Dictionary Entries
Showing 1,361–1,380 of 1,587 words
စ
စူးဝေဝေစူး
[sùးwèwèsùး]
Arakanese:
စူးဝေဝေစူး ဆိုပြီး သားကို ချော့၍ သိပ်သည်
Burmese:
စူးဝေဝေစူး ဆိုပြီး သားကို ချော့၍ သိပ်သည်
English:
Cradle-song
Grammar Note:
ကြိယာ
စူးဝေဝေစူး၂
[sùးwèwèsùး၂]
Arakanese:
ယင်းပိုင် ဆို၍ သားကိုချော့၍ သိပ်ခြင်း
Burmese:
ယင်းကဲ့သို့ ဆို၍ သားကိုချော့၍ သိပ်ခြင်း
English:
Cradle-song
Grammar Note:
နာမ်
စူဠာမုနိ
[sùlàmoʊnì]
Arakanese:
တာဝတိံသာ နတ်ပြည်မာ ဘုရား အလောင်းတော် သိဒ္ဓတ္ထ မင်းသား၏ ဆံတော်ကို ဌာပနာမကျဉ်းဖြစ်ပနာ တည်ထားရေ စာတီ
Burmese:
တာဝတိံသာ နတ်ပြည်တွင် ဘုရား အလောင်းတော် သိဒ္ဓတ္ထ မင်းသား၏ ဆံတော်ကို ဌာပနာ၍ တည်ထားသော စေတီ
English:
shrine erected as reliquary for the Bodhisattva’s hair by Indra in his celestial domain
Grammar Note:
နာမ်
စေ
[sè]
Arakanese:
(တစုံ တခု အမှု ကိစ္စကို ဆောင်ရွက်ရန်) ခိုင်းသည်
Burmese:
(တစ်စုံ တစ်ခု အမှု ကိစ္စကို ဆောင်ရွက်ရန်) ခိုင်းသည်
English:
command
Grammar Note:
ကြိယာ
စေခတ်
[sèkʰaʔ]
Arakanese:
အပြစ် တစုံ တရာအတွက် ကြိမ် အစဟိစွာအနိန်နန့် သတ်ရေ။ ၂၊ ဒဏ်ပီးသည်
Burmese:
အပြစ် တစ်စုံ တစ်ရာအတွက် ကြိမ် စသည်ဖြင့် ရိုက်သည်။ ၂၊ ဒဏ်ပေးသည်
English:
punish
Grammar Note:
ကြိယာ
စေတစ်လုံးပိုင်
[sètɪʔlóʊɴpàɪɴ]
Arakanese:
ကိုယ်ရို့ တောင့်တ သမျှကိုဖြစ်စီ၊ ရစီ ဆို၍ အလိုဟိရုံ မျှနန့် ဖြစ်ပေါ် လာစီနှိုင်ရေ တန်ခိုး သတ္တိ။ အရည်အခြင်း
Burmese:
မိမိတို့ တောင့်တ သမျှကိုဖြစ်စေ၊ ရစေ ဆို၍ အလိုရှိရုံ မျှဖြင့် ဖြစ်ပေါ် လာစေနိုင်သော တန်ခိုး သတ္တိ။ အရည်အချင်း
English:
power
Grammar Note:
နာမ်
စေတနာ့ဝန်ထမ်း
[sètna̰wàɴtʰáɴ]
Arakanese:
ပြုလုပ် ဆောင်ရွက်ချက် ကိစ္စကို ကြီးငွီ မယူပဲ ဆောင်ရွက် ပေးခြင်း
Burmese:
ပြုလုပ် ဆောင်ရွက်ချက် ကိစ္စကို ကြေးငွေ မယူပဲ ဆောင်ရွက် ပေးခြင်း
English:
volunteer
Grammar Note:
နာမ်
စေတပ်
[sètaʔ]
Arakanese:
ဒဏ်ငွီ ပီးဆောင် စီရေ။ ဒဏ်တပ်ရေ။ ဒဏ်ခပ်ရေ။
Burmese:
ဒဏ်ငွေ ပေးဆောင် စေသည်။ ဒဏ်ရိုက်သည်
English:
fine
Grammar Note:
ကြိယာ
စေတပ်ခံ
[sètaʔkʰံ]
Arakanese:
ကျူးလွန် မိသော အပြစ် တစုံ တရာအတွက် အအုပ် အချုပ် အကြီးအကဲက ပီးရေ ဒဏ်ကို ခံယူရေ
Burmese:
ကျူးလွန် မိသော အပြစ် တစ်စုံ တစ်ရာအတွက် အအုပ် အချုပ် အကြီးအကဲက ပေးသော ဒဏ်ကို ခံယူသည်
English:
accept punishment
Grammar Note:
ကြိယာ
စေတပ်ငွီ
[sètaʔŋwí]
Arakanese:
အပြစ် တခုတရီ အတွက် အာဏာ ပိုင်ရို့ကို အမိန့်ချ မှတ်သနန့် ပီးဆောင် ရရေ ငွီ
Burmese:
အပြစ် တစ်စုံတစ်ရာ အတွက် အာဏာ ပိုင်တို့ကို အမိန့်ချ မှတ်သဖြင့် ပေးဆောင် ရသော ငွေ
