Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 861–880 of 1,587 words

    စ

    စိတ်ကြီးပေါက်

    [seɪʔt͡ɕïpaʊʔ]
    (ငါတကောဟု) ကိုယ့်ကိုယ်ကို အထင်ကြီးရေ။ သွီးကြီးရေ။ မာနကြီးရေ။ စိတ်နီ မြင့်သည်
    (ငါတကောဟု) မိမိကိုယ်ကို အထင်ကြီးသည်။ သွေးကြီးသည်။ မာနကြီးသည်။ စိတ်နေ မြင့်သည်
    vain
    ကြိယာ

    စိတ်ကြီးရောက်

    [seɪʔt͡ɕïɹɔ́ɛʔ]
    (ငါတကောဟု) ကိုယ့်ကိုယ်ကို အထင်ကြီးရေ။ သွီးကြီးရေ။ မာနကြီးရေ။ စိတ်နီ မြင့်သည်
    (ငါတကောဟု) မိမိကိုယ်ကို အထင်ကြီးသည်။ သွေးကြီးသည်။ မာနကြီးသည်။ စိတ်နေ မြင့်သည်
    vain
    ကြိယာ

    စိတ်ကြီးဝင်

    [seɪʔt͡ɕïwɪ̀ɴ]
    (ငါတကောဟု) ကိုယ့်ကိုယ်ကို အထင်ကြီးရေ။ သွီးကြီးရေ။ မာနကြီးရေ။ စိတ်နီ မြင့်သည်
    (ငါတကောဟု) မိမိကိုယ်ကို အထင်ကြီးသည်။ သွေးကြီးသည်။ မာနကြီးသည်။ စိတ်နေ မြင့်သည်
    vain
    ကြိယာ

    စိတ်ကြေလက်ကြေ

    [seɪʔt͡ɕèlɛʔt͡ɕè]
    စိတ်နှလုံး ကျီအီးရေ။ ပြေပျောက် ပြီးပြတ်ရေ။ ပြီးပြတ် ငြိမ်းချမ်းသည်
    စိတ်နှလုံး ကျေအေးသည်။ ပြေပျောက် ပြီးပြတ်သည်။ ပြီးပြတ် ငြိမ်းချမ်းသည်
    peace
    ကြိယာ

    စိတ်ကြွပ်

    [seɪʔt͡ɕwaʔ]
    စိတ်တိုရေ။ အမျက် ဒေါသ ဖြစ်လွယ်ရေ
    စိတ်တိုသည်။ အမျက် ဒေါသ ဖြစ်လွယ်သည်
    resent-harbor resentment
    ကြိယာ

    စိတ်ကွက်

    [seɪʔkwɛʔ]
    တွန်တိုမှု သဖောဖြစ်တေ။ ၂၊ စိကေချေ မာန်ပါ မာန်ပါ ဖြစ်တေ
    တွန်တိုမှု သဘော ဖြစ်သည်။ ၂၊ အနည်းငယ် စိတ်ဆိုး မာန်ပါ ဖြစ်သည်
    offend
    ကြိယာ

    စိတ်ခိုင်

    [seɪʔkʰàɪɴ]
    ငြိမ်သက် တည်ကြည်သော စိတ်ဟိရေ
    ငြိမ်သက် တည်ကြည်သော စိတ်ရှိသည်
    be stoical-have self control
    ကြိယာ

    စိတ်ခု

    [seɪʔkʰoʊ]
    တစုံ တယောက် ကို အထဲကြိတ် ရန်ငြိုး ထားရေ
    တစ်စုံ တစ်ယောက် အပေါ်တွင် အတွင်းကြိတ် ရန်ငြိုး ထားသည်
    resent-harbor resentment
    ကြိယာ

    စိတ်ခုဆတ်

    [seɪʔkʰoʊsʰaʔ]
    မာန်ပါ လွယ်ရေ။ အလွယ် တကူ ဒေါသ ထွက်သည်
    စိတ်ဆိုး လွယ်သည်။ အလွယ် တကူ ဒေါသ ထွက်သည်
    resent-harbor resentment
    ကြိယာ

    စိတ်ချ

    [seɪʔɕ]
    ယုံကြည် အားကိုးသည်
    ယုံကြည် အားကိုးသည်
    rest assured
    ကြိယာ

    စိတ်ချလက်ချ

    [seɪʔɕlɛʔɕ]
    စိုးရိမ် ကြောင့်ကြမှု မဟိဘဲ။ပူပင် ကြောင့်ကြမှု မဟိဘဲ
    စိုးရိမ် ကြောင့်ကြမှု မရှိပဲ။ ပူပန် ကြောင့်ကြမှု ကင်းမဲ့စွာ
    without worry or care
    ကြိယာဝိသေသန

    စိတ်ခွပ်

    [seɪʔkʰwaʔ]
    စောင်းရေ။ တိမ်းရေ။ ယွဲ့ရေ။ ကောက်။ လွဲသည်
    စောင်းသည်။ တိမ်းသည်။ ယွဲ့သည်။ မဖြောင့်မတန်း။ လွဲသည်
    depress-dispirite-downcast-deject
    ကြိယာ

    စိတ်ငယ်

    [seɪʔŋɛ̀]
    တစုံ တခု စိုးရိမ် ကြောင့်ကြမှု။ ထိတ်လန့်မှု အတွက် အားလျော့သည်
    တစ်စုံ တစ်ခု စိုးရိမ် ကြောင့်ကြမှု။ ထိတ်လန့်မှု အတွက် အားလျော့သည်
    Down-hearted-deject
    ကြိယာ

    စိတ်ငယ်စိုးငယ်

    [seɪʔŋɛ̀sóŋɛ̀]
    အားကိုး အားထားရာမဲ့ ဖြစ်တေ
    အားကိုး အားထားရာမဲ့ ဖြစ်သည်
    helpless
    ကြိယာ

    စိတ်စက်

    [seɪʔsɛʔ]
    အာရုံကို သိတတ်ရေ သဖောတရား။ ၂၊ စိတ်ကို ပြောဆိုရေ စကားလုံး
    အာရုံကို သိတတ်သော သဘော တရား။ ၂၊ စိတ်ကို ပြောဆိုသော စကားလုံး
    Mind-power
    နာမ်

    စိတ်စိတ်ကိုက်

    [seɪʔseɪʔkaɪʔ]
    ကိုယ်ခန္ဓာမာ မခံချိ မခံသာ ပျောက်လိုက် ပြန်ပေါ်လိုက်ကိုက်ခဲ နာကြင်သောအနိန်နန့်
    ကိုယ်ခန္ဓာတွင် မခံချိ မခံသာ ပျောက်တစ်ခါ ပေါ်တစ်လှည့် ကိုက်ခဲ နာကျင်သော အားဖြင့်
    pain
    ကြိယာဝိသေသန

    စိတ်စော

    [seɪʔsɔ́]
    (တခုတရီသို့) လားလိုစိတ် ပြင်းပြ နိန်ရေ။ အထူး အာရုံ စူးစိုက်ရေ။ စိတ်ဝင်စားသည်
    (တစ်စုံတစ်ခုသို့) သွားလိုစိတ် ပြင်းပြ နေသည်။ အထူး အာရုံ စူးစိုက်သည်။ စိတ်ပါသည်
    concentrate
    ကြိယာ

    စိတ်စွဲ

    [seɪʔswɛ]
    စိတ်မာ အမြဲ အောက်မိ နိန်ရေ။ စိတ်မာ အမြဲ ထင်နိန်ရေ
    စိတ်တွင် အမြဲ သတိရ နေသည်။ စိတ်တွင် အမြဲ ထင်နေသည်
    be obsessed with-be preoccupied with
    ကြိယာ

    စိတ်ဆတ်

    [seɪʔsʰaʔ]
    ဒေါသ အမျက် မထွက်စီရန် စိတ်ကို ထိန်းချုပ် နိုင်ခရေ။ သည်းခံ နိုင်ခရေ။ မာန်ပါ လွယ်ရေ
    ဒေါသ အမျက် မထွက်စေရန် စိတ်ကို ထိန်းချုပ် နိုင်ခဲ့သည်။ သည်းခံ နိုင်ခဲ့သည်။ ဒေါသထွက် လွယ်သည်
    irritatble
    ကြိယာ

    စိတ်ဆာဝီ

    [seɪʔsʰàwí]
    ပူပင် သောက ဖြစ်တေ။ စိုးရိမ် ကြောင့်ကြမှု ဖြစ်တေ။ စိတ်နှလုံး ပင်ပန်း နွမ်းရိသည်
    ပူပင် သောက ဖြစ်သည်။ စိုးရိမ် ကြောင့်ကြမှု ဖြစ်သည်။ စိတ်နှလုံး ပင်ပန်း နွမ်းရိသည်
    worry-tired
    ကြိယာ