Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,001–1,020 of 1,587 words

    စ

    စိတ်လီး

    [seɪʔlï]
    ကိုယ်စိတ် လန်းဆန်း ကြည်လင်ခြင်း ပျော်ရွှင် ကြည်နူးခြင်း မဟိပဲ စိတ်ထဲမာ ကြောင့်ကြမှု ဖြစ်ပေါ်လှာရေ
    ကိုယ်စိတ် လန်းဆန်း ကြည်လင်ခြင်း ပျော်ရွှင် ကြည်နူးခြင်း မယှိပဲ စိတ်ထဲတွင် ကြောင့်ကြမှု ဖြစ်ပေါ်လာသည်
    worry
    ကြိယာ

    စိတ်လုံ

    [seɪʔlòʊɴ]
    အားကိုး ယုံကြိုင်ရေ။ စိတ်ချရေ။ ကိုယ့်စိတ်မာ ယုံမားခြင်း ကင်းသည်
    အားကိုး ယုံကြည်သည်။ စိတ်ချသည်။ မိမိစိတ်တွင် ယုံမှားခြင်း ကင်းသည်
    to throw on
    ကြိယာ

    စိတ်လုပ်

    [seɪʔloʊʔ]
    စိတ်ဖြင့် တွေးခေါ် ကြံဆ ရေ။ အကြံဉာဏ် အားထုတ်သည်
    စိတ်ဖြင့် တွေးတော ကြံဆ သည်။ အကြံဉာဏ် အားထုတ်သည်
    think
    ကြိယာ

    စိတ်လောင်လင်

    [seɪʔlàʊɴlɪ̀ɴ]
    စိတ် ငြိမ်သက် တည်ကြည်မှု မဟိ။ စိတ်သည် ဟိုရောက် ဤရောက် ဖြစ်တေ
    စိတ် ငြိမ်သက် တည်ကြည်မှု မရှိ။ စိတ်သည် ဟိုရောက် ဤရောက် ဖြစ်သည်
    lose mind
    ကြိယာ

    စိတ်လွတ်ကိုယ်လွတ်

    [seɪʔlwaʔkÒɛ̀lwaʔ]
    ကိုယ်လွတ်စိတ်လွတ်
    ကိုယ်လွတ်စိတ်လွတ်
    let one’s hair down
    ကြိယာဝိသေသန

    စိတ်ဝ

    [seɪʔw]
    မမြင်ချင် မတွိ့ချင် သန မုန်းတီးခြင်း
    မမြင်ချင် မတွေ့ချင် ရွံရှာ မုန်းတီးခြင်း
    detestation
    ကြိယာ

    စိတ်ဝင်စား

    [seɪʔwɪ̀ɴsá]
    အာရုံ၌ စူးစိုက် သက်ဝင်ရေ
    အာရုံ၌ စူးစိုက် သက်ဝင်သည်
    concentrate
    ကြိယာ

    စိတ်ဝင့််

    [seɪʔwɪ̀ɴ့်]
    ကိုယ့် စိတ်မာ သင်္ကာ မရှင်း ဖြစ်တေ
    မိမိ စိတ်တွင် သင်္ကာ မရှင်း ဖြစ်သည်
    suspect
    ကြိယာ

    စိတ်ဝမ်းကွဲ

    [seɪʔwáɴkwɛ]
    သဖောချင်း ကွဲလွဲရေ။ ၂၊ အတိုက်အခံ ဖြစ်တေ။ ၃၊ တသီး တခြားစီ ဖြစ်တေ
    သဘောချင်း ကွဲလွဲသည်။ ၂၊ အတိုက်အခံ ဖြစ်သည်။ ၃၊ တစ်သီး တစ်ခြားစီ ဖြစ်သည်
    against-oppose
    ကြိယာ

    စိတ်ဝီ

    [seɪʔwí]
    စိတ်ထဲက ဝီခွဲမရ နှိုင်ယောင် ဖြစ်တေ။ စိတ်ခြူရေ။ စိတ် မရှင်း မလင်း ဖြစ်တေ။ ၂၊ပူပင် ကြောင့်ကြ တိစွာ။ ၃၊ အနှောင့် အယှက်များ ဖြစ်ပေါ် လာရေ
    စိတ်ထဲက ဝေခွဲမရ နိုင်အောင် ဖြစ်သည်။ စိတ်ရှုပ်သည်။ စိတ် မရှင်း မလင်း ဖြစ်သည်။ ၂၊ ပူပန် ကြောင့်ကြ များသည်။ ၃၊ အနှောင့် အယှက်များ ဖြစ်ပေါ် လာသည်
    worry
    ကြိယာ

