Dictionary Entries
Showing 101–120 of 1,587 words
စ
စကားပျက်၂
[skáprɛʔ၂]
Arakanese:
ကတိ ပျက်ရေ။ ချွတ်ယွင်း သည်
Burmese:
ကတိ ပျက်သည်။ ချွတ်ယွင်း သည်
English:
fail to keep a promise
Grammar Note:
ကြိယာ
စကားပြင်
[skápɹɪ̀ɴ]
Arakanese:
မလွယ် မကူ ကွဲပြားသော အသစ် အဆန်းကို ပြောဆို ရရေ။ ၂၊ အစီ အစိုင် အကိုး အကား အထောက် အထား မဟိဘဲ ဆားမရရီမရ ပြောသော စကား
Burmese:
မလွယ် မကူ ကွဲပြားသော အသစ် အဆန်းကို ပြောဆို ရသည်။ ၂၊ အစီ အစဉ် အကိုး အကား အထောက် အထား မရှိပဲ ပေါက်ကရ ပြောသော စကား
English:
talk
Grammar Note:
နာမ်
စကားပြင်၂
[skápɹɪ̀ɴ၂]
Arakanese:
ကာရန် အချိတ် အဆက် အသံ အနေ အထားဖြင့် ရီးရေ မဟုတ်ရေ စာ
Burmese:
ကာရန် အချိတ် အဆက် အသံ အနေ အထားဖြင့် ရေးသည် မဟုတ်သော စာ
English:
prose
Grammar Note:
နာမ်
စကားပြန်
[skápɹàɴ]
Arakanese:
သိလိုရေ အကြောင်း အဖြီရရန် တောင်းဆိုချက်ကို အတုံ့အနိန်နန့် ဖြေဆိုရေ စကား။ ၂၊ စကား မတူ သူနှစ်ဦး အကြားမာ (နားလည်ယောင်) အရာ ဘာသာ စကားဖြင့် ပြောင်းလဲ ပြောပြခြင်း တနည်း ယင်း နှစ်ဦးမာ တဦး ဦးသော စကားဖြင့် ပြောပြခြင်း
Burmese:
သိလိုသော အကြောင်း အဖြေရရန် တောင်းဆိုချက်ကို အတုံ့ အားဖြင့် ဖြေဆိုသော စကား။ ၂၊ စကား မတူ သူနှစ်ဦး အကြားတွင် (နားလည်အောင်) အခြား ဘာသာ စကားဖြင့် ပြောင်းလဲ ပြောပြခြင်း သို့မဟုတ် ယင်း နှစ်ဦးတွင် တစ်ဦး ဦးသော စကားဖြင့် ပြောပြခြင်း
English:
interpreter
Grammar Note:
နာမ်
စကားပြန်ထိုး
[skápɹàɴtʰó]
Arakanese:
လူကြီး၊ မိဘ၊ ဆရာသမား ရို့ကို ပြန်ခံ၍ ပြောဆိုရေ။ နှုတ်လှန် ထိုးသည်
Burmese:
လူကြီး၊ မိဘ၊ ဆရာသမား တို့ကို ပြန်ခံ၍ ပြောဆိုသည်။ နှုတ်လှန် ထိုးသည်
English:
impudent
Grammar Note:
ကြိယာ
စကားပြေ
[skápɹè]
Arakanese:
ကာရန် အချိတ် အဆက် အသံ အနေ အထားဖြင့် ရီးရေ မဟုတ်ရေ စာ
Burmese:
ကာရန် အချိတ် အဆက် အသံ အနေ အထားဖြင့် ရေးသည် မဟုတ်သော စာ
English:
prose
Grammar Note:
နာမ်
စကားပြော
[skápɹɔ́]
Arakanese:
မလွယ် မကူ ကွဲပြားသော အသစ် အဆန်းကို ပြောဆို ရရေ
Burmese:
မလွယ် မကူ ကွဲပြားသော အသစ် အဆန်းကို ပြောဆို ရသည်
English:
talk
Grammar Note:
ကြိယာ
စကားပြော၂
[skápɹɔ́၂]
Arakanese:
(ဥပစာ) ဖြစ်ပျက်မှု အခြင်း အရာ စစွာကို ဖေါ်ထုတ်ပနာ အသိ ပီးရေ
Burmese:
(ဥပစာ) ဖြစ်ပျက်မှု အခြင်း အရာ စသည်ကို ဖေါ်ထုတ်၍ အသိ ပေးသည်
English:
announce
Grammar Note:
ကြိယာ
စကားဖမ်း
[skápʰáɴ]
Arakanese:
စကား ပြောရာမာ ပျော့ကွက် စွာကွက်တိကို အရ မိအောင် (ထွတ်) ယူရေ
Burmese:
စကား ပြောရာတွင် ပျော့ကွက် ဟာကွက်များကို အရ မိအောင် (နှိုက်) ယူသည်
English:
none
Grammar Note:
ကြိယာ
စကားဖြတ်
[skápʰɹaʔ]
Arakanese:
တိုတိုနန့် လိုရင်း ပြောရေ
Burmese:
တိုတိုနှင့် လိုရင်း ပြောသည်
