Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 461–480 of 1,587 words

    စ

    စပါးဖူး

    [spàးpʰùး]
    စပါးမျိုးစိ တည်ရန် အပင် အဆစ်ရင်းမှ တဆတ်ဆတ် အဖျားသို့ အဖုဖြစ်ပနာ လာခြင်း
    စပါးမျိုးစေ့ တည်ရန် အပင် အဆစ်ရင်းမှ တဖြည်းဖြည်း အဖျားသို့ အဖုဖြစ်၍ လာခြင်း
    grain
    နာမ်

    စပါးမွီး

    [spàးmwï]
    စပါးစိ ထိပ်ဖျားမာ ပေါက်သော အမျှင်ရှည်။ စပါးမွေး
    စပါးစေ့ ထိပ်ဖျားတွင် ပေါက်သော အမျှင်ရှည်။ စပါးမွေး
    corn feed
    နာမ်

    စပါးမွီးစူး

    [spàးmwïsùး]
    (ဥပစါ) အကြည့်ရ ကတ်ရေ။ ကြည့်ရ မြင်ရရေ အတွက် မသာမယာ မနှစ်မသက် ဖြစ်တေ
    (ဥပစါ) အကြည့်ရ ကတ်သည်။ ကြည့်ရ မြင်ရသည့် အတွက် မသာမယာ မနှစ်မသက် ဖြစ်သည်
    eyesore
    ကြိယာ

    စပါးလင်

    [spàးlɪ̀ɴ]
    အရွက် ပင်မကြီး ရို့ကို ဟင်းခပ်မွှီးအဖြစ် အသုံးပြုရေ မြက် အမျိုးအစားမာ ပါဝင်ရေ မြက် တမျိုး
    အရွက် ပင်စည် တို့ကို ဟင်းခပ်မွှေးအဖြစ် အသုံးပြုသော မြက် အမျိုးအစားတွင် ပါဝင်သော မြက် တစ်မျိုး
    a kind of grass
    နာမ်

    စပ်

    [saʔ]
    နာကြင်သော။ ပူလောင်သော။ ခံရာမှု မဟိသော။ ၂၊ ငရုတ်ပိုင် လျှာပေါ်၌ ထိတွိ ခံစားမှုမျိုး ဟိရေ။ ၃၊ မျက်စိ ရဲရဲတောက် နာကြင်သော
    နာကျင်သော။ ပူလောင်သော။ ခံသာမှု မယှိသော။ ၂၊ ငရုတ်ကဲ့သို့ လျှာပေါ်၌ ထိတွေ့ ခံစားမှုမျိုး ရှိသော။ ၃၊ မျက်စိ ရဲရဲတောက် နာကျင်သော
    pain-hot-spicy
    နာမဝိသေသန

    စပ်၂

    [saʔ၂]
    (အမျိုး) တော်ရေ။ ဆက်သွယ်မှု ဟိရေ။ ၂၊ တဆက်တည်း ဖြစ်တေ။ ၃၊ ရောရေ။ နှောရေ။ ပေါင်းဖက်ရေ
    (အမျိုး) တော်သည်။ ဆက်သွယ်မှု ရှိသည်။ ၂၊ တစ်ဆက်တည်း ဖြစ်သည်။ ၃၊ ရောသည်။ နှောသည်။ ပေါင်းဖက်သည်
    relate-associate
    ကြိယာ

    စပ်၃

    [saʔ၃]
    လောင်းဆင်ရန် လောင်းနံ ထက်မာ ပျိုင်တရွှားနန့် တရွှား ဆင့်ကပ် ရိုက်ထားရေ ပျိုင်ချပ်
    လှေဆင်ရန် လှေနံ ထက်တွင် ပျဉ်တစ်ချပ်နှင့် တစ်ချပ် ဆင့်ကပ် ရိုက်ထားသော ပျဉ်ချပ်
    timber
    နာမ်

    စပ်ကရာ

    [saʔkɹà]
    ထိုထို ဒေဒေလားလာ လှုပ်ယှားဗျာယ်။ ဇာတခုကိုလေ့ တိကျ စွဲမြဲစွာ ဦးတည်ချက် မဟိဘဲ။ အလဲအလည်အနိန်နန့်
    ဟိုဟို ဒီဒီ သွားလာ လှုပ်ရှားလျက်။ မည်သည့် အရာကိုမျှ တိကျ စွဲမြဲစွာ ဦးတည်ချက် မရှိပဲ။ အလဲအလည် အားဖြင့်
    without intention
    ကြိယာဝိသေသန

    စပ်ကရာ၂

    [saʔkɹà၂]
    အဓိပ္ပါယ် မဟိရေ စကားမျိုး။ ၂၊ ဇာတခုကိုလေ့ တိကျ စွဲမြဲစွာ ဦးတည်ချက် မဟိဘဲ။ တိကျ ပြတ်သားမှု မဟိခြင်း
    အဓိပ္ပါယ် မရှိသော စကားမျိုး။ ၂၊ မည်သည့် အရာကိုမျှ တိကျ စွဲမြဲစွာ ဦးတည်ချက် မရှိပဲ။ တိကျ ပြတ်သားမှု မရှိခြင်း
    meaningless speech-without intention
    နာမ်

