Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 61–80 of 1,587 words

    စ

    စကားညွန့်

    [skáɲʊ̰ɴ]
    ပြောလိုရေ ရည်ရွယ်ချက်။ အာဘော်။ အရိပ် နိမိတ်။ ဦးတည်ရာ ပိုင် အလာ။၂၊ အသာ ယူပနာ ပြောဆိုရေ စကား
    ပြောလိုသော ရည်ရွယ်ချက်။ အာဘော်။ အရိပ် နိမိတ်။ ဦးတည်ရာ အလား အလာ။၂၊ အသာ ယူ၍ ပြောဆိုသော စကား
    focus on speech
    နာမ်

    စကားတက်

    [skátɛʔ]
    စကားကို တတည့် မပြောပဲ လွဲဖယ်၍ ပြောရေ
    စကားကို တည့်တည့် မပြောပဲ လွဲဖယ်၍ ပြောသည်
    speak indirectly
    ကြိယာ

    စကားတင်

    [skátɪ̀ɴ]
    တဖက် သားအား လွှမ်းမိုး ဖိနှိပ်၍ ပြောဆိုရေ
    တစ်ဖက် သားအား လွှမ်းမိုး ဖိနှိပ်၍ ပြောဆိုသည်
    speak overbearingly
    ကြိယာ

    စကားတင်ကြီး

    [skátɪ̀ɴt͡ɕï]
    နားမခံ သာယောင် မနှစ် သက်ဖွယ်သော စကားကို အားဓမ ပြောဆိုရေ
    နားမခံ သာအောင် မနှစ် သက်ဖွယ်သော စကားကို အတင်း ပြောဆိုသည်
    force speech
    ကြိယာ

    စကားတင်စကားချ

    [skátɪ̀ɴskáɕ]
    တယောက်နန့် တယောက် အငြင်း အဂုံ၊ အပြန် အလှန်၊ အချေ အတင် ပြောဆို ကတ်တေ
    တစ်ယောက်နှင့် တစ်ယောက် အငြင်း အခုံ၊ အပြန် အလှန်၊ အချေ အတင် ပြောဆို ကြသည်
    debate - argue
    ကြိယာ

    စကားတင်းပြော

    [skátɪ́ɴpɹɔ́]
    တစုံ တဦး၏ ဂုဏ်၊ သိက္ခာ နိမ့်ကျအောင် ရှုတ်ချပနာ ပြောဆိုရေ။ ၂၊ သူ တပါးအား နိုင်ထက် စီးနင်း ဖိနှိပ်၍ အားဓမ ပြောဆိုရေ။ ၃၊ နောက်ကွယ်မာ ကိုယ့်အား ပြစ်တင် ပြောဆိုရေ
    တစ်စုံ တစ်ဦး၏ ဂုဏ်၊ သိက္ခာ နိမ့်ကျအောင် ရှုတ်ချ၍ ပြောဆိုသည်။ ၂၊ သူ တစ်ပါးအား နိုင်ထက် စီးနင်း ဖိနှိပ်၍ အတင်း ပြောဆိုသည်။ ၃၊ နောက်ကွယ်တွင် မိမိအား အပြစ်တင် ပြောဆိုသည်
    misconduct
    ကြိယာ

    စကားတတ်

    [skátaʔ]
    စကား အပြော အဆိုမာ တတ်သိ လိမ္မာသည်
    စကား အပြော အဆိုတွင် တတ်သိ လိမ္မာသည်
    be skillful or clever in conversation
    ကြိယာ

    စကားတတ်၂

    [skátaʔ၂]
    စကား အပြော အဆိုမာ တတ်သိ လိမ္မာသူ
    စကား အပြော အဆိုတွင် တတ်သိ လိမ္မာသူ
    be skillful or clever in conversation
    နာမ်

    စကားတံရှည်

    [skátံʃɛ̀]
    စကားကို လက်စ မသတ်နိုင်ပဲ ပတ်ချာ လည်ယောင် ပြောရေ။ လိုရင်းသို့ မရောက်ပဲ ရှည်လျား လားရေ
    စကားကို လက်စ မသတ်နိုင်ပဲ ပတ်ချာ လည်အောင် ပြောသည်။ လိုရင်းသို့ မရောက်ပဲ ရှည်လျား သွားသည်
    Long-winded
    နာမ်

    စကားတံရှည်၂

    [skátံʃɛ̀၂]
    စကားကို လက်စ မသတ်နိုင်ပဲ ပတ်ချာ လည်ယောင် ပြောတတ် သူ
    စကားကို လက်စ မသတ်နိုင်ပဲ ပတ်ချာ လည်အောင် ပြောတတ် သူ
    Long-winded
    နာမ်

