Dictionary Entries
Showing 121–140 of 1,587 words
စ
စကားယင့်၂
[skájɪ̰ɴ၂]
Arakanese:
ယင်းပိုင် ပြောသော စကား
Burmese:
ယင်းကဲ့သို့ ပြောသော စကား
English:
be pleasant to the ear
Grammar Note:
နာမ်
စကားယင်း၂
[skájɪ́ɴ၂]
Arakanese:
ယင်းပိုင် ပတ်ချာ လည်ယောင် ပြောဆိုရေ စကား
Burmese:
ယင်းသို့ ပတ်ချာ လည်အောင် ပြောဆိုသော စကား
English:
Long-winded
Grammar Note:
နာမ်
စကားယင်သန်း
[skájɪ̀ɴθáɴ]
Arakanese:
သူ တပါးထက် အလျင် ကြိုတင်ပနာ လမ်းခင်း ပြောဆိုရေ
Burmese:
သူ တစ်ပါးထက် အလျင် ကြိုတင်၍ လမ်းခင်း ပြောဆိုသည်
English:
preface
Grammar Note:
ကြိယာ
စကားယင့််
[skájɪ̀ɴ့်]
Arakanese:
ကြားရသူရို့ နားဝင် ပီယံ ကျအောင် အသံကို သာယာ ဖြည်းညှင်းစွာ (အရှည် ဆွဲပနာ) ပြောရေ
Burmese:
ကြားရသူတို့ နားဝင် ပီယံ ကျအောင် အသံကို သာယာ ဖြည်းညှင်းစွာ (အရှည် ဆွဲ၍) ပြောသည်
English:
be pleasant to the ear
Grammar Note:
ကြိယာ
စကားယောင်
[skájàʊɴ]
Arakanese:
ထိုပိုင်ယှောင် ဒေပိုင်ယှောင်
Burmese:
ဟိုလိုလို သည်လိုလို
English:
ambiguously
Grammar Note:
ကြိယာဝိသေသန
စကားရင်း
[skáɹɪ́ɴ]
Arakanese:
အပို အမိုမပါ လိုရင်းချက် စကား
Burmese:
အပို အမိုမပါ လိုရင်းချက် စကား
English:
radix
Grammar Note:
နာမ်
စကားရာ
[skáɹà]
Arakanese:
ကြိယာကို ကြိယာ၊ နာမ်သို့ ပြောင်းလဲ ရာမာ နောက်က ဆက်တွဲ ရရေ စကားလုံး။ မသေ မချာ အတိ ကျကျ မဟုတ်ဘဲ ယုံမား သံသယဖြင့်
Burmese:
ကြိယာကို ကြိယာ၊ နာမ်သို့ ပြောင်းလဲ ရာတွင် နောက်က ဆက်တွဲ ရသော စကားလုံး။ မသေ မချာ တိတိ ကျကျ မဟုတ်ပဲ ယုံမှား သံသယဖြင့်
English:
uncertain
Grammar Note:
ပစ္စည်း
စကားရိပ်
[skáɹìaʔ]
Arakanese:
ပြောလိုရာ အကြောင်းနန့် ပတ်သက်ရေ အမှတ် လက္ခဏာ ပါရေ စကား
Burmese:
ပြောလိုရာ အကြောင်းနှင့် ပတ်သက်သည့် အမှတ် လက္ခဏာ ပါသော စကား
English:
hint
Grammar Note:
နာမ်
စကားရောခံ
[skáɹɔ́kʰံ]
Arakanese:
ကိုယ်ရို့ ပြောနီရေ နည်းနန့် ခပ်တီတီ သူတိ နည်းတူ လိုက်ပြီးကေ ပြောဆို ပြုမူ နိန်ရေ။ ၂၊ ကိုယ့်ကို ပြောကေလေ့ မကြားယောင် ဆောင်ပြီး ပြောမြဲ ပြောဆို နိန်ရေ
Burmese:
မိမိတို့ ပြောနေသည့် နည်းဖြင့် ခပ်တီတီ သူများ နည်းတူ လိုက်၍ ပြောဆို ပြုမူ နေသည်။ ၂၊ မိမိကို ပြောသော်လည်း မကြားယောင် ဆောင်ပြီး ပြောမြဲ ပြောဆို နေသည်
English:
feign
Grammar Note:
ကြိယာ
စကားရောင်းစကားဝယ်
[skáɹáʊɴskáwɛ̀]
Arakanese:
တယောက် ပါးက တယောက် စကားကို ယူပနာ မသင့် မတင့် ဖြစ်ယောင် ကုန်းချော ရေ။ ရန်တိုက် ရေ။ ၂၊ မမာ့နန့် ယောက်ျား နှစ်ဦးရို့၏ အကြား ဝင်ရောက် ဆက်သွယ် ပီးရေ
Burmese:
တစ်ယောက် ထံမှ တစ်ယောက် စကားကို ယူ၍ မသင့် မတင့် ဖြစ်အောင် ကုန်းချော သည်။ ရန်တိုက် သည်။ ၂၊ မိန်းမနှင့် ယောက်ျား နှစ်ဦးတို့၏ အကြား ဝင်ရောက် ဆက်သွယ် ပေးသည်
English:
instigate or incite enmity
Grammar Note:
ကြိယာ
စကားရောစကားယောင်
[skáɹɔ́skájàʊɴ]
Arakanese:
