Dictionary Entries
Showing 721–740 of 1,587 words
စ
စားဖို
[sápʰÒ]
Arakanese:
ထမင်း၊ ဟင်းအစဟိစွာ ချက်ပြုတ်ရာ မီးဖို
Burmese:
ထမင်း၊ ဟင်းစသည် ချက်ပြုတ်ရာ မီးဖို
English:
kitchen
Grammar Note:
နာမ်
စားဖိုခေါင်
[sápʰÒkʰèàɪ̀ɴ]
Arakanese:
မီးဖိုဆောင်၏ အမိုးခေါင်
Burmese:
မီးဖိုဆောင်၏ အမိုးခေါင်
English:
kitchen
Grammar Note:
နာမ်
စားဖိုဆောင်
[sápʰÒsʰàʊɴ]
Arakanese:
ထမင်း၊ ဟင်း ချက်ပြုတ်ရာ အဆောင်
Burmese:
ထမင်း၊ ဟင်း ချက်ပြုတ်ရာ အဆောင်
English:
kitchen
Grammar Note:
နာမ်
စားဖိုထောင့်
[sápʰÒtʰɔ́ɪ̰ɴ]
Arakanese:
အိမ်အစဟိစွာ အဆောက်အအုံမာ ချက်ပြုတ်ရာနန့် စားသောက်ဖွယ်စရေ ထားဟိရာ အခန်း၊ အထူးအနိန်နန့် အိမ်နောက်ပိုင်းဟိ အဆောင် တမျိုး
Burmese:
အိမ်စသည် အဆောက်အအုံတွင် ချက်ပြုတ်ရာနှင့် စားသောက်ဖွယ်စသည့် ထားရှိရာ အခန်း၊ အထူးသဖြင့် အိမ်နောက်ပိုင်းရှိ အဆောင် တစ်မျိုး
English:
kitchen
Grammar Note:
နာမ်
စားဖိုပေါက်
[sápʰÒpaʊʔ]
Arakanese:
ထမင်း၊ ဟင်းချက် ပြုတ်ရန် အခိုင်းအစီမှ ပေါက်ဖွား လာရေ သားသမီး
Burmese:
ထမင်း၊ ဟင်းချက် ပြုတ်ရန် အခိုင်းအစေမှ ပေါက်ဖွား လာသော သားသမီး
English:
children
Grammar Note:
နာမ်
စားဖိုပေါက်ကျွန်
[sápʰÒpaʊʔt͡ɕʊ̀ɴ]
Arakanese:
အင်္ကျီကို လက်တို ဝတ်စီရား ဆံထုံးကို တပတ်လျှို ထုံး၍ ဥယျာဉ်မာ ရီခပ် လောင်းရန်နန့် အခိုင်းအစီ ထားရေ ကျွန်
Burmese:
အင်္ကျီကို လက်တို ဝတ်စေပြီး ဆံထုံးကို တစ်ပတ်လျှို ထုံး၍ ဥယျာဉ်တွင် ရေခပ် လောင်းရန်နှင့် အခိုင်းအစေ ထားသော ကျွန်
English:
servant
Grammar Note:
နာမ်
စားဖိုသီး
[sápʰÒθï]
Arakanese:
စားတော်ချက်။ ထမင်း၊ ဟင်းချက် ပြုတ်သော သူ
Burmese:
စားတော်ချက်။ ထမင်း၊ ဟင်းချက် ပြုတ်သော သူ
English:
chef
Grammar Note:
နာမ်
စားဖိုသူကြီး
[sápʰÒθùt͡ɕï]
Arakanese:
ထမင်း၊ ဟင်းအစဟိစွာရို့ စားသောက်ဖို့ အတွက် ခန့်ခွဲ ချက်ပြုတ် ကျွေးမွီးရရေ အမှုကြီးငယ် ရို့ကို အုပ်စီးသူ
Burmese:
ထမင်း၊ ဟင်းစသည်တို့ စားသောက်ရန် အတွက် ခန့်ခွဲ ချက်ပြုတ် ကျွေးမွေးရသော အမှုကြီးငယ် တို့ကို အုပ်စီးသူ
English:
chef-headcook
Grammar Note:
နာမ်
စားဖို့သောက်ဖို့
[sápʰo̰θɔ́ɛʔpʰo̰]
Arakanese:
စားသောက်စရာ အစားအစာ။ ၂၊ စားသောက်လိုကေ အချိန် မရွီး ထွက်ဝင် စားသောက်နှိုင်ရေ အလွန် ခင်မင် ချစ်ကျွမ်းဝင်သော မိတ်ဆွီ၏ အိမ်
Burmese:
စားသောက်စရာ အစားအစာ။ ၂၊ စားသောက်လိုလျှင် အချိန် မရွေး ထွက်ဝင် စားသောက်နိုင်သော အလွန် ခင်မင် ချစ်ကျွမ်းဝင်သော မိတ်ဆွေ၏ အိမ်
English:
warmly
Grammar Note:
နာမ်
စာဖွဲ့
[sàpʰwé]
Arakanese:
သာယာ နာပျော်ဖွယ် ကောင်းယောင် စာကို သီကုံး ရီးသားသည်
Burmese:
သာယာ နာပျော်ဖွယ် ကောင်းအောင် စာကို သီကုံး ရေးသားသည်
