Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,041–1,060 of 1,587 words

    စ

    စိန်နကပ်ပန်း

    [sèɪɴnkaʔpáɴ]
    အရောင်နီ၍ နားကပ်နန့် ဆင်တူရေ ပန်းပွင့်ရေ နွယ်ယောင် ပင်ယောင် တမျိုး
    အရောင်နီ၍ နားကပ်နှင့် ဆင်တူသော ပန်းပွင့်သည့် နွယ်ယောင် ပင်ယောင် တစ်မျိုး
    name of plant
    နာမ်

    စိန်နရတ်

    [sèɪɴnɹaʔ]
    နီသော အရောင် ဟိရေ အဖိုးတန် ကျောက်မျက် ရတနာ တမျိုး
    နီသော အရောင် ရှိသော အဖိုးတန် ကျောက်မျက် ရတနာ တစ်မျိုး
    ruby
    နာမ်

    စိန်နီမြင်းသွား

    [sèɪɴnímɹɪ́ɴθWà]
    စိန်(အဆိပ်) အမျိုး အစားမာ ပါရေ စိန်တမျိုး
    စိန်(အဆိပ်) အမျိုး အစားတွင် ပါသော စိန်တစ်မျိုး
    arsenic-reakgar
    နာမ်

    စိန်ပန်းပင်

    [sèɪɴpáɴpɪ̀ɴ]
    အပွင့်ငယ်၍ အရောင် နီရဲပြီး နှဲတံ နှဲဝနန့် တူသော ငယ်ရေ နွယ်ပန်းပင် တမျိုး
    အပွင့်ငယ်၍ အရောင် နီရဲပြီး နှဲတံ နှဲဝနှင့် တူသော သေးငယ်သော နွယ်ပန်းပင် တစ်မျိုး
    gold mohur tree
    နာမ်

    စိန်ပိုက်

    [sèɪɴpaɪʔ]
    မြစ်မာ ငါးရှာသော ပိုက်တမျိုး။ ၂၊ မြစ်ရီ(ဖြားရီ) အတက် အကျမာ အမြဲတမ်း ချထားရေ (ငါးရှာသော) ပိုက်တမျိုး
    မြစ်တွင် ငါးရှာသော ပိုက်တစ်မျိုး။ ၂၊ မြစ်ရေ(ဒီရေ) အတက် အကျတွင် အမြဲတမ်း ချထားသော (ငါးရှာသော) ပိုက်တစ်မျိုး
    net
    နာမ်

    စိန်ပုတ်ထွား

    [sèɪɴpoʊʔtʰWà]
    မိုဃ်းသီးကျ ကျချိန် အဝါပွင့် တနည်း အရဲပွင့်များ ပွင့်လေ့ဟိရေ လမ်းဖီးမာ စိုက်ထား တတ်ရေ အပင်ကြီး (မကာသနီ၊ ဇော်ကနီပင် အစဟိစွာအနိန်နန့်လည်း ခေါ်ကြ သိရေ)
    မိုးဦး ကျတွင် အဝါပွင့် သို့မဟုတ် အနီပွင့်များ ပွင့်လေ့ရှိသည့် လမ်းဘေးတွင် စိုက်ထား တတ်သော သစ်ပင်ကြီး (မကာသနီ၊ စိန်ပန်းပင် စသည်ဖြင့်လည်း ခေါ်ကြ သေးသည်)
    poin ciana regia
    နာမ်

    စိန်ပြောင်း

    [sèɪɴpɹáʊɴ]
    လည်ပတ်နှိုင်ရေ ဆုံမာ တင်ပနာ ပစ်ဖေါက်သော အဝီးပစ် လက်နက်ကြီး တမျိုး
    လည်ပတ်နိုင်သော ဆုံတွင် တင်၍ ပစ်ဖေါက်သော အဝေးပစ် လက်နက်ကြီး တစ်မျိုး
    mortar(weapon)
    နာမ်

    စိန်ဖူး

    [sèɪɴpʰùး]
    စာတီ၊ ပြာသာဒ်၊ တန်ဆောင် အစဟိစွာရို့နန့် ဆိုင်ရေ ထီးတော်၏ ထိပ်ဖူး
    စေတီ၊ ပြာသာဒ်၊ တန်ဆောင် စသည်တို့နှင့် ဆိုင်သော ထီးတော်၏ ထိပ်ဖူး
    shrine or bud-like ornament above the vane of a pagoda
    နာမ်

    စိန်ဖြတ်

    [sèɪɴpʰɹaʔ]
    (နှီးယွန်း) အုပ်နန့် တူသော နားဝတ် တန်ဆာ တမျိုး။ (စိန်ဖြတ်နားဋေါင်း
    (နှီးယွန်း) အုပ်နှင့် တူသော နားဝတ် တန်ဆာ တစ်မျိုး။ (စိန်ဖြတ်နားဋေါင်း
    earring
    နာမ်

    စိန်သီး

    [sèɪɴθï]
    အင်္ကျီတစနန့် တစ ဆက်သွယ်ရန် ရွှီ၊ ငွီ၊ ကြီး၊ ကျောက်အမျက်၊ သတ္တု၊ ပိတ် အစဟိစွာရို့ကို ပြုလုပ် ထားရေ အရာ။ စိသီး
    အင်္ကျီတစ်စနှင့် တစ်စ ဆက်သွယ်ရန် ရွှေ၊ ငွေ၊ ကြေး၊ ကျောက်အမျက်၊ သတ္တု၊ ပိတ် စသည်တို့ကို ပြုလုပ် ထားသော အရာ။ ကြယ်သီး
    button
    နာမ်

