Dictionary Entries
Showing 661–680 of 1,587 words
စ
စာဆိုသျှင်
[sàsʰÒʃɪ̀ɴ]
Arakanese:
ကဗျာ၊ လင်္ကာ စစွာကို ရီးသား ပြုစုသူ။ ရီးသားသော ပုဂ္ဂိုလ်
Burmese:
ကဗျာ၊ လင်္ကာ စသည်ကို ရေးသား ပြုစုသူ။ ရေးသားသော ပုဂ္ဂိုလ်
English:
poet-composer
Grammar Note:
နာမ်
စားဆီး
[sásʰï]
Arakanese:
ရောဂါကို ပျောက်ကင်း စီတတ်ရေ မျိုဆီး။ ၂၊ အနာ ဆွေးရို့ကို ပျောက်ကင်း စီတတ်ရေ ဆီး
Burmese:
ရောဂါကို ပျောက်ကင်း စေတတ်သော မျိုဆေး။ ၂၊ အနာ ဆွေးတို့ကို ပျောက်ကင်း စေတတ်သော ဆေး
English:
dose
Grammar Note:
နာမ်
စာညွှန်း
[sàɲW̯áɴ]
Arakanese:
အဖြစ်အပျက် တခုတရီကို ညွှန်ပြသော စာ
Burmese:
အဖြစ်အပျက် တစ်စုံတစ်ရာကို ညွှန်ပြသော စာ
English:
content
Grammar Note:
နာမ်
စာညှက်
[sàɲ̯ɛʔ]
Arakanese:
ရီးမြဲ စာလုံးထက် ငယ်ရေ စာလုံး၊ သိမ့်ရေ စာလုံး။ ၂၊ ငယ်သည် အရာမာ တင်စားပနာ သုံးနှုန်းသော စကားလုံး။ ၃၊ စာအချေကို ခေါ်သော စကားလုံး
Burmese:
ရေးမြဲ စာလုံးထက် သေးငယ်သော စာလုံး၊ သေးသော စာလုံး။ ၂၊ ငယ်သည် အရာ၌ တင်စား၍ သုံးနှုန်းသော စကားလုံး။ ၃၊ စာကလေးကို ခေါ်သော စကားလုံး
English:
small print
Grammar Note:
နာမ်
စာညှာ
[sàɲ̯à]
Arakanese:
ထောက်ထားရေ။ စာနာရေ။ ငဲ့ကွက်သည်
Burmese:
ထောက်ထားသည်။ စာနာသည်။ ငဲ့ကွက်သည်
English:
sympathise
Grammar Note:
ကြိယာ
စားညှို့
[sáɲ̯o̰]
Arakanese:
စပါးကြီး စအို၏ တဖက် တချက်မာ ကြိုးမျှင်ပိုင် အတက် နှစ်ခုဟိရာ ယင်းဖြင့် သားကောင်တိကို ဝါးမျိုရန် ညို့ရေလို့ ဆိုအပ်ရေ အရာ
Burmese:
စပါးကြီး စအို၏ တစ်ဘက် တစ်ချက်တွင် ကြိုးမျှင်ကဲ့သို့ အတက် နှစ်ခုရှိရာ ယင်းဖြင့် သားကောင်များကို ဝါးမျိုရန် ညို့သည်ဟု ဆိုအပ်သော အရာ
English:
attract
Grammar Note:
နာမ်
စားညှို့ကပ်
[sáɲ̯o̰kaʔ]
Arakanese:
ယင်းစားမျှို့ဖြင့် သတ္တဝါရို့ တစုံ တခုသော နီရာသို့ ထွက်မဗြီး နှိုင်ယောင် သိမ်းသွင်း ထားရေ
Burmese:
ယင်းစားမျှို့ဖြင့် သတ္တဝါတို့ တစ်စုံ တစ်ခုသော နေရာသို့ ထွက်မပြေး နိုင်အောင် ဆွဲဆောင် ထားသည်
English:
attract
Grammar Note:
ကြိယာ
စာတက်
[sàtɛʔ]
Arakanese:
စာချ ပုဂ္ဂိုလ်ထံ စာပီကို သင်ယူရေ
Burmese:
စာချ ပုဂ္ဂိုလ်ထံ စာပေကို သင်ယူသည်
English:
learn
Grammar Note:
ကြိယာ
စာတင်
[sàtɪ̀ɴ]
Arakanese:
ကိုယ့်ထက် ရာထူးကြီးရေ အရာဟိတိထံ ဖြစ်ပျက်မှု အခြင်းအရာကို ရီးသား တင်ပြရေ
Burmese:
မိမိထက် ရာထူးကြီးသော အရာရှိများထံ ဖြစ်ပျက်မှု အခြင်းအရာကို ရေးသား တင်ပြသည်
English:
report
Grammar Note:
ကြိယာ
စာတင်၂
[sàtɪ̀ɴ၂]
Arakanese:
ကျမ်း တစောင်၊ ပေ တစောင် အဖြစ် သတ်မှတ် ထားချက်၊ အစိုင်တကျ ဖတ်ရှုဖို့အတွက် ရီးသား ထားရေ စာ
Burmese:
ကျမ်း တစ်စောင်၊ ပေ တစ်စောင် အဖြစ် သတ်မှတ် ထားချက်၊ အစဉ်သဖြင့် ဖတ်ရှုဖို့ရန် ရေးသား ထားသော စာ