ထိုပိုင်ယှောင် ဒေပိုင်ယှောင် (ပြောဆို ပြုမူဗျာယ်)။ ယနာနာ (ပြောဗျာယ်)
Burmese:
ဟိုလိုလို သည်လိုလို (ပြောဆို ပြုမူလျက်)။ ယောင်ချာချာ (ပြောလျက်)
English:
ambiguously
Grammar Note:
ကြိယာဝိသေသန
စကားရွဲ့
[skáɹwé]
Arakanese:
အမှန် တရားမှ သွေဖည်သော စကား
Burmese:
အမှန် တရားမှ သွေဖည်သော စကား
English:
persiflage
Grammar Note:
နာမ်
စကားရွဲတိုက်
[skáɹwɛtaɪʔ]
Arakanese:
မခံချင်ရေ သဘောနန့် တမင် တိုင်း ဖီလာ လန့်ဆန့် ပြောဆို ပြုမူရေ။ အရိပ်ကျလောင်းာက်ရေစကားဖြင့် ပြောဆို ပြုမူရေ။ ထိခိုက် ပုတ်ခတ် ပြောဆိုရေ
Burmese:
မခံချင်သည့် သဘောဖြင့် တမင် တကာ ဖီလာ ကန့်လန့် ပြောဆို ပြုမူသည်။ သွယ်ဝိုက်သော စကားဖြင့် ပြောဆို ပြုမူသည်။ ထိခိုက် ပုတ်ခတ် ပြောဆိုသည်
English:
slander
Grammar Note:
ကြိယာ
စကားရှင်
[skáʃɪ̀ɴ]
Arakanese:
ရည်ရွယ်ရင်း တရပ်ရပ်ကို တိကျ သေချာစွာ ဖေါ်ထုတ်ခြင်း မပြုပဲ နှစ်ဘက် နှစ်လမ်း လုပ်သာယောင် ပြောသော စကား
Burmese:
ရည်ရွယ်ရင်း တစ်ရပ်ရပ်ကို တိကျ သေချာစွာ ဖေါ်ထုတ်ခြင်း မပြုပဲ နှစ်ဘက် နှစ်လမ်း လုပ်သာအောင် ပြောသော စကား
English:
none
Grammar Note:
နာမ်
စကားလာ
[skálà]
Arakanese:
တဖက်သော သူရို့၏ ဆိုလိုချက်
Burmese:
တစ်ဘက်သော သူတို့၏ ဆိုလိုချက်
English:
mean
Grammar Note:
နာမ်
စကားလိမ်
[skálèɪɴ]
Arakanese:
အနက် အဓိပ္ပါယ်ကို ဖေါ်ထုတ်ပနာ မပြောဆိုကား လျှို့ဝှက် ဖုံးကွယ်၍ ပြောဆိုရေ စကား
Burmese:
အနက် အဓိပ္ပါယ်ကို ဖေါ်ထုတ်၍ မပြောဆိုပဲ လျှို့ဝှက် ဖုံးကွယ်၍ ပြောဆိုသော စကား
English:
spoonerism
Grammar Note:
နာမ်
စကားလိုစကားရ
[skálÒskáɹ]
Arakanese:
ပြောလိုရေ ကိစ္စကို အလွယ် တကူ အပြည့် အစုံ ပြောနိုင် သူ။၂၊ စကား ပြောဆိုရာမာ တတ်ကျွမ်း လိမ္မာသူ။ စကား အမျိုးမျိုး အဖုံဖုံ ပြောနိုင်စွမ်း ဟိသူ
Burmese:
ပြောလိုသော ကိစ္စကို အလွယ် တကူ အပြည့် အစုံ ပြောနိုင် သူ။၂၊ စကား ပြောဆိုရာ၌ တတ်ကျွမ်း လိမ္မာသူ။ စကား အမျိုးမျိုး အဖုံဖုံ ပြောနိုင်စွမ်း ရှိသူ
English:
be skillful or clever in conversation
Grammar Note:
နာမ်
စကားလုံး
[skálóʊɴ]
Arakanese:
ဆိုလိုရင်း အဓိပ္ပါယ် ပါဟိရေ စကားခွန်း။ တစုံ တရာသော အနက်ကို ရည်၍ သုံးနှုန်း ပြောဆိုရေ စကား
Burmese:
ဆိုလိုရင်း အဓိပ္ပါယ် ပါရှိသော စကားခွန်း။ တစ်စုံ တစ်ရာသော အနက်ကို ရည်၍ သုံးနှုန်း ပြောဆိုသော စကား
English:
word
Grammar Note:
နာမ်
စကားလွန်
[skálʊ̀ɴ]
Arakanese:
ရိုင်းရိုင်း စိုင်းစိုင်း ပြောဆိုရေ။ ၂၊ ပြောလိုရာ ထက် ပိုပြီးကေ ပြောဆိုရေ
Burmese:
ရိုင်းရိုင်း စိုင်းစိုင်း ပြောဆိုသည်။ ၂၊ ပြောလိုရာ ထက် ပိုမို ပြောဆိုသည်
English:
commit oneself (in speech)
Grammar Note:
ကြိယာ
စကားလှည့်စကားပတ်
[skáɬɛ̰skápaʔ]
Arakanese:
ကိုယ့်သို့ ယုံကြည် လောက်ယောင် လှည့်ပတ်၍ ပြောဆိုရေ
Burmese:
မိမိသို့ ယုံကြည် လောက်အောင် လှည့်ပတ်၍ ပြောဆိုသည်
English:
deceive
Grammar Note:
ကြိယာ