Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,021–1,040 of 1,587 words

    စ

    စိတ်ဟန်လက်ဟန်

    [seɪʔhàɴlɛʔhàɴ]
    စိတ်၏ အမူအရာ။ စိတ်၏ အလိအကျင့်
    စိတ်၏ အမူအရာ။ စိတ်၏ အလေ့အကျင့်
    manner
    နာမ်

    စိတ်ဟိ

    [seɪʔhì]
    အလိုဟိတိုင်း ဖြစ်တေ။ ဆန္ဒအတိုင်း ဖြစ်တေ။ သဖောကျရေ။ ၂၊ လိုလား နှစ်သက်ရေ။ ၃၊ မာန်ပါခြင်း ဖြစ်တေ
    အလိုယှိတိုင်း ဖြစ်သည်။ ဆန္ဒအတိုင်း ဖြစ်သည်။ သဘော ကျသည်။ ၂၊ လိုလား နှစ်သက်သည်။ ၃၊ စိတ်ဆိုးခြင်း ဖြစ်သည်
    like
    ကြိယာ

    စိတ်ဟိစိတ်ထင်

    [seɪʔhìseɪʔtʰɪ̀ɴ]
    လိုလား နှစ်သက်ရေ ထိတောင်။ သဖောကျကျီနပ်ရေ ထိတောင်
    လိုလား နှစ်သက်သည့် တိုင်အောင်။ သဘောကျ ကျေနပ်သည့် တိုင်အောင်
    until like
    ကြိယာဝိသေသန

    စိတ်ဟိစိတ်ထင်၂

    [seɪʔhìseɪʔtʰɪ̀ɴ၂]
    စိတ်ကူး ပေါက်ရာ။ တွိ့ကရာ။ ထင်ရာ။ ထွေထွေ ရာရာ။ အစီအစိုင် မဟိသော အရာ ဆားမရရီမရ
    စိတ်ကူး ပေါက်ရာ။ တွေ့ကရာ။ ထင်ရာ။ ထွေထွေ ရာရာ။ အစီအစဉ် မယှိသော အရာ ပေါက်ကရ
    have a sudden idea
    နာမ်

    စိတ်ဟိလက်ဟိ

    [seɪʔhìlɛʔhì]
    ကြိုးစားပန်းစားစိတ်ဝင် တစား။ မခိုမကပ်ပဲ။ စိတ်ဝင်စားလက်ပါ
    အထူးတလည် စိတ်ဝင် စားစွာ။ မခိုမကပ်ပဲ။ စိတ်ပါလက်ပါ
    heartily energetically
    ကြိယာဝိသေသန

    စိတ်ဟိအားဟိ

    [seɪʔhìáhì]
    အားကြိုး မာန်တက်။ စိတ်ရောကိုယ်ပါ အားထုတ်ဗျာယ်။ အားပါး တရ
    အားကြိုး မာန်တက်။ စိတ်ရောကိုယ်ပါ အားထုတ်လျက်။ အားပါး တရ
    heartily energetically
    ကြိယာဝိသေသန

    စိတ်အား

    [seɪʔá]
    စိတ်၏ ဆောင်ရွက်နှိုင်ရေ အရည်အခြင်း။ စိတ်၏ အစွမ်းသတ္တိ
    စိတ်၏ ဆောင်ရွက်နိုင်သော အရည်အချင်း။ စိတ်၏ အစွမ်းသတ္တိ
    Mind-power
    နာမ်

    စိတ်အားကိုယ်အား

    [seɪʔákÒɛ̀á]
    စိတ်ရော ကိုယ်ပါ။ တက်တက် ကြွကြွ။ ထက်ထက် သန်သန်။ အားကြိုး မာန်တက်။ ကိုယ်ဖိ ရင်ဖိ
    စိတ်ရော ကိုယ်ပါ။ တက်တက် ကြွကြွ။ ထက်ထက် သန်သန်။ အားကြိုး မာန်တက်။ ကိုယ်ဖိ ရင်ဖိ
    active
    ကြိယာဝိသေသန

    စိတ်အားငယ်

    [seɪʔáŋɛ̀]
    တစုံ တခု စိုးရိမ် ကြောင့်ကြမှု။ ထိတ်လန့်မှု အတွက် အားလျော့သည်
    တစ်စုံ တစ်ခု စိုးရိမ် ကြောင့်ကြမှု။ ထိတ်လန့်မှု အတွက် အားလျော့သည်
    Down-hearted-deject
    ကြိယာ

    စိတ်အားလက်အား

    [seɪʔálɛʔá]
    အအီးသက်သာ။ လုပ်ကိုင် ဆောင်ရွက်မှု တာဝန် မဟိဘဲ
    အေးအေး ဆေးဆေး။ လုပ်ကိုင် ဆောင်ရွက်မှု တာဝန် ကင်းမဲ့စွာ
    leisure
    ကြိယာဝိသေသန

    စိတ်အီးလက်အီး

    [seɪʔʔïlɛʔʔï]
    ပူပင် ကြောင့်ကြမှု မဟိဘဲ။ ၂၊ စိတ်အီး လက်အီး
    ပူပင် ကြောင့်ကြမှု ကင်းမဲ့စွာ။ ၂၊ စိတ်အေး လက်အေး
    without worry or care
    ကြိယာဝိသေသန

