Dictionary Entries
Showing 41–60 of 1,587 words
စ
စကားစ၃
[skás၃]
Arakanese:
လိုရင်းချက် တခုခုကို မပြောဆိုမည် ယင်းနန့် ပတ်သက်ပြီးကေ အလျင်တင်ကြို (ပြောကြား) သိစီရေ
Burmese:
လိုရင်းချက် တစ်စုံ တစ်ရာကို မပြောဆိုမည် ယင်းနှင့် ပတ်သက်၍ အလျင်တင်ကြို (ပြောကြား) သိစေသည်
English:
easily understood by
Grammar Note:
ကြိယာ
စကားစစ်ထိုး
[skásɪʔtʰó]
Arakanese:
တဖက်နန့် တဖက် (တဦးနန့် တဦး) အပြန် အလှန် အချေ အတင် အကျိုး အကြောင်း ပြသ၍ စကားဖြင့် နိူင်းပြိုင် ကတ်တေ။ အပြန် အလှန် ငြင်းခုန် ပြောဆို ကတ်တေ
Burmese:
တစ်ဘက်နှင့် တစ်ဘက် (တစ်ဦးနှင့် တစ်ဦး) အပြန် အလှန် အချေ အတင် အကျိုး အကြောင်း ပြသ၍ စကားဖြင့် ယှဉ်ပြိုင် ကြသည်။ အပြန် အလှန် ငြင်းခုန် ပြောဆို ကြသည်
English:
argue - debate
Grammar Note:
ကြိယာ
စကားစဉ်
[skásɪ̀ɴ]
Arakanese:
အယင် ရှီးလူကြီး သူမ အစိုင် အဆက် ပြောရိုး ပြောစဉ် သုံးနှုန်း လာခရေ စကား။ အဆက်ဆက် ပြောဆို လာခရေ စကား အစိုင်အတိုင်း
Burmese:
ယခင် ရှေးလူကြီး သူမ အစဉ် အဆက် ပြောရိုး ပြောစဉ် သုံးနှုန်း လာခဲ့သော စကား။ အဆက်ဆက် ပြောဆို လာခဲ့သော စကား အစဉ်အတိုင်း
English:
old speech
Grammar Note:
နာမ်
စကားစပ်
[skásaʔ]
Arakanese:
စကားပြော ဆိုဖို့ အခါ အခွင့် အကြောင်း သင့်လျော် ကြုံတွိရေ။ ပြောဆိုဖို့ အခွင့် ကြုံတွိရေ
Burmese:
စကားပြော ဆိုရန် အခါ အခွင့် အကြောင်း သင့်လျော် ကြုံကြိုက်သည်။ ပြောဆိုရန် အခွင့် ကြုံကြိုက်သည်
English:
good time to speak
Grammar Note:
ကြိယာ
စကားစပ်၂
[skásaʔ၂]
Arakanese:
ပြုသင့် ပြုအပ်ရေ အမှုနန့် စပ်(ဆက်သွယ်) နိန်ရေ စကား
Burmese:
ပြုသင့် ပြုအပ်သော အမှုနှင့် စပ်(ဆက်သွယ်) နေသော စကား
English:
relevant speech
Grammar Note:
နာမ်
စကားစမ္ပါယ်
[skásm̪a̰àɛ̀]
Arakanese:
အကျိုး ဟိရေ စကား။ ကောင်းမွန်သော စကား။ ဖွေဖွေ ရာရာသော စကား
Burmese:
အကျိုး ရှိသော စကား။ ကောင်းမွန်သော စကား။ ဖွေဖွေ ရာရာသော စကား
English:
blessed speech
Grammar Note:
နာမ်
စကားစမ္ပါယ်၂
[skásm̪a̰àɛ̀၂]
Arakanese:
အကြိုက်ချင်း တူညီကာ စိတ်ဝင်စားစွာ ပြောရေ
Burmese:
အကြိုက်ချင်း တူညီကာ စိတ်ဝင်စားစွာ ပြောသည်
English:
speak interestingly
Grammar Note:
ကြိယာ
စကားစိ
[skásì]
Arakanese:
တဦးနှင့်် တဦး အပီး အယူ ဖြောင့်ရေ။ စီစပ်သော စကား ဟိရေ။ သဖောချင်း ကိုက်ညီရေ
Burmese:
တစ်ဦးနှင့်် တစ်ဦး အပေး အယူ ဖြောင့်သည်။ စေ့စပ်သော စကား ရှိသည်။ သဘောချင်း ကိုက်ညီသည်
English:
specific speech
Grammar Note:
ကြိယာ
စကားစုတ်
[skásoʊʔ]
Arakanese:
နှုတ် မစောင့်ပဲ အလွဲလွဲ အချော်ချော် ပြောရေ။ အဓိပ္ပါယ် မဟိရေ စကားကို ပြောဆို ပြုမူသည်
Burmese:
နှုတ် မစောင့်ပဲ အလွဲလွဲ အချော်ချော် ပြောသည်။ အဓိပ္ပါယ် မရှိသော စကားကို ပြောဆို ပြုမူသည်
