Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 521–540 of 1,587 words

    စ

    စမ်း၃

    [sáɴ၃]
    နိူင်းပြိုင်အား စမ်းရန် ဖိတ်ခေါ်သော စကားလုံး။ ၂၊ နိူင်းပြိုင်အား စမ်းရန် ဖိတ်ခေါ်ရေကို အဆင်သင့် ဖြစ်ကတ်ောင်း ဖေါ်ပြသော စကားလုံး
    ယှဉ်ပြိုင်အား စမ်းရန် ဖိတ်ခေါ်သော စကားလုံး။ ၂၊ ယှဉ်ပြိုင်အား စမ်းရန် ဖိတ်ခေါ်သည်ကို အဆင်သင့် ဖြစ်ကြောင်း ဖေါ်ပြသော စကားလုံး
    challenge accepted
    နာမ်

    စမ်းကျင်း

    [sáɴt͡ɕɪ́ɴ]
    စမ်းရီ ကျရာမာ ဖြစ်ပေါ်သော မား
    စမ်းရေ ကျရာတွင် ဖြစ်ပေါ်သော တွင်း
    fountain head
    နာမ်

    စမ်းခကျင်း

    [sáɴkʰt͡ɕɪ́ɴ]
    စမ်းရီ ကျရာမာ ဖြစ်ပေါ်သော ကျင်း
    စမ်းရေ ကျရာတွင် ဖြစ်ပေါ်သော ကျင်း
    fountain head
    နာမ်

    စမ်းစမ်း

    [sáɴsáɴ]
    အလင်းရောင် မဟိရေ။ အလွန် မိုက်သောည
    အလင်းရောင် ကင်းမဲ့သော။ အလွန် မှောင်သောည
    moonless
    နာမဝိသေသန

    စမ်းစမ်းမိုက်

    [sáɴsáɴmaɪʔ]
    အလင်းရောင် မဟိရေ။ အလွန် မိုက်သောည
    အလင်းရောင် ကင်းမဲ့သော။ အလွန် မှောင်သောည
    moonless
    နာမဝိသေသန

    စမ်းပရာ

    [sáɴpɹà]
    ဟိုကြည့် စွာကြည့်၊ မျက်စိ မျက်နှာ မငြိမ် မသက် ဖြစ်ဗျာယ်။ ဣန္ဒြေ မဟိဘဲ။ ကတောင် ချောက်ချား။ (စိတ်) မတည်မတံ့ ဖြစ်တေ
    ဟိုကြည့် သည်ကြည့်၊ မျက်စိ မျက်နှာ မငြိမ် မသက် ဖြစ်လျက်။ ဣန္ဒြေ ကင်းမဲ့စွာ။ ကတောင် ချောက်ချား။ (စိတ်) မတည်မတံ့ ဖြစ်သည်
    indelicately
    ကြိယာဝိသေသန

    စမ်းပရာ၂

    [sáɴpɹà၂]
    ခကြကြား အကြမ်းအနိန်နန့် ရက်လုပ် ထားရေ ထရံ
    ခပ်ကျဲကျဲ အကြမ်း အားဖြင့် ရက်လုပ် ထားသော ထရံ
    wall of bamboo matting or other material-mat
    နာမ်

    စမ်းပရာမ

    [sáɴpɹàm]
    အကျင့် ဖေါက်ပြန် လျပ်ပေါ်သော။ ဣန္ဒြေ မဟိရေ။ စောင့်စည်း ထိန်းသိမ်းမှု မဟိသော (မမာ့)
    အကျင့် ဖေါက်ပြန် လျပ်ပေါ်သော။ ဣန္ဒြေ ကင်းမဲ့သော။ စောင့်စည်း ထိန်းသိမ်းမှု မယှိသော (မိန်းမ)
    undignified
    နာမဝိသေသန

    စမ်းပရာမ၂

    [sáɴpɹàm၂]
    (အကျင့် ဖေါက်ပြန် လျပ်ပေါ်သော မမာ့)ဟု နိမ့်ချပနာ ခေါ်သော စကားလုံး
    (အကျင့် ဖေါက်ပြန် လျပ်ပေါ်သော မိန်းမ)ဟု နိမ့်ချ၍ ခေါ်သော စကားလုံး
    none
    နာမ်

    စမ်းပရာသပ်

    [sáɴpɹàθaʔ]
    မသက်ဆိုင်ပဲ ပါဝင် စွက်ဖက်ရေ။ ၂၊ ထွီးယှက် ယှုပ်ပွေအောင် ပြုလုပ်ရေ
    မသက်ဆိုင်ပဲ ပါဝင် စွက်ဖက်သည်။ ၂၊ ထွေးယှက် ယှုပ်ပွေအောင် ပြုလုပ်သည်
    meddle
    ကြိယာ

    စမ်းဖမ်းယမ်းဖမ်း

    [sáɴpʰáɴjáɴpʰáɴ]
    ဧချင့်ပိုင် ဟုတ်လေ တန်ရာ၏ဟု မှန်းဆ၍ ပြောရေ မဟုတ်။ မဟုတ် မမှန်ပဲ ယိုးစွပ် ပြောရေ။ ၂၊ ထင်မြင် ယူဆချက်ဖြင့် ပြောရေ။ ၃၊ မစဉ်းမစား မဆင်မခြင်ပဲ ပြောရေ။ ၄၊ စမ်းဖိစမ်းဖန်း။ မတိမကျ။ သေချာခြင်း မဟိ ဖြစ်တေ
    ဤကဲ့သို့ ဟုတ်လေ တန်ရာ၏ဟု မှန်းဆ၍ ပြောသည် မဟုတ်။ မဟုတ် မမှန်ပဲ စွပ်စွဲ ပြောသည်။ ၂၊ ထင်မြင် ယူဆချက်ဖြင့် ပြောသည်။ ၃၊ မစဉ်းမစား မဆင်မခြင်ပဲ ပြောသည်။ ၄၊ စမ်းတဝါးဝါး။ မတိမကျ။ သေချာခြင်း မယှိ ဖြစ်သည်
    uncertainly
    ကြိယာ

