသားတည်း ချိတ်ချွတ် ဖြစ်ခြင်း
Burmese:
သီဆို တီးမှုတ်ရာတွင် စည်းဝါးနှင့် ညီညွတ်သည်၏ အဖြစ်။ ၂၊ တစ်သားတည်း တစ်ထပ်တည်း ဖြစ်ခြင်း
English:
cohesively
Grammar Note:
နာမ်
စည်းလုံး
[sɛ́lóʊɴ]
Arakanese:
စည်းစည်း ရုံးရုံး ဟိရေ။ တစုတည်း အဖြစ်သို့ ရောက်ရေ
Burmese:
စည်းစည်း ရုံးရုံး ရှိသည်။ တစ်စုတည်း အဖြစ်သို့ ရောက်သည်
English:
cohesive
Grammar Note:
ကြိယာ
စည်းဝိုင်း
[sɛ́wáɪɴ]
Arakanese:
ပိုင်းခြား ကန့်သတ် ထားခြင်း။ တကွဲ တသန့်စီ ဖြစ်ယောင် ခွဲကန့် ထားရေ အရာ
Burmese:
ပိုင်းခြား ကန့်သတ် ထားခြင်း။ တစ်ကွဲ တစ်သန့်စီ ဖြစ်အောင် ခွဲကန့် ထားသော အရာ
English:
limit
Grammar Note:
နာမ်
စည်းဝေး
[sɛ́wé]
Arakanese:
တစု တပေါင်းတည်း တွိဆုံ ညှိနှိုင်း ပြောဆို နှီးနှောသည်
Burmese:
တစ်စု တစ်ပေါင်းတည်း တွေ့ဆုံ ညှိနှိုင်း ပြောဆို နှီးနှောသည်
English:
commune with
Grammar Note:
ကြိယာ
စည်သဘင်
[sɛ̀θbʱɪ̀ɴ]
Arakanese:
သီ၊ ဆို၊ ကခုန်ခြင်းနန့် ပရိသတ်ရို့ကို ဖြေဖျော်ကာ အသက်မွီး ဝမ်းကျောင်း ပြုရေ ပညာသျှင်
Burmese:
သီ၊ ဆို၊ ကခုန်ခြင်းဖြင့် ပရိသတ်တို့ကို ဖြေဖျော်ကာ အသက်မွေး ဝမ်းကျောင်း ပြုသော ပညာရှင်
English:
artist
Grammar Note:
နာမ်
စည်သဘင်အမတ်
[sɛ̀θbʱɪ̀ɴʔmaʔ]
Arakanese:
သီ၊ ဆို၊ ကခုန်ခြင်းနန့် ပရိသတ်ရို့ကို ဖြေဖျော်ကာ အသက်မွီး ဝမ်းကျောင်း ပြုရေ ပညာသျှင်ရို့ကို အုပ်ချုပ် ကွပ်ကဲရရေ (သဘင်) အမတ်
Burmese:
သီ၊ ဆို၊ ကခုန်ခြင်းဖြင့် ပရိသတ်တို့ကို ဖြေဖျော်ကာ အသက်မွေး ဝမ်းကျောင်း ပြုသော ပညာရှင်တို့ကို အုပ်ချုပ် ကွပ်ကဲရသော (သဘင်) အမတ်
English:
head of artists
Grammar Note:
နာမ်
စည်းသား
[sɛ́θá]
Arakanese:
တခုတရီ ပြုလုပ်ဖို့ အတွက် ဂါထာ၊ မန္တရား အစဟိစွာအနိန်နန့် ပိုင်းခြား သတ်မှတ် ထားရေ
Burmese:
တစ်စုံတစ်ခု ပြုလုပ်ရန် အတွက် ဂါထာ၊ မန္တရား စသည်ဖြင့် ပိုင်းခြား သတ်မှတ် ထားသည်
English:
boundary
Grammar Note:
ကြိယာ
စည်းသိနည်းသိ
[sɛ́θìnɛ́θì]
Arakanese:
လိုက်နာ စောင့်ထိန်းရဖို့ စည်းကမ်းချက် အတိုင်း လိုက်နာ ကျင့်သုံးရေ
Burmese:
လိုက်နာ စောင့်ထိန်းရမည့် စည်းကမ်းချက် အတိုင်း လိုက်နာ ကျင့်သုံးသည်
English:
obey
Grammar Note:
ကြိယာ
စည့်သီး
[sɛ̰θï]
Arakanese:
အောက်ခြမ်း အပေါက်မာ အထက်ခြမ်း အဖု အထဲကို နစ်ဝင်အောင် ဖိကပ် ရရေ စိသီး တမျိုး
Burmese:
အောက်ခြမ်း အပေါက်တွင် အထက်ခြမ်း အဖု အတွင်းသို့ နစ်ဝင်အောင် ဖိကပ် ရသော ကြယ်သီး တစ်မျိုး
English:
button
Grammar Note:
နာမ်