Dictionary Entries
Showing 761–780 of 1,587 words
စ
စာဝါ
[sàwà]
Arakanese:
ကျောင်းမာ စာပို့ချရရေ အကြိမ်
Burmese:
ကျောင်းတွင် စာပို့ချရသော အကြိမ်
English:
course of learning in Buddhist monastery
Grammar Note:
နာမ်
စာသင်
[sàθɪ̀ɴ]
Arakanese:
စာပီကို တတ်သိ နားလည်ယောင် သင်ယူရေ
Burmese:
စာပေကို တတ်သိ နားလည်အောင် သင်ယူသည်
English:
learn
Grammar Note:
ကြိယာ
စာသင်တိုက်
[sàθɪ̀ɴtaɪʔ]
Arakanese:
သံဃာတော်များ စုပေါင်း သီတင်းသုံး နီထိုင်ပနာ ပရိယတ္တိ ကျမ်းစာတိကို သင်ယူရာ ကျောင်းတိုက်
Burmese:
သံဃာတော်များ စုပေါင်း သီတင်းသုံး နေထိုင်၍ ပရိယတ္တိ ကျမ်းစာများကို သင်ယူရာ ကျောင်းတိုက်
English:
monastery where Buddhist Scriptures are taught to monks
Grammar Note:
နာမ်
စာသင်ဖက်
[sàθɪ̀ɴpʰɛʔ]
Arakanese:
တဦး တည်းသော ဆရာထံမာ တတူတကွ စာပီ သင်ကြားလာ သူ
Burmese:
တစ်ဦး တည်းသော ဆရာထံတွင် အတူတကွ စာပေ သင်ကြားလာ သူ
English:
classmate
Grammar Note:
နာမ်
စာသင်ဖေါ်
[sàθɪ̀ɴpʰɔ̀]
Arakanese:
တဦး တည်းသော ဆရာထံမာ တတူတကွ စာပီ သင်ကြားလာ သူ
Burmese:
တစ်ဦး တည်းသော ဆရာထံတွင် အတူတကွ စာပေ သင်ကြားလာ သူ
English:
classmate
Grammar Note:
နာမ်
စာသင်သား
[sàθɪ̀ɴθá]
Arakanese:
စာပီ ကျမ်းဂန်ကို ညွန်ကြားချက် အတိုင်း သင်ယူသူ
Burmese:
စာပေ ကျမ်းဂန်ကို ညွန်ကြားချက် အတိုင်း သင်ယူသူ
English:
student
Grammar Note:
နာမ်
စာသဝဏ်
[sàθwn်]
Arakanese:
ဖြစ်ပျက်မှု အခြင်းအရာကို သိစီရေ စာလွှာ
Burmese:
ဖြစ်ပျက်မှု အခြင်းအရာကို သိစေသော စာလွှာ
English:
formal message
Grammar Note:
နာမ်
စာသား
[sàθá]
Arakanese:
(ကဗျာ၊ လင်္ကာ၊ အဖွဲ့အနွဲ့ အစဟိစွာ မပါရာနန့်) စကားပြေ ရိုးရိုး ရီးသားထားရေ စာ
Burmese:
(ကဗျာ၊ လင်္ကာ၊ အဖွဲ့အနွဲ့ စသည် မပါပဲ) စကားပြေ ရိုးရိုး ရေးသားထားသော စာ
English:
sentence
Grammar Note:
နာမ်
စားသားပေါ်
[sáθápɔ̀]
Arakanese:
စားပနာ ကောင်းဖို့လို့ ထင်ရရေ၏ အဖြစ်
Burmese:
စား၍ ကောင်းမည်ဟု ထင်ရသည်၏ အဖြစ်
English:
seem delicious
Grammar Note:
နာမ်
စာသားပါ
[sàθápà]
Arakanese:
တိုတိုနန့် လိုရင်း အနှစ်သာရ ရို့နန့် ရီးသားထားချက်။ အနက် အဓိပ္ပါယ်ရို့နန့် ပြည့်ပြည့်စုံစုံ ရီးသားထားချက်
Burmese:
တိုတိုနှင့် လိုရင်း အနှစ်သာရ တို့ဖြင့် ရေးသားထားချက်။ အနက် အဓိပ္ပါယ်တို့ဖြင့် ပြည့်ပြည့်စုံစုံ ရေးသားထားချက်