English:
summarize
Grammar Note:
ကြိယာ
စကားဖြတ်ထိုး
[skápʰɹaʔtʰó]
Arakanese:
ဖီးကလူ အကြားမှ ဝင်ဖေါက် ပြောဆိုရေ။ ကြား ဖေါက်သည်
Burmese:
ဘေးကလူ အကြားမှ ဝင်ဖေါက် ပြောဆိုသည်။ ကြား ဖေါက်သည်
English:
intercept
Grammar Note:
ကြိယာ
စကားမစပ်
[skámsaʔ]
Arakanese:
စကား အဆက် အစပ်မဟိပါရာ ကြားဖေါက်ဗျာယ်
Burmese:
စကား အဆက် အစပ်မရှိပါပဲ ကြားဖေါက်လျက်
English:
by the way
Grammar Note:
ကြိယာဝိသေသန
စကားမိတ်ဖွဲ့
[skámeɪʔpʰwé]
Arakanese:
နှစ်သက် သဖောကျမှုချင်း တူညီကာ အာရုံ၌ သက်ဝင်ပြီးကေ စိတ်ဝင်စား ကိုယ်ပါ စကား ပြောရေ
Burmese:
နှစ်သက် သဘော ကျမှုချင်း တူညီကာ အာရုံ၌ သက်ဝင်၍ စိတ်ပါ ကိုယ်ပါ စကား ပြောသည်
English:
chat
Grammar Note:
ကြိယာ
စကားမိန်းချ
[skáméɪɴɕ]
Arakanese:
တချက်လွတ် အမိန့် အာဏာ ချမှတ် လိုက်ရေ
Burmese:
တစ်ချက်လွှတ် အမိန့် အာဏာ ချမှတ် လိုက်သည်
English:
order
Grammar Note:
ကြိယာ
စကားမိန်းချ၂
[skáméɪɴɕ၂]
Arakanese:
(စကားကို) သီသီ ချာချာ။ အပြည့် အစုံ။ ကြွင်းလပ်ခြင်း မဟိ ပြည့်စုံစွာ။ (စစ်ဆီး မီးမြန်း သည်)
Burmese:
(စကားကို) သေသေ ချာချာ။ အပြည့် အစုံ။ ကြွင်းလပ်ခြင်း မရှိ ပြည့်စုံစွာ။ (စစ်ဆေး မေးမြန်း သည်)
English:
perfectly
Grammar Note:
ကြိယာဝိသေသန
စကားမိန်းမရ
[skáméɪɴmɹ]
Arakanese:
အပြန် အလှန် စကား ပြောဆို ခွင့်မရ ဖြစ်တေ။ ၂၊ သတိလစ် မေ့မော နိန်ရေ။ မေ့မျိုး နိန်ရေ
Burmese:
အပြန် အလှန် စကား ပြောဆို ခွင့်မရ ဖြစ်သည်။ ၂၊ သတိလစ် မေ့မော နေသည်။ မေ့မျော နေသည်
English:
faint
Grammar Note:
ကြိယာဝိသေသန
စကားများ
[skámrá]
Arakanese:
စကားကို အလွန် အကျွံ ပြောရေ။ ၂။ တယောက်နန့် တယောက် စကားကို အချေ အတင် ပြောဆို ကတ်တေ။ တဦးနန့် တဦး မသင့် မတင့် ပြုမူ ပြောဆိုရေ။ ရန်ပွဲ ဖြစ်တေ
Burmese:
စကားကို အလွန် အကျွံ ပြောသည်။ ၂။ တစ်ယောက်နှင့် တစ်ယောက် စကားကို အချေ အတင် ပြောဆို ကြသည်။ တစ်ဦးနှင့် တစ်ဦး မသင့် မတင့် ပြုမူ ပြောဆိုသည်။ ရန်ပွဲ ဖြစ်သည်
English:
quarrel
Grammar Note:
ကြိယာ
စကားမျောက်
[skámrɔ́ɛʔ]
Arakanese:
စကား ပြောဆိုရာမာ အထိန်း အသိမ်း အစောင့် အစည်း နည်းရေ။ တွိ့ကရာ တောင်စဉ် ရေမရ ပြောဆိုရေ
Burmese:
စကား ပြောဆိုရာတွင် အထိန်း အသိမ်း အစောင့် အစည်း နည်းသည်။ တွေ့ကရာ တောင်စဉ် ရေမရ ပြောဆိုသည်
English:
none
Grammar Note:
ကြိယာ
စကားမြွက်
[skámWɹɛʔ]
Arakanese:
သိသာ ရုံမျှ ပြောသော စကား။ အကျိုင်းမျှ ပြောသော စကား
Burmese:
သိသာ ရုံမျှ ပြောသော စကား။ အကျဉ်းမျှ ပြောသော စကား
English:
hint
Grammar Note:
နာမ်
စကားယင်း
[skájɪ́ɴ]
Arakanese:
စကားကို ရစ်ဝဲဝဲ ပတ်ချာ လည်ယောင် ပြောရေ
Burmese:
စကားကို ရစ်ဝဲဝဲ ပတ်ချာ လည်အောင် ပြောသည်
English:
Long-winded
Grammar Note:
ကြိယာ