Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 741–760 of 1,587 words

    စ

    စားမျှို့ကပ်

    [sámr̯o̰kaʔ]
    ယင်းစားမျှို့ဖြင့် သတ္တဝါရို့ တစုံ တခုသော နီရာသို့ ထွက်မဗြီး နှိုင်ယောင် သိမ်းသွင်း ထားရေ
    ယင်းစားမျှို့ဖြင့် သတ္တဝါတို့ တစ်စုံ တစ်ခုသော နေရာသို့ ထွက်မပြေး နိုင်အောင် ဆွဲဆောင် ထားသည်
    attract
    ကြိယာ

    စားမြုံ့စာ

    [sámɹo̰ʊɴsà]
    လမ်းခရီးမာ ဖြစ်စီ၊ အလုပ်အကိုင်မာ ဖြစ်စီ စားရန် ပြုလုပ်ထားရေ စားသောက်ဖွယ်
    လမ်းခရီးတွင် ဖြစ်စေ၊ အလုပ်အကိုင်တွင် ဖြစ်စေ စားရန် ပြုလုပ်ထားသော စားသောက်ဖွယ်
    meal
    နာမ်

    စားမြုံ့ပြန်

    [sámɹo̰ʊɴpɹàɴ]
    ကျွဲ၊ နွား၊ ဆိတ်အစဟိစွာရို့ မျိုထားခလေ ပြီးရေ အစာကို ချထုတ်မှ ပြန်ထုတ်ပနာ ဝါးရေ။ ၂၊ (ဥပစာ) အခေါက်ခေါက် အဖန်ဖန် ပြန်ပနာ ခံစားရေ။ တွေးခေါ်သည်
    ကျွဲ၊ နွား၊ ဆိတ်စသည်တို့ မျိုထားခဲ့လေ ပြီးသော အစာကို အစာအိမ်မှ ပြန်ထုတ်၍ ဝါးသည်။ ၂၊ (ဥပစာ) အကြိမ်ကြိမ် အဖန်ဖန် ပြန်လည် ခံစားသည်။ တွေးတောသည်
    ruminante
    ကြိယာ

    စားမြုံ့ပြန်၂

    [sámɹo̰ʊɴpɹàɴ၂]
    (ဥပစာ) အယင် သူတိပါးက မတရားနည်းလမ်းတကျ ရရေ ဝန်ရို့စွာ ဂုချိန်ခါ တဆတ်ဆတ် လျော့နည်း ကျဆင်းလှားရေ၊ အခေါက်ခေါက် အဖန်ဖန် ပြန်ပနာ ခံစားသည်
    (ဥပစာ) ယခင် သူများထံမှ မတရားသဖြင့် ရသော ပစ္စည်းတို့သည် ယခုအခါ တဖြည်းဖြည်း လျော့နည်း ကျဆင်းသွားသည်၊ အကြိမ်ကြိမ် အဖန်ဖန် ပြန်လည် ခံစားသည်
    decrease
    ကြိယာ

    စာရင်း

    [sàɹɪ́ɴ]
    အမျိုးအမည် အရွီအတွက် ရို့ကို စီစိုင်ခွဲခြားပနာ ရီးသား မှတ်ထားချက်
    အမျိုးအမည် အရေအတွက် တို့ကို စီစဉ်ခွဲခြား၍ ရေးသား မှတ်ထားချက်
    list-inventory
    နာမ်

    စာရင်းကောက်

    [sàɹɪ́ɴkɔ́ɛʔ]
    အမျိုးအမည် အရွီအတွက် ဖြစ်ပျက်မှု အခြင်းအရာ ရို့ကို ရှာဖွီ သိမ်းဆည်း ရီးသား မှတ်ထားရေ
    အမျိုးအမည် အရေအတွက် ဖြစ်ပျက်မှု အခြင်းအရာ တို့ကို ရှာဖွေ သိမ်းဆည်း ရေးသား မှတ်ထားသည်
    make a list inventory etc
    ကြိယာ

    စာရင်းချ

    [sàɹɪ́ɴɕ]
    အားလုံးအကျ အသွင်းအထုတ် အစဟိစွာရို့ကို ရွီတွက်ပြရေ
    အကုန်အကျ အသွင်းအထုတ် စသည်တို့ကို ရေတွက်ပြသည်
    count
    ကြိယာ

    စာရင်းချုပ်

    [sàɹɪ́ɴɕoʊʔ]
    အားလုံးကို ပေါင်းရုံး ရွီတွက်၍ (နောင်တချိန်အခါ သိဟိနှိုင်ဖို့) စာဖြင့် ရီးသား ထားရေ
    အားလုံးကို ပေါင်းရုံး ရေတွက်၍ (နောင်တစ်ချိန်အခါ သိရှိနိုင်ရန်) စာဖြင့် ရေးသား ထားသည်
    combine all relevant accounts-balance books
    ကြိယာ

    စာရင်းဝင်

    [sàɹɪ́ɴwɪ̀ɴ]
    အသိအမှတ် ပြုရေ။ ဟုတ်မှန်ကြောင်း လက်ခံ အတည် ပြုသည်
    အသိအမှတ် ပြုသည်။ ဟုတ်မှန်ကြောင်း လက်ခံ အတည် ပြုသည်
    acknowledge
    ကြိယာ

