Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,141–1,160 of 1,587 words

    စ

    စိုင်းပြုတ်

    [sáɪɴpɹoʊʔ]
    လူလား လူလာမဟိရေ အချိန် ကာလ ဖြစ်တေ။ ၂၊ ငွီကြီး လက်ထဲမာ မဟိဘဲ ပြတ်လပ် ရေအခါ ဖြစ်တေ
    လူသွား လူလာ ကင်းမဲ့သော အချိန် ကာလ ဖြစ်သည်။ ၂၊ ငွေကြေး လက်ထဲတွင် မရှိပဲ ပြတ်လပ် သောအခါ ဖြစ်သည်
    be desolate
    ကြိယာ

    စိုင်းပြုတ်၂

    [sáɪɴpɹoʊʔ၂]
    လူလား လူလာမဟိရေ အချိန် ကာလ။ ၂။ ငွီကြီး လက်ထဲမာ မဟိ ပြတ်စဲသော ကာလ
    လူသွား လူလာ ကင်းမဲ့သော အချိန် ကာလ။ ၂။ ငွေကြေး လက်ထဲတွင် မရှိ ပြတ်စဲသော ကာလ
    desolate
    နာမ်

    စိုင်းလိုင်းပင်

    [sáɪɴláɪɴpɪ̀ɴ]
    ဝမ်းအောင့် ဝမ်းခဲကေ အခေါက်ကို အမှုန့်ပြုပနာ စားရရေ (ခါးသော အရသာ ဟိရေ) ဆီးဖက်ဝင် အပင် တမျိုး
    ဗိုက်အောင့် ဗိုက်နာလျှင် အခေါက်ကို အမှုန့်ပြု၍ စားရသော (ခါးသော အရသာ ရှိသော) ဆေးဖက်ဝင် အပင် တစ်မျိုး
    herbal plant
    နာမ်

    စိုင်းသီး-သီ

    [sáɪɴθï-θí]
    တစုံ တခုသော ရောဂါကြောင့် သီရေ မဟုတ်ဘဲ ဓါး၊ လှံ၊ လက်နက် အစဟိရေ လက်နက် ရို့နန့် သီရေ သူ
    တစ်စုံ တစ်ခုသော ရောဂါကြောင့် သေသည် မဟုတ်ပဲ ဓါး၊ လှံ၊ လက်နက် စသော လက်နက် တို့ဖြင့် သေသော သူ
    corpse
    နာမ်

    စိုင်းသီး-သီ၂

    [sáɪɴθï-θí၂]
    တစုံ တခုသော ရောဂါကြောင့် သီရေ မဟုတ်ဘဲ ဓါး၊ လှံ၊ လက်နက် အစဟိရေ လက်နက် ရို့နန့် သတ်၍ သီရေ
    တစ်စုံ တစ်ခုသော ရောဂါကြောင့် သေသည် မဟုတ်ပဲ ဓါး၊ လှံ၊ လက်နက် စသော လက်နက် တို့ဖြင့် သတ်၍ သေသည်
    die
    ကြိယာ

    စိုင်းသီတုံး

    [sáɪɴθítóʊɴ]
    တစုံ တခုကို ဓါးဖြင့် ခုတ်စိုင်း ရာမာ အသုံးပြုရေ အောက်ခံ သစ်သား တုံး။ စဉ်းနှီးတုံး
    တစ်စုံ တစ်ခုကို ဓါးဖြင့် ခုတ်စဉ်း ရာတွင် အသုံးပြုသော အောက်ခံ သစ်သား တုံး။ စဉ်းနှီးတုံး
    chopping block
    နာမ်

    စိုင်းသီးပင်

    [sáɪɴθïpɪ̀ɴ]
    ဆီးဖက် ဝင်သော အပင် တမျိုး
    ဆေးဖက် ဝင်သော အပင် တစ်မျိုး
    herbal plant
    နာမ်

    စိုးစံ

    [sósံ]
    တိုင်းပြည်နိုင်ငံကို အုပ်ချုပ်ပနာ မင်း၏စည်းစိမ်ကို သုံးဆောင် ခံစားသည်
    တိုင်းပြည်နိုင်ငံကို အုပ်ချုပ်၍ မင်း၏စည်းစိမ်ကို သုံးဆောင် ခံစားသည်
    govern
    ကြိယာ

    စိုးစိ

    [sósì]
    တခုလေ့သင့် စိုးရိမ် ကြောင့်ကြမှု (မဖြစ်ပါကေ့)
    ဘာမှ စိုးရိမ် ကြောင့်ကြမှု (မဖြစ်ပါနှင့်)
    don’t worry
    နာမ်

    စိုစိစိုစိ

    [sÒsìsÒsì]
    လုပ်ရိုး လုပ်စဉ်ထက်အီးတီအီးစက်ပျင်ဗျာယ်။ ပျက်ချိပျက်ချော်။ အီးစိအီးစက်
    လုပ်ရိုး လုပ်စဉ်ထက် နှေးကွေး လေးလံစွာ။ စိတ်မပါ လက်မပါပဲ။ အေးစိအေးစက်
    in a vague manner
    ကြိယာဝိသေသန

    စိုစိစိုစိ၂

    [sÒsìsÒsì၂]
    ပွင့်လင်း ပြတ်သားခြင်း မဟိပဲ။ တိုလို့ယိုလို့ မျိုသိပ် ထားဗျာယ်။ မပွင့်မလင်းပဲ
    ပွင့်လင်း ပြတ်သားခြင်း မယှိပဲ။ မဝံ့မရဲ မျိုသိပ် ထားလျက်။ မပွင့်မလင်းပဲ
    in a vague manner
    ကြိယာဝိသေသန

    စို့စို့

    [so̰so̰]
    ပြင်းထန်သော တောင့်တခြင်း။ အလို။ အာသာ။ ဆန္ဒ။ နှမြိုး တ သရေအခါ အစဟိစွာရို့မာ ပြုရေ အသံ
    ပြင်းထန်သော တောင့်တခြင်း။ အလို။ အာသာ။ ဆန္ဒ။ နှမြော တ သသောအခါ စသည်တို့၌ ပြုသော အသံ
    wish
    နာမ်

    စိုးစိုက်ကိုက်

    [sósaɪʔkaɪʔ]
    ကိုယ်ခန္ဓာမာ မခံချိ မခံသာ ပျောက်လိုက် ပြန်ပေါ်လိုက်ကိုက်ခဲ နာကြင်သောအနိန်နန့်
    ကိုယ်ခန္ဓာတွင် မခံချိ မခံသာ ပျောက်တစ်ခါ ပေါ်တစ်လှည့် ကိုက်ခဲ နာကျင်သော အားဖြင့်
    ache
    ကြိယာဝိသေသန

    စို့စို့ခတ်

    [so̰so̰kʰaʔ]
    တစုံ တခုကို ပြင်းပြစွာ လိုလား နှစ်သက် တောင့်တသော အလိုဆန္ဒ ပေါ်ပေါက်သည်
    တစ်စုံ တစ်ခုကို ပြင်းပြစွာ လိုလား နှစ်သက် တောင့်တသော အလိုဆန္ဒ ပေါ်ပေါက်သည်
    wish
    ကြိယာ

    စိုစိုဖပ်ဖပ်

    [sÒsÒpʰaʔpʰaʔ]
    စွတ် လန်းဆန်းသောအနိန်နန့်
    စိုစွတ် လန်းဆန်းသော အားဖြင့်
    fresh
    ကြိယာဝိသေသန

    စို့စို့မြည်

    [so̰so̰mɹɛ]
    တစုံ တခုကို ပြင်းပြစွာ လိုလား နှစ်သက် တောင့်တသော အလိုဆန္ဒ ပေါ်ပေါက်သည်
    တစ်စုံ တစ်ခုကို ပြင်းပြစွာ လိုလား နှစ်သက် တောင့်တသော အလိုဆန္ဒ ပေါ်ပေါက်သည်
    wish
    ကြိယာ

    စိုးစီစီ

    [sósísí]
    ငဲ့ညှာ ထောက်ထားစရာ တခုခု အတွက် စိုးရိမ် ကြောင့်ကြမှု ဖြစ်တေ
    ငဲ့ညှာ ထောက်ထားစရာ တစ်ခုခု အတွက် စိုးရိမ် ကြောင့်ကြမှု ဖြစ်သည်
    worry
    ကြိယာ

    စိုစွန်း

    [sÒsʊ́ɴ]
    ရေ၊ အရည် စိုစွာလေ့ မဟုတ်၊ ခြောက်ရေလည်း မဟုတ်ရေ
    ရေ၊ အရည် စိုသည်လည်း မဟုတ်၊ ခြောက်သည်လည်း မဟုတ်သော
    wet
    နာမဝိသေသန

    စို့တပို့

    [so̰tpo̰]
    ဖောဖော သီသီ။ များများ စားစား။ လောက်လောက် ငင
    ဖောဖော သီသီ။ များများ စားစား။ လောက်လောက် ငင
    plenty
    ကြိယာဝိသေသန

    စိုးတိုက်

    [sótaɪʔ]
    ခွီးကို ကိုက်အောင်၊ ဟောင်အောင် မြှောက်ပင့်ပီး ပီးရေ
    ခွေးကို ကိုက်အောင်၊ ဟောင်အောင် လှုံ့ဆော် ပေးသည်
    stimulate
    ကြိယာ