Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,341–1,360 of 1,587 words

    စ

    စူး

    [sùး]
    ဖြောင့်ရေ။ တည့်ရေ။ ၂၊ ချွန်ထက်သော အရာ ဖေါက်ထွင်း ဝင်ရောက်ရေ။ ၃၊ မုန်းတီးရေ။ ၄၊ ထက်မြက်ရေ။ ၅၊ (မျက်စိ) အမြင်အား ကောင်းရေ။ ၆၊ တစုံ တရာ တစုံ တယောက် အတွက် အထူး ရည်ရွယ် ထားရေ။ ၇၊ ဘုန်းလက်ရုံး တန်ခိုး သတ္တိ ပြည့်ဝသော ကိုယ်စွမ်းရည် ဟိရေ။ ဘုန်းတ
    ဖြောင့်သည်။ တည့်သည်။ ၂၊ ချွန်ထက်သော အရာ ဖေါက်ထွင်း ဝင်ရောက်သည်။ ၃၊ မုန်းတီးသည်။ ၄၊ ထက်မြက်သည်။ ၅၊ (မျက်စိ) အမြင်အား ကောင်းသည်။ ၆၊ တစ်စုံ တစ်ရာ တစ်စုံ တစ်ယောက် အတွက် အထူး ရည်ရွယ် ထားသည်။ ၇၊ ဘုန်းလက်ရုံး တန်ခိုး သတ္တိ ပြည့်ဝသော ကိုယ်စွမ်းရည် ရှိသည်။ ဘုန်းတ
    intend
    ကြိယာ

    စူး၂

    [sùး၂]
    ဖေါက်ထွင်း ဝင်ရောက်နှိုင်ရေ ချွန်ထက်သော အရာ
    ဖေါက်ထွင်း ဝင်ရောက်နိုင်သည့် ချွန်ထက်သော အရာ
    bradawl
    နာမ်

    စူးကရားဝါးကရား

    [sùးkɹáwàးkɹá]
    မလွဲမဖယ်ပဲ။ မျက်စိ စူးစိုက်ဗျာယ်
    မလွဲမဖယ်ပဲ။ မျက်စိ စူးစိုက်လျက်
    stare
    ကြိယာဝိသေသန

    စူကာဆောင့်ကာ

    [sùkàsʰɔ́ɪ̰ɴkà]
    အခဲမကျီ ဖြစ်တေအတွက် နှုတ်ခမ်းကို စူ၍ လက်ခြေ စစွာကို ဆောင့်သည်
    မကျေမနပ် ဖြစ်သောကြောင့် နှုတ်ခမ်းကို စူ၍ လက်ခြေ စသည်ကို ဆောင့်သည်
    pout and sulk
    ကြိယာ

    စူကာအောင့်ကာ

    [sùkàʔɔ́ɪ̰ɴkà]
    အခဲမကျီ ဖြစ်အတွက်နန့် နှုတ်ခမ်းကို စူ၍ လက်ခြေ စစွာကို ဆောင့်ရေ။၂၊ မကျီ မနပ်ခြင်း၊ ပြန်လှန် ခုခံလိုခြင်း၊ စိတ်ကောက်ခြင်း၊ စိတ်တိုခြင်း အစဟိစွာရို့ကို ပြုသည်
    မကျေမနပ် ဖြစ်သောကြောင့် နှုတ်ခမ်းကို စူ၍ လက်ခြေ စသည်ကို ဆောင့်သည်။၂၊ မကျေ မနပ်ခြင်း၊ ပြန်လှန် ခုခံလိုခြင်း၊ စိတ်ကောက်ခြင်း၊ စိတ်တိုခြင်း စသည်တို့ကို ပြုသည်
    pout and sulk
    ကြိယာ

    စူခါဆောင့်ခါ

    [sùkʰàsʰɔ́ɪ̰ɴkʰà]
    ပြစ်တင် ဆိုမြည်ရေ။ ၂၊ မကျီ မနပ်ဖြစ် အတွက်နန့် နှုတ်ခမ်း စူ၍ ခြေလက် အစဟိစွာရို့ကို ခါရေ။ ဆောင့်သည်
    အပြစ်တင် ဆိုမြည်သည်။ ၂၊ မကျေ မနပ်ဖြစ် သောကြောင့် နှုတ်ခမ်း စူ၍ ခြေလက် စသည်တို့ကို ခါသည်။ ဆောင့်သည်
    pout and stamp
    ကြိယာ

    စူးစမ်း

    [sùးsáɴ]
    ခွဲခြမ်း စိတ်ဖြာ၍ အနုစိတ် သိရယောင် လုပ်ရေ
    ခွဲခြမ်း စိတ်ဖြာ၍ အနုစိတ် သိရအောင် လုပ်သည်
    investigate-enquire
    ကြိယာ

    စူးစိုက်

    [sùးsaɪʔ]
    တစုံ တခုသော အာရုံကို စွဲပိုက်မိရေ။ စွဲမြဲသည်
    တစ်စုံ တစ်ခုသော အာရုံကို စွဲပိုက်မိသည်။ စွဲမြဲသည်
    concentrate
    ကြိယာ

    စူးစူး

    [sùးsùး]
    တတည့်။ ဖြောင့်ဖြောင့်။ တန်းတန်း
    တည့်တည့်။ ဖြောင့်ဖြောင့်။ တန်းတန်း
    straight
    ကြိယာဝိသေသန

