Dictionary Entries
Showing 501–520 of 1,587 words
စ
စပ်မိစပ်ရာ
[saʔmìsaʔɹà]
Arakanese:
ရည်မှန်းချက် မဟိဘဲ (ပြောနိန်တုန်း အခိုက်မာ) အခန့်သင့် တိုက်ဆိုင်၍ ဝင်ပြောသော စကား
Burmese:
ရည်မှန်းချက် မရှိပဲ (ပြောနေဆဲ အခိုက်တွင်) အခန့်သင့် တိုက်ဆိုင်၍ ဝင်ပြောသော စကား
English:
intercept
Grammar Note:
နာမ်
စပ်ယှက်
[saʔʃɛʔ]
Arakanese:
ကိုယ်လက် နှီးနှောရေ။ ပေါင်းသင်းသည်
Burmese:
ကိုယ်လက် နှီးနှောသည်။ ပေါင်းသင်းသည်
English:
familiarly
Grammar Note:
ကြိယာ
စပ်ယှဉ်
[saʔʃɪ̀ɴ]
Arakanese:
သက်ဆိုင်ရေ။ ပတ်သက်ရေ။ ၂၊ အဆက်အစပ် ဟိရေ။ တစပ်တည်း ဖြစ်ဗျာယ်
Burmese:
သက်ဆိုင်သည်။ ပတ်သက်သည်။ ၂၊ အဆက်အစပ် ရှိသည်။ တစ်စပ်တည်း ဖြစ်လျက်
English:
concern-related
Grammar Note:
ကြိယာ
စပ်ရောင်
[saʔɹàʊɴ]
Arakanese:
(ဥပစာ) မြင်သာယောင် အရီးထားပနာ ပြရေ
Burmese:
(ဥပစာ) မြင်သာအောင် အရေးထား၍ ပြသည်
English:
emphasised
Grammar Note:
ကြိယာ
စပ်လောင်း
[saʔláʊɴ]
Arakanese:
ပျိုင်ချပ် သတ်သတ်ကို စပ်၍ လုပ်ရရေ လောင်း
Burmese:
ပျဉ်ချပ် သက်သက်ကို စပ်၍ လုပ်ရသော လှေ
English:
boat
Grammar Note:
နာမ်
စပ်ဟပ်
[saʔhaʔ]
Arakanese:
ဆွီမျိုး အနည်း အကျဉ် တော်စပ်သော။ ဆက်စပ်သော
Burmese:
ဆွေမျိုး အနည်း အကျဉ် တော်စပ်သော။ ဆက်စပ်သော
English:
partner-associate
Grammar Note:
နာမဝိသေသန
စပ်ဟပ်၂
[saʔhaʔ၂]
Arakanese:
(တတူ) တွဲဖက်ရေ။ စပ်မိအောင် ပြုရေ။ (တတူ) လက်တွဲရေ
Burmese:
(အတူ) တွဲဖက်သည်။ စပ်မိအောင် ပြုသည်။ (အတူ) ယှဉ်ဖက်သည်
English:
partner-associate
Grammar Note:
ကြိယာ
စပ်ဟိမ်း
[saʔhéɪɴ]
Arakanese:
ပူပြင်း ဆိုးရွားသော။ ပူသော အရသာ ဟိရေ
Burmese:
ပူပြင်း ဆိုးရွားသော။ ပူသော အရသာ ရှိသော
English:
hot taste
Grammar Note:
နာမဝိသေသန
စံပျော်
[sံprɔ̀]
Arakanese:
မွိလျော်လျော်ပိုက်သည်
Burmese:
မွေ့လျော် လျော်ပိုက်သည်
English:
happy
Grammar Note:
ကြိယာ
စံပြ
[sံpɹ]
Arakanese:
စံအဖြစ် အနှိုင်း ခံရရေ အရာ
Burmese:
စံအဖြစ် အနှိုင်း ခံရသော အရာ
English:
exemplar
Grammar Note:
နာမ်
စံပြင်
[sံpɹɪ̀ɴ]
Arakanese:
ဆားငန်ရည် (ဖြားရီ) မွှီရေ မြီပြင် အရပ်
Burmese:
ဆားငန်ရည် (ဒီရေ) မှီသော မြေပြင် အရပ်
English:
shore
Grammar Note:
နာမ်
စံပြု
[sံpɹoʊ]
Arakanese:
တခုနန့် တခု၊ တဦးနန့် တဦး လက်တွဲ နှိုင်းပြရေ
Burmese:
တစ်ခုနှင့် တစ်ခု၊ တစ်ဦးနှင့် တစ်ဦး ယှဉ်တွဲ နှိုင်းပြသည်
English:
idealize
Grammar Note:
ကြိယာ
စဖူး
[spʰùး]
Arakanese:
ကြုံတွိ သိမြင် ဖြစ်ပျက် ခပြီးကေကြောင်း ထင်ရှားစီရေ ကြိယာ ဝန် စကား
Burmese:
ကြုံတွေ့ သိမြင် ဖြစ်ပျက် ခဲ့ပြီးကြောင်း ထင်ရှားစေသည့် ကြိယာ ပစ္စည်း စကား
English:
first time
Grammar Note:
ပစ္စည်း
စဖြာ
[spʰɹà]
Arakanese:
သစ်သားရိုး တပ်ထားရေ တူရွင်း တမျိုး။ ၂၊ အဖျား သွယ်သွယ် သွန်းသွန်း ဖြစ်ယောင် လုပ်ထားရေ (ချွန်ထက်သော) ဝါး၊ သစ်သား အစဟိစွာ ချွန်ထက်သော အရာဝတ္တု
Burmese:
သစ်သားရိုး တပ်ထားသော တူရွင်း တစ်မျိုး။ ၂၊ အဖျား သွယ်သွယ် သွန်းသွန်း ဖြစ်အောင် လုပ်ထားသော (ချွန်ထက်သော) ဝါး၊ သစ်သား စသည် ချွန်ထက်သော အရာဝတ္တု
English:
one kind of digger
Grammar Note:
နာမ်
စမတ်ကျ
[smaʔt͡ɕ]
Arakanese:
သပ်ရပ် တင့်ရေရေ။ ခန့်ညားသည်
Burmese:
သပ်ရပ် တင့်တယ်သည်။ ခန့်ညားသည်
English:
smart
Grammar Note:
ကြိယာ
စမုတ်
[smoʊʔ]
Arakanese:
နန်းတော်ဆောင်မကြီးနန့် ဆက်ပြီးကေ ဝင်ထွက်ရန် ဆောက်လုပ် ထားရေ အဆောင်ငယ်
Burmese:
နန်းတော်ဆောင်မကြီးနှင့် ဆက်၍ ဝင်ထွက်ရန် ဆောက်လုပ် ထားသော အဆောင်ငယ်
English:
porch
Grammar Note:
နာမ်
စမုန့်စပါး
[smo̰ʊ̰ɴspàး]
Arakanese:
အနံ့မွှီး၍ စပါးစိ ပိုင် အသီးသီးရေ ဆီးဖက်ဝင် အပင်ငယ် တမျိုး
Burmese:
အနံ့မွှေး၍ စပါးစေ့ ကဲ့သို့ အသီးသီးသည့် ဆေးဖက်ဝင် အပင်ငယ် တစ်မျိုး
English:
aniseed
Grammar Note:
နာမ်
စမ္မခဏ်
[sm̪a̰m̪a̰kʰn်]
Arakanese:
ရသေ့၊ ရဟန်းရို့ ခင်း၍ ထိုင်သော သားရေနယ်။ ၂၊ ဘုရား ဆင်းတုတော် ထိုင်ရာ အောက်အခင်း
Burmese:
ရသေ့၊ ရဟန်းတို့ ခင်း၍ ထိုင်သော သားရေနယ်။ ၂၊ ဘုရား ဆင်းတုတော် ထိုင်ရာ အောက်အခင်း
English:
rug or floor mat made of leather-throne on which an image of the Buddha isseated
Grammar Note:
နာမ်
စမ်း
[sáɴ]
Arakanese:
မြီကြီးထဲက ရေ အမြဲတမ်း စိမ့်ယို၍ ထွက်နိန်ရေ နီရာ
Burmese:
မြေကြီးထဲမှ ရေ အမြဲတမ်း စိမ့်ယို၍ ထွက်နေသော နေရာ
English:
fount
Grammar Note:
နာမ်
စမ်း၂
[sáɴ၂]
Arakanese:
အရင်းခံ အနိန်အထားကို သိလိုရေတွက်နန့် နှုတ်အား ဉာဏ်အားဖြင့် စနည်းနာ မီးမြန်း ဆင်ခြင် သုံးသပ်ရေ။ ၂၊ အခြီအရဲကို သိနှိုင်ဖို့အတွက် ကိုယ်တိုင် ကြုံဖူးသောအနိန်နန့် ဆောင်ရွက် ကြည့်ရေ
Burmese:
အရင်းခံ အနေအထားကို သိလို၍ နှုတ်အား ဉာဏ်အားဖြင့် စုံစမ်း မေးမြန်း ဆင်ခြင် သုံးသပ်သည်။ ၂၊ အခြေအနေကို သိနိုင်ဖို့ရန် ကိုယ်တိုင် ကြုံဖူးသော အားဖြင့် ဆောင်ရွက် ကြည့်သည်
English:
feel-try-test
Grammar Note:
ကြိယာ