    စိပေါက်

    [sìpaʊʔ]
    အသီးမာ အစိများ ပါရေ နှပျိုး တမျိုး
    အသီးတွင် အစေ့များ ပါသော ငှက်ပျော တစ်မျိုး
    banana tree
    နာမ်

    စိမက်

    [sìmɛʔ]
    တံသီးတိုက် မျှတ လောက်ငှ ပြည့်စီရေ။ ခြိုးခြိုး ခြံခြံ၊ ချွေချွေ တာတာ ပြုလုပ်ရေ
    မပိုမလျော့ မျှတ လုံလောက် ပြည့်စေသည်။ ခြိုးခြိုး ခြံခြံ၊ ချွေချွေ တာတာ ပြုလုပ်သည်
    thrifty-frugal
    ကြိယာ

    စိမေ

    [sìmè]
    စိုင်ဆက်မပြတ် အုပ်စိုး စေလိုရေ သဘောကို ပြသော စကားလုံး
    စဉ်ဆက်မပြတ် အုပ်စိုး စေလိုသည့် သဘောကို ပြသော စကားလုံး
    continuously
    နာမ်

    စိမေ၂

    [sìmè၂]
    အလုပ်ကိစ္စ အရာမာစေဖို့ အဖြစ်ကို ပြရေ စကားလုံး
    အလုပ်ကိစ္စ ပြီးမြောက်စေမည့် အဖြစ်ကို ပြသည့် စကားလုံး
    continuously
    ပစ္စည်း

    စိမ်

    [sèɪɴ]
    ထုံးတမ်း စဉ်လာ။ အလိအထ။ ဓလိထုံးစံ။ အလိအလာ
    ထုံးတမ်း စဉ်လာ။ အလေ့အထ။ ဓလေ့ထုံးစံ။ အလေ့အလာ
    habituation
    ကြိယာ

    စိမ့်

    [sḛɪɴ]
    ရေစိမ့်စို၍ ထွက်သော နီရာ
    ရေစိမ့်စို၍ ထွက်သော နေရာ
    seep-marsh
    နာမ်

    စိမ်း

    [séɪɴ]
    ခင်မင် ရင်းနှီးမှု မဟိသော (ပရံလူ)။ ၂၊ သစ်သီး အနှံရို့ မမှည့်သိမ့်ရေ အဖြစ်မာ ဟိနီရေ။ ၃၊ အပင်၊ ဝါးပင်ရို့ ကျီမသွိ့ သိမ့်ရေ အဖြစ်မာ ဟိနီရေ။ ၄၊ ခင်မင် တွယ်တာခြင်း ကင်းသော။ ညှာတာ ငဲ့ကွက်ခြင်း ကင်းသော
    ခင်မင် ရင်းနှီးမှု မယှိသော (လူစိမ်း)။ ၂၊ သစ်သီး အနှံတို့ မမှည့်သေးသော အဖြစ်တွင် ယှိနေသော။ ၃၊ သစ်ပင်၊ ဝါးပင်တို့ မခြောက် သေးသော အဖြစ်တွင် ယှိနေသော။ ၄၊ ခင်မင် တွယ်တာခြင်း ကင်းသော။ ညှာတာ ငဲ့ကွက်ခြင်း ကင်းသော
    Pale green-merciless
    နာမဝိသေသန

    စိမ့်၂

    [sḛɪɴ၂]
    အရည်သည် မြီဆီ မြီလွှာထဲကို တဆတ်ဆတ် ဝင်လှားရေ
    အရည်သည် မြေဆီ မြေလွှာထဲသို့ တဖြည်းဖြည်း ဝင်သွားသည်
    seep in-infiltrate-permeate
    ကြိယာ

    စိမ်းကား

    [séɪɴká]
    ငဲ့ကွက် ညှာတာခြင်း ကင်းသော။ ခင်မင် တွယ်တာခြင်း ကင်းသော။ စိမ်းကားသော
    ငဲ့ကွက် ညှာတာခြင်း ကင်းသော။ ခင်မင် တွယ်တာခြင်း ကင်းသော။ စိမ်းကားသော
    be cold-distant-;ack consideration
    နာမဝိသေသန

    စိမ်းကီးစိမ်းကား

    [séɪɴkïséɪɴká]
    တခေါက် တရီချေပင် တွိမြင် သိကျွမ်းခြင်း မဟိရေ သူ။ ရင်းနှီးမှု မဟိရေ သူ။ လုပ်ငန်း အတတ်ပညာ၊ နီရာ၊ ဌာနအစဟိစွာ တစုံတရာ ရင်းနှီး ကျွမ်းဝင်မှု မဟိသူ
    တစ်ကြိမ် တစ်ခါမျှ တွေ့မြင် သိကျွမ်းခြင်း မရှိသော သူ။ ရင်းနှီးမှု မရှိသော သူ။ လုပ်ငန်း အတတ်ပညာ၊ နေရာ၊ ဌာနစသည် တစ်စုံတရာ ရင်းနှီး ကျွမ်းဝင်မှု မရှိသူ
    newbies
    ကြိယာဝိသေသန