Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,121–1,140 of 1,587 words

    စ

    စို့ခတ်၄

    [so̰kʰaʔ၄]
    အပေါက် အခေါင်းထဲကို သစ်ချွန်၊ ဝါးချွန် (သစ်စို့၊ ဝါးစို့) ကို ရိုက်သွင်းသည်
    အပေါက် အခေါင်းထဲသို့ သစ်ချွန်၊ ဝါးချွန် (သစ်စို့၊ ဝါးစို့) ကို ရိုက်သွင်းသည်
    strike in
    ကြိယာ

    စိုင်

    [sàɪɴ]
    မူလ တည်ဟိရာမှ အရာ တပါးသို့ ရောက်ရေ။ ၂၊ ရွင့်ထွက်တေ။ ရွင့်လာရေ
    မူလ တည်ရှိရာမှ အခြား တစ်ပါးသို့ ရောက်သည်။ ၂၊ လွင့်ထွက်သည်။ လွင့်လာသည်
    none
    ကြိယာ

    စိုင်း

    [sáɪɴ]
    နှုတ်နှုတ်ဖွဲ ဖြစ်ယောင် ခုတ်လှီးရေ။ ၂၊ အယင့်အယင် ပြေးသွား စီရေ။ အယင့်အယင် ပြုမူ ဆောင်ရွက်သည်
    နှုတ်နှုတ်ဖွဲ ဖြစ်အောင် ခုတ်လှီးသည်။ ၂၊ အလျင်အမြန် ပြေးသွား စေသည်။ အလျင်အမြန် ပြုမူ ဆောင်ရွက်သည်
    hurry
    ကြိယာ

    စိုင်၂

    [sàɪɴ၂]
    ပေါင်းစု များရေ
    ပေါင်းစု များပြားသော
    many
    နာမဝိသေသန

    စိုင်း၂

    [sáɪɴ၂]
    ကျဉ်းပနာ ငယ်သော အရာ။ ၂၊ အရင်း အဖျားကြီးပြီးကေ အလယ် ငယ်သည်၏ အဖြစ်။ (ပုလင်းလိုင်စိုင်း၊ တောင်ခင်စိုင်း)
    ကျဉ်း၍ ငယ်သော အရာ။ ၂၊ အရင်း အဖျားကြီး၍ အလယ် ငယ်သည်၏ အဖြစ်။ (ပုလင်းလိုင်စိုင်း၊ တောင်ခင်စိုင်း)
    narrow thing
    နာမ်

    စိုင်၃

    [sàɪɴ၃]
    အစိုင်အခဲ
    အစိုင်အခဲ
    solid
    နာမ်

    စိုင်း၃

    [sáɪɴ၃]
    အချက် အချာ ကျသော နီရာ။ ခလယ်။ ဗဟို ဖြစ်ရေ အရာ။ နီရာ။ ၂၊ ပဓါန ဖြစ်ရေ အရာ
    အချက် အချာ ကျသော နေရာ။ ခလယ်။ ဗဟို ဖြစ်သော အရာ။ နေရာ။ ၂၊ ပဓါန ဖြစ်သော အရာ
    center
    နာမ်

    စိုင်၄

    [sàɪɴ၄]
    ဟိနီာက် စီတန်း နိန်ရေ။ အဆက် မပြတ် ဖြစ်တေ
    ရှေ့နောက် စီတန်း နေသည်။ အဆက် မပြတ် ဖြစ်သည်
    continuously
    ကြိယာ

    စိုင်၅

    [sàɪɴ၅]
    စီတန်း ဟိနီခြင်း၊ အဆက် မပြတ် ဖြစ်ခြင်း။ အစိုင်
    စီတန်း ရှိနေခြင်း၊ အဆက် မပြတ် ဖြစ်ခြင်း။ အစဉ်
    queue
    နာမ်

    စိုင်ကာ

    [sàɪɴkà]
    တဆက်တည်း။ တောက်လျောက် မရပ်မနား
    တစ်ဆက်တည်း။ တောက်လျောက် မရပ်မနား
    continuously
    ကြိယာဝိသေသန

    စိုင်ကာရည်ကာ

    [sàɪɴkàɹɛ̀kà]
    အမြဲတမ်း။ ၂၊ ရက်ပြတ်။ ဆက်တိုက်
    အမြဲတမ်း။ ၂၊ အဆက်မပြတ်။ ဆက်တိုက်
    continuously
    ကြိယာဝိသေသန

    စိုင်းစိုင်း

    [sáɪɴsáɪɴ]
    ကျဉ်းပနာ ငယ်သော အရာ။ ၂၊ အရင်း အဖျားကြီးပြီးကေ အလယ် ငယ်သည်၏ အဖြစ်။ (ပုလင်းလိုင်စိုင်း။ တောင်ခင်စိုင်း)
    ကျဉ်း၍ ငယ်သော အရာ။ ၂၊ အရင်း အဖျားကြီး၍ အလယ် ငယ်သည်၏ အဖြစ်။ (ပုလင်းလိုင်စိုင်း။ တောင်ခင်စိုင်း)
    narrow thing
    နာမ်

    စိုင်းတင်တောင်

    [sáɪɴtɪ̀ɴtàʊɴ]
    ဘူးသီးတောင် မြို့နယ် တံရှင်ဟိရေ တောင်
    ဘူးသီးတောင် မြို့နယ် ရေတံခွန်ရှိသော တောင်
    mountain
    နာမ်