English:
compose a literary piece
Grammar Note:
နာမ်
စာဗူးတောင်း
[sàbùးtáʊɴ]
Arakanese:
ကိုယ်လုံး ဝါသော စာငှက် ကချေတိ ရက်လုပ် ထားရေ တွဲလောင်း ကျနီရေ အသိုက် အရှည်။ ၂၊ ယင်း အသိုက်ရှည်မာ နီတတ်ရေ ငှက်မျိုး
Burmese:
ကိုယ်လုံး ဝါသော စာငှက် ကလေးများ ရက်လုပ် ထားသော တွဲလျား ကျနေသည့် အသိုက် အရှည်။ ၂၊ ယင်း အသိုက်ရှည်တွင် နေတတ်သော ငှက်မျိုး
English:
weaverbird
Grammar Note:
နာမ်
စာဘုန်းကြီး
[sàbʱóʊɴt͡ɕï]
Arakanese:
တကိုယ်လုံး နီသော အရောင်ဟိရေ ပန်းစိတ်ကေသျှေ တမျိုး
Burmese:
တစ်ကိုယ်လုံး နီသော အရောင်ရှိသော တောစာ တစ်မျိုး
English:
ploceus chrysaea
Grammar Note:
နာမ်
စာဘွဲ့
[sàbʱwé]
Arakanese:
စာအုပ် တရွီတည်း စုပေါင်းထားရေ စာလွှာ။ စက္ကူချပ်
Burmese:
စာအုပ် တစ်အုပ်တည်း စုပေါင်းထားသော စာလွှာ။ စက္ကူချပ်
English:
book
Grammar Note:
နာမ်
စာမင်မည်း
[sàmɪ̀ɴmɛ́]
Arakanese:
(လူ) မျက်နှာပြင်၌ ထိုးကွင်း မှင်ကြောင် ထိုးထားခြင်း
Burmese:
(လူ) မျက်နှာပြင်၌ ထိုးကွင်း မှင်ကြောင် ထိုးထားခြင်း
English:
tatoo
Grammar Note:
နာမ်
စာမဒီ
[sàmdí]
Arakanese:
ကိုင်းတော မြက်တော ရို့မာ အသိုက်လုပ်ပနာ နီတတ်ရေ အိမ်စာထက် ငယ်သော စာငှက် တမျိုး
Burmese:
ကိုင်းတော မြက်တော တို့တွင် အသိုက်လုပ်၍ နေတတ်သော အိမ်စာထက် ငယ်သော စာငှက် တစ်မျိုး
English:
name of bird
Grammar Note:
နာမ်
စာမရီ
[sàmɹí]
Arakanese:
ပင်လယ် ငါးကြီး တမျိုး။၂၊ ငှက်တမျိုး၏ အမည်
Burmese:
ပင်လယ် ငါးကြီး တစ်မျိုး။၂၊ ငှက်တစ်မျိုး၏ အမည်
English:
yak
Grammar Note:
နာမ်
စာမူ
[sàmù]
Arakanese:
အခြီခံ ဖြစ်ရေ အချက်အလက် ရို့ကို ရီးသားထားရေ စာအစု
Burmese:
အခြေခံ ဖြစ်သော အချက်အလက် တို့ကို ရေးသားထားသော စာအစု
English:
manuscript
Grammar Note:
နာမ်
စာမေးပွဲ
[sàmépwɛ]
Arakanese:
သင်ယူထားရေ ပညာ အရည်အခြင်း၊ အဆင့်အတန်းစစွာကို သိဟိရန် စစ်ဆီးခြင်း
Burmese:
သင်ယူထားသော ပညာ အရည်အချင်း၊ အဆင့်အတန်းစသည်ကို သိရှိရန် စစ်ဆေးခြင်း
English:
exam
Grammar Note:
နာမ်
စားမျို
[sámrÒ]
Arakanese:
အသက်ရှုရာ အစာမျိုရာ ပြွန်အပါအဝင် လိုင်ဖင်း၏ လမ်းကြောင်း
Burmese:
အသက်ရှုရာ အစာမျိုရာ ပြွန်အပါအဝင် လည်ပင်း၏ လမ်းကြောင်း
English:
gullet
Grammar Note:
ကြိယာ
စားမျှို့
[sámr̯o̰]
Arakanese:
စပါးကြီး စအို၏ တဖက် တချက်မာ ကြိုးမျှင်ပိုင် အတက်နှစ်ခု ဟိရာ ယင်းဖြင့် သားကောင်တိကို ဝါးမျိုရန် ညို့ရေလို့ ဆိုအပ်ရေ အရာ
Burmese:
စပါးကြီး စအို၏ တစ်ဘက် တစ်ချက်တွင် ကြိုးမျှင်ကဲ့သို့ အတက်နှစ်ခု ရှိရာ ယင်းဖြင့် သားကောင်များကို ဝါးမျိုရန် ညို့သည်ဟု ဆိုအပ်သော အရာ
English:
trap
Grammar Note:
နာမ်