English:
fine
Grammar Note:
နာမ်
စေထိ
[sètʰì]
Arakanese:
အပြစ်ပီး ခံရရေ။ ၂၊ အပြစ် ရောက်ရေ
Burmese:
အပြစ်ပေး ခံရသည်။ ၂၊ အပြစ် ရောက်သည်
English:
punish
Grammar Note:
ကြိယာ
စေးပေါက်
[sépaʊʔ]
Arakanese:
ဝါးလုံးကို အမွှာမွှာ ခွဲစိတ်၍ အပြား ဖြစ်ယောင် ပြုလုပ် ထားရေ ဝါးအပြား
Burmese:
ဝါးလုံးကို အမွှာမွှာ ခွဲစိတ်၍ အပြား ဖြစ်အောင် ပြုလုပ် ထားသော ဝါးအပြား
English:
bamboo flat
Grammar Note:
နာမ်
စေးပေါက်ထရံ
[sépaʊʔtʰɹံ]
Arakanese:
ဝါးလုံးကို အမွှာမွှာ ခွဲစိတ်၍ အပြား ဖြစ်ယောင် ပြုလုပ် ထားရေ ဝါးပြားဖြင့် ရက်လုပ် ထားရေ ထရံ
Burmese:
ဝါးလုံးကို အမွှာမွှာ ခွဲစိတ်၍ အပြား ဖြစ်အောင် ပြုလုပ် ထားသော ဝါးပြားဖြင့် ရက်လုပ် ထားသော ထရံ
English:
bamboo mat
Grammar Note:
နာမ်
စေ့သီး
[sḛθï]
Arakanese:
အောက်ခြမ်း အပေါက်မာ အထက်ခြမ်း အဖု အထဲကို နစ်ဝင်အောင် ဖိကပ် ရရေ စိသီး တမျိုး
Burmese:
အောက်ခြမ်း အပေါက်တွင် အထက်ခြမ်း အဖု အတွင်းသို့ နစ်ဝင်အောင် ဖိကပ် ရသော ကြယ်သီး တစ်မျိုး
English:
button
Grammar Note:
နာမ်
စော
[sɔ́]
Arakanese:
နောက်မကျပဲ ရှီးဦး အလျင်ဖြစ်တေ။ ပိုင်းခြား သတ်မှတ်ထားရေ အချိန် ကာလ၏ အစဦး ကျရေ
Burmese:
နောက်မကျပဲ ရှေးဦး အလျင်ဖြစ်သည်။ ပိုင်းခြား သတ်မှတ်ထားသော အချိန် ကာလ၏ အစဦး ကျသည်
English:
early
Grammar Note:
ကြိယာ
စောက်
[sɔ́ɛʔ]
Arakanese:
အောက်မှ အထက်ကို မြင့်တက်ရေ။ ၂၊ အထက်မှ အောက်ကို နိမ့်ဆင်းရေ
Burmese:
အောက်မှ အထက်သို့ မြင့်တက်သည်။ ၂၊ အထက်မှ အောက်သို့ နိမ့်ဆင်းသည်
English:
up-down
Grammar Note:
ကြိယာ
စောက်၂
[sɔ́ɛʔ၂]
Arakanese:
အနက်။ အမြင့်
Burmese:
အနက်။ အမြင့်
English:
depth-height
Grammar Note:
နာမ်
စောက်ကန်းသား
[sɔ́ɛʔkáɴθá]
Arakanese:
(မမာ့က ယောက်ျားအား) ကြမ်းတမ်းစွာ ကော်ဆဲရေ စကားလုံး
Burmese:
(မိန်းမက ယောက်ျားအား) ကြမ်းတမ်းစွာ ဆဲဆိုသော စကားလုံး
English:
Fuck off
Grammar Note:
နာမ်
စောက်ကျိုးနည်း
[sɔ́ɛʔt͡ɕónɛ́]
Arakanese:
တစုံ တခု အခက်အခဲ ကြုံတွိသော အခါ။ တခုတရီ အားနည်းချက် ဟိရေ အခါရို့မာ ပြောဆိုရေ စကားလုံး
Burmese:
တစ်စုံ တစ်ခု အခက်အခဲ ကြုံကြိုက်သော အခါ။ တစ်စုံတစ်ခု အားနည်းချက် ရှိသော အခါတို့၌ ပြောဆိုသော စကားလုံး
English:
fuck off
Grammar Note:
နာမ်
စောက်ချိုင်
[sɔ́ɛʔɕàɪɴ]
Arakanese:
မမာ့များ တစုံ တခုသော အကြောင်းကြောင့် ဒေါသ ဖြစ်ပနာ စိတ်တို လာရေအခါ ကြမ်းတမ်းစွာ ပစမှ ထွက်ပေါ် လာရေ စကား
Burmese:
မိန်းမများ တစ်စုံ တစ်ခုသော အကြောင်းကြောင့် ဒေါသ ဖြစ်၍ စိတ်တို လာသောအခါ ကြမ်းတမ်းစွာ ပါးစပ်မှ ထွက်ပေါ် လာသော စကား
English:
fuck off
Grammar Note:
နာမ်