Dictionary Entries
Showing 941–960 of 1,587 words
စ
စိတ်ပူစိတ်ဆာ
[seɪʔpùseɪʔsʰà]
Arakanese:
ပူပင် သောက ရောက်ရေ။ ကြောင့်ကတ်တေ။ စိုးရိမ်သည်
Burmese:
ပူပန် သောက ရောက်သည်။ ကြောင့်ကြသည်။ စိုးရိမ်သည်
English:
worry
Grammar Note:
ကြိယာ
စိတ်ပေါ့
[seɪʔpɔ̰]
Arakanese:
ရူးသွပ်ရေ။ စိတ်မနှံ ဖြစ်တေ။ စိတ် ဖေါက်ပြန်ရေ
Burmese:
ရူးသွပ်သည်။ စိတ်မနှံ ဖြစ်သည်။ စိတ် ဖေါက်ပြန်သည်
English:
mad
Grammar Note:
ကြိယာ
စိတ်ပေါက်
[seɪʔpaʊʔ]
Arakanese:
ဒေါသ ဖြစ်တေ။ မာန်ပါရေ။ အမျက် ထွက်သည်
Burmese:
ဒေါသ ဖြစ်သည်။ စိတ်ဆိုးသည်။ အမျက် ထွက်သည်
English:
angry
Grammar Note:
ကြိယာ
စိတ်ပေါင်းကိုယ်ခွာ
[seɪʔpèàɪ́ɴkÒɛ̀kʰwà]
Arakanese:
‘ယုံပင် ယုံကေလေ့ မပုံနန့်’ ဆိုရေပိုင် စိတ်နန့်ရာ ပေါင်းပနာ ကြီးရီး ငွီရီးနန့် ပတ်သက်လျှင် အာ့လုံး မလွှဲအပ်သင့် (စိတ်မချရာ)ဟု သတိပီး စကားလုံး
Burmese:
‘ယုံပင် ယုံသော်လည်း မပုံနှင့်’ ဆိုသကဲ့သို့ စိတ်ဖြင့်သာ ပေါင်း၍ ကြေးရေး ငွေရေးနှင့် ပတ်သက်လျှင် အကုန် မလွှဲအပ်ရာ (စိတ်မချရာ)ဟု သတိပေး စကားလုံး
English:
awareness
Grammar Note:
နာမ်
စိတ်ပါ
[seɪʔpà]
Arakanese:
စိတ် အာရုံ စူးစိုက်ရေ။ ၂၊ သဖောချင်း တိုက်ဆိုင် ညီညွတ်သည်
Burmese:
စိတ် အာရုံ စူးစိုက်သည်။ ၂၊ သဘောချင်း တိုက်ဆိုင် ညီညွတ်သည်
English:
conform
Grammar Note:
ကြိယာ
စိတ်ပါကိုယ်ပါ
[seɪʔpàkÒɛ̀pà]
Arakanese:
သာမန်ထက် ပိုလွန်ပနာ။ ထူးထူး ခြားခြား အာရုံ စူးစိုက်ဗျာယ်
Burmese:
သာမန်ထက် ပိုလွန်စွာ။ ထူးထူး ခြားခြား အာရုံ စူးစိုက်လျက်
English:
concentrate
Grammar Note:
ကြိယာဝိသေသန
စိတ်ပါလက်ပါ
[seɪʔpàlɛʔpà]
Arakanese:
သာမန်ထက် ပိုလွန်ပနာ။ ထူးထူး ခြားခြား အာရုံ စူးစိုက်ဗျာယ်
Burmese:
သာမန်ထက် ပိုလွန်စွာ။ ထူးထူး ခြားခြား အာရုံ စူးစိုက်လျက်
English:
concentrate
Grammar Note:
ကြိယာဝိသေသန
စိတ်ပါဝင်စား
[seɪʔpàwɪ̀ɴsá]
Arakanese:
အာရုံ၌ သက်ဝင်ရေ
Burmese:
အာရုံ၌ သက်ဝင်သည်
English:
interest
Grammar Note:
ကြိယာ
စိတ်ပျက်
[seɪʔprɛʔ]
Arakanese:
စိတ်အား ထက်သန်မှု လျော့ရေ။ အားထုတ်မှု၊ လုံ့လပြုမှု စိတ်လျော့ရေ။ မျှော်လင့် တောင့်တချက် ပျောက်ပျက်ရေ။ လုပ်ကိုင် ဆောင်ရွက် လိုရေ စိတ်မဟိ ဖြစ်တေ
Burmese:
စိတ်အား ထက်သန်မှု လျော့သည်။ အားထုတ်မှု၊ လုံ့လပြုမှု စိတ်လျော့သည်။ မျှော်လင့် တောင့်တချက် ပျောက်ပျက်သည်။ လုပ်ကိုင် ဆောင်ရွက် လိုသော စိတ်မရှိ ဖြစ်သည်
English:
hopeless
Grammar Note:
ကြိယာ
စိတ်ပျက်ကိုယ်ပျက်
[seɪʔprɛʔkÒɛ̀prɛʔ]
Arakanese:
သာမန်ထက် ပိုလွန်၍ စိတ်အား ထက်သန်မှု လျော့ကျခြင်း။ စိတ်ဓါတ် တက်ကြွမှု နည်းပါး လားခြင်း
Burmese:
သာမန်ထက် ပိုလွန်၍ စိတ်အား ထက်သန်မှု လျော့ကျခြင်း။ စိတ်ဓါတ် တက်ကြွမှု နည်းပါး သွားခြင်း
English:
depression
Grammar Note:
နာမ်
စိတ်ပျက်လက်ပျက်
[seɪʔprɛʔlɛʔprɛʔ]
Arakanese:
သာမန်ထက် ပိုလွန်၍ စိတ်အား ထက်သန်မှု လျော့ကျခြင်း။ စိတ်ဓါတ် တက်ကြွမှု နည်းပါး လားခြင်း
Burmese:
သာမန်ထက် ပိုလွန်၍ စိတ်အား ထက်သန်မှု လျော့ကျခြင်း။ စိတ်ဓါတ် တက်ကြွမှု နည်းပါး သွားခြင်း
English:
depression
Grammar Note:
နာမ်
စိတ်ပျော်-ကိုယ်နု
[seɪʔprɔ̀-kÒɛ̀noʊ]
Arakanese:
အသက်အရွယ် ကြီးရင်ပြီး ဖြစ်ကေလေ့ လူငယ် လူရွယ်ပိုင် စိတ်ကို ပျော်ရွှင်စွာ ထားခြင်း။ ယင်းပိုင် ထားခြင်း ကြောင့်လေ့ ကိုယ်ခန္ဓာ နုပျိုနီခြင်း
Burmese:
အသက်အရွယ် ကြီးရင်ပြီး ဖြစ်သော်လည်း လူငယ် လူရွယ်ကဲ့သို့ စိတ်ကို ပျော်ရွှင်စွာ ထားခြင်း။ ယင်းသို့ ထားခြင်း ဖြင့်လည်း ကိုယ်ခန္ဓာ နုနယ်နေခြင်း
English:
young
Grammar Note:
နာမ်
စိတ်ပြန့်လက်ပြန့်
[seɪʔpɹa̰ɴlɛʔpɹàɴ့]
Arakanese:
ငြိမ်သက် တည်ကြည်သော စိတ်မဟိ။ စိတ် ထိုရောက် ဒေရောက်ဖြစ်တေ
Burmese:
ငြိမ်သက် တည်ကြည်သော စိတ်မရှိ။ စိတ် ဟိုရောက် သည်ရောက် ဖြစ်သည်
English:
lose mind
Grammar Note:
ကြိယာ
စိတ်ပြေနပြေ
[seɪʔpɹènpɹè]
Arakanese:
မကြည်မလင် မအီးချမ်းသော စိတ်ရို့ကို ကြည်လင် အီးမြချမ်းသာ စီရန် (အတွက်ရာ)။ အအီးသက်သာ
Burmese:
မကြည်မလင် မအေးချမ်းသော စိတ်တို့ကို ကြည်လင် အေးမြချမ်းသာ စေရန် (အလို့ငှာ)။ အေးအေး ဆေးဆေး
English:
relax
Grammar Note:
ကြိယာဝိသေသန
စိတ်ပြေလက်ပြေ
[seɪʔpɹèlɛʔpɹè]
Arakanese:
အအီးသက်သာ။ပူပင် ကြောင့်ကြမှု မဟိဘဲ ငြိမ်းချမ်းစွာ
Burmese:
အေးအေး ဆေးဆေး။ ပူပန် ကြောင့်ကြမှု မရှိပဲ ငြိမ်းချမ်းစွာ
English:
leisure
Grammar Note:
ကြိယာဝိသေသန
စိတ်ဖေါက်စိတ်ပြန်
[seɪʔpʰaʊʔseɪʔpɹàɴ]
Arakanese:
စိတ်နီ သဖောထား ရွိ ပြောင်းလဲရေ။ ရူးရေ။ ပကတိ ဟိရင်းစွဲ အခြီ အနေ၌ မတည်တံ့ပဲ ရွိသည်
Burmese:
စိတ်နေ သဘောထား ရွေ့လျား ပြောင်းလဲသည်။ ရူးသည်။ ပကတိ ရှိရင်းစွဲ အခြေ အနေ၌ မတည်တံ့ပဲ ရွေ့လျားသည်
English:
mad-insane
Grammar Note:
ကြိယာ
စိတ်ဖြေ
[seɪʔpʰɹè]
Arakanese:
စိတ်ကို ကျီနပ် အားရ ပြယ်ရွင့် စီရေ။ နှစ်သိမ့် အားရ စီရေ
Burmese:
စိတ်ကို ကျေနပ် အားရ ပြယ်လွင့် စေသည်။ နှစ်သိမ့် အားရ စေသည်
English:
calm down
Grammar Note:
ကြိယာ
စိတ်မကောင်း
[seɪʔmkáʊɴ]
Arakanese:
စိတ် မအီး မချမ်း ဖြစ်တေ။ စိတ်ထဲမာ ထိခိုက် ခံစားရရေ။ ၂၊ စိတ် ပျက်ယွင်း ဖေါက်ပြန်ရေ
Burmese:
စိတ် မအေး မချမ်း ဖြစ်သည်။ စိတ်ထဲတွင် ထိခိုက် ခံစားရသည်။ ၂၊ စိတ် ယွင်းပျက် ဖေါက်ပြန်သည်
English:
confuse
Grammar Note:
ကြိယာ
စိတ်မကောင်း၂
[seɪʔmkáʊɴ၂]
Arakanese:
လူတိကို မလိုလား၊ မရှုဆိတ်ပဲ ဟိရေ
Burmese:
သူတစ်ပါး အပေါ် မလိုလား၊ မရှုဆိတ်ပဲ ရှိသည်
English:
envied
Grammar Note:
ကြိယာ
စိတ်မကြေနက်
[seɪʔmt͡ɕènɛʔ]
Arakanese:
ကိုယ့် စိတ်တိုင်းကျ မဖြစ်ပနာ နှစ်သက် အားရမှု မဟိ ဖြစ်တေ
Burmese:
မိမိ စိတ်တိုင်းကျ မဖြစ်၍ နှစ်သက် အားရမှု မရှိ ဖြစ်သည်
English:
unsatisfied
Grammar Note:
ကြိယာ