    စမ်းဖမ်းယမ်းဖမ်း၂

    [sáɴpʰáɴjáɴpʰáɴ၂]
    ဧချင့်ပိုင် ဟုတ်လေ တန်ရာ၏ဟု မှန်းဆ၍ ပြောဆိုရေ စကား။ ၂။ ထင်မြင် ယူဆချက်။ ၃၊ စမ်းဖိစမ်းဖန်း။ မတိမကျ။ မသေမချာ ပြောဆို နေခြင်း
    ဤကဲ့သို့ ဟုတ်လေ တန်ရာ၏ဟု မှန်းဆ၍ ပြောဆိုသော စကား။ ၂။ ထင်မြင် ယူဆချက်။ ၃၊ စမ်းတဝါးဝါး။ မတိမကျ။ မသေမချာ ပြောဆို နေခြင်း
    uncertainly
    နာမ်

    စမ်းဖမ်းရိပ်ဖမ်း

    [sáɴpʰáɴɹìaʔpʰáɴ]
    ဧချင့်ပိုင် ဟုတ်လေ တန်ရာ၏ဟု မှန်းဆ၍ ပြောရေမဟုတ်။ မဟုတ်မမှန်ပဲ ယိုးစွပ်ပြောရေ။ ၂၊ ထင်မြင် ယူဆချက်ဖြင့် ပြောရေ။ ၃၊ မစဉ်းမစား မဆင်မခြင်ပဲ ပြောရေ။ ၄၊ စမ်းဖိစမ်းဖန်း။ မတိမကျ။ သေချာခြင်း မဟိ ဖြစ်တေ
    ဤကဲ့သို့ ဟုတ်လေ တန်ရာ၏ဟု မှန်းဆ၍ ပြောသည်မဟုတ်။ မဟုတ်မမှန်ပဲ စွပ်စွဲပြောသည်။ ၂၊ ထင်မြင် ယူဆချက်ဖြင့် ပြောသည်။ ၃၊ မစဉ်းမစား မဆင်မခြင်ပဲ ပြောသည်။ ၄၊ စမ်းတဝါးဝါး။ မတိမကျ။ သေချာခြင်း မယှိ ဖြစ်သည်
    uncertainly
    ကြိယာ

    စမ်းဖီစမ်းဖတ်

    [sáɴpʰísáɴpʰaʔ]
    မတိမကျ။ မသေမချာ။ မပိုင်မနိုင်။ စမ်းဖိစမ်းဖန်း
    မတိမကျ။ မသေမချာ။ မပိုင်မနိုင်။ စမ်းတဝါးဝါး
    uncertainly
    ကြိယာဝိသေသန

    စမ်းမတွိ.

    [sáɴmtwì.]
    လုံးလုံး။ လုံးဝ။ ၂၊ အလျင်း
    လုံးလုံး။ လုံးဝ။ ၂၊ အလျင်း
    diametrically
    ကြိယာဝိသေသန

    စမ်းမတွိ.၂

    [sáɴmtwì.၂]
    (လုံးဝ) ရှာဖွီ၍ မတွိ ဖြစ်တေ
    (လုံးဝ) ရှာဖွေ၍ မတွေ့ ဖြစ်သည်
    not found
    ကြိယာ

    စမ်းရီ

    [sáɴɹí]
    မြီကြီးမှ စိမ့်၍ ယိုထွက်သော ရေ
    မြေကြီးမှ စိမ့်၍ ယိုထွက်သော ရေ
    fountain head
    ကြိယာ

    စမ်းသပ်

    [sáɴθaʔ]
    အရင်းခံ အနိန်အထားကို သိလိုရေတွက်နန့် နှုတ်အား ဉာဏ်အားဖြင့် စနည်းနာ မီးမြန်း ဆင်ခြင် သုံးသပ်ရေ။ ၂၊ အခြီအရဲကို သိနှိုင်ဖို့အတွက် ကိုယ်တိုင် ကြုံဖူးသောအနိန်နန့် ဆောင်ရွက် ကြည့်ရေ
    အရင်းခံ အနေအထားကို သိလို၍ နှုတ်အား ဉာဏ်အားဖြင့် စုံစမ်း မေးမြန်း ဆင်ခြင် သုံးသပ်သည်။ ၂၊ အခြေအနေကို သိနိုင်ဖို့ရန် ကိုယ်တိုင် ကြုံဖူးသော အားဖြင့် ဆောင်ရွက် ကြည့်သည်
    tryout
    ကြိယာ

    စမ်းအိုင်

    [sáɴʔàɪɴ]
    စမ်းရီတိ စုဝေး တည်ဟိသော မြီကျင်း။ ချိုင့်ဝှမ်း
    စမ်းရေများ စုဝေး တည်ယှိသော မြေကျင်း။ ချိုင့်ဝှမ်း
    valley
    နာမ်

    စမြင်းခံ

    [smɹɪ́ɴkʰံ]
    အစားဟောင်း အိမ်မာ မာကျစ်နိန်ရေ ကျင်ကြီး
    အစားဟောင်း အိမ်တွင် မာကျစ်နေသော ကျင်ကြီး
    scybalum
    နာမ်