Dictionary Entries
Showing 621–640 of 1,587 words
စ
စားကျေး
[sát͡ɕé]
Arakanese:
အပိုင်စား ခွင့်ပီး အပ်ရေ
Burmese:
အပိုင်စား ခွင့်ပေး အပ်သည်
English:
authorise
Grammar Note:
နာမ်
စာကျော်
[sàt͡ɕɔ̀]
Arakanese:
စာပီ ကျမ်းဂန်၌ တတ်မြောက်၍ ပတ်ဝန်းကျင် ဂုဏ်သတင်း ပြန့်နှံသူ
Burmese:
စာပေ ကျမ်းဂန်၌ တတ်မြောက်၍ ပတ်ဝန်းကျင် ဂုဏ်သတင်း ပြန့်နှံသူ
English:
famous
Grammar Note:
နာမ်
စာကျော်၂
[sàt͡ɕɔ̀၂]
Arakanese:
အိမ်၏ အကလကာ အထက်ပိုင်းမာ အလင်းရယောင် ပျိုင်ချပ်ငယ်ဖြင့် အကွက်ဖေါ်၍ ရိုက်ထားရေ အလှတမျိုး
Burmese:
အိမ်၏ အခန်းဆီး အထက်ပိုင်းတွင် အလင်းရအောင် ပျဉ်ချပ်ငယ်ဖြင့် အကွက်ဖေါ်၍ ရိုက်ထားသော အလှတစ်မျိုး
English:
none
Grammar Note:
နာမ်
စာကြည့်
[sàt͡ɕɛ̰]
Arakanese:
စာကို မရွတ်ဆိုကား စိတ်ထဲက မှတ်ထားရေ
Burmese:
စာကို မရွတ်ဆိုပဲ စိတ်ထဲက မှတ်ထားသည်
English:
read
Grammar Note:
ကြိယာ
စာကြည့်တိုက်
[sàt͡ɕɛ̰taɪʔ]
Arakanese:
စာကို လိလာ မှတ်သားရန်၊ ငှားရမ်းရန် စာအုပ်တိကို ထိန်းသိမ်း ထားရာ အဆောက် အအုံ
Burmese:
စာကို လေ့လာ မှတ်သားရန်၊ ငှားရမ်းရန် စာအုပ်များကို ထိန်းသိမ်း ထားရာ အဆောက် အအုံ
English:
library
Grammar Note:
နာမ်
စာကြမ်း
[sàt͡ɕáɴ]
Arakanese:
(စာကို) အချော မရီးသားမီ တင်ကြို၍ ရီးသား ထားရေ စာ
Burmese:
(စာကို) အချော မရေးသားမီ တင်ကြို၍ ရေးသား ထားသော စာ
English:
draft of a letter or any written piece
Grammar Note:
နာမ်
စာကြီးပီကြီး
[sàt͡ɕïpít͡ɕï]
Arakanese:
အားကိုး နနောင်းလောက်ရေ စာပီ
Burmese:
အားကိုး ခိုင်မာလောက်သည့် စာပေ
English:
literary
Grammar Note:
နာမ်
စားကြူး
[sát͡ɕùး]
Arakanese:
အစာကို လွန်ကဲစွာ စားလေ့ သောက်လဲ ဟိသူ
Burmese:
အစာကို လွန်ကဲစွာ စားလေ့ သောက်လေ့ ရှိသူ
English:
gluttonous
Grammar Note:
နာမ်
စာကြောင်း
[sàt͡ɕáʊɴ]
Arakanese:
မျှိုင်းအတိုင်း ရီးသား ထားရေ စာတန်း
Burmese:
မျဉ်းအတိုင်း ရေးသား ထားသော စာတန်း
English:
sentence
Grammar Note:
နာမ်
စားကြွင်း
[sát͡ɕwɪ́ɴ]
Arakanese:
စားသောက်ရာမှ ကျန်ရေ အစားအစာ
Burmese:
စားသောက်ရာမှ ကျန်သော အစားအစာ
English:
orts
Grammar Note:
နာမ်
စားကြွင်းသောက်ကျန်
[sát͡ɕwɪ́ɴθɔ́ɛʔt͡ɕàɴ]
Arakanese:
စားသောက်ရာမှ ကျန်ရေ အစားအစာ
Burmese:
စားသောက်ရာမှ ကျန်သော အစားအစာ
English:
orts
Grammar Note:
နာမ်
စားကြွင်းသောက်ကြွင်း
[sát͡ɕwɪ́ɴθɔ́ɛʔt͡ɕwɪ́ɴ]
Arakanese:
စားသောက်ရာမှ ကျန်ရေ အစားအစာ
Burmese:
စားသောက်ရာမှ ကျန်သော အစားအစာ
English:
orts
Grammar Note:
နာမ်
စားကြွီးမြီကြွီး
[sát͡ɕwïmɹìt͡ɕwï]
Arakanese:
အစား အသီာက်နန့် ပက်သတ်၍ တင်သော ဒါဒေါင်
Burmese:
အစား အသောက်နှင့် ပက်သတ်၍ တင်သော အကြွေး
English:
doubt for food
Grammar Note:
ကြိယာ
စားကွက်
[sákwɛʔ]
Arakanese:
(ဥပစာ) ကိုယ်ကျိုး ယှာရာ အချက်ကောင်း
Burmese:
(ဥပစာ) ကိုယ်ကျိုး ရှာရာ အချက်ကောင်း
English:
seek one’s own advantage
Grammar Note:
နာမ်
စာခံ
[sàkʰံ]
Arakanese:
ပင်ကို အခြီခံ ဟိပြီးးရေ စာ
Burmese:
ပင်ကို အခြေခံ ရှိပြီးသော စာ
English:
main source
Grammar Note:
နာမ်
စာချ
[sàɕ]
Arakanese:
(ဘုန်းကြီး) ဆရာ တပည့်ရို့အား ပရိယတ္တိ စာပီ ပုဒ်၊ ဝါကျ အစဟိစွာရို့၏ အဓိပ္ပါယ်ကို ပြောပြ သင်ကြား ပီးရေ
Burmese:
(ဘုန်းကြီး) ဆရာ တပည့်တို့အား ပရိယတ္တိ စာပေ ပုဒ်၊ ဝါကျ စသည်တို့၏ အဓိပ္ပါယ်ကို ပြောပြ သင်ကြား ပေးသည်
English:
teaching
Grammar Note:
ကြိယာ
စာချက်
[sàɕɛʔ]
Arakanese:
အားကိုး လောက်ယောင် နနောင်းသော စာပီ
Burmese:
အားကိုး လောက်အောင် ခိုင်မာသော စာပေ
English:
good literary
Grammar Note:
နာမ်
စားချဉ်တက်
[sáɕɪ̀ɴtɛʔ]
Arakanese:
စားပြီးရေအခါ မကြီညက် အတွက်နန့် ဝမ်းမားမှ အထက်ကို ဆန်တက် လာရေ ချိုင်နံ့ ပေါက်လာရေ လေ
Burmese:
စားပြီးသောအခါ မကြေညက် သောကြောင့် ဝမ်းတွင်းမှ အထက်သို့ ဆန်တက် လာသော ချဉ်နံ့ ပေါက်လာသော လေ
English:
eruct belch (wind from the stomach)
Grammar Note:
နာမ်
စာချုပ်
[sàɕoʊʔ]
Arakanese:
နှစ်ဦး နှစ်ဘက် သဖောတူညီချက်ကို ရီးသား ဖေါ်ပြထားရေ စာ
Burmese:
နှစ်ဦး နှစ်ဘက် သဘော တူညီချက်ကို ရေးသား ဖေါ်ပြထားသော စာ
English:
contract
Grammar Note:
နာမ်
စာချုပ်စာတမ်း
[sàɕoʊʔsàtáɴ]
Arakanese:
နှစ်ဦး နှစ်ဘက် သဖောတူညီချက်ကို ရီးသား ဖေါ်ပြ ထားရေ စာ။ ၂၊ ရုံး၌ အသုံး ပြုရေ စာဟူ သမျှကို ခြုံ၍ ခေါ်သော စကားလုံး
Burmese:
နှစ်ဦး နှစ်ဘက် သဘော တူညီချက်ကို ရေးသား ဖေါ်ပြ ထားသော စာ။ ၂၊ ရုံး၌ အသုံး ပြုသော စာဟူ သမျှကို ခြုံ၍ ခေါ်သော စကားလုံး
English:
deed of agreement
Grammar Note:
နာမ်