    စားရန်ခုတ်

    [sáɹàɴkʰoʊʔ]
    (ခွီး၊ ကြောင်အစဟိစွာရို့) ကိုယ့် စားသောက်နိန်ရေ အစားအစာကို အရာ တပါးက လုယက် စားသောက်မည် ထင်၍ ရန်ဖြစ်ဖို့အတွက် အခွင့်ကို စောင့်မျှော်သည်
    (ခွေး၊ ကြောင်စသည်တို့) မိမိ စားသောက်နေသော အစားအစာကို အခြား တစ်ပါးက လုယက် စားသောက်မည် ထင်၍ ရန်ဖြစ်ရန်အတွက် အခွင့်ကို စောင့်မျှော်သည်
    bide time
    ကြိယာ

    စားရဖို့စွာသောက်ရဖို့စွာ

    [sáɹpʰo̰swàθɔ́ɛʔɹpʰo̰swà]
    စားစရာ သောက်စရာ အဖြစ်
    စားစရာ သောက်စရာ အဖြစ်
    food
    နာမ်

    စားရာမဟိသောက်ရာမဟိ

    [sáɹàmhìθɔ́ɛʔɹàmhì]
    စားစရာ သောက်စရာ မဟိရေ အဖြစ်။ စားရမဲ့ သောက်ရမဲ့ ဖြစ်ခြင်း
    စားစရာ သောက်စရာ မရှိသည် အဖြစ်။ စားရမဲ့ သောက်ရမဲ့ ဖြစ်ခြင်း
    impoverished
    နာမ်

    စားရာသောက်ရာ

    [sáɹàθɔ́ɛʔɹà]
    စားသောက်ခြင်းနန့် အရာကိစ္စ ကြီးငယ်တိအတွက် အသုံးအစွဲ ပြုကာ
    စားသောက်ခြင်းနှင့် အခြားကိစ္စ ကြီးငယ်များအတွက် အသုံးအစွဲ ပြုကာ
    meal
    ကြိယာဝိသေသန

    စာရိတ္တ

    [sàɹìt̪t̪a̰]
    ကိုယ်ကျင့်တရား။ အကျင့်စရိုက်။ အလိဝါသနာ
    ကိုယ်ကျင့်တရား။ အကျင့်စရိုက်။ အလေ့ဝါသနာ
    moral character
    နာမ်

    စားရုတ်

    [sáɹoʊʔ]
    အစား အသီာက်နန့် စပ်၍ ဒေါသ ထွက်ရေ။ အစား အသီာက်နန့် စပ်၍ လောဘ တက်ရေ
    အစား အသောက်နှင့် စပ်၍ ဒေါသ ထွက်သည်။ အစား အသောက်နှင့် စပ်၍ လောဘ တက်သည်
    gluttonous
    ကြိယာ

    စားရုပ်စားရည်

    [sáɹoʊʔsáɹɛ̀]
    စားသောက် ဖို့အတွက် ကောင်းရေ (အစား အစာ)
    စားသောက် ဖို့ရန် ကောင်းသော (အစား အစာ)
    delicious
    နာမဝိသေသန

    စားရူးထ

    [sáɹùးtʰ]
    အစား အသီာက်နန့် စပ်၍ ဒေါသ ထွက်သည်
    အစား အသောက်နှင့် စပ်၍ ဒေါသ ထွက်သည်
    gluttonous
    ကြိယာ

    စာရေးတံ

    [sàɹétံ]
    ဝန် တခုတရီ လှူရာမာ ပင်ဖြစ်ဖြစ်။ ဆွမ်းကွမ်း သုံးဆောင်ရာမာ ပင်ဖြစ်ဖြစ်၊ လောင်ပေါ်လိပ် ထွတ်ခြင်း အစဟိစွာ
    ပစ္စည်း တစ်စုံတစ်ခု လှူရာတွင် လည်းကောင်း။ ဆွမ်းကွမ်း သုံးဆောင်ရာတွင် လည်းကောင်း၊ ကံစမ်းမဲလိပ် နှိုက်ခြင်း စသည်
    none
    နာမ်

    စာရွက်စာတမ်း

    [sàɹwɛʔsàtáɴ]
    ဖြစ်ပျက်မှု အကြောင်း တခုခုနန့် ပတ်သက်ပြီးကေ ရီးသားထားရေ အထောက် အကူ ပြုစာ
    ဖြစ်ပျက်မှု အကြောင်း တစ်ခုခုနှင့် ပတ်သက်၍ ရေးသားထားသော အထောက် အကူ ပြုစာ
    vitate
    နာမ်

    စားလမ်းထွင်

    [sáláɴtʰwɪ̀ɴ]
    မတရားနည်းလမ်းတကျ အမြတ်ထုတ် ယူရန် လမ်းပေါက် ယှာရေ
    မတရားသဖြင့် အမြတ်ထုတ် ယူရန် လမ်းပေါက် ရှာသည်
    look for profit
    ကြိယာ