English:
foolish speak
Grammar Note:
ကြိယာ
စကားစုတ်၂
[skásoʊʔ၂]
Arakanese:
ယင်းပိုင် ပြောဆိုရေ စကား
Burmese:
ယင်းသို့ ပြောဆိုသော စကား
English:
foolish speech
Grammar Note:
နာမ်
စကားစူး
[skásùး]
Arakanese:
လိုက်နာ လွယ်ယောင် ပြောဆို နိုင်စွမ်း ဟိရေ
Burmese:
လိုက်နာ လွယ်အောင် ပြောဆို နိုင်စွမ်း ရှိသည်
English:
influent speech
Grammar Note:
ကြိယာ
စကားစောင်း
[skásáʊɴ]
Arakanese:
လူတိ၏ အလို ဆန္ဒကို သိဟိရန် အရိပ် အခြည် ဖေါ်၍ ပြောဆိုရေ
Burmese:
သူတစ်ပါး၏ အလို ဆန္ဒကို သိရှိရန် အရိပ် အခြည် ဖေါ်၍ ပြောဆိုသည်
English:
speech
Grammar Note:
ကြိယာ
စကားစွန်း
[skásʊ́ɴ]
Arakanese:
သူတိကို ထိခိုက်၍ ပြောရေ။ စောင်းချိတ်၍ ပြောရေ။ အမဲစက် ထင်အောင် ပြောရေ
Burmese:
သူများကို ထိခိုက်၍ ပြောသည်။ စောင်းချိတ်၍ ပြောသည်။ အမဲစက် ထင်အောင် ပြောသည်
English:
fight speech
Grammar Note:
ကြိယာ
စကားစွန်း၂
[skásʊ́ɴ၂]
Arakanese:
ယင်းပိုင် ထိခိုက် စောင်းချိတ်၍ ပြောသော စကား
Burmese:
ယင်းသို့ ထိခိုက် စောင်းချိတ်၍ ပြောသော စကား
English:
fight speech
Grammar Note:
နာမ်
စကားစွမ်း
[skásʊ̀ɴ]
Arakanese:
ပြောရီး ဆိုရီး စွမ်းဆောင် နှိုင်ရေ အရည် အချင်း။ အရည် အသွီး
Burmese:
ပြောရေး ဆိုရေး စွမ်းဆောင် နိုင်သော အရည် အချင်း။ အရည် အသွေး
English:
good at speech - quality
Grammar Note:
နာမ်
စကားဆက်
[skásʰɛʔ]
Arakanese:
အကျိုး အကြောင်း ဆက်စပ် နိန်ရေ စကား။ မပြတ် မလပ်ရယောင် ဆက်ပြီးကေ ပြောဖို့ ဟိရေ စကား
Burmese:
အကျိုး အကြောင်း ဆက်စပ် နေသော စကား။ မပြတ် မလပ်ရအောင် ဆက်၍ ပြောရန် ရှိသော စကား
English:
continuous speech
Grammar Note:
ကြိယာ
စကားဆစ်ကျ
[skásʰɪʔt͡ɕ]
Arakanese:
စကား ပြောဆိုဖို့ အခါ အခွင့် တိုက်ဆိုင်ရေ။ စကား ပြောဆိုဖို့ သင့်လျော် ကြုံတွိရေ
Burmese:
စကား ပြောဆိုရန် အခါ အခွင့် တိုက်ဆိုင်သည်။ စကား ပြောဆိုရန် သင့်လျော် ကြုံကြိုက်သည်
English:
good time to speak
Grammar Note:
ကြိယာ
စကားဆတ်
[skásʰaʔ]
Arakanese:
စကားကို ငေါက်ဆတ်ဆတ် ပြောရေ။ ၂၊ စိတ်တိုရေ
Burmese:
စကားကို ငေါက်ဆတ်ဆတ် ပြောသည်။ ၂၊ စိတ်တိုသည်
English:
angry
Grammar Note:
ကြိယာ
စကားဆို
[skásʰÒ]
Arakanese:
တစုံ တယောက် သူ၏ သဘောကို ထုတ်ဖေါ် ရှင်းလင်း ပြရေ။ ၂၊ နှုတ်ဖြင့် မြွက်ဟ (ပြောဆို)သည်
Burmese:
တစ်စုံ တစ်ယောက် သူ၏ သဘောကို ထုတ်ဖေါ် ရှင်းလင်း ပြသည်။ ၂၊ နှုတ်ဖြင့် မြွက်ဟ (ပြောဆို)သည်
English:
speak
Grammar Note:
ကြိယာ
စကားဆို၂
[skásʰÒ၂]
Arakanese:
လိုရင်းချက် စကား။ အခြီခံ ကျသော စကား
Burmese:
လိုရင်းချက် စကား။ အခြေခံ ကျသော စကား
English:
fundamental speech
Grammar Note:
နာမ်