Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 801–820 of 1,587 words

    စ

    စိကွက်

    [sìkwɛʔ]
    အပိုအလို မဟိဘဲ
    အပိုအလို မရှိပဲ
    exactly
    ကြိယာဝိသေသန

    စိင

    [sìŋ]
    အကြွင်း အလပ်မဟိ ပြည့်စုံရေ။ စိဇုန်ရေ။ စုံလင်သည်
    အကြွင်း အလပ်မရှိ ပြည့်စုံသည်။ နှံစပ်သည်။ စုံလင်သည်
    perfect
    ကြိယာ

    စိငုံ

    [sìŋòʊɴ]
    ငုံမိရေ။ သဖောပေါက်သည်
    ငုံမိသည်။ သဘော ပေါက်သည်
    understand
    ကြိယာ

    စိငှ

    [sìŋ̊]
    လောက်ငှရေ။ စိစုံသည်
    လုံလောက်သည်။ စေ့စုံသည်
    enough
    ကြိယာ

    စိစဉ်

    [sìsɪ̀ɴ]
    တစိစီ၊ တခုကျအနိန်နန့်။ ၂၊ စိကေချေ လောင်းာက်ရာ ဖြစ်ပနာ
    တစ်စေ့စီ၊ တစ်ခုစီ အားဖြင့်။ ၂၊ အနည်းငယ် မျှသာ ဖြစ်၍
    Each-minimal
    ကြိယာဝိသေသန

    စိစဉ်ကရောက်

    [sìsɪ̀ɴkɹɔ́ɛʔ]
    အစီအစိုင်မဟိ ပြောမိ ပြောရာ ပြောခြင်း။ ၂၊ ရည်ရွယ်ချက် မဟိဘဲ လုပ်မိ လုပ်ရာ လုပ်ကိုင်ခြင်း။ ၃၊ ဆားမရရီမရ တွေးခေါ် ကြံစည်ခြင်း
    အစီအစဉ်မရှိ ပြောမိ ပြောရာ ပြောခြင်း။ ၂၊ ရည်ရွယ်ချက် မရှိပဲ လုပ်မိ လုပ်ရာ လုပ်ကိုင်ခြင်း။ ၃၊ ပေါက်ကရ တွေးတော ကြံစည်ခြင်း
    sudden idea
    နာမ်

    စိစဉ်ပေါက်ကျ

    [sìsɪ̀ɴpaʊʔt͡ɕ]
    ပြည့်ပြည့် စုံစုံမဟုတ် အကြားကြား ဖြစ်တေ
    ပြည့်ပြည့် စုံစုံမဟုတ် အကြားကြား ဖြစ်သည်
    not perfect
    ကြိယာ

    စိစဉ်ပေါက်ကျ၂

    [sìsɪ̀ɴpaʊʔt͡ɕ၂]
    ပြည့်ပြည့် စုံစုံမဟုတ် အကြားကြား ဖြစ်ခြင်း
    ပြည့်ပြည့် စုံစုံမဟုတ် အကြားကြား ဖြစ်ခြင်း
    not perfect
    နာမ်

    စိစပ်

    [sìsaʔ]
    တခုတရီ အမှု ကိစ္စကို ညှိနှိုင်း ဆောင်ရွက်ရေ။ ၂၊ မမာ့ ယောက်ျား ထိမ်းမြှားရန် အတွက် စကားကြောင်းလမ်း အဆက်အသွယ် လုပ်ရေ။ ၃၊ သဖောတူညီချက် ရရန် လက်သပ် ဆွေးနွေး ဆက်သွယ်ရေ။ ၄၊ သီသီ ချာချာ ထိမိရေ
    တစ်စုံတစ်ခု အမှု ကိစ္စကို ညှိနှိုင်း ဆောင်ရွက်သည်။ ၂၊ မိန်းမ ယောက်ျား ထိမ်းမြှားရန် အတွက် စကားကြောင်းလမ်း အဆက်အသွယ် လုပ်သည်။ ၃၊ သဘော တူညီချက် ရရန် တိုင်ပင် ဆွေးနွေး ဆက်သွယ်သည်။ ၄၊ သေသေ ချာချာ ထိမိသည်
    engage-discuss
    ကြိယာ

    စိစိ

    [sìsì]
    စီစပ်ရေ။ အကြား အလပ်မဟိ ထိစပ်ရေ။ စိရေ။ မကျဲသည်
    စေ့စပ်သည်။ အကြား အလပ်မရှိ ထိစပ်သည်။ စေ့သည်။ မကျဲသည်
    engage
    ကြိယာ

    စိစိကပ်ကပ်

    [sìsìkaʔkaʔ]
    နံဖီးအပါး၌ ရပ်ဗျာယ်။ နံဖီးသို့ ချိုင်းကပ်၍
    အနီးအပါး၌ ရပ်လျက်။ အနီးသို့ ချဉ်းကပ်၍
    stood near-approach
    ကြိယာဝိသေသန

    စိစိကိုက်

    [sìsìkaɪʔ]
    ကိုယ်ခန္ဓာမာ မခံချိ မခံသာ ပျောက်လိုက် ပြန်ပေါ်လိုက်ကိုက်ခဲ နာကြင်သောအနိန်နန့်
    ကိုယ်ခန္ဓာတွင် မခံချိ မခံသာ ပျောက်တစ်ခါ ပေါ်တစ်လှည့် ကိုက်ခဲ နာကျင်သော အားဖြင့်
    pain
    ကြိယာဝိသေသန

    စိစိကုပ်ကုပ်

    [sìsìkoʊʔkoʊʔ]
    ငွီကြီး ဝန်အစဟိစွာ အားလုံးအကျ နည်းပါးအောင် အသုံးအစွဲကို စောင့်ယှောက်ရေ။ ချွေစွာရေ
    ငွေကြေး ပစ္စည်းစသည် အကုန်အကျ နည်းပါးအောင် အသုံးအစွဲကို စောင့်ရှောက်သည်။ ချွေတာသည်
    save
    ကြိယာ

    စိစိကေသျှေ

    [sìsìkèʃè]
    စိကေချေ မျှဖြစ်ရေ ( အရာဝတ္တု)။ ၂၊ အလွန် ငယ်ရေ
    အနည်းငယ် မျှဖြစ်သော ( အရာဝတ္တု)။ ၂၊ အလွန် သေးငယ်သော
    tiny
    နာမဝိသေသန

    စိစိကြည့်

    [sìsìt͡ɕɛ̰]
    သီသီ ချာချာ ကြည့်ရေ။ ဂရုတစိုက် ကြည့်ရေ
    သေသေ ချာချာ ကြည့်သည်။ ဂရုတစိုက် ကြည့်သည်
    watch carefully
    ကြိယာ

    စိစိကြပ်ကြပ်

    [sìsìt͡ɕaʔt͡ɕaʔ]
    စည်းကမ်းတကျ လုပ်ဆောင်ရေ
    စည်းကမ်းတကျ လုပ်ဆောင်သည်
    the disciplinary action
    ကြိယာ

    စိစိကြပ်ကြပ်၂

    [sìsìt͡ɕaʔt͡ɕaʔ၂]
    လိုက်နာ ဆောင်ရွက်ရဖို့ ကျင့်ဝတ်
    လိုက်နာ ဆောင်ရွက်ရမည့် ကျင့်ဝတ်
    to carry out ethical
    နာမ်

    စိစိစပ်စပ်

    [sìsìsaʔsaʔ]
    သိပ်သည်းရေ။ သေချာ ထိမိရေ။ ၂၊ အမှုကိစ္စကို အချင်းချင်း သဖောကိုက်ညီယောင် လုပ်ရေ။ ၃၊ တစုံ တခု ကိစ္စ အတွက် သဖောတူညီချက် ရဟိရန် ဆွေးနွေး လက်သပ်သည်
    သိပ်သည်းသည်။ သေချာ ထိမိသည်။ ၂၊ အမှုကိစ္စကို အချင်းချင်း သဘော ကိုက်ညီအောင် လုပ်သည်။ ၃၊ တစ်စုံ တစ်ခု ကိစ္စ အတွက် သဘော တူညီချက် ရရှိရန် ဆွေးနွေး တိုင်ပင်သည်
    consultation
    ကြိယာ

    စိစိစုံစုံ

    [sìsìsòʊɴsòʊɴ]
    အကြွင်း အကျန်မဟိ စီပဲ။ အပြည့်အစုံ။ သီသီ ချာချာ
    အကြွင်း အကျန်မရှိ စေပဲ။ အပြည့်အစုံ။ သေသေ ချာချာ
    without residues
    ကြိယာဝိသေသန

    စိစိတွက်

    [sìsìtwɛʔ]
    လီးနက်စွာ စိုင်းစားရေ။ လီးနက်စွာ စိတ်ကူးရေ။ လီးနက်စွာ တွေးခေါ်သည်
    လေးနက်စွာ စဉ်းစားသည်။ လေးနက်စွာ စိတ်ကူးသည်။ လေးနက်စွာ တွေးတောသည်
    serious consideration-serious-serious thought
    ကြိယာ