Dictionary Entries
Showing 921–940 of 1,587 words
စ
စိတ်ထွက်
[seɪʔtʰwɛʔ]
Arakanese:
အမျက်ထွက် လွယ်ရေ။ မာန်ပါ လွယ်ရေ။ သည်းခံ နိုင်စွမ်းမဟိ ဖြစ်တေ
Burmese:
အမျက်ထွက် လွယ်သည်။ စိတ်ဆိုး လွယ်သည်။ သည်းခံ နိုင်စွမ်းမရှိ ဖြစ်သည်
English:
unpatient
Grammar Note:
ကြိယာ
စိတ်ဒွိဟ
[seɪʔdwìh]
Arakanese:
စိတ်ယုံမား သံသယ ဖြစ်ခြင်း။ သင်္ကာ မကင်း ဟိခြင်း။ စိတ်ကို မဆုံးဖြတ် နိုင်ခြင်း
Burmese:
စိတ်ယုံမှား သံသယ ဖြစ်ခြင်း။ သင်္ကာ မကင်း ရှိခြင်း။ စိတ်ကို မဆုံးဖြတ် နိုင်ခြင်း
English:
ambiguous
Grammar Note:
နာမ်
စိတ်ဓါတ်
[seɪʔdʱàaʔ]
Arakanese:
(စိတ်) သဖောထား။ စိတ်၏ အမူအကျင့်။ နှလုံးသွင်းပုံ
Burmese:
(စိတ်) သဘောထား။ စိတ်၏ အမူအကျင့်။ နှလုံးသွင်းပုံ
English:
heart-mind-manner
Grammar Note:
နာမ်
စိတ်ဓါတ်ကျ
[seɪʔdʱàaʔt͡ɕ]
Arakanese:
စိတ်အား လျော့ပါး လားရေ။ စိတ်အား တက်ကြွမှု နည်းပါး လားရေ။ ထောင်လွှား မောက်မားမှု၊ ခက်ထန်မှု နည်းပါး လားရေ
Burmese:
စိတ်အား လျော့ပါး သွားသည်။ စိတ်အား တက်ကြွမှု နည်းပါး သွားသည်။ ထောင်လွှား မောက်မားမှု၊ ခက်ထန်မှု နည်းပါး သွားသည်
English:
depress-dispirite-downcast-deject
Grammar Note:
ကြိယာ
စိတ်နာ
[seɪʔnà]
Arakanese:
ပြင်းစွာ ရွံမုန်းခြင်း ဖြစ်တေ။ အခဲမကျီ မလိုလားမှု ဖြစ်တေ
Burmese:
ပြင်းစွာ ရွံမုန်းခြင်း ဖြစ်သည်။ မကျေမနပ် မလိုလားမှု ဖြစ်သည်
English:
envy
Grammar Note:
ကြိယာ
စိတ်နီစိတ်ထား
[seɪʔníseɪʔtʰá]
Arakanese:
စိတ်၏ အလိအကျင့်။ အခဲမကျီ မလိုလားမှု ဖြစ်တေ
Burmese:
စိတ်၏ အလေ့အကျင့်။ မကျေမနပ် မလိုလားမှု ဖြစ်သည်
English:
envy
Grammar Note:
နာမ်
စိတ်နီစိတ်ဟန်
[seɪʔníseɪʔhàɴ]
Arakanese:
စိတ်၏ အမူအရာ။ စိတ်၏ အလိအကျင့်
Burmese:
စိတ်၏ အမူအရာ။ စိတ်၏ အလေ့အကျင့်
English:
manner
Grammar Note:
နာမ်
စိတ်နီမြင့်
[seɪʔnímɹɪ̰ɴ]
Arakanese:
ကိုယ့်ကိုယ်ကို အထင် ကြီးရေ။ မာန တက်ရေ။ စိတ်ကြီး ဝင်ရေ။ ဘဝင် မြင့်ရေ။သွီး နကျီရောက်ရေ။ စိတ်နီ သဖောထား မြင့်စွာ ထားပနာ ပြုမူ ကျင့်သုံးလီ့ ဟိရေ
Burmese:
မိမိကိုယ်ကို အထင် ကြီးသည်။ မာန တက်သည်။ စိတ်ကြီး ဝင်သည်။ ဘဝင် မြင့်သည်။ သွေး နားထင်ရောက်သည်။ စိတ်နေ သဘောထား မြင့်စွာ ထား၍ ပြုမူ ကျင့်သုံးလေ့ ရှိသည်
English:
conceited
Grammar Note:
ကြိယာ
စိတ်နု
[seɪʔnoʊ]
Arakanese:
သဖောထား မရင့်ကျက် သိခြင်းဖြစ်တေ။ သဖောထား နုသည်
Burmese:
သဘောထား မရင့်ကျက် သေးခြင်း ဖြစ်သည်။ သဘောထား နုသည်
English:
childish
Grammar Note:
ကြိယာ
စိတ်နောက်
[seɪʔnɔ́ɛʔ]
Arakanese:
စိတ်ထား ကြည်လင်မှု မဟိ ဖြစ်တေ။ စိတ် သဖောထား မခိုင်မြဲ ဖြစ်တေ။ ၂၊ ရူးရေ။ စိတ် ဖေါက်ပြားသည်
Burmese:
စိတ်ထား ကြည်လင်မှု မရှိ ဖြစ်သည်။ စိတ် သဘောထား မခိုင်မြဲ ဖြစ်သည်။ ၂၊ ရူးသည်။ စိတ် ဖေါက်ပြားသည်
English:
lose one’s mind
Grammar Note:
ကြိယာ
စိတ်နောက်ကိုယ်ပါ
[seɪʔnɔ́ɛʔkÒɛ̀pà]
Arakanese:
စိတ်ဖြင့် ချင့်ချိန်မှု၊ သုံးသပ်မှု၊ တွေးခေါ်မှု၊ ဝေဖန်မှု နည်းပါးသော အနိန်နန့်
Burmese:
စိတ်ဖြင့် ချင့်ချိန်မှု၊ သုံးသပ်မှု၊ တွေးတောမှု၊ ဝေဖန်မှု နည်းပါးသော အားဖြင့်
English:
none
Grammar Note:
ကြိယာဝိသေသန
စိတ်နှလုံး
[seɪʔn̥lóʊɴ]
Arakanese:
စိတ်ထား။ သဖောထား။ နှလုံးသွင်း။ နှလုံးထား
Burmese:
စိတ်ထား။ သဘောထား။ နှလုံးသွင်း။ နှလုံးထား
English:
heart
Grammar Note:
နာမ်
စိတ်နှလုံးနှခွ
[seɪʔn̥lóʊɴn̥kʰw]
Arakanese:
စိတ် ယုံမား သံသယ ဖြစ်ခြင်း။ သင်္ကာ မကင်း ဟိခြင်း။ စိတ်ကို မဆုံးဖြတ် နိုင်ခြင်း
Burmese:
စိတ် ယုံမှား သံသယ ဖြစ်ခြင်း။ သင်္ကာ မကင်း ရှိခြင်း။ စိတ်ကို မဆုံးဖြတ် နိုင်ခြင်း
English:
suspect
Grammar Note:
နာမ်
စိတ်ပညာ
[seɪʔpɲà]
Arakanese:
လူ၏ စိတ်ကို သိဟိ နားလည်ယောင် ရှာဖွီ စူးစမ်း ဆင်ခြင်သော အတတ်
Burmese:
လူ၏ စိတ်ကို သိရှိ နားလည်အောင် ရှာဖွေ စူးစမ်း ဆင်ခြင်သော အတတ်
English:
psychology
Grammar Note:
နာမ်
စိတ်ပန်း
[seɪʔpáɴ]
Arakanese:
ကိုယ်စိတ် နွမ်းရိရေ။ စိတ် ပင်ပန်းသည်
Burmese:
ကိုယ်စိတ် နွမ်းနယ်သည်။ စိတ် ပင်ပန်းသည်
English:
tired
Grammar Note:
ကြိယာ
စိတ်ပန်းကိုယ်ပန်း
[seɪʔpáɴkÒɛ̀páɴ]
Arakanese:
စိတ်ဝင်စား ကိုယ်ပါ ပင်ပန်း နွမ်းရိခြင်း
Burmese:
စိတ်ရော ကိုယ်ပါ ပင်ပန်း နွမ်းနယ်ခြင်း
English:
tired
Grammar Note:
နာမ်
စိတ်ပို
[seɪʔpÒ]
Arakanese:
ရူးသွပ်ရေ။ ပကတိ စိတ် ပျက်ယွင်း ဖေါက်ပြန်ရေ
Burmese:
ရူးသွပ်သည်။ ပကတိ စိတ် ယွင်းပျက် ဖေါက်ပြန်သည်
English:
mad
Grammar Note:
ကြိယာ
စိတ်ပိုင်း
[seɪʔpáɪɴ]
Arakanese:
သင်္ဂဟကျမ်း၌ စိတ်နန့် ဆိုင်ရာ အခန်း
Burmese:
သင်္ဂဟကျမ်း၌ စိတ်နှင့် ဆိုင်ရာ အခန်း
English:
none
Grammar Note:
နာမ်
စိတ်ပိုင်းဖြတ်
[seɪʔpáɪɴpʰɹaʔ]
Arakanese:
တခုခုကို ပြီးပြတ် စီရေ။ တခုခုကို အပြီးအပိုင် ပိုင်းခြား သတ်မှတ်ချက် ပြုသည်
Burmese:
တစ်စုံ တစ်ရာကို ပြီးပြတ် စေသည်။ တစ်စုံ တစ်ရာကို အပြီးအပိုင် ပိုင်းခြား သတ်မှတ်ချက် ပြုသည်
English:
decide
Grammar Note:
ကြိယာ
စိတ်ပုပ်
[seɪʔpoʊʔ]
Arakanese:
လူတိအား ပီးကမ်းရန် နှမြိုး တွန်တိုရေ။ ဝန်တိုရေ
Burmese:
သူတစ်ပါးအား ပေးကမ်းရန် နှမြော တွန်တိုသည်။ ဝန်တိုသည်
English:
grudge
Grammar Note:
ကြိယာ