    စပ်ကာဟပ်ကာ

    [saʔkàhaʔkà]
    (ဆွီမျိုး အရင်းအချာ မဟုတ်) အနည်း အကျိုင်း တော်စပ်ဆီလောင်းာက်ရာ ဖြစ်ရေ။ သာမန်မျှ ဖြစ်ရေ
    (ဆွေမျိုး အရင်းအချာ မဟုတ်) အနည်း အကျဉ်း တော်စပ်ကာမျှ ဖြစ်သော။ သာမန်မျှ ဖြစ်သော
    normal
    နာမဝိသေသန

    စပ်ကူး

    [saʔkùး]
    (ဥပစာ) ခေတ်ကာလ တခုနန့် တခု၊ အချိန်ကာလ တခုနန့် တခု အပြောင်းအလဲ အကြား ကာလ။ နှစ်ရို့၏ ကြားကာလ
    (ဥပစာ) ခေတ်ကာလ တစ်ခုနှင့် တစ်ခု၊ အချိန်ကာလ တစ်ခုနှင့် တစ်ခု အပြောင်းအလဲ အကြား ကာလ။ နှစ်တို့၏ ကြားကာလ
    interlapse
    နာမ်

    စပ်ကြား

    [saʔt͡ɕá]
    လောင်းပျိုင်ချပ် နှစ်ခုရို့၏ အကြား။ ၂၊ ရောက်တုန်းရောက်အံ့ နှစ်ခုရို့၏ အကြား
    လောင်းပျဉ်ချပ် နှစ်ခုတို့၏ အကြား။ ၂၊ ရောက်ဆဲ ရောက်လတ္တံ့ နှစ်ခုတို့၏ အကြား
    line
    နာမ်

    စပ်ကြောင်း

    [saʔt͡ɕáʊɴ]
    လောင်းပျိုင်ချပ် နှစ်ချပ် ရို့၏ ဆက်စပ်ရာ အကြောင်းတန်း
    လောင်းပျဉ်ချပ် နှစ်ချပ် တို့၏ ဆက်စပ်ရာ အကြောင်းတန်း
    line
    နာမ်

    စပ်ကြောင်းထင်

    [saʔt͡ɕáʊɴtʰɪ̀ɴ]
    အပြစ် ပေါ်လွင် ထင်ရှားရေ။ ၂။ အရီး အကြောင်း ပေါ်ထင်ရေ
    အပြစ် ပေါ်လွင် ထင်ရှားသည်။ ၂။ အရေး အကြောင်း ပေါ်ထင်သည်
    conviction
    ကြိယာ

    စပ်ချဉ်ချဉ်

    [saʔɕɪ̀ɴɕɪ̀ɴ]
    အခံရ ခက်ယောင် ပူလောင်သောအနိန်နန့်
    အခံရ ခက်အောင် ပူလောင်သော အားဖြင့်
    very hot
    ကြိယာဝိသေသန

    စပ်ငပ်

    [saʔŋaʔ]
    မထုံမထိုင်း သွက်လက် တက်ကြွသော။ဖြတ်ဖြတ် လတ်လတ် ဟိရေ
    မထုံမထိုင်း သွက်လက် တက်ကြွသော။ ဖျတ်ဖျတ် လတ်လတ် ရှိသော
    active
    နာမဝိသေသန

    စပ်ငု

    [saʔŋoʊ]
    အသီအချာ။ အတိအကျ။ မုချ။ အမှန်။ ဧကန်
    အသေအချာ။ အတိအကျ။ မုချ။ အမှန်။ ဧကန်
    certainly-exactly
    ကြိယာ

    စပ်ငု၂

    [saʔŋoʊ၂]
    စိင ရေ။ စိဇုန်ရေ။ ၂၊ အားလုံး အစင် တတ်ကျွမ်းရေ
    စေ့င သည်။ နှံစပ်သည်။ ၂၊ အကုန် အစင် တတ်ကျွမ်းသည်
    excellent
    ကြိယာ

    စပ်စပ်

    [saʔsaʔ]
    ငြိမ်သက် တည်ကြည်မှု မဟိဘဲ။ လှုပ်လှုပ် ရွရွ လားလာ လှုပ်ယှားဗျာယ်။၂၊ နီရာ တိုင်းမာ ဝင်ရောက် စွတ်ဖက်ဗျာယ်
    ငြိမ်သက် တည်ကြည်မှု မရှိပဲ။ လှုပ်လှုပ် ရွရွ သွားလာ လှုပ်ရှားလျက်။၂၊ နေရာ တကာတွင် ဝင်ရောက် စွတ်ဖက်လျက်
    interfere
    ကြိယာဝိသေသန

    စပ်စပ်၂

    [saʔsaʔ၂]
    ‘စပ်စပ်’ မြည်သော အသံ တမျိုး။ ၂၊ စိကေချေ စပ်သော အရသာ ဟိခြင်း
    ‘စပ်စပ်’ မြည်သော အသံ တစ်မျိုး။ ၂၊ အနည်းငယ် စပ်သော အရသာ ရှိခြင်း
    spicy
    နာမ်