    စိုင်တစ်ရစ်

    [sàɪɴtɪʔɹɪʔ]
    စဉ်တရစ်
    စဉ်တရစ်
    none
    ကြိယာဝိသေသန

    စိုင်တစ်ရစ်ပြည်

    [sàɪɴtɪʔɹɪʔpɹɛ]
    ဟစ်ရုံပြည်။ (ဟဲရုံပြည်)။ (စူဠစန္ဒရား မင်းကြီးရေ တကောင်း သင်းတွဲမှ အပြန် နဂါးရစ် မော်တင်စွန်းမာ နဂါးမ ရီထဲကို နစ်ယူလားသနန့် မှူးမတ် အပေါင်းတိသည် စန္ဒာဒေဝီ မိဖုရား၏ အပြစ်ပီးမည်ကို ကြောက်သနန့် အိန္ဒိယ နယ်ထဲကို ဝင်ရောက် ပြီးကေ မြို့ရွာ တည်ချပနာ နေသ
    ဟစ်ရုံပြည်။ (ဟဲရုံပြည်)။ (စူဠစန္ဒရား မင်းကြီးသည် တကောင်း သင်းတွဲမှ အပြန် နဂါးရစ် မော်တင်စွန်းတွင် နဂါးမ ရေထဲသို့ နစ်ယူသွားသဖြင့် မှူးမတ် အပေါင်းတို့သည် စန္ဒာဒေဝီ မိဖုရား၏ အပြစ်ပေးမည်ကို ကြောက်သဖြင့် အိန္ဒိယ နယ်ထဲသို့ ဝင်ရောက် ပြီးလျှင် မြို့ရွာ တည်ချ၍ နေသ
    town
    နာမ်

    စိုင်းတရားမင်းခွာ

    [sáɪɴtɹámɪ́ɴkʰwà]
    ပင်လယ်ဝ၊ မြစ်ဝရို့မာ ပင်ဖြစ်ဖြစ်၊ လောင်း သင်္ဘော နောက်ခါ ပင်ဖြစ်ဖြစ် လားလာ ကျက်စား နီတတ်ရေ ရေငှက်။ စင်ရော်ငှက်။ (စူဠစန္ဒရား မင်းကြီးရေ တကောင်း သင်းတွဲပြည်သို့ လောင်းဖေါင်ဖြင့် တိုင်းခန်း လှည့်လည် လားခါ လောင်း၏ ဝဲယာရံ၍ လိုက်ပါ လာအတွက်နန့် ယင်းငှက်ကို စိုင်
    ပင်လယ်ဝ၊ မြစ်ဝတို့တွင် လည်းကောင်း၊ လှေ သင်္ဘော နောက်မှ လည်းကောင်း သွားလာ ကျက်စား နေတတ်သော ရေငှက်။ စင်ရော်ငှက်။ (စူဠစန္ဒရား မင်းကြီးသည် တကောင်း သင်းတွဲပြည်သို့ လှေဖေါင်ဖြင့် တိုင်းခန်း လှည့်လည် သွားသောအခါ လှေ၏ ဝဲယာရံ၍ လိုက်ပါ လာသောကြောင့် ၎င်းငှက်ကို စိုင်
    gull
    နာမ်

    စိုင်းဒါး

    [sáɪɴdàး]
    ရခိုင် မျိုးနွယ်စုဖြစ်ရေ မျိုးနွယ် တစု၏ အမည်
    ရခိုင် မျိုးနွယ်စုဖြစ်သော မျိုးနွယ် တစ်စု၏ အမည်
    name of race
    နာမ်

    စိုင်ပေါင်သရက်

    [sàɪɴpèàɪ̀ɴθɹɛʔ]
    အလျား ခြောက်လက်မခန့်၊ လုံးပတ် ဆယ်လက်မဟိပြီးး အဖျား စိကေချေ ကောက်၍ ချိုအီးသော အရသာ ဟိရေ နွားစားသရက် တမျိုး
    အလျား ခြောက်လက်မခန့်၊ လုံးပတ် ဆယ်လက်မရှိပြီး အဖျား အနည်းငယ် ကောက်၍ ချိုအေးသော အရသာ ရှိသော သရက်သီး တစ်မျိုး
    mango
    နာမ်

    စိုင်းပြတ်

    [sáɪɴpɹaʔ]
    လူလား လူလာကင်းရေ။ အကြား လစ်လပ်ရေ။ တောက်လျောက် တဆက်တည်း မဆက် မစပ်ပဲ အကြား လစ်ဟာသည်
    လူသွား လူလာ ကင်းသည်။ အကြား လစ်လပ်သည်။ တောက်လျောက် တစ်ဆက်တည်း မဆက် မစပ်ပဲ အကြား လစ်ဟာသည်
    be desolate
    ကြိယာ

    စိုင်းပြတ်၂

    [sáɪɴpɹaʔ၂]
    လူလား လူလာပြတ်ကင်းသော အချိန်။ လူလား လူလာမဟိရေ နီရာ။ အကြား လစ်လပ်ရေ နီရာ။ တောက်လျောက် တဆက်တည်း မဟုတ်ဘဲ အကြား လစ်ဟာသော နီရာ
    လူသွား လူလာ ပြတ်ကင်းသော အချိန်။ လူသွား လူလာ မရှိသော နေရာ။ အကြား လစ်လပ်သည့် နေရာ။ တောက်လျောက် တစ်ဆက်တည်း မဟုတ်ပဲ အကြား လစ်ဟာသော နေရာ
    desolate place
    နာမ်