Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 981–1,000 of 1,587 words

    စ

    စိတ်ရည်

    [seɪʔɹɛ̀]
    စိတ်ဖြင့် တစုံ တရာ တစုံ တဦးကို ဦးတည် အာရုံ ထားရေ။ ၂၊ လွမ်းဆွေး အောင်းမေ့
    စိတ်ဖြင့် တစ်စုံ တစ်ရာ တစ်စုံ တစ်ဦးကို ဦးတည် အာရုံ ထားသည်။ ၂၊ ရော်ရမ်း အောက်မေ့သည်
    remember
    ကြိယာ

    စိတ်ရိ.

    [seɪʔɹì.]
    စိတ် ပင်ပန်းရေ။ နွမ်းရိသည်
    စိတ် ပင်ပန်းသည်။ နွမ်းနယ်သည်
    tired
    ကြိယာ

    စိတ်ရိ.ကိုယ်ရိ.

    [seɪʔɹì.kÒɛ̀ɹì.]
    စိတ်ဝင်စား ကိုယ်ပါ ပင်ပန်း နွမ်းရိခြင်း။ စိုးရိမ် ကြောင့်ကြမှု ဖြစ်ခြင်း။ ပူပင် သောက ဖြစ်ခြင်း
    စိတ်ရော ကိုယ်ပါ ပင်ပန်း နွမ်းနယ်ခြင်း။ စိုးရိမ် ကြောင့်ကြမှု ဖြစ်ခြင်း။ ပူပင် သောက ဖြစ်ခြင်း
    worry
    နာမ်

    စိတ်ရိ.ကိုယ်ရိ.၂

    [seɪʔɹì.kÒɛ̀ɹì.၂]
    စိတ်ဝင်စား ကိုယ်ပါ ပင်ပန်း နွမ်းရိသော။ ပင်ပန်း ညှိုးငယ်သော။ နွမ်းလျသော။ မှေးမှိန် ညှိုးရော်သော။ ပင်ပန်း နွမ်းရိသော
    စိတ်ရော ကိုယ်ပါ ပင်ပန်း နွမ်းနယ်သော။ ပင်ပန်း ညှိုးငယ်သော။ နွမ်းလျသော။ မှေးမှိန် ညှိုးရော်သော။ ပင်ပန်း နွမ်းရိသော
    worry
    နာမဝိသေသန

    စိတ်ရူးပေါက်

    [seɪʔɹùးpaʊʔ]
    မာန်ပါ လွယ်ရေ။ စိတ်တိုရေ။ ဒေါသ ဖြစ်လွယ်ရေ။ ၂၊ တွိ့ကရာ၊ စိတ်ကူး ပေါက်ရာကို လုပ်ကိုင် လိုရေ အာသာ ဟိရေ
    စိတ်ဆိုး လွယ်သည်။ စိတ်တိုသည်။ ဒေါသ ဖြစ်လွယ်သည်။ ၂၊ တွေ့ကရာ၊ စိတ်ကူး ပေါက်ရာကို လုပ်ကိုင် လိုသော အာသာ ရှိသည်
    unpatient
    ကြိယာ

    စိတ်ရောကိုယ်ပါ

    [seɪʔɹɔ́kÒɛ̀pà]
    အလိုဟိရေ အတိုင်း၊ အားရ ပါးရ၊ အားဟိ ပါးဟိ။ ၂၊ ဝမ်းသာ ဝမ်းသာ။ စိတ်မာ ကျီနပ် နှစ်သက် အားရစွာ
    အလိုရှိသည့် အတိုင်း၊ အားရ ပါးရ၊ အားရှိ ပါးရှိ။ ၂၊ ဝမ်းမြောက် ဝမ်းသာ။ စိတ်တွင် ကျေနပ် နှစ်သက် အားရစွာ
    heartily energetically
    ကြိယာဝိသေသန