    စကားတိုစကားစ

    [skátÒskás]
    တခုနန့် တခု ဆက်စပ်မှု မဟိရေ စကား အတို အထွာ
    တစ်ခုနှင့် တစ်ခု ဆက်စပ်မှု မရှိသော စကား အတို အထွာ
    piece of speech
    နာမ်

    စကားတုံ့

    [skáto̰ʊɴ]
    ပြန်လှန်ပနာ ပြောဆိုရေ စကား
    ပြန်လှန်၍ ပြောဆိုသော စကား
    conversation
    နာမ်

    စကားတုံး

    [skátóʊɴ]
    နောက်ထပ် ပြောဆိုစရာပင် မဟိ ဖြစ်တေ
    နောက်ထပ် ပြောဆိုစရာပင် မရှိ ဖြစ်သည်
    no more speech
    ကြိယာ

    စကားတောက်

    [skátɔ́ɛʔ]
    တဖက် သား၏ အယူ အဆကို သိသာရုံမျှ ဖြစ်ရေ သဘောကို သိယောင် အရိပ်ကျလောင်းာက်ရီနည်းနန့် စကား ဆိုရေ
    တစ်ဘက် သား၏ အယူ အဆကို သိသာရုံမျှ ဖြစ်သော သဘောကို သိအောင် သွယ်ဝိုက်သော နည်းဖြင့် စကား ဆိုသည်
    speak indirectly
    ကြိယာ

    စကားတောင်း

    [skátáʊɴ]
    ကိုယ့် သိလိုရေ စကားကို အရာ တဖက်လူ ပြောအောင် အရိပ်ကျလောင်းာက်ရီနည်းနန့် စကား ဆိုရေ
    မိမိ သိလိုသော စကားကို အခြား တစ်ဘက်လူ ပြောအောင် သွယ်ဝိုက်သော နည်းဖြင့် စကား ဆိုသည်
    speak indirectly
    ကြိယာ

    စကားထစ်

    [skátʰɪʔ]
    စကား ပြောဆိုရာမာ စကား တလုံးကို အခေါက်ခေါက် အဖန်ဖန် မြွက်ဆို၍ ရပ်တန့် ရပ်တန့် ဖြစ်တေ
    စကား ပြောဆိုရာတွင် စကား တစ်လုံးကို အကြိမ်ကြိမ် အဖန်ဖန် မြွက်ဆို၍ ရပ်တန့် ရပ်တန့် ဖြစ်သည်
    stutter
    ကြိယာ

    စကားထစ်၂

    [skátʰɪʔ၂]
    တစုံ တခုသော အရောင်း အဝယ် ကိစ္စမာ ဝန်ကို လူများပါးကို မရောက်ရ လေအောင် ကြိုတင်ပနာ အာမခံ ယူထားချက်။ ၂၊ အလွဲ အပြောင်း ရယောင် မတင် မကျ ပြောထားရေ စကား
    တစ်စုံ တစ်ခုသော အရောင်း အဝယ် ကိစ္စတွင် ပစ္စည်းကို သူတစ်ပါးထံသို့ မရောက်ရ လေအောင် ကြိုတင်၍ အာမခံ ယူထားချက်။ ၂၊ အလွဲ အပြောင်း ရအောင် မတင် မကျ ပြောထားသော စကား
    not sure
    နာမ်

    စကားထည့်

    [skátʰɛ̰]
    လူတယောက်ယောက်ကို တစုံ တယောက်သော သူ့ပါး တဆင့် စကား မာကြား လိုက်ရေ။ ၂၊ ကြိုတင်ပနာ သွန်သင် ထားရေ
    တစ်စုံ တစ်ယောက်သော သူအား တစ်စုံ တစ်ယောက်သော သူထံ တစ်ဆင့် စကား မှာကြား လိုက်သည်။ ၂၊ ကြိုတင်၍ သွန်သင် ထားသည်
    announce
    ကြိယာ

    စကားထာ

    [skátʰà]
    ဉာဏ်စမ်း လိုရေ သဘောနန့် ပြုပျင် ထားရေ အမီး ပုစ္ဆာ
    ဉာဏ်စမ်း လိုသော သဘောဖြင့် ပြုပြင် ထားသော အမေး ပုစ္ဆာ
    quiz
    နာမ်

    စကားထိုး

    [skátʰó]
    မသိမသာ လိလာ တီးခေါက် ကြည့်ရေ။ အကြောင်းစုံ သိနှိုင်ဖို့အတွက် စမ်းသပ် ပြောဆိုရေ
    မသိမသာ လေ့လာ တီးခေါက် ကြည့်သည်။ အကြောင်းစုံ သိနိုင်ဖို့ရန် စမ်းသပ် ပြောဆိုသည်
    said test
    ကြိယာ