Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,161–1,180 of 1,587 words

    စ

    စို့ထိုး

    [so̰tʰó]
    အိမ်မျှောင် စို့စို့ စို့စို့ ဆိုရေ အသံကို ပြုသည်
    အိမ်မြှောင် စို့စို့ စို့စို့ ဟူသော အသံကို ပြုသည်
    sound
    ကြိယာ

    စိုးပိုင်

    [sópàɪɴ]
    ကြီးမှူး အုပ်ချုပ် ထိန်းသိမ်းသည်
    ကြီးမှူး အုပ်ချုပ် ထိန်းသိမ်းသည်
    govern
    ကြိယာ

    စိုပြည်

    [sÒpɹɛ]
    စည်ပင် တိုးပွား ဖွံ့ဖြိုးသော
    စည်ပင် တိုးပွား ဖွံ့ဖြိုးသော
    develop
    နာမဝိသေသန

    စိုးမိုး

    [sómó]
    ကြီးမှူး အုပ်ချုပ်ရေ။ ကြီးကြပ် ကွပ်ကဲရေ။ မင်းအဖြစ် စိုးစံ အုပ်ချူပ်သည်
    ကြီးမှူး အုပ်ချုပ်သည်။ ကြီးကြပ် ကွပ်ကဲသည်။ မင်းအဖြစ် စိုးစံ အုပ်ချူပ်သည်
    govern
    ကြိယာ

    စိုးမိုးကရ

    [sómókɹ]
    အားဟိ အားမဲ့။ နိုင်တက် စီးနင်း။ ကြမ်းကြုတ် ရက်စက်စွာ။ ဖိနှိပ် ညှဉ်းပန်းဗျာယ်။ နိုင်လို မတ်ထက်
    အားယှိ အားမဲ့။ နိုင်တက် စီးနင်း။ ကြမ်းကြုတ် ရက်စက်စွာ။ ဖိနှိပ် ညှဉ်းပန်းလျက်။ နိုင်လို မင်းထက်
    bully
    ကြိယာဝိသေသန

    စိုးရိမ်

    [sóɹèɪɴ]
    ကြောင့်ကတ်တေ။ စိတ်နှလုံး ဆင်းရဲ ပင်ပန်း နွမ်းရိသည်
    ကြောင့်ကြသည်။ စိတ်နှလုံး ဆင်းရဲ ပင်ပန်း နွမ်းရိသည်
    worry
    ကြိယာ

    စိုးရိမ်၂

    [sóɹèɪɴ၂]
    ကြောင့်ကတ်ခြင်း။ စိတ်နှလုံး ဆင်းရဲ ပင်ပန်း နွမ်းရိခြင်း
    ကြောင့်ကြခြင်း။ စိတ်နှလုံး ဆင်းရဲ ပင်ပန်း နွမ်းရိခြင်း
    worry
    နာမ်

    စိုးရိမ်တကာ

    [sóɹèɪɴtkà]
    ကြောင့်ကြ စိုးရိမ် စရာများ ဖြစ်ပေါ် လာခြင်း
    ကြောင့်ကြ စိုးရိမ် စရာများ ဖြစ်ပေါ် လာခြင်း
    worry
    နာမ်

    စိုးရိမ်တကြောင်း

    [sóɹèɪɴtt͡ɕáʊɴ]
    ဖြစ်ပြီးကေ ဖြစ်အံ့ အမှု ရို့အတွက် စိုးရိမ်ခြင်း၊ သံသယ ဖြစ်ခြင်း ရို့နန့်နိူင်း၍ အလွန် စိတ် မတည် မငြိမ်ခြင်းကို ခံစားရရေအနိန်နန့်
    ဖြစ်ပြီး ဖြစ်လတ္တံ့ အမှု တို့အတွက် စိုးရိမ်ခြင်း၊ သံသယ ဖြစ်ခြင်း တို့နှင့်ယှဉ်၍ အလွန် စိတ် မတည် မငြိမ်ခြင်းကို ခံစားရသော အားဖြင့်
    worry-doubt
    ကြိယာဝိသေသန

    စိုရီစိုရွား

    [sÒɹísÒɹWà]
    ဆံပင် အဝတ် အစဟိစွာ အစွန်း အမြိတ် အစဟိစွာ မသပ် မရပ် ဖြစ်ဗျာယ်။ ပုံပန်း အနိန်အထား ဟန်မကျရေ ဖြစ်ပနာ
    ဆံပင် အဝတ် စသည် အစွန်း အမြိတ် စသည် မသပ် မရပ် ဖြစ်လျက်။ ပုံပန်း အနေအထား ဟန်မကျသည် ဖြစ်၍
    unneat
    ကြိယာဝိသေသန

