Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,221–1,240 of 1,587 words

    စ

    စီပါး

    [sípàး]
    ရပ်ဝီး မြေတာသို့ တခုတရီ အမှု ဆောင်ရွက်ရန် စီလွှတ်ပနာ ခိုင်းသည်
    ရပ်ဝေး မြေတာသို့ တစ်စုံတစ်ခု အမှု ဆောင်ရွက်ရန် စေလွှတ်၍ ခိုင်းသည်
    duty for raveling
    ကြိယာ

    စီပါး၂

    [sípàး၂]
    အငှားသမား။ အခ ကြီးငွီ ယူပနာ အိမ်ကု ကိစ္စ အဝဝကို ဆောင်ရွက် ပီးရသူ
    အစေခံ။ အခ ကြေးငွေ ယူ၍ အိမ်မှု ကိစ္စ အဝဝကို ဆောင်ရွက် ပေးရသူ
    servant
    နာမ်

    စီးပွား

    [sïpWà]
    တိုးတက် များပြား လာရေ
    တိုးတက် များပြား လာသည်
    commercial enterprise
    ကြိယာ

    စီးပွား၂

    [sïpWà၂]
    ဥစ္စာ ရတနာ။ အကျိုး
    ဥစ္စာ ရတနာ။ အကျိုး
    property-possession
    နာမ်

    စီးပွားရေး

    [sïpWàɹé]
    ဝန် ဥစ္စာကို ရယောင် အားထုတ်ပနာ သိမ်းဆည်း သိုမှီးခြင်း
    ပစ္စည်း ဥစ္စာကို ရအောင် အားထုတ်၍ သိမ်းဆည်း သိုမှီးခြင်း
    economy-financial condition
    နာမ်

    စီးဖြန်း

    [sïpʰɹáɴ]
    တခုခုသော တရား သဘောကို အဖန် တလဲလဲ နှလုံးသွင်းခြင်း ရို့နန့် ပွားတိုး စီရေ
    တစ်ခုခုသော တရား သဘောကို အဖန် တလဲလဲ နှလုံးသွင်းခြင်း တို့ဖြင့် ပွားတိုး စေသည်
    meditate
    ကြိယာ

    စီမံ

    [símံ]
    ပြုလုပ် ဆောင်ရွက် ဖန်တီးရေ။ ခန့်ခွဲသည်
    ပြုလုပ် ဆောင်ရွက် ဖန်တီးသည်။ ခန့်ခွဲသည်
    plan-manage
    ကြိယာ

    စီမံကိန်း

    [símံkéɪɴ]
    အကျိုး ကျေးဇု တခုတရီ ပေါ်ထွက်ရန် ဇာမျိုး ဇာပုံ လုပ်ကိုင် ဆောင်ရွက် ရစွာကို နီရာတကျ ရီးဆွဲ ချမှတ် ထားရေ လုပ်ငန်း အစီအမံ
    အကျိုး ကျေးဇူး တစ်စုံတစ်ရာ ပေါ်ထွက်ရန် မည်သို့ မည်ပုံ လုပ်ကိုင် ဆောင်ရွက် ရသည်ကို နေရာတကျ ရေးဆွဲ ချမှတ် ထားသော လုပ်ငန်း အစီအမံ
    project
    နာမ်

    စီမံချက်

    [símံɕɛʔ]
    အမှုကိစ္စ တခုခုကို ဖြစ်မြောက်အောင် ကြိုးပမ်းရန် ဇာပိုင် ပြုလုပ် ဆောင်ရွက် ရဖို့ အစဟိစွာရို့ကို နီရာတကျ စာဖြင့် ရီးမှတ် ထားခြင်း
    အမှုကိစ္စ တစ်စုံ တစ်ရာကို ဖြစ်မြောက်အောင် ကြိုးပမ်းရန် မည်သို့ ပြုလုပ် ဆောင်ရွက် ရမည် စသည်တို့ကို နေရာတကျ စာဖြင့် ရေးမှတ် ထားခြင်း
    implementation plan
    နာမ်