    စိန်

    [sèɪɴ]
    မာပနာ အဖိုးတန် ဖြစ်ရေ ကျောက်အမျက်။ ၂၊ စားကေ သီစီ တတ်ရေ သတ္တု တမျိုး
    မာ၍ အဖိုးတန် ဖြစ်သော ကျောက်အမျက်။ ၂၊ စားလျှင် သေစေ တတ်သော သတ္တု တစ်မျိုး
    diamond
    နာမ်

    စိန့်

    [sèɪɴ့]
    ကြက်၊ ငှက် အစဟိစွာရို့ကို ပျံ မထွက်နှိုင်ယောင် မွိးမြူထားရာ အိမ်ငယ်။ လောင်းာင်ချိုင့်
    ကြက်၊ ငှက် စသည်တို့ကို ပျံ မထွက်နိုင်အောင် မွေးမြူထားရာ အိမ်ငယ်။ လှောင်ချိုင့်
    cage
    နာမ်

    စိန့်၂

    [sèɪɴ့၂]
    ပြိုင်လောင်းပွဲ မဝင်ခင် ကိုယ့် လောင်းသည် ဇာမျိုး ဇာပုံဟိစွာကို အခြီအရဲ သိသာရန် လောင်းာ်ခတ် လိ့ကျင့် ကြည့်ရေ
    လှေပြိုင်ပွဲ မဝင်မီ မိမိ၏ လှေသည် မည်သို့ မည်ပုံရှိသည်ကို အခြေအနေ သိသာရန် လှော်ခတ် လေ့ကျင့် ကြည့်သည်
    test
    ကြိယာ

    စိန်ကနားကပ်ပန်း

    [sèɪɴknákaʔpáɴ]
    အရောင်နီ၍ နားကပ်နန့် ဆင်တူရေ ပန်းပွင့်ရေ နွယ်ယောင် ပင်ယောင် တမျိုး
    အရောင်နီ၍ နားကပ်နှင့် ဆင်တူသော ပန်းပွင့်သည့် နွယ်ယောင် ပင်ယောင် တစ်မျိုး
    prickly lantana.Lanana aculeata
    နာမ်

    စိန်ငယ်စွန်ငယ်

    [sèɪɴŋɛ̀sʊ̀ɴŋɛ̀]
    တယောက်က ကြက်မ လုပ်ပနာ ကြက်ချေ လုပ်သူရို့က ကြက်မကြီး လုပ်သူ၏ ခါးကို အဆင့်ဆင့် ဆွဲထား ကတ်ရရေ။ နောက် တယောက်က စွန်လုပ်ပနာ လက်နှစ်ဖက်ကို စွန်၏ အတောင်ဝဲ ပိုင် ပြုလုပ် ပြီးကေ စိန်ငယ် ဆို၍ ကြက်ချေတိကို ထိုးယူရေ့ ပုံဟန် ကစပ်နည်း တမျိုး
    တစ်ယောက်က ကြက်မ လုပ်၍ ကြက်ငယ် လုပ်သူတို့က ကြက်မကြီး လုပ်သူ၏ ခါးကို အဆင့်ဆင့် ဆွဲထား ကြရသည်။ နောက် တစ်ယောက်က စွန်လုပ်၍ လက်နှစ်ဖက်ကို စွန်၏ အတောင်ဝဲ သကဲ့သို့ ပြုလုပ် ပြီးလျှင် စိန်ငယ် ဆို၍ ကြက်ငယ်များကို ထိုးသုတ်သည့် ပုံဟန် ကစားနည်း တစ်မျိုး
    tag(children’s games)
    နာမ်

    စိန်းစိန်း

    [séɪɴséɪɴ]
    မျက်စိ စိစိ။ စူးစိုက်ပနာ။ စိုက်စိုက်
    မျက်စိ စေ့စေ့။ စူးစိုက်၍။ စိုက်စိုက်
    glare at
    ကြိယာဝိသေသန

    စိန်းစိန်းစူးစူး

    [séɪɴséɪɴsùးsùး]
    မလိုလားသော အမူအရာဖြင့် စူးစိုက်ပနာ (ကြည့်ရေ)။ ၂၊ မက်မော စွဲလမ်းသောအနိန်နန့် (ကြည့်ရေ)
    မလိုလားသော အမူအရာဖြင့် စူးစိုက်၍ (ကြည့်သည်)။ ၂၊ မက်မော စွဲလမ်းသော အားဖြင့် (ကြည့်သည်)
    stare convetously at-look daggers at
    ကြိယာဝိသေသန

    စိန့်ညင်း

    [sèɪɴ့ɲɪ́ɴ]
    အပင်နုကို ဟင်းချက် စားရရေ မြေပေါက် ဂမုန်းပင် တမျိုး။ စိန့်ညင်းပင်
    အပင်နုကို ဟင်းချက် စားရသော မြေပေါက် ဂမုန်းပင် တစ်မျိုး။ ဂုံမင်းပင်
    name of plant
    နာမ်

    စိန်တစ်ပွင့်

    [sèɪɴtɪʔpwɪ̰ɴ]
    ရခိုင် ဒယော၏ အမည်တခု
    ရခိုင် လုံချည်၏ အမည်တစ်ခု
    name of Rakhine longyi
    နာမ်