Dictionary Entries
Showing 81–100 of 1,587 words
စ
စကားထိုး၂
[skátʰó၂]
Arakanese:
တယောက်နန့် တယောက် မသင့် မတင့် ဖြစ်ယောင် ကုန်းချောသည်
Burmese:
တစ်ယောက်နှင့် တစ်ယောက် မသင့် မတင့် ဖြစ်အောင် ကုန်းချောသည်
English:
whisper
Grammar Note:
ကြိယာ
စကားထွက်
[skátʰwɛʔ]
Arakanese:
နှုတ်မြွက် ပြောဆိုရေ။၂၊ ဖြစ်ပျက်မှု တခုခုကို ဖေါ်ထုတ် ပြောဆို သည်
Burmese:
နှုတ်မြွက် ပြောဆိုသည်။၂၊ ဖြစ်ပျက်မှု တစ်စုံ တစ်ရာကို ဖေါ်ထုတ် ပြောဆို သည်
English:
speak
Grammar Note:
ကြိယာ
စကားထွင်
[skátʰwɪ̀ɴ]
Arakanese:
အသစ် အဆန်း ဖန်တီး ထားရေ စကား
Burmese:
အသစ် အဆန်း ဖန်တီး ထားသော စကား
English:
creative speech
Grammar Note:
နာမ်
စကားထွတ်
[skátʰwaʔ]
Arakanese:
အရာ တံပက်လူ ပါးက ကိုယ့် လိုရေ စကားကို ရယောင် ပြောဆိုရေ
Burmese:
အခြား တစ်ဘက်သား ထံမှ မိမိ လိုသော စကားကို ရအောင် ပြောဆိုသည်
English:
speak
Grammar Note:
ကြိယာ
စကားထွန့်ရည်
[skátʰʊ̰ɴɹɛ̀]
Arakanese:
စကားကို လက်စ မသတ်နိုင်ပဲ ပတ်ချာ လည်ယောင် ပြောရေ။ လိုရင်းသို့ မရောက်ပဲ ရှည်လျား လားရေ
Burmese:
စကားကို လက်စ မသတ်နိုင်ပဲ ပတ်ချာ လည်အောင် ပြောသည်။ လိုရင်းသို့ မရောက်ပဲ ရှည်လျား သွားသည်
English:
Long-winded
Grammar Note:
ကြိယာ
စကားနာထိုး
[skánàtʰó]
Arakanese:
ကျီနပ်မှု မဟိ၍ လီသံ ပြင်းပြင်းဖြင့် တဖက် သားအား မခံချိ မခံသာ ဖြစ်ယောင် ပြစ်တင် ကဲ့၏ ပြောဆိုရေ။ ၂၊ မထောက်မထား ရိုင်းပျစွာ ပြောဆိုရေ
Burmese:
ကျေနပ်မှု မရှိ၍ လေသံ ပြင်းပြင်းဖြင့် တစ်ဘက် သားအား မခံချိ မခံသာ ဖြစ်အောင် ပြစ်တင် ကဲ့ရဲ့ ပြောဆိုသည်။ ၂၊ မထောက်မထား ရိုင်းပျစွာ ပြောဆိုသည်
English:
debate
Grammar Note:
ကြိယာ
စကားနိုင်ယူ
[skánàɪɴjù]
Arakanese:
စကားဖြင့် တံပက်လူကို အနိုင်ရယောင် အချေ အတင် ပြောဆိုရေ
Burmese:
စကားဖြင့် တစ်ဘက်သားကို အနိုင်ရအောင် အချေ အတင် ပြောဆိုသည်
English:
speak overbearingly
Grammar Note:
ကြိယာ
စကားနီစကားရ
[skánískáɹ]
Arakanese:
စကား အရာမာ လိမ္မာ တတ်ကျွမ်းသူ။ စကား ပြောရာမာ အဆို့ အပိတ် လုံခြုံအောင် ပြောတတ်သူ
Burmese:
စကား အရာ၌ လိမ္မာ တတ်ကျွမ်းသူ။ စကား ပြောရာ၌ အဆို့ အပိတ် လုံခြုံအောင် ပြောတတ်သူ
English:
be skillful or clever in conversation
Grammar Note:
နာမ်
စကားနီစမ္ပါယ်နီ
[skánísm̪a̰àɛ̀ní]
Arakanese:
စကား အရာမာ လိမ္မာ တတ်ကျွမ်းသူ။ စကား ပြောရာမာ အဆို အပိတ် လုံခြုံအောင် ပြောတတ်သူ
Burmese:
စကား အရာ၌ လိမ္မာ တတ်ကျွမ်းသူ။ စကား ပြောရာ၌ အဆို အပိတ် လုံခြုံအောင် ပြောတတ်သူ
English:
be skillful or clever in conversation
Grammar Note:
နာမ်
စကားနှိုက်
[skán̥aɪʔ]
Arakanese:
အရာ တံပက်လူ ပါးက ကိုယ့်လိုရေ စကားကို ရယောင် ပြောဆိုရေ
Burmese:
အခြား တစ်ဘက်သား ထံမှ မိမိလိုသော စကားကို ရအောင် ပြောဆိုသည်