    စီယဉ်း

    [síjɪ́ɴ]
    မျက်လုံး မပွင့် တပွင့် ဖြစ်ယောင် မျက်ခွံချင်း နီးကပ်သူ။ မျက်ပေါက် ကျဉ်းသူ။ ၂၊ မျက်ခွံကို အနည်း ငယ်သာ ဖွင့်ကြည့်သူ
    မျက်လုံး မပွင့် တပွင့် ဖြစ်အောင် မျက်ခွံချင်း နီးကပ်သူ။ မျက်ပေါက် ကျဉ်းသူ။ ၂၊ မျက်ခွံကို အနည်း ငယ်သာ ဖွင့်ကြည့်သူ
    narrow eye
    နာမ်

    စီရင်

    [síɹɪ̀ɴ]
    အသီ သတ်ရေ။ အဆုံး စီရင်ရေ။ ၂၊ အမှု တခုခုကို လုပ်ဆောင်ရန် ညွန်ကြားရေ။ ပြုစီရေ။ လုပ်စီရေ။ ၃၊ (တရားလူကြီးက) မှုခင်း တခုခုကို မားရေ၊ မှန်သည် အစဟိစွာနန့် ပိုင်းခြား သတ်မှတ် ပီးရေ။ ဆုံးဖြတ်ပီးရေ
    အသေ သတ်သည်။ အဆုံး စီရင်သည်။ ၂၊ အမှု တစ်ခုခုကို လုပ်ဆောင်ရန် ညွန်ကြားသည်။ ပြုစေသည်။ လုပ်စေသည်။ ၃၊ (တရားသူကြီးက) မှုခင်း တစ်ခုခုကို မှားသည်၊ မှန်သည် စသည်ဖြင့် ပိုင်းခြား သတ်မှတ် ပေးသည်။ ဆုံးဖြတ်ပေးသည်
    suicide-pass judgement
    ကြိယာ

    စီရင်ချက်

    [síɹɪ̀ɴɕɛʔ]
    အမှု တခုခုကို ပြီးပြတ်အောင် ဆုံးဖြတ်ခြင်း။ ၂၊ အပြီးအပိုင် ပြီးပြတ် စီခြင်း
    အမှု တစ်စုံ တစ်ရာကို ပြီးပြတ်အောင် ဆုံးဖြတ်ခြင်း။ ၂၊ အပြီးအပိုင် ပြီးပြတ် စေခြင်း
    judgement
    နာမ်

    စီရင်ထုံး

    [síɹɪ̀ɴtʰóʊɴ]
    တစုံ တရာ အမှုကို မားရေ၊ မှန်သည် အစဟိစွာအနိန်နန့် မီးမြန်း၍ အပြီးအပိုင် ပိုင်းခြား သတ်မှတ်ပြီး ပြတ်စေ ရာမာ ရှေးဓလိ့ ထုံးစိုင်အတိုင်း မှန်ကန်သော ဆုံးဖြတ်ချက်
    တစ်စုံ တစ်ရာ အမှုကို မှားသည်၊ မှန်သည် စသည်ဖြင့် မေးမြန်း၍ အပြီးအပိုင် ပိုင်းခြား သတ်မှတ်ပြီး ပြတ်စေ ရာတွင် ရှေးဓလေ့ ထုံးစံအတိုင်း မှန်ကန်သော ဆုံးဖြတ်ချက်
    precedent
    နာမ်

    စီရရီရီခပ်အစို့

    [síɹɹíɹíkʰaʔʔso̰]
    လုပ်ငန်းအလိုက် ခွဲခြား သတ်မှတ် ထားရေ ရှီးခေတ် ရီခပ် မင်းမှုထမ်း အစု။ အစို့
    လုပ်ငန်းအလိုက် ခွဲခြား သတ်မှတ် ထားသော ရှေးခေတ် ရေခပ် မင်းမှုထမ်း အစု။ အစို့
    group
    နာမ်

