Dictionary Entries
Showing 421–440 of 1,587 words
စ
စန္ဒရားမင်းခွာ
[sn̪a̰n̪d̪a̰ɹámɪ́ɴkʰwà]
Arakanese:
ပင်လယ်ဝ၊ မြစ်ဝရို့မာ ပင်ဖြစ်ဖြစ်၊ လောင်း သင်္ဘော နောက်ခါ ပင်ဖြစ်ဖြစ် လားလာ ကျက်စား နီတတ်ရေ ရေငှက်။ စင်ရော်ငှက်။ (စူဠစန္ဒရား မင်းကြီးရေ တကောင်း သင်းတွဲပြည်သို့ လောင်းဖေါင်ဖြင့် တိုင်းခန်း လှည့်လည် လားခါ လောင်း၏ ဝဲယာရံ၍ လိုက်ပါ လာအတွက်နန့် ယင်းငှက်ကို စိုင်
Burmese:
ပင်လယ်ဝ၊ မြစ်ဝတို့တွင် လည်းကောင်း၊ လှေ သင်္ဘော နောက်မှ လည်းကောင်း သွားလာ ကျက်စား နေတတ်သော ရေငှက်။ စင်ရော်ငှက်။ (စူဠစန္ဒရား မင်းကြီးသည် တကောင်း သင်းတွဲပြည်သို့ လှေဖေါင်ဖြင့် တိုင်းခန်း လှည့်လည် သွားသောအခါ လှေ၏ ဝဲယာရံ၍ လိုက်ပါ လာသောကြောင့် ၎င်းငှက်ကို စိုင်
English:
gull
Grammar Note:
နာမ်
စန္ဒရားမင်းစစ်သည်
[sn̪a̰n̪d̪a̰ɹámɪ́ɴsɪʔθɛ̀]
Arakanese:
ပင်လယ် ကမ်းခြီ သဲပြင်ရှည်မာ ကျက်စား နေကတ်တေ နီရဲသော အရောင်ဟိရေ (ဗလိနီခေါ်) ဂဏန်း ကောင်ငယ် တမျိုး
Burmese:
ပင်လယ် ကမ်းခြေ သဲသောင်ပြင်တွင် ကျက်စား နေကြသော နီရဲသော အရောင်ရှိသော (ဗလိနီခေါ်) ဂဏန်း ကောင်ငယ် တစ်မျိုး
English:
crab
Grammar Note:
နာမ်
စန္ဒာ
[sn̪a̰n̪d̪a̰à]
Arakanese:
မိုဇ်း ကောင်ကင်၌ ဟိရေ လ
Burmese:
မိုဇ်း ကောင်ကင်၌ ရှိသော လ
English:
moon
Grammar Note:
နာမ်
စန္ဒိမာ
[sn̪a̰n̪d̪a̰ìmà]
Arakanese:
အာကာဟိ လ
Burmese:
ကောင်းကင်ရှိ လ
English:
moon
Grammar Note:
နာမ်
စန့်
[sàɴ့]
Arakanese:
ကောက်ကွိ နေစွာကို ဖြောင့်စင်းအောင် လုပ်ရေ။ အလျားလိုက် ဆန့်သည်
Burmese:
ကောက်ကွေ့ နေသည်ကို ဖြောင့်စင်းအောင် လုပ်သည်။ အလျားလိုက် ဆန့်သည်
English:
stretch
Grammar Note:
ကြိယာ
စန်း
[sáɴ]
Arakanese:
အာကာ၌ ဟိရေ လ
Burmese:
ကောင်းကင်၌ ရှိသော လ
English:
moon
Grammar Note:
နာမ်
စန့်၂
[sàɴ့၂]
Arakanese:
သီဆုံးသည်
Burmese:
သေဆုံးသည်
English:
die-pass away
Grammar Note:
ကြိယာ
စန့်၃
[sàɴ့၃]
Arakanese:
ရှည်လျားသော အရာ
Burmese:
ရှည်လျားသော အရာ
English:
long
Grammar Note:
နာမ်
စန့်ကရန့်
[sàɴ့kɹàɴ့]
Arakanese:
ညီညွတ် ဖြောင့်မတ်စွာ။ ၂၊ ရှည်သွီလျားစွာ
Burmese:
ညီညွတ် ဖြောင့်မတ်စွာ။ ၂၊ ရှည်သွယ်လျားစွာ
English:
long
Grammar Note:
ကြိယာဝိသေသန
စန့်ကရန့်၂
[sàɴ့kɹàɴ့၂]
Arakanese:
အရှည်လိုက်၊ အလျားလိုက် ဖြစ်တေ။ ၂၊ ခရီးရှည် ဝီးကွာသည်
Burmese:
အရှည်လိုက်၊ အလျားလိုက် ဖြစ်သည်။ ၂၊ ခရီးရှည် ဝေးကွာသည်
English:
lengthway
Grammar Note:
ကြိယာ
စန့်ကရီစန့်ကရန့်
[sa̰ɴkɹísa̰ɴkɹa̰ɴ]
Arakanese:
ညီညွတ် ဖြောင့်မတ်စွာ။ ၂၊ ရှည်သွီလျားစွာ
Burmese:
ညီညွတ် ဖြောင့်မတ်စွာ။ ၂၊ ရှည်သွယ်လျားစွာ
English:
long
Grammar Note:
ကြိယာဝိသေသန
စန့်ကီစန့်ကော