    စိတ်ရောကိုယ်ပါ၂

    [seɪʔɹɔ́kÒɛ̀pà၂]
    ကြိုးစားပန်းစားစိတ်ဝင် တစား။ အထူး ဂရုထူဗျာယ်
    အထူးတလည် စိတ်ဝင် စားစွာ။ အထူး ဂရုစိုက်လျက်
    careful
    ကြိယာဝိသေသန

    စိတ်ရောဂါ

    [seɪʔɹɔ́ɡà]
    စိတ်ကြောင့် ဖြစ်ရေ ရောဂါ။ ပကတိ စိတ် သဖောထား ပြောင်းလဲသော ရောဂါ။ ကိုယ်ခန္ဓာ ချောင်ကျ ညှိုးရော်သော ရောဂါ
    စိတ်ကြောင့် ဖြစ်သော ရောဂါ။ ပကတိ စိတ် သဘောထား ပြောင်းလဲသော ရောဂါ။ ကိုယ်ခန္ဓာ ပိန်ကြုံ ညှိုးရော်သော ရောဂါ
    psychosis
    နာမ်

    စိတ်ရွင့်

    [seɪʔɹwɪ̰ɴ]
    စိတ်သည် မတိုင်းပဲ ပျံရွင့်ရေ။ စိတ်သည် ထိုရောက် ဒေရောက်ဖြစ်တေ
    စိတ်သည် မတည်ငြိမ်ပဲ ပျံလွင့်သည်။ စိတ်သည် ဟိုရောက် သည်ရောက် ဖြစ်သည်
    lose mind
    ကြိယာ

    စိတ်ရွှင်

    [seɪʔɹW̯ɪ̀ɴ]
    ကိုယ်စိတ် ကြည်သာ မြူးကြွသော။ ကိုယ်စိတ် ရွှင်ပြ လန်းဆန်း ကြည်လင်သော။ ၂၊ တက်ကြွ ထက်သန်သော။ အမူအရာ သွက်လက် တက်ကြွသော
    ကိုယ်စိတ် ကြည်သာ မြူးကြွသော။ ကိုယ်စိတ် ရွှင်ပျ လန်းဆန်း ကြည်လင်သော။ ၂၊ တက်ကြွ ထက်သန်သော။ အမူအရာ သွက်လက် တက်ကြွသော
    active
    နာမဝိသေသန

    စိတ်ရှည်

    [seɪʔʃɛ̀]
    ကိုယ့်အား ထိပါး စော်ကား ကေလေ့ ရန်တုံ မမူပဲ နိန်ရေ။ ၂၊ စစွဲမြမြဲ အားမလျော့ပဲ လုပ်ဆောင်ရေ။ ၃၊ စိတ် စေတနာ အစဟိစွာ တွန့်ဆတ်ခြင်း မဟိ ဖြစ်တေ
    မိမိအား ထိပါး စော်ကား သော်လည်း ရန်တုံ မမူပဲ နေသည်။ ၂၊ စွဲစွဲ မြဲမြဲ အားမလျော့ပဲ လုပ်ဆောင်သည်။ ၃၊ စိတ် စေတနာ စသည် တွန့်ဆတ်ခြင်း မယှိ ဖြစ်သည်
    patient
    ကြိယာ

    စိတ်ရှည်လက်ရှည်

    [seɪʔʃɛ̀lɛʔʃɛ̀]
    ဒေါသ အမျက် အပြင် မထွက်စီရန် စိတ်ကို ထိမ်းချုပ်ပနာ။ ၂၊ ထိုင်းမှိုင်း ငြီးငွိ့ခြင်း၊ စိတ်ပျက်ခြင်း၊ လုံ့လ နည်းပါးခြင်း မဟိသည် ဖြစ်ပနာ
    ဒေါသ အမျက် အပြင် မထွက်စေရန် စိတ်ကို ချုပ်တည်းလျက်။ ၂၊ ထိုင်းမှိုင်း ငြီးငွေ့ခြင်း၊ စိတ်ပျက်ခြင်း၊ လုံ့လ နည်းပါးခြင်း မယှိသည် ဖြစ်၍
    patient
    ကြိယာဝိသေသန

