Dictionary Entries
Showing 401–420 of 1,587 words
စ
စည်းသီနည်းသီ
[sɛ́θínɛ́θí]
Arakanese:
ပိပြား သေဝပ်စွာ စိသားကိုက်။ စွာကွက် မဟိအောင်။ (စကား) ပေါက်ကြားခြင်း မဟိစီပဲ။ စည်းကမ်း သေဝပ်စွာဖြင့်။ အလီအရွင့် မဟိအောင်
Burmese:
ပိပြား သေဝပ်စွာ တိတိကျကျ။ ဟာကွက် မရှိအောင်။ (စကား) ပေါက်ကြားခြင်း မရှိစေပဲ။ စည်းကမ်း သေဝပ်စွာဖြင့်။ အလေအလွင့် မရှိအောင်
English:
exactly
Grammar Note:
ကြိယာဝိသေသန
စံညှင်းပလွီ
[sံɲ̯ɪ́ɴplwí]
Arakanese:
ညင်ညင် သာသာ မှုတ်ရရေ ပလွီ တမျိုး။ ၂၊ လက် ဆယ်ချောင်း ဟိရာမာ သုံးချောင်း ချီ၍ မှုတ်ရရေ ပလွီ တမျိုး
Burmese:
ညင်ညင် သာသာ မှုတ်ရသော ပလွေ တစ်မျိုး။ ၂၊ လက် ဆယ်ချောင်း ယှိရာတွင် သုံးချောင်း ချီ၍ မှုတ်ရသော ပလွေ တစ်မျိုး
English:
french horn
Grammar Note:
နာမ်
စတင်
[stɪ̀ɴ]
Arakanese:
အရာ ပုဂ္ဂိုလ်ထက် အဦး အလျင် လုပ်ရေ။ ရှီးဦး ပထမ လုပ်ရေ
Burmese:
အခြား ပုဂ္ဂိုလ်ထက် အဦး အလျင် လုပ်သည်။ ရှေးဦး ပထမ လုပ်သည်
English:
Start
Grammar Note:
ကြိယာ
စံတင်
[sံtɪ̀ɴ]
Arakanese:
အသင့် လျော်ဆုံးဟု စံအဖြစ် ပြဌာန်း ထားရေ။ ၂၊ (စံတင် လောက်ရေလို့) ချီးမြှောက် ပြောဆိုရေ
Burmese:
အသင့် လျော်ဆုံးဟု စံအဖြစ် ပြဌာန်း ထားသည်။ ၂၊ (စံတင် လောက်သည်ဟု) ချီးမြှောက် ပြောဆိုသည်
English:
declare as the best or the ideal-prescribe as a standard
Grammar Note:
ကြိယာ
စတည်းချ
[stɛ́ɕ]
Arakanese:
တနားချေတဗွေချေ အပန်းဖြီ နားနိန်ရေ
Burmese:
ခေတ္တ အပန်းဖြေ နားနေသည်
English:
make a temporary stay
Grammar Note:
ကြိယာဝိသေသန
စတိခတ်
[stìkʰaʔ]
Arakanese:
ကျွဲ၊ နွား လောက်ကျကေ ဖက်လိုင်စိုင်းကို စနီ၊ အင်္ဂါ နိ့ခင်းမာ ဆွဲကေ ပျောက်သော နည်းမျိုး။ (ယင်းချင့်ကိုပင် စတိခတ်ရေလို့ ဆိုရေ)
Burmese:
ကျွဲ၊ နွား လောက်ကျလျှင် လောက်သေရွက်ကို စနေ၊ အင်္ဂါ နေ့လည်တွင် ဆွဲလျှင် ပျောက်သော နည်းမျိုး။ (ယင်းသည်ကို ပင်လျှင် စတိခတ်သည်ဟု ဆိုသည်)
English:
none
Grammar Note:
နာမ်
စတုဒိသာ
[stoʊdìθà]
Arakanese:
အဟိ၊ အနောက်၊ တောင်၊ မြောက်၊ ဒိသာ၊ လေးမျက်နှာ။ ၂၊ ယင်း အရပ် လေးမျက်နှာမှ ရောက်လှာ သမျှသော ရဟန်း ရှင်လူ
Burmese:
အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ ဒိသာ၊ လေးမျက်နှာ။ ၂၊ ယင်း အရပ် လေးမျက်နှာမှ ရောက်လာ သမျှသော ရဟန်း ရှင်လူ
English:
feast given in charity for all corners
Grammar Note:
နာမ်
စတေးခံ
[stékʰံ]
Arakanese:
တိုင်းပြည် နိုင်ငံအတွက် ကိုယ့်ကိုယ်ကို အသီခံ ဆောင်ရွက် လားရေ
Burmese:
တိုင်းပြည် နိုင်ငံအတွက် မိမိကိုယ်ကို အသေခံ ဆောင်ရွက် သွားသည်
English:
fight for country
Grammar Note:
ကြိယာ
စံတော်ချိန်
[sံtɔ̀ɕèɪɴ]
Arakanese:
ဒေသ အလိုက် စံအဖြစ် သတ်မှတ် ထားရေ အချိန်နာရီ
Burmese:
ဒေသ အလိုက် စံအဖြစ် သတ်မှတ် ထားသော အချိန်နာရီ
English:
standard time
Grammar Note:
နာမ်
စံဓလေ့
[sံdʱlḛ]
Arakanese:
ထုံးတမ်း စဉ်လာ။ အလိအထ။ ဓလိ့ ထုံးစိုင်။ အလိအလာ
Burmese:
ထုံးတမ်း စဉ်လာ။ အလေ့အထ။ ဓလေ့ ထုံးစံ။ အလေ့အလာ
English:
ethnicity
Grammar Note:
နာမ်
စနက်
[snɛʔ]
Arakanese:
တစုံ တခုသော မကောင်းကျိုးကို ဖြစ်ပေါ် စီနှိုင်ရေ အကြောင်းရပ်။ ၂။ ပေါက်ကွဲစေ တတ်ရေ အမြောက် ဗုံးဆန်သို့ ညို့စီရေ့ ယမ်းကြိုး မျှင်
Burmese:
တစ်စုံ တစ်ခုသော မကောင်းကျိုးကို ဖြစ်ပေါ် စေနိုင်သော အကြောင်းရပ်။ ၂။ ပေါက်ကွဲစေ တတ်သည့် အမြောက် ဗုံးဆန်သို့ မီးကူးစေသည့် ယမ်းကြိုး မျှင်
English:
detonating fuse
Grammar Note:
နာမ်
စနက်တံ
[snɛʔtံ]
Arakanese:
ပေါက်ကွဲ စီရန် အမြောက်ဗုံး အစဟိစွာရို့မာ တပ်ထားရေ ယမ်းတံ
Burmese:
ပေါက်ကွဲ စေရန် အမြောက်ဗုံး စသည်တို့တွင် တပ်ထားသော ယမ်းတံ
English:
detonator
Grammar Note:
နာမ်
စနက်သွယ်
[snɛʔθwɛ̀]
Arakanese:
တဦးနှင့်် တဦး တဖက်နန့် တဖက် ပြေလည် နီးစပ် ခင်မင်အောင် ဆောင်ရွက် ပီးရေ။ ၂၊ နှစ်ဦး နှစ်ဖက်အား ကြားဝင် ဆက်သွယ် ပီးရေ။ အောင်သွီရေ။ ၃၊ ဤကို ပြန်သောအနိန်နန့် တဦးနန့် တဦး၊ တဖက်နန့် တဖက် မသင့်တင့် အဓိကရုဏ်း ဖြစ်ပွားသည်
Burmese:
တစ်ဦးနှင့်် တစ်ဦး တစ်ဖက်နှင့် တစ်ဖက် ပြေလည် နီးစပ် ခင်မင်အောင် ဆောင်ရွက် ပေးသည်။ ၂၊ နှစ်ဦး နှစ်ဖက်အား ကြားဝင် ဆက်သွယ် ပေးသည်။ အောင်သွယ်သည်။ ၃၊ ဤကို ပြန်သော အားဖြင့် တစ်ဦးနှင့် တစ်ဦး၊ တစ်ဖက်နှင့် တစ်ဖက် မသင့်တင့် အဓိကရုဏ်း ဖြစ်ပွားသည်
English:
riot
Grammar Note:
ကြိယာ
စနစ်
[snɪʔ]
Arakanese:
ထုံး။ နည်း။ ဓလိထုံးစံ
Burmese:
ထုံး။ နည်း။ ဓလေ့ထုံးစံ
English:
tradition - custom
Grammar Note:
နာမ်
စနည်း
[snɛ́]
Arakanese:
ကြိုတင်ပနာ သိဟိ ထားနိုင်ဖို့ အကြောင်း နိမိတ်ပြ အနိန်အထားအနိန်နန့် ပြောဆိုရေ အသံ
Burmese:
ကြိုတင်၍ သိရှိ ထားနိုင်ရန် အကြောင်း နိမိတ်ပြ အနေအထား အားဖြင့် ပြောဆိုသော အသံ
English:
strand
Grammar Note:
နာမ်
စနည်းနာ
[snɛ́nà]
Arakanese:
အကြောင်း တခုခုကို ကြားသိစီ လိုရေတွက်နန့် ရှာဖွီ မီးမြန်းရေ။ ၂၊ ထောက်လှမ်းသည်
Burmese:
အကြောင်း တစ်စုံ တစ်ရာကို ကြားသိစေ လို၍ ရှာဖွေ မေးမြန်းသည်။ ၂၊ ထောက်လှမ်းသည်
English:
survey
Grammar Note:
ကြိယာ
စနီ
[sní]
Arakanese:
မိုး အာကာဟိ လ။ (စန္ဒာမှ ပြောင်းလှာသော စနီ)
Burmese:
မိုး ကောင်းကင်ရှိ လ။ (စန္ဒာမှ ပြောင်းလာသော စနီ)
English:
moon
Grammar Note:
နာမ်
စနီ၂
[sní၂]
Arakanese:
နိ ခုနှစ်ရက်မာ နောက်ဆုံး ဖြစ်ရေ နိ၊ စနီ
Burmese:
နေ့ ခုနှစ်ရက်တွင် နောက်ဆုံး ဖြစ်သော နေ့၊ စနေ
English:
saturday
Grammar Note:
နာမ်
စနီနံ
[snínံ]
Arakanese:
ဋဝင်္ဂ အက္ခရာ၊ တဝင်္ဂ အက္ခရာ ရို့နန့် မှတ်အပ်ရေ သက်ဟိ သက်မဲ့ရို့၏ အမည်။ ၂၊ မမာ့ ရင်နို့သီး
Burmese:
ဋဝင်္ဂ အက္ခရာ၊ တဝင်္ဂ အက္ခရာ တို့ဖြင့် မှတ်အပ်သော သက်ရှိ သက်မဲ့တို့၏ အမည်။ ၂၊ မိန်းမ ရင်သားမြတ်
English:
breast
Grammar Note:
နာမ်
စန္ဒကူး
[sn̪a̰n̪d̪a̰kùး]
Arakanese:
အလွန် မွှီးကြိုင်သော အနှစ်နံ့သာ တမျိုး
Burmese:
အလွန် မွှေးကြိုင်သော အနှစ်နံ့သာ တစ်မျိုး
English:
sandalwood
Grammar Note:
နာမ်