English:
scripture
Grammar Note:
နာမ်
စာတင်ခုံ
[sàtɪ̀ɴkʰòʊɴ]
Arakanese:
ပီ၊ ပုရပိုက်၊ ကျမ်းဂန်အစဟိရေ စာအုပ်တိကို တင်ထားရန် ပြုလုပ်ထားရေ ခုံ
Burmese:
ပီ၊ ပုရပိုက်၊ ကျမ်းဂန်စသော စာအုပ်များကို တင်ထားရန် ပြုလုပ်ထားသော ခုံ
English:
desk
Grammar Note:
နာမ်
စာတတ်ပီတတ်
[sàtaʔpítaʔ]
Arakanese:
စာပီ ကျမ်းဂန်ကို အားလုံး တတ်ကျွမ်းသူ။ အထူး တတ်သိ လိမ္မာသူ။ နှံ့စပ်သူ
Burmese:
စာပေ ကျမ်းဂန်ကို အကုန်အစင် တတ်ကျွမ်းသူ။ အထူး တတ်သိ လိမ္မာသူ။ နှံ့စပ်သူ
English:
scholar
Grammar Note:
နာမ်
စာတတ်ယောင်ယောင်
[sàtaʔjàʊɴjàʊɴ]
Arakanese:
စာတတ် အကွန်ဆောင်သူ။ တုပပြုမူသူ။ အသွင်အပြင် ပေါ်ယောင် လုပ်ကြံ ကြိုးစားသူ
Burmese:
စာတတ် ဟန်ဆောင်သူ။ တုပပြုမူသူ။ အသွင်အပြင် ပေါ်အောင် လုပ်ကြံ ကြိုးစားသူ
English:
pretend
Grammar Note:
နာမ်
စာတတ်ယောင်ယောင်၂
[sàtaʔjàʊɴjàʊɴ၂]
Arakanese:
ယင်းပိုင် ပြုမူ အကွန်ဆောင်ရေ
Burmese:
ယင်းကဲ့သို့ ပြုမူ ဟန်ဆောင်သည်
English:
pretend
Grammar Note:
ကြိယာ
စာတန်း
[sàtáɴ]
Arakanese:
တစုံ တခု၏ အဖြစ်အပျက် တခုခုကို စီကုံး ရီးသားထားရေ စာ
Burmese:
တစ်စုံ တစ်ခု၏ အဖြစ်အပျက် တစ်ခုခုကို စီကုံး ရေးသားထားသော စာ
English:
sentence
Grammar Note:
နာမ်
စာတန်းထိုး
[sàtáɴtʰó]
Arakanese:
ဖြစ်ပျက်မှု တခုတရီ အတွက် မမိမပျောက် အောက်မိယောင် အခိုင်အမာ ရီးမှတ် ထားရေ။ အမှတ်အသား တင်ကျန်ရစ် စီရေ
Burmese:
ဖြစ်ပျက်မှု တစ်စုံတစ်ရာ အတွက် မမေ့မပျောက် သတိရအောင် အခိုင်အမာ ရေးမှတ် ထားသည်။ အမှတ်အသား တင်ကျန်ရစ် စေသည်
English:
record
Grammar Note:
ကြိယာ
စာတမ်း
[sàtáɴ]
Arakanese:
တစုံ တခုသော အကြောင်းအရာကို ရီးပနာ ပီးပို့ အဆက်အသွယ် လုပ်ရေ။ ၂၊ ဝီငှသည်
Burmese:
တစ်စုံ တစ်ခုသော အကြောင်းအရာကို ရေး၍ ပေးပို့ အဆက်အသွယ် လုပ်သည်။ ၂၊ ဝေငှသည်
English:
letter-offer
Grammar Note:
ကြိယာ
စာတမ်း
[sàtáɴ]
Arakanese:
ရှေး လူကြီး သူမရို့ အစိုင်ကျင့်သုံး လာခရေ ဓလိ့ ထုံးစိုင်ကို သိဟိနှိုင်ဖို့ ရီးမှတ် ထားရေ စာ
Burmese:
ရှေး လူကြီး သူမတို့ အစဉ်ကျင့်သုံး လာခဲ့သော ဓလေ့ ထုံးစံကို သိရှိနိုင်ရန် ရေးမှတ် ထားသော စာ
English:
record of ancient traditions and customs
Grammar Note:
နာမ်
စာတိုစာစ
[sàtÒsàs]
Arakanese:
အနည်းအကျိုင်း ပါးပါးချေ့ ရီးသား စီကုံး မှတ်သားထားရေ စာ
Burmese:
အနည်းအကျဉ်း အသေးအဖွဲ့ ရေးသား စီကုံး မှတ်သားထားသော စာ
English:
miscellany(of writing)
Grammar Note:
နာမ်
စာတိုစာရှည်
[sàtÒsàʃɛ̀]
Arakanese:
အမျိုးမျိုး အစားစားပေါင်းစု ရီးသားထားရေ စာ
Burmese:
အနည်းနည်း အဖုံဖုံ ပေါင်းစု ရေးသားထားသော စာ
English:
letter
Grammar Note:
နာမ်