[sàɴ့kísàɴ့kɔ́]
Arakanese:
အလုပ်တခုကိုလေ့ မလုပ် မကိုင်ပဲ ပတ်ဝန်းကျင်၌ တရစ် ဝဲဝဲ လားလာဗျာယ်။ ၂။ ရည်ရွယ်ချက် မဟိဘဲ ပတ်ဝန်းကျင် တခုခုမာ ယောင်သီယောင်သတ်နန့်
Burmese:
မည်သည့် အလုပ်ကိုမှ မလုပ် မကိုင်ပဲ ပတ်ဝန်းကျင်၌ တရစ် ဝဲဝဲ သွားလာလျက်။ ၂။ ရည်ရွယ်ချက် မရှိပဲ တစ်စုံ တစ်ခုသော ပတ်ဝန်းကျင်၌ လူးလာလျက်
English:
hover
Grammar Note:
ကြိယာဝိသေသန
စန်းကောင်
[sáɴkàʊɴ]
Arakanese:
မြေ၌ နိန်ရေ ဆစ္ဆီ၊ သဆီငယ်၊ မှင်စာငယ်
Burmese:
မြေ၌ နေသော တစ္ဆေငယ်၊ မှင်စာငယ်
English:
goblin
Grammar Note:
နာမ်
စန်းကောင်း
[sáɴkáʊɴ]
Arakanese:
ပြုဘူးသော ကောင်းမှု၏ အကျိုးကို ခံစားရရေ
Burmese:
ပြုဘူးသော ကောင်းမှု၏ အကျိုးကို ခံစားရသည်
English:
sustaining
Grammar Note:
ကြိယာ
စန်းခလုတ်
[sáɴkʰloʊʔ]
Arakanese:
စမ်းရီ ကျရာမာ ပေါ်ထွက် လာရေ သစ်ငုတ်တို
Burmese:
စမ်းရေ ကျရာတွင် ပေါ်ထွက် လာသော သစ်ငုတ်တို
English:
stump
Grammar Note:
နာမ်
စန့်စန့်
[sàɴ့sàɴ့]
Arakanese:
အလျားရှည်သော။ ရှည်သော အလျားဟိရေ။ ၂၊ အကောက် အကွိ့ မဟိ ဖြောင့်စင်းသော
Burmese:
အလျားရှည်သော။ ရှည်သော အလျားရှိသော။ ၂၊ အကောက် အကွေ့ မယှိ ဖြောင့်စင်းသော
English:
oblong
Grammar Note:
နာမဝိသေသန
စန့်စန့်သီ
[sàɴ့sàɴ့θí]
Arakanese:
ဝန် ဥစ္စာ ဆုံးယှုံး ပျက်စီး ရေအခါ၊ ဝမ်းနည်း ရေအခါ၊ လွမ်းဆွေး တမ်းတ ရေအခါ၊ အဓွန့်ရှည်သော ခရီးကို လားလာ ရရေအခါ။ ညောတရိညာတရာ ပင်ပန်း ရေအခါ၊ အခက်အခဲနှင့် ကြုံတွိ ရေအခါ အစဟိစွာရို့မာ နှုတ်က ထွက်ဆိုရေ စကားလုံး
Burmese:
ပစ္စည်း ဥစ္စာ ဆုံးရှုံး ပျက်စီး သောအခါ၊ ဝမ်းနည်း သောအခါ၊ ရော်ရမ်း တမ်းတ သောအခါ၊ အဓွန့်ရှည်သော ခရီးကို သွားလာ ရသောအခါ။ ညောင်းညာ ပင်ပန်း သောအခါ၊ အခက်အခဲနှင့် ကြုံကြိုက် သောအခါ စသည်တို့၌ နှုတ်မှ ထွက်ဆိုသော စကားလုံး
English:
tired
Grammar Note:
နာမ်
စန်တလင်း
[sàɴtlɪ́ɴ]
Arakanese:
တိုက်အိမ် အဆောက် အအုံ၌ အောက်မြီညီမာ အုတ်၊ ကျောက်၊ ထုံး၊ ဇမ်းပွတ် ရို့နန့် ရောစပ်၍ ခင်းထားရေ ဇမ်းပွတ်ပြင်။ အခင်း
Burmese:
တိုက်အိမ် အဆောက် အအုံ၌ အောက်မြေညီတွင် အုတ်၊ ကျောက်၊ ထုံး၊ အင်္ဂတေ တို့ဖြင့် ရောစပ်၍ ခင်းထားသော အင်္ဂတေပြင်။ အခင်း
English:
floor
Grammar Note:
နာမ်
စန့်တော်မူ
[sàɴ့tɔ̀mù]
Arakanese:
သီဆုံးသည်
Burmese:
သေဆုံးသည်
English:
die-pass away
Grammar Note:
ကြိယာ
စန်းတွင်း
[sáɴtwɪ́ɴ]
Arakanese:
မြီကျင်းထဲမာ (စန်းကောင် ဟုခေါ်သော) လူကို နှောင့်ယှက် တတ်ရေ နတ်ဆိုး နတ်ယုတ် ရို့နိန်ရေ မား၊ မြေဖုတ်ရို့ နိန်ရေ မား
Burmese:
မြေကျင်းထဲတွင် (စန်းကောင် ဟုခေါ်သော) လူကို နှောင့်ယှက် တတ်သော နတ်ဆိုး နတ်ယုတ် တို့နေသော တွင်း၊ မြေဖုတ်တို့ နေသော တွင်း
English:
pit-burrow
Grammar Note:
နာမ်