English:
speak
Grammar Note:
ကြိယာ
စကားပလ္လင်ခံ
[skápl္lɪ̀ɴkʰံ]
Arakanese:
စကား ပြောရာမာ အခြီခံချက် လိုရင်းကို မပြောဆိုမီ ဖြစ်ပေါ် လာဖို့ အရင်းခံ အကြောင်း စကားအစဟိစွာ တခုခုကို ကြိုတင် ပြောရေ။ စကား ပျိုးသည်
Burmese:
စကား ပြောရာတွင် အခြေခံချက် လိုရင်းကို မပြောဆိုမီ ဖြစ်ပေါ် လာမည့် အရင်းခံ အကြောင်း စကားစသည် တစ်ခုခုကို ကြိုတင် ပြောသည်။ စကား ပျိုးသည်
English:
preface
Grammar Note:
ကြိယာ
စကားပို
[skápÒ]
Arakanese:
မလိုအပ်ရေ စကား
Burmese:
မလိုအပ်သော စကား
English:
inessential
Grammar Note:
နာမ်
စကားပို၂
[skápÒ၂]
Arakanese:
မှန်စွာထက် ပိုပြီးကေ ပြောဆိုရေ
Burmese:
မှန်သည်ထက် ပို၍ ပြောဆိုသည်
English:
exaggerate
Grammar Note:
ကြိယာ
စကားပုံ
[skápòʊɴ]
Arakanese:
တိုတိုနန့် လိုရင်း ပြည့်စုံ၍ လူအများ ပုံခိုင်း၍ ပြောဆိုလေ့ ဟိရေ စကား
Burmese:
တိုတိုနှင့် လိုရင်း ပြည့်စုံ၍ လူအများ ပုံခိုင်း၍ ပြောဆိုလေ့ ရှိသော စကား
English:
proverb
Grammar Note:
နာမ်
စကားပူးချ
[skápùးɕ]
Arakanese:
အငြင်း ဖြစ်ပွား နိန်ရေ ကိစ္စရပ် အတွက် ပြေလည်ယောင် လူကြီး စုံရာ ဟိ့မာ နှစ်ဦး နှစ်ဘက်အား (ဟုတ်မဟုတ် မှန်မမှန်) ကြားနာ စစ်ဆီးသည်
Burmese:
အငြင်း ဖြစ်ပွား နေသော ကိစ္စရပ် အတွက် ပြေလည်အောင် လူကြီး စုံရာ ရှေ့တွင် နှစ်ဦး နှစ်ဘက်အား (ဟုတ်မဟုတ် မှန်မမှန်) ကြားနာ စစ်ဆေးသည်
English:
hear
Grammar Note:
ကြိယာ
စကားပေါ့
[skápɔ̰]
Arakanese:
အနှစ် သာရ မဟိရေ စကား။ အလီး ဂရုမပြု လောက်သော စကား
Burmese:
အနှစ် သာရ မရှိသော စကား။ အလေး ဂရုမပြု လောက်သော စကား
English:
dally speech
Grammar Note:
နာမ်
စကားပေါက်
[skápaʊʔ]
Arakanese:
လျှို့ဝှက်ချက် စကား ထိန်းသိမ်း နိုင်စွမ်းမဟိ ပေါက်ကြား လားရေ။ ပွင့်ပေါ် လားရေ
Burmese:
လျှို့ဝှက်ချက် စကား ထိန်းသိမ်း နိုင်စွမ်းမရှိ ပေါက်ကြား သွားသည်။ ပွင့်ပေါ် သွားသည်
English:
break secret
Grammar Note:
ကြိယာ
စကားပေါက်ရ
[skápaʊʔɹ]
Arakanese:
အမျိုးမျိုး အဖုံဖုံ ပြောဆို နိုင်စွမ်း ဟိရေ။ လူများ စောဒက မတက်နှိုင်ယောင် ပြောဆို နှိုင်ရေ
Burmese:
အမျိုးမျိုး အဖုံဖုံ ပြောဆို နိုင်စွမ်း ရှိသည်။ သူတစ်ပါး စောဒက မတက်နိုင်အောင် ပြောဆို နိုင်သည်
English:
tell tales
Grammar Note:
ကြိယာ
စကားပေါင်းဖွဲ့
[skápèàɪ́ɴpʰwé]
Arakanese:
အလွန် အကျွံ စကား ပြောရေ။ စကား တိစွာ။ ၂၊ စကား အစီ အစိုင် အစု အဝီး ပြုလုပ်ရေ
Burmese:
အလွန် အကျွံ စကား ပြောသည်။ စကား များသည်။ ၂၊ စကား အစီ အစဉ် အစု အဝေး ပြုလုပ်သည်
English:
conversation
Grammar Note:
ကြိယာ
စကားပျက်
[skáprɛʔ]
Arakanese:
အကျိုးမဟိ ညစ်ညမ်းသော စကား။ ဗဟရီ အရာမဝင်သော စကား
Burmese:
အကျိုးမရှိ ညစ်ညမ်းသော စကား။ အသုံးမကျ အရာမဝင်သော စကား
English:
dirty word
Grammar Note:
နာမ်