English:
definition
Grammar Note:
နာမ်
စာသိပီသိ
[sàθìpíθì]
Arakanese:
စာပီကို အထပ်ထပ် လိ့ကျင့်၍ သိခြင်း
Burmese:
စာပေကို အထပ်ထပ် လေ့ကျင့်၍ သိခြင်း
English:
Book-learning
Grammar Note:
နာမ်
စာသွားစာလာ
[sàθWàsàlà]
Arakanese:
စာ အပြန်အလှန် ပီးကမ်းခြင်း
Burmese:
စာ အပြန်အလှန် ပေးကမ်းခြင်း
English:
correspondence
Grammar Note:
နာမ်
စားဟုတ်
[sáhoʊʔ]
Arakanese:
(ဥပစာ) ကိုယ့် ရပေါက် ရလမ်းကို လူတိက ဝင်ရောက် လုယူမည်ကို မလို လားသနန့် ရန်စောင်သည်
Burmese:
(ဥပစာ) မိမိ၏ ရပေါက် ရလမ်းကို သူတစ်ပါးက ဝင်ရောက် လုယူမည်ကို မလို လားသဖြင့် ရန်စောင်သည်
English:
provoke
Grammar Note:
ကြိယာ
စာဟောင်းပီဟောင်း
[sàháʊɴpíháʊɴ]
Arakanese:
ရှေးက ဖြစ်ပျက်ပုံ အကြောင်းအရာ ရို့ကို ရီးသား မှတ်ထားခရေ စာ
Burmese:
ရှေးက ဖြစ်ပျက်ပုံ အကြောင်းအရာ တို့ကို ရေးသား မှတ်ထားခဲ့သော စာ
English:
record
Grammar Note:
နာမ်
စာအံ
[sàʔံ]
Arakanese:
စာကို အာဂုံရယောင် အခေါက်ခေါက် အခါခါ အကြိမ်ပေါင်း များစွာ ဆိုရရေ
Burmese:
စာကို အာဂုံရအောင် အခေါက်ခေါက် အခါခါ အကြိမ်ပေါင်း များစွာ ဆိုရသည်
English:
recite
Grammar Note:
ကြိယာ
စာအလာ
[sàʔlà]
Arakanese:
စာပြန်ရန်ကို စောင့်မျှော်ဗျာယ်
Burmese:
စာပြန်ရန်ကို စောင့်မျှော်လျက်
English:
wait for reply
Grammar Note:
ကြိယာဝိသေသန
စာအိပ်ဂေါင်း
[sàʔìaʔɡèàɪ́ɴ]
Arakanese:
ချော စာအိပ်မာ တပ်ရရေ တံဆိပ်ဂေါင်း
Burmese:
ချော စာအိပ်တွင် တပ်ရသော တံဆိပ်ဂေါင်း
English:
postage stamp
Grammar Note:
နာမ်
စားအိုးဖွင့်
[sáʔópʰwɪ̰ɴ]
Arakanese:
ခင်မင် ရင်းနှီးသော မိတ်ဆွီတိနန့် တပျော် တပါး စားသောက် ကတ်တေ
Burmese:
ခင်မင် ရင်းနှီးသော မိတ်ဆွေများနှင့် တပျော် တပါး စားသောက် ကြသည်
English:
have meal
Grammar Note:
ကြိယာ
စားအိုးသောက်ခွက်
[sáʔóθɔ́ɛʔkʰwɛʔ]
Arakanese:
ထမင်း၊ ဟင်း ချက်ပြုတ် စားသောက်ဖို့ အိုးခွက် ပန်းကန်နန့် ရေ သောက်စရာ အိုးခွက် အစု
Burmese:
ထမင်း၊ ဟင်း ချက်ပြုတ် စားသောက်ရန် အိုးခွက် ပန်းကန်နှင့် ရေ သောက်စရာ အိုးခွက် အစု
English:
utensils
Grammar Note:
နာမ်
စာဥနာ
[sàʔṵnà]
Arakanese:
အဂေါင်းမာ လက်မခေါင်းခန့် အဖုအကျိတ် ဖြစ်တတ်ရေ အနာ
Burmese:
ဦးခေါင်းတွင် လက်မခေါင်းခန့် အဖုအကျိတ် ဖြစ်တတ်သော အနာ
English:
glandular
Grammar Note:
နာမ်