    စိုရီစိုရွှမ်း

    [sÒɹísÒɹW̯áɴ]
    ရေ၊ အရည် စွတ်ဗျာယ်
    ရေ၊ အရည် စိုစွတ်လျက်
    wet
    ကြိယာဝိသေသန

    စိုရီစိုရွှမ်း၂

    [sÒɹísÒɹW̯áɴ၂]
    ရေ တနည်း အရည်များစွာ စွတ်စိုနိန်ရေ
    ရေ သို့မဟုတ် အရည်များစွာ စွတ်စိုနေသော
    wet
    နာမဝိသေသန

    စိုအိအိ

    [sÒʔìʔì]
    မစို ကျီမသွိ့ ဖြစ်ရေ။ စိုထိုင်းသော
    မစို မခြောက် ဖြစ်သော။ စိုထိုင်းသော
    wet
    နာမဝိသေသန

    စီ

    [sí]
    (အမှု ဆောင်ရွက်ရန်) ခိုင်းရေ။ ၂၊ (တပါး ဒေသမာ ကိစ္စ တစုံ တခုကို ဆောင်ရွက်ရန်) ရွှတ်ရေ။ ၃၊ တခုနန့် တခု တကောင်နန့် တကောင် အစိုင်လိုက်ပြီးကေ တည်ဟိရေ။ ၄၊ တခု ထက်မာ တခု ဆင့်ပနာ ဖြစ်စီ၊ ဖီးချင်း ကပ်၍ ဖြစ်စီ၊ ထက် အောက် ဖြစ်စီ၊ တည်ဟိရေ။ ၅၊ တခု
    (အမှု ဆောင်ရွက်ရန်) ခိုင်းသည်။ ၂၊ (တပါး ဒေသတွင် ကိစ္စ တစ်စုံ တစ်ခုကို ဆောင်ရွက်ရန်) လွှတ်သည်။ ၃၊ တစ်ခုနှင့် တစ်ခု တစ်ကောင်နှင့် တစ်ကောင် အစဉ်လိုက်၍ တည်ရှိသည်။ ၄၊ တစ်ခု ထက်တွင် တစ်ခု ဆင့်၍ ဖြစ်စေ၊ ဘေးချင်း ကပ်၍ ဖြစ်စေ၊ ထက် အောက် ဖြစ်စေ၊ တည်ရှိသည်။ ၅၊ တစ်ခု
    compose
    ကြိယာ

    စီး

    [sï]
    ပျစ်ချွဲ၍ ကပ်ငြိရေ အစွမ်းဟိရေ
    ပျစ်ချွဲ၍ ကပ်ငြိသည့် အစွမ်းရှိသော
    sticky
    နာမဝိသေသန

    စီ၂

    [sí၂]
    ပီးရာမာ ပင်ဖြစ်ဖြစ်၊ အခွင့် တောင်းရာမာ ပင်ဖြစ်ဖြစ် သုံးရရေ စကားလုံး
    ပေးရာတွင် လည်းကောင်း၊ အခွင့် တောင်းရာတွင် လည်းကောင်း သုံးရသော စကားလုံး
    request
    ပစ္စည်း

    စီး၂

    [sï၂]
    လောင်း၊ ဂါရီ၊ ရထား အစဟိရေ ယာဉ်ထက်ရို့ တက်ပနာ လိုက်ပါရေ။ လိုရာသို့ လိုက်လားသည်
    လှေ၊ လှည်း၊ ရထား စသော ယာဉ်ပေါ်သို့ တက်၍ လိုက်ပါသည်။ လိုရာသို့ လိုက်သွားသည်
    ride
    ကြိယာ

    စီး၃

    [sï၃]
    စီးနင်း လားရရေ သက်ဟိ သက်မဲ့ ရို့ကို ရွီတွက်ရာမာ သုံးရရေ စကားလုံး
    စီးနင်း သွားရသော သက်ရှိ သက်မဲ့ တို့ကို ရေတွက်ရာ၌ သုံးရသော စကားလုံး
    ride
    ပစ္စည်း

    စီး၄

    [sï၄]
    အမြင့်မှ အနိမ့်သို့ အရည် လျောဆင်းရေ
    အမြင့်မှ အနိမ့်သို့ အရည် လျောဆင်းသည်
    flow
    ကြိယာ

    စီးကပ်

    [sïkaʔ]
    ကော်ရည် ပိုင် ပျစ်ချွဲ၍ တွယ်ကပ်ရေ အစွမ်းဟိရေ
    ကော်ရည် ကဲ့သို့ ပျစ်ချွဲ၍ တွယ်ကပ်သည့် အစွမ်းရှိသော
    sticky
    နာမဝိသေသန