    စိတ်သတ်

    [seɪʔθaʔ]
    ဆူပူ နှောက်ယှက်မှု ကင်းဝီး စီရေ။ ၂၊ ထိုထို ဒေဒေသို့စိတ် မရောက်ရယောင် တခု တည်းသော အာရုံ၌ တည်စီရေ။ ငြိမ်းစီရေ
    ဆူပူ နှောက်ယှက်မှု ကင်းဝေး စေသည်။ ၂၊ ထိုထို ဤဤသို့ စိတ် မရောက်ရအောင် တစ်ခု တည်းသော အာရုံ၌ တည်စေသည်။ ငြိမ်းစေသည်
    concentrate
    ကြိယာ

    စိတ်သန္တာန်

    [seɪʔθn̪a̰n̪t̪a̰ààɴ]
    စိတ်၌ အမြဲ။ အစိုင် ထာဝရ
    စိတ်၌ အမြဲ။ အစဉ် ထာဝရ
    forever
    နာမ်

    စိတ်သန်

    [seɪʔθàɴ]
    လိုလားချက် ပြင်းပြရေ။ ထက်သန်သော စိတ်ဟိရေ။ အထူး အာရုံ စူးစိုက်သည်
    လိုလားချက် ပြင်းပြသည်။ ထက်သန်သော စိတ်ရှိသည်။ အထူး အာရုံ စူးစိုက်သည်
    Strong-mind
    ကြိယာ

    စိတ်သန့်

    [seɪʔθàɴ့]
    ဖြူစင် ရှင်းသန့်သော စိတ်နှလုံး။ ပီးချင် ကမ်းချင်သော စိတ်။ မနာလို ဝန်တိုမှု ကင်းသည်၏ အဖြစ်။ စိတ်ထား မြင့်မြတ်သည်၏ အဖြစ်
    ဖြူစင် သန့်ရှင်းသော စိတ်နှလုံး။ ပေးချင် ကမ်းချင်သော စိတ်။ မနာလို ဝန်တိုမှု ကင်းသည်၏ အဖြစ်။ စိတ်ထား မြင့်မြတ်သည်၏ အဖြစ်
    pure heart
    နာမ်

    စိတ်သဘောထား

    [seɪʔθbʱɔ́tʰá]
    စိတ်နီ စိတ်ထား။ နှလုံး သွင်းပုံ။ စိတ်၏ အမူအကျင့်
    စိတ်နေ စိတ်ထား။ နှလုံး သွင်းပုံ။ စိတ်၏ အမူအကျင့်
    manner
    နာမ်

    စိတ်သမ်း

    [seɪʔθáɴ]
    စိတ်၏ ညစ်ညမ်းမှု
    စိတ်၏ ညစ်ညမ်းမှု
    unhappy
    နာမ်

    စိတ်သီနှလုံးသီ

    [seɪʔθín̥lóʊɴθí]
    ပူပင် ကြောင့်ကြမှု မဟိဘဲ။ ၂၊ စိတ်အီး လက်အီး
    ပူပင် ကြောင့်ကြမှု ကင်းမဲ့စွာ။ ၂၊ စိတ်အေး လက်အေး
    without worry or care
    ကြိယာဝိသေသန

    စိတ်သီလက်သီ

    [seɪʔθílɛʔθí]
    ပူပင် ကြောင့်ကြမှု မဟိဘဲ။ ၂၊ စိတ်အီး လက်အီး
    ပူပင် ကြောင့်ကြမှု ကင်းမဲ့စွာ။ ၂၊ စိတ်အေး လက်အေး
    without worry or care
    ကြိယာဝိသေသန

    စိတ်ဟန်

    [seɪʔhàɴ]
    စိတ်၏ အမူအရာ။ စိတ်၏ အလိအကျင့်
    စိတ်၏ အမူအရာ။ စိတ်၏ အလေ့အကျင့်
    manner
    နာမ်

    စိတ်ဟန်၂

    [seɪʔhàɴ၂]
    မာန်ပါ အကွန်ဆောင်ရေ။ ၂၊ စိတ်ကောက်သည်
    စိတ်ဆိုး ဟန်ဆောင်သည်။ ၂၊ စိတ်ကောက်သည်
    pretend
    ကြိယာ