Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,241–1,260 of 1,587 words

    စ

    စုံ၂

    [sòʊɴ၂]
    နှစ်ခု နှစ်ကောင် နှစ်ယောက်၏ အဖြစ်ကို ရွီတွက်ခြင်း။ ၂၊ အရွီအတွက် စိငခြင်းကို ပြသော စကား
    နှစ်ခု နှစ်ကောင် နှစ်ယောက်၏ အဖြစ်ကို ရေတွက်ခြင်း။ ၂၊ အရေအတွက် စေ့ငခြင်းကို ပြသော စကား
    pair
    နာမ်

    စုံကန်

    [sòʊɴkàɴ]
    ခြီထောက် နှစ်ချောင်းနန့် (တပြိုင်တည်း) ခုန်၍ ကျောက်ရေ
    ခြေထောက် နှစ်ချောင်းနှင့် (တပြိုင်နက်) ခုန်၍ ကန်သည်
    kick
    ကြိယာ

    စုံကန်း

    [sòʊɴkáɴ]
    မျက်စိ နှစ်ဘက်စလုံး ကွယ်ရေ။ ပျက်ရေ။ ကန်းသည်
    မျက်စိ နှစ်ဘက်စလုံး ကွယ်သည်။ ပျက်သည်။ ကန်းသည်
    blind
    ကြိယာ

    စုံကန်၂

    [sòʊɴkàɴ၂]
    (ဥပစာ) ထောက်ထား စာနာမှု မဟိပဲ ယှောင်ဖယ် ထွက်ခွာ လားရေ
    (ဥပစာ) ထောက်ထား စာနာမှု မယှိပဲ ဖဲကြဉ် ထွက်ခွာ သွားသည်
    avoid-shun
    ကြိယာ

    စုကိုင်

    [soʊkàɪɴ]
    တသီး တခြားစီ ဟိနီစွာကို တပေါင်းတည်း၊ တခုတည်း၊ တစုတည်း အဖြစ်ဖြင့် ချုပ်ကိုင်သည်
    တစ်သီး တစ်ခြားစီ ရှိနေသည်ကို တပေါင်းတည်း၊ တခုတည်း၊ တစုတည်း အဖြစ်ဖြင့် ချုပ်ကိုင်သည်
    hold together
    ကြိယာ

    စုံကိုင်

    [sòʊɴkàɪɴ]
    (ခြေနှစ်ဖက် လက်နှစ်ဖက်ကို) ပူးတွဲ (ကိုင်)သည်
    (ခြေနှစ်ဖက် လက်နှစ်ဖက်ကို) ပူးတွဲ (ကိုင်)သည်
    attach
    ကြိယာ

    စုစည်း

    [soʊsɛ́]
    တနီရာ တည်းမာ ပေါင်းစုရေ။ စုငင်သိမ်းခြုံသည်
    တစ်နေရာ တည်းတွင် ပေါင်းစုသည်။ စုငင်သိမ်းခြုံသည်
    collect and organize
    ကြိယာ

    စုံစမ်း

    [sòʊɴsáɴ]
    မူလ အရင်းခံ သဘောကို သိရယောင် မီးမြန်း ဆင်ခြင် စိုင်းစားသည်
    မူလ အရင်းခံ သဘောကို သိရအောင် မေးမြန်း ဆင်ခြင် စဉ်းစားသည်
    enquire-investigate
    ကြိယာ

    စုစု

    [soʊsoʊ]
    အားလုံး။ အားလုံး
    အားလုံး။ အလုံးစုံ
    all
    နာမ်

    စုံးစုံး

    [sóʊɴsóʊɴ]
    လုံးလုံး (နစ်မြုပ် ကွယ်ပျောက်ဗျာယ်)
    လုံးလုံး (နစ်မြုပ် ပျောက်ကွယ်လျက်)
    disappear completely
    ကြိယာဝိသေသန

    စုစု၂

    [soʊsoʊ၂]
    စုစုဟု ဆို၍ အချေကို ချော့သည်
    စုစုဟု ဆို၍ ကလေးကို ချော့သည်
    none
    ကြိယာ

    စုစုရုံးရုံး

    [soʊsoʊɹóʊɴɹóʊɴ]
    ညီညီ ညွတ်ညွတ် ပူးပေါင်းဗျာယ်
    ညီညီ ညွတ်ညွတ် ပူးပေါင်းလျက်
    together
    ကြိယာဝိသေသန

    စုဆောင်း

    [soʊsʰáʊɴ]
    ဝန်ကို ရှာဖွီ ရယူပနာ စနစ်တကျ ထိန်းသိမ်းသည်
    ပစ္စည်းကို ရှာဖွေ ရယူ၍ စနစ်တကျ ထိန်းသိမ်းသည်
    keep-save
    ကြိယာ

    စုံဆွဲ

    [sòʊɴsʰwɛ]
    ပျိုးပင်များ အပင်ငယ်တိကို လက်နှစ်ဖက်ဖြင့် နှုတ်ယူခြင်း
    ပျိုးပင်များ အပင်ငယ်များကို လက်နှစ်ဖက်ဖြင့် နှုတ်ယူခြင်း
    deduct
    နာမ်

    စုံဆွဲ၂

    [sòʊɴsʰwɛ၂]
    ယင်းပိုင် လက်နှစ် ဖက်ဖြင့် နှုတ်ယူရေ
    ယင်းသို့ လက်နှစ် ဖက်ဖြင့် နှုတ်ယူသည်
    deduct
    ကြိယာ

    စုံညီ

    [sòʊɴɲí]
    အားလုံး တလုံး တစည်းတည်း တပေါင်းတည်း ဖြစ်တေ။ ထပ်တူ ထပ်မျှ ဖြစ်တေ
    အားလုံး တစ်လုံး တစ်စည်းတည်း တစ်ပေါင်းတည်း ဖြစ်သည်။ ထပ်တူ ထပ်မျှ ဖြစ်သည်
    equally
    ကြိယာ

    စုတိ

    [soʊtì]
    သီလွန်သည်
    သေလွန်သည်
    die-pass away
    ကြိယာ

    စုတေ့

    [soʊtḛ]
    သီရေ။ သီလွန်သည်
    သေသည်။ သေလွန်သည်
    die-pass away
    ကြိယာ

    စုတ်

    [soʊʔ]
    တစုံ တခုခုမာ ရီးခြစ် ရရေ သံချွန်။ ၂၊ အမွီးရို့ကို စုစည်းပနာ ပြုလုပ် ထားရေ ပဂျီ ကိရိယာ
    တစ်စုံ တစ်ခုစသည်တွင် ရေးခြစ် ရသော သံချွန်။ ၂၊ အမွေးတို့ကို စုစည်း၍ ပြုလုပ် ထားသော ပန်းချီ ကိရိယာ
    brush-paintbrush
    နာမ်

    စုတ်၂

    [soʊʔ၂]
    (ဗေဒင် ဆိုင်ရာ) တစုံ တခု ရဖွယ် ဝင်ဖွယ် ဟိရေ လာဘ်လာဘ
    (ဗေဒင် ဆိုင်ရာ) တစ်စုံ တစ်ခု ရဖွယ် ဝင်ဖွယ် ရှိသော လာဘ်လာဘ
    bribe
    နာမ်