Dictionary Entries
Showing 1,381–1,400 of 1,587 words
စ
စောက်စောက်
[sɔ́ɛʔsɔ́ɛʔ]
Arakanese:
အောက်မှ အထက်ကို မြင့်တက်ရေ။ ၂၊ အထက်မှ အောက်ကို နိမ့်ဆင်းရေ
Burmese:
အောက်မှ အထက်သို့ မြင့်တက်သည်။ ၂၊ အထက်မှ အောက်သို့ နိမ့်ဆင်းသည်
English:
up-down
Grammar Note:
နာမ်
စောက်စောက်ချေ
[sɔ́ɛʔsɔ́ɛʔɕè]
Arakanese:
မနိမ်လွန်း မမြင့်လွန်းသော။ ၂၊ မိုးသောက်ဖက်လွန်းသော
Burmese:
မနိမ်လွန်း မမြင့်လွန်းသော။ ၂၊ မနက်လွန်းသော
English:
not high not short not deep
Grammar Note:
နာမဝိသေသန
စောက်စောက်ထ
[sɔ́ɛʔsɔ́ɛʔtʰ]
Arakanese:
ဖြုတ်ခြည်း ထ ဗျာယ်
Burmese:
ဖြုတ်ချည်း ထ လျက်
English:
stand up
Grammar Note:
ကြိယာဝိသေသန
စောက်စောက်ထောင်
[sɔ́ɛʔsɔ́ɛʔtʰàʊɴ]
Arakanese:
ငေါက်တောက် ထောင်ဗျာယ်။ အထက်ကို တည့်တည့် မတ်မတ် ထောင်ဗျာယ်
Burmese:
ငေါက်တောက် ထောင်လျက်။ အပေါ်သို့ တည့်တည့် မတ်မတ် ထောင်လျက်
English:
straight up
Grammar Note:
ကြိယာဝိသေသန
စောက်စောက်ရပ်
[sɔ́ɛʔsɔ́ɛʔɹaʔ]
Arakanese:
မလှုပ်မယှားတတည့် မတ်မတ် ရပ်ဗျာယ်။ ရပ်စောက် ရပ်ဗျာယ်
Burmese:
မလှုပ်မရှား တည့်တည့် မတ်မတ် ရပ်လျက်။ မတ်တပ် ရပ်လျက်
English:
stand
Grammar Note:
ကြိယာဝိသေသန
စောက်ဆင်
[sɔ́ɛʔsʰɪ̀ɴ]
Arakanese:
ကြမ်းတမ်းသော ရုပ် လက္ခဏာ ဟိရေ
Burmese:
ကြမ်းတမ်းသော ရုပ် လက္ခဏာ ရှိသော
English:
ugly face
Grammar Note:
နာမဝိသေသန
စောက်ထိုး
[sɔ́ɛʔtʰó]
Arakanese:
အထက်ပိုင်း (ဦးပိုင်း) အောက်ကို စိုက်ဗျာယ်။ ၂၊ ထက်အောက် ပြောင်းပြန် ဖြစ်ဗျာယ်
Burmese:
အထက်ပိုင်း (ဦးပိုင်း) အောက်သို့ စိုက်လျက်။ ၂၊ ထက်အောက် ပြောင်းပြန် ဖြစ်လျက်
English:
reverse
Grammar Note:
ကြိယာဝိသေသန
စောက်ထိုးပြောင်းပြန်
[sɔ́ɛʔtʰópɹáʊɴpɹàɴ]
Arakanese:
အထက်ကို ငေါက်တောက် ထောင်ဗျာယ်
Burmese:
အထက်သို့ ငေါက်တောက် ထောင်လျက်
English:
reverse
Grammar Note:
ကြိယာဝိသေသန
စောက်နက်
[sɔ́ɛʔnɛʔ]
Arakanese:
အစောက် အလွန် နက်ရေ
Burmese:
အစောက် အလွန် နက်သော
English:
deep
Grammar Note:
နာမဝိသေသန
စောက်နက်၂
[sɔ́ɛʔnɛʔ၂]
Arakanese:
နစ်နာမှန်း သိပျားကေ ဆက်ပနာ ပြုလုပ်ရေ။ ဇွတ်နစ် ပြုလုပ်ရေ။ ၂၊ မပြန် မလှည့် ဟိကိုရာ တိုးပြီးကေ လုပ်ရေ။ ၃၊ တားမရ၊ ဆီးမရ၊ အားဓမ ဇွတ်တရွတ် လုပ်ရေ
Burmese:
နစ်နာမှန်း သိလျက် ဆက်လက် ပြုလုပ်သည်။ ဇွတ်နစ် ပြုလုပ်သည်။ ၂၊ မပြန် မလှည့် ရှေ့သို့သာ တိုး၍ လုပ်သည်။ ၃၊ တားမရ၊ ဆီးမရ၊ အတင်း ဇွတ်တရွတ် လုပ်သည်
English:
basd on-ahead
Grammar Note:
ကြိယာ
စောက်ပိ
[sɔ́ɛʔpì]
Arakanese:
သတိ လစ်ဟင်းစွာ ယောင်ယမ်း၍ နှုတ်က ထွက်မိခြင်း။ ဗြုန်းခနဲ နှုတ်က ပြောဆို မိခြင်း။ တွက်ဖော် ဆင်ခြင်မှု မဟိဘဲ ပြောဆို မိရေ၏ အဖြစ်။ ယောင်ယမ်း၍ ပြောဆို မိသော စကား
Burmese:
သတိ လစ်ဟင်းစွာ ယောင်ယမ်း၍ နှုတ်မှ ထွက်မိခြင်း။ ရုတ်တရက် နှုတ်မှ ပြောဆို မိခြင်း။ စဉ်းစား ဆင်ခြင်မှု မရှိပဲ ပြောဆို မိသည်၏ အဖြစ်။ ယောင်ယမ်း၍ ပြောဆို မိသော စကား
English:
careless speech
Grammar Note:
နာမ်
စောင်
[sàʊɴ]
Arakanese:
ခြုံရန် ပြုလုပ် ထားရေ ရက်ထည်
Burmese:
ခြုံရန် ပြုလုပ် ထားသော ရက်ထည်
English:
blanket
Grammar Note:
နာမ်
စောင့်
[sɔ́ɪ̰ɴ]
Arakanese:
မျှော်လင့် ရပ်တန့် နားနိန်ရေ။ ၂၊ တစုံ တဦးတလီကို ထိန်းသိမ်း ကြည့်ရှုရေ
Burmese:
မျှော်လင့် ရပ်တန့် နားနေသည်။ ၂၊ တစ်စုံ တစ်ဦးဦးကို ထိန်းသိမ်း ကြည့်ရှုသည်
English:
hope-lookafter
Grammar Note:
ကြိယာ
စောင်း
[sáʊɴ]
Arakanese:
ကြိုးတပ်ပြီးကေ တီးရရေ တူရိယာ တမျိုး
Burmese:
ကြိုးတပ်၍ တီးရသော တူရိယာ တစ်မျိုး
English:
harp
Grammar Note:
နာမ်
စောင်၂
[sàʊɴ၂]
Arakanese:
ကြိယာကို ထောက်ပံ့သော စကားလုံး။ ၂။ တခုခုကို ပြုလုပ်ဖို့ အတွက်တနားချေလောင်းာက် စောင့်ဆိုင်းရန် ဆိုရေ စကားလုံး။ (စားစောင်၊ လားစောင်၊ လုပ်စောင် အစဟိစွာ)။ ၃၊ စာစောင်ဆိုရေ အရွီအတွက်ကို ပြဆိုရေ စကားလုံး
Burmese:
ကြိယာကို ထောက်ပံ့သော စကားလုံး။ ၂။ တစ်စုံ တစ်ရာကို ပြုလုပ်ရန် အတွက် ခဏမျှ စောင့်ဆိုင်းရန် ဟူသော စကားလုံး။ (စားစောင်၊ လားစောင်၊