    စိတ်လက်

    [seɪʔlɛʔ]
    အာရုံကို သိတတ်ရေ သဖောတရား။ ၂၊ စိတ်ကို ပြောဆိုရေ စကားလုံး
    အာရုံကို သိတတ်သော သဘော တရား။ ၂၊ စိတ်ကို ပြောဆိုသော စကားလုံး
    Mind-power
    နာမ်

    စိတ်လည်

    [seɪʔlɛ̀]
    စိတ်ထဲမာ ဝီခွဲမရ နှိုင်ယောင် (ဖြစ်တေ)။ ဇာဟင့်တခုလေ့ တွေးခေါ်မရ နှိုင်ရေ ဖြစ်ပနာ။ ၂၊ စိတ်ကူး ဉာဏ်ဖြစ်ပေါ်၍ မလာရေအနိန်နန့်
    စိတ်ထဲမှာ ဝေခွဲမရ နိုင်အောင် (ဖြစ်သည်)။ ဘာတစ်ခုမှ တွေးတောမရ နိုင်သည် ဖြစ်၍။ ၂၊ စိတ်ကူး ဉာဏ်ဖြစ်ပေါ်၍ မလာသော အားဖြင့်
    confuse
    ကြိယာဝိသေသန

    စိတ်လယင်

    [seɪʔljɪ̀ɴ]
    အမျက်ထွက် လွယ်ရေ။ ရင်ဆာ လွယ်ရေ။ ၂၊ ကကောင်းလျင်စေ လိုရွီတွက်နန့် ပြုမူ လုပ်ဆောင်ရေ
    အမျက်ထွက် လွယ်သည်။ ဒေါသဖြစ် လွယ်သည်။ ၂၊ လျင်မြန်စေ လိုသောအားဖြင့် ပြုမူ လုပ်ဆောင်သည်
    hurry up
    ကြိယာ

    စိတ်လယင်ကိုယ်လယင်

    [seɪʔljɪ̀ɴkÒɛ̀ljɪ̀ɴ]
    ပေါ့ပါး ကကောင်းလျင်သောအနိန်နန့်။ သွက်လက် ဖြတ်လတ်စွာ
    ပေါ့ပါး လျင်မြန်သော အားဖြင့်။ သွက်လက် ဖျတ်လတ်စွာ
    actively
    ကြိယာဝိသေသန

    စိတ်လယော့

    [seɪʔljɔ̰]
    ကြိုးစား ဆောင်ရွက်မှု ရပ်တန့်ရေ။ ၂၊ အားထုတ် ဆောင်ရွက်ခြင်းကို စွန့်သည်
    ကြိုးစား ဆောင်ရွက်မှု ရပ်တန့်သည်။ ၂၊ အားထုတ် ဆောင်ရွက်ခြင်းကို စွန့်သည်
    stop
    ကြိယာ

    စိတ်လိုက်မာန်ပါ

    [seɪʔlaɪʔmààɴpà]
    အမျက် ဒေါသ ဖြစ်တေ အနိန်နန့်
    အမျက် ဒေါသ ဖြစ်သည် အားလျော်စွာ
    angrily
    ကြိယာဝိသေသန

    စိတ်လိုမာန်ပါ

    [seɪʔlÒmààɴpà]
    မာန်ပါ အကွန်ဆောင်ရေ။ ၂၊ စိတ်ကောက်သည်
    စိတ်ဆိုး ဟန်ဆောင်သည်။ ၂၊ စိတ်ကောက်သည်
    pretend
    ကြိယာ

    စိတ်လိုလက်ရောက်

    [seɪʔlÒlɛʔɹɔ́ɛʔ]
    အလိုဟိရေ အတိုင်း ပြည့်ဝအောင် အားပါး တရ ဖြစ်ဗျာယ်။ ၂၊ နင်လားငါလား စိတ်ဝင်စားစွာ
    အလိုရှိသည့် အတိုင်း ပြည့်ဝအောင် အားပါး တရ ဖြစ်လျက်။ ၂၊ အထူး တလည် စိတ်ဝင်စားစွာ
    interestingly
    ကြိယာဝိသေသန