    စီရီရီ

    [síɹíɹí]
    အစီအရီ။ မကန်မဝှန်။ ၂။ အမျိုးအမည် အစဟိစွာ များပြားစွာ။ ၃၊ ပြည့်နှက် ပျစ်ဗျာယ်
    အစီအရီ။ အများအပြား။ ၂။ အမျိုးအမည် စသည် များပြားစွာ။ ၃၊ ပြည့်နှက် ပြွတ်သိပ်လျက်
    many
    ကြိယာဝိသေသန

    စီရောင်ဘာရောင်

    [síɹàʊɴbʱàɹàʊɴ]
    အသံ၊ လူထု အစဟိစွာ ကျီရောင်ဘာရောင်၊ အုတ်အာ ဆစ္ဆီ။ ၂၊ အန္တရာယ် တခုခုကြောင့် လူများ ထိတ်လန့် ချောက်ချား ဗလဗွီသတ် လားလာ လှုပ်ယှားဗျာယ်
    အသံ၊ လူထု စသည် ဆူညံစွာ၊ အုတ်အာ သရဲ။ ၂၊ အန္တရာယ် တစ်ခုခုကြောင့် လူများ ထိတ်လန့် ချောက်ချား ရှုပ်ထွေး သွားလာ လှုပ်ရှားလျက်
    very loud
    ကြိယာဝိသေသန

    စီလောင်ဘာလောင်

    [sílàʊɴbʱàlàʊɴ]
    ဆူဆူ ညံညံ။ အုတ်အုတ် ကျက်ကျက်။ ၂၊ အန္တရာယ် တခုခုကြောင့် လူများ ထိတ်လန့် ချောက်ချား ဗလဗွီသတ် လားလာ လှုပ်ယှားဗျာယ်
    ဆူဆူ ညံညံ။ အုတ်အုတ် ကျက်ကျက်။ ၂၊ အန္တရာယ် တစ်ခုခုကြောင့် လူများ ထိတ်လန့် ချောက်ချား ရှုပ်ထွေး သွားလာ လှုပ်ရှားလျက်
    clamourously
    ကြိယာဝိသေသန

    စီလွှတ်

    [sílW̯aʔ]
    တစုံ တခုသော အမှု ကိစ္စကို ဆောင်ရွက်ရန် တပါးသော အရပ်သို့ ခိုင်းစီသည်
    တစ်စုံ တစ်ခုသော အမှု ကိစ္စကို ဆောင်ရွက်ရန် တစ်ပါးသော အရပ်သို့ စေခိုင်းသည်
    duty for traveling
    ကြိယာ

    စု

    [soʊ]
    မကွဲ မပြားပဲ တပေါင်းတည်း တည်ဟိရေ။ ၂၊ ကွဲပြား နေစွာကို တပေါင်းတည်း ဖြစ်ယောင် လုပ်ရေ
    မကွဲ မပြားပဲ တပေါင်းတည်း တည်ရှိသည်။ ၂၊ ကွဲပြား နေသည်ကို တပေါင်းတည်း ဖြစ်အောင် လုပ်သည်
    be in a mass-collect or gather
    ကြိယာ

    စုံ

    [sòʊɴ]
    အကပ်အသပ် မဟိ ပြည့်စုံရေ။ အမျိုးအမည် အရွီအတွက် ပြည့်စုံရေ။ ၂၊ နှံ့စပ်ရေ။ စုံလင်ရေ။ ၃၊ တတူ လက်တွဲ ဖြစ်စီသည်
    အကြွင်းအကျန် မယှိ ပြည့်စုံသည်။ အမျိုးအမည် အရေအတွက် ပြည့်စုံသည်။ ၂၊ နှံ့စပ်သည်။ စုံလင်သည်။ ၃၊ အတူ ယှဉ်တွဲ ဖြစ်စေသည်
    complete-in pair-compare
    ကြိယာ