Dictionary Entries
Showing 681–700 of 1,587 words
စ
စာတီ
[sàtí]
Arakanese:
ဓါတ်တော် မွေတော် အစဟိစွာရို့ကို ဌာပနာမကျဉ်းဖြစ်ပနာ တည်ဆောက် ထားရေ အဆောက် အအုံ
Burmese:
ဓါတ်တော် မွေတော် စသည်တို့ကို ဌာပနာ၍ တည်ဆောက် ထားသော အဆောက် အအုံ
English:
pagoda
Grammar Note:
နာမ်
စာတီရင်ပြင်
[sàtíɹɪ̀ɴpɹɪ̀ɴ]
Arakanese:
စာတီခြီရင်း ပတ်ဝန်းကျင်ဟိ မျက်နှာပြင်
Burmese:
စေတီခြေရင်း ပတ်ဝန်းကျင်ရှိ မျက်နှာပြင်
English:
platform or flat ground around a pagoda or palace-square;plaza
Grammar Note:
နာမ်
စာတော
[sàtɔ́]
Arakanese:
စာဖတ်ပနာ အရလွယ်ရေ။ စာတိများ ကျက်၍ ရရေ။ ၂၊ စာကို မထစ်မငေါ့ပဲ ပြေပြစ် ချောမောစွာ ဖတ်နှိုင်ရေ
Burmese:
စာကျက်၍ အရလွယ်သည်။ စာများများ ကျက်၍ ရသည်။ ၂၊ စာကို မထစ်မငေါ့ပဲ ပြေပြစ် ချောမောစွာ ဖတ်နိုင်သည်
English:
clever
Grammar Note:
ကြိယာ
စားတော်ချက်
[sátɔ̀ɕɛʔ]
Arakanese:
ဘုရင်မင်း၊ မိဖုရားအစဟိရေ သူရို့ စားသုံးဖို့အတွက် စီမံ အုပ်ချုပ်ရသူ
Burmese:
ဘုရင်မင်း၊ မိဖုရားစသော သူတို့ စားသုံးရန်အတွက် စီမံ အုပ်ချုပ်ရသူ
English:
chef
Grammar Note:
နာမ်
စားတော်သျှေ
[sátɔ̀ʃè]
Arakanese:
တစုံ တခုသော ကိစ္စ ကြီးငယ် လုပ်ဆောင် ဖို့အတွက် လောင်းကြီး ထက်မာ တနည်း နောက်မာ ဆွဲယူလာရေ လောင်းအချေ
Burmese:
တစ်စုံ တစ်ခုသော ကိစ္စ ကြီးငယ် လုပ်ဆောင် ရန်အတွက် လှေကြီး ထက်တွင် သို့မဟုတ် နောက်တွင် ဆွဲယူလာသော လှေကလေး
English:
boat
Grammar Note:
နာမ်
စာတွိ.
[sàtwì.]
Arakanese:
စာကို ဖတ်ရှုလိလာရေအနိန်နန့်ရဟိရေ အကြားအမြင်
Burmese:
စာကို ဖတ်ရှုလေ့လာသော အားဖြင့်ရရှိသော အကြားအမြင်
English:
well power
Grammar Note:
နာမ်
စာထောင့်
[sàtʰɔ́ɪ̰ɴ]
Arakanese:
စာဖတ်၊ စာအံ့၊ စာဖတ်ရာမာ မဖြောင့်ဖြူး ဖြစ်တေ။ စာဖတ်ရ၊ စာအံရ ခက်ခဲရေ
Burmese:
စာကျက်၊ စာအံ့၊ စာဖတ်ရာ၌ မဖြောင့်ဖြူး ဖြစ်သည်။ စာကျက်ရ၊ စာအံရ ခက်ခဲသည်
English:
hard
Grammar Note:
ကြိယာ
စာထွက်အရ
[sàtʰwɛʔʔɹ]
Arakanese:
စာပီ ကျမ်းဂန်မာ ပါဟိရေအတိုင်း ယူဆချက်။ ဆိုလိုချက်။ အကြံပြု တင်ပြချက်
Burmese:
စာပေ ကျမ်းဂန်တွင် ပါရှိသည့်အတိုင်း ယူဆချက်။ ဆိုလိုချက်။ အကြံပြု တင်ပြချက်
English:
proposal
Grammar Note:
နာမ်
စားနက်ခံ
[sánɛʔkʰံ]
Arakanese:
ကြာရှည် သုံးစားနှိုင်ရေ အစားအစာ
Burmese:
ကြာရှည် သုံးစားနိုင်သည့် အစားအစာ
English:
dry food
Grammar Note:
နာမ်
စားနက်ရိက္ခာ
[sánɛʔɹìkʰə́kʰaà]
Arakanese:
စားသုံးရန် လောင်းာင်ထားရေ စားသောက်ဖွယ်
Burmese:
စားသုံးရန် သိုလှောင်ထားသော စားသောက်ဖွယ်
English:
provision
Grammar Note:
နာမ်
စာနာ
[sànà]
Arakanese:
ထောက် ထားရေ။ ငဲ့ ကွက်သည်
Burmese:
ထောက် ထားသည်။ ငဲ့ ကွက်သည်
English:
sympathise
Grammar Note:
နာမ်
စာနာပွဲ
[sànàpwɛ]
Arakanese:
ဝေဿန္တရာ ဇာတ်ဝတ္တု၊ ဟောစာအစဟိရေ ကျမ်းဂန် စာပီများရို့ကို ပရိသတ် ရို့အား ပြောပြ၊ ဟောပြ၊ ရွတ်ဖတ် ပြစွာကို နားထောင်သည်
Burmese:
ဝေဿန္တရာ ဇာတ်ဝတ္တု၊ ဟောစာစသော ကျမ်းဂန် စာပေများတို့ကို ပရိသတ် တို့အား ပြောပြ၊ ဟောပြ၊ ရွတ်ဖတ် ပြသည်ကို နားထောင်သည်
English:
listen to
Grammar Note:
နာမ်
စားနီကျကြောင်ဖား
[sánít͡ɕt͡ɕàʊɴpʰá]
Arakanese:
တစုံ တခုကို ကိုယ့် ကိုယ်ကျိုး အတွက်ရာ ကြည့်လို့ မှန်ကန်မှု၊ မျှတမှု မဟိရေ နည်းနန့် ပြုလုပ်မူ အလိအထေ ဟိသူ
Burmese:
တစ်စုံ တစ်ခုကို မိမိ ကိုယ်ကျိုး အတွက်သာ ကြည့်၍ မှန်ကန်မှု၊ မျှတမှု မရှိသော နည်းဖြင့် ပြုလုပ်မူ အလေ့အထေ ရှိသူ
English:
none
Grammar Note:
နာမ်
စာနီသျှေ
[sàníʃè]
Arakanese:
တကိုယ်လုံး နီသော အရောင် ဟိရေ ပန်းစိတ်ကေသျှေ တမျိုး
Burmese:
တစ်ကိုယ်လုံး နီသော အရောင် ရှိသော တောစာ တစ်မျိုး
English:
name of bird
Grammar Note:
နာမ်
စားနုစားစ
[sánoʊsás]
Arakanese:
စားသောက် ရာမှ ကျန်ရစ်သော ပါးပါးချေ့ အတုံးအစ
Burmese:
စားသောက် ရာမှ ကျန်ရစ်သော အသေးအဖွဲ့ အတုံးအစ
English:
orts
Grammar Note:
နာမ်
စားနုစားဖွယ်
[sánoʊsápʰwɛ̀]
Arakanese:
ခြီရေ သောက်ဖွယ်သော စားစရာ။ ကောင်းမွန်သော စားသောက် ဖွယ်ရာ အစု
Burmese:
စားကောင်း သောက်ဖွယ်သော စားစရာ။ ကောင်းမွန်သော စားသောက် ဖွယ်ရာ အစု
English:
delicious meal
Grammar Note:
နာမ်
စားနုပြန်
[sánoʊpɹàɴ]
Arakanese:
ကျွဲ၊ နွား၊ ဆိတ်အစဟိစွာရို့ မျိုထား ခလီဗျာယ်းရေ အစာကို ချထုတ်မှ ပြန်ထုတ်ပနာ ဝါးရေ။ ၂၊ (ဥပစာ) အခေါက်ခေါက် အဖန်ဖန် ပြန်ပနာ ခံစားရေ။ တွေးခေါ်သည်
Burmese:
ကျွဲ၊ နွား၊ ဆိတ်စသည်တို့ မျိုထား ခဲ့လေပြီးသော အစာကို အစာအိမ်မှ ပြန်ထုတ်၍ ဝါးသည်။ ၂၊ (ဥပစာ) အကြိမ်ကြိမ် အဖန်ဖန် ပြန်လည် ခံစားသည်။ တွေးတောသည်
English:
ruminante
Grammar Note:
ကြိယာ
စာပစိ.
[sàpsì.]
Arakanese:
ကောက်ကြီး စပါး တမျိုး၏ အမည်
Burmese:
ကောက်ကြီး စပါး တစ်မျိုး၏ အမည်
English:
name of grain
Grammar Note:
နာမ်
စာပစ်
[sàpɪʔ]
Arakanese:
အဖွဲ့အစည်း တခုခု၏ ဂုဏ်သတင်း ထိခိုက်အောင် ရီးသား ထားရေ စာကို လူအများ သိစီရန် တတိန်းချေ ပစ်ချရေ
Burmese:
အဖွဲ့အစည်း တစ်ခုခု၏ ဂုဏ်သတင်း ထိခိုက်အောင် ရေးသား ထားသော စာကို လူအများ သိစေရန် တိတ်တဆိတ် ပစ်ချသည်
English:
send an anonymous letter
Grammar Note:
ကြိယာ
စာပန်းစုပ်
[sàpáɴsoʊʔ]
Arakanese:
နှုတ်သီးရှည်၊ အမွီး အပြာရောင်၊ အိမ်စာထက် ငယ်၍ ပန်းပွင့် ဝတ်ရည်ကို စုပ်ယူလီ့ ဟိရေ စာငှက်ပိုင် ငှက်ငယ် တမျိုး
Burmese:
နှုတ်သီးရှည်၊ အမွေး အပြာရောင်၊ အိမ်စာထက် ငယ်၍ ပန်းပွင့် ဝတ်ရည်ကို စုပ်ယူလေ့ ရှိသော စာငှက်ကဲ့သို့ ငှက်ငယ် တစ်မျိုး
English:
name of bird
Grammar Note:
နာမ်