    စူးစူး၂

    [sùးsùး၂]
    ကိုက်အောင်၊ လိုက်အောင်၊ ဟောင်အောင် ခွီးကို မြှောက်ပင့်ပီး ပီးရေ အသံ။
    ကိုက်အောင်၊ လိုက်အောင်၊ ဟောင်အောင် ခွေးကို လှုံ့ဆော် ပေးသော အသံ။
    ကြိ
    နာမ်

    စူးစူးကားကား

    [sùးsùးkáká]
    မျက်စိကို စူးစိုက်ဗျာယ်
    မျက်စိကို စူးစိုက်လျက်
    Stare
    ကြိယာဝိသေသန

    စူးစူးစိုက်စိုက်

    [sùးsùးsaɪʔsaɪʔ]
    တစုံ တခုသော အာရုံကို စွဲပိုက်မိရေ။ စွဲမြဲသည်
    တစ်စုံ တစ်ခုသော အာရုံကို စွဲပိုက်မိသည်။ စွဲမြဲသည်
    concentrate
    ကြိယာ

    စူဆောင့်

    [sùsʰɔ́ɪ̰ɴ]
    မျက်နှာ မသာမယာနန့် မကျီ မနပ်မှုကို ပြရေ
    မျက်နှာ မသာမယာနှင့် မကျေ မနပ်မှုကို ပြသည်
    pout and stamp
    ကြိယာ

    စူးတိုက်

    [sùးtaɪʔ]
    ကိုက်အောင်၊ လိုက်အောင်၊ ဟောင်အောင် ခွီးကို စူးစူး ဆို၍ လှုပ်ရှားပီးရေ
    ကိုက်အောင်၊ လိုက်အောင်၊ ဟောင်အောင် ခွေးကို စူးစူး ဆို၍ လှုပ်ရှားပေးသည်
    stimulate
    ကြိယာ

    စူရီ

    [sùɹí]
    ကွမ်းရွက်ကို ရွီတွက် ရာမာ ၁၊ ၂၊ ၃၊ အစဟိရေ သင်္ချာနန့် တွဲသုံးရရေ စကားလုံး။ (ကွမ်း ၉၆ ရွက်ကို တစူရီုဟု ခေါ်ရေ။ တဘီရာ လို့လေ့ ခေါ်ရေ။
    ကွမ်းရွက်ကို ရေတွက် ရာတွင် ၁၊ ၂၊ ၃၊ စသော သင်္ချာနှင့် တွဲသုံးရသော စကားလုံး။ (ကွမ်း ၉၆ ရွက်ကို တစ်စူရီုဟု ခေါ်သည်။ တစ်ဘီရာ ဟုလည်း ခေါ်သည်။
    leave
    ပစ္စည်း

    စူရီစူရား

    [sùɹísùɹá]
    ဗရမ်းဗတာ ပြန့်ကြဲဗျာယ်။ ၂၊ သီသပ်ခြင်း မဟိဘဲ၊ စည်းကမ်း မဟိဘဲ
    အစီအစဉ်မကျ ပြန့်ကျဲလျက်။ ၂၊ သေသပ်ခြင်း မရှိပဲ၊ စည်းကမ်း မရှိပဲ
    strewn
    ကြိယာဝိသေသန

    စူလာနဖာ

    [sùlànpʰà]
    ကန့်ကလာ အနွယ်ဝင် ဆီးဖက် ဝင်သော မြေဝပ် ပင်ငယ် တမျိုး။ (ယင်းအပင်ကို သုံးခွက် တခွက်တင် ကြိုသောက်ကေ မှိုကျိတ် ရောဂါ ပျောက်သည် ဟူ၏)
    ကန့်ကလာ အနွယ်ဝင် ဆေးဖက် ဝင်သော မြေဝပ် ပင်ငယ် တစ်မျိုး။ (ယင်းအပင်ကို သုံးခွက် တစ်ခွက်တင် ကြိုသောက်လျှင် မှိုကျိတ် ရောဂါ ပျောက်သည် ဟူ၏)
    kind of official plant (Fumaria parviflora)
    နာမ်

    စူလာမကျီ

    [sùlàmt͡ɕí]
    ချနားမတီ။ (အရွက်ကို ဝမ်းလားဆီး။ ဝမ်းနှုတ်ဆီး အဖြစ် အသုံးပြုရေ။
    ပွေးကိုင်း။ (အရွက်ကို ဝမ်းနှုတ်ဆေး အဖြစ် အသုံးပြုသည်။
    none
    နာမ်

    စူလီကရာ

    [sùlíkɹà]
    ဝန် ပါးပါးချေ့ မျိုးစုံ။ ၂၊ ငယ်ရေ အရီး မပါရေ အရာ။ ၃၊ အရီး မပါရေ ဂရုမပြု လောက်သော အကြောင်း အရာ။ အဖြစ်အပျက်
    ပစ္စည်း အသေးအဖွဲ့ မျိုးစုံ။ ၂၊ သေးငယ်သော အရေး မပါသော အရာ။ ၃၊ အရေး မပါသော ဂရုမပြု လောက်သော အကြောင်း အရာ။ အဖြစ်အပျက်
    adds and ends-miscellaneous article
    နာမ်

    စူးဝင်

    [sùးwɪ̀ɴ]
    ချွန်သော အရာ ထိုးဖေါက်၍ အထဲကို ဝင်ရေ
    ချွန်သော အရာ ထိုးဖေါက်၍ အတွင်းသို့ ဝင်သည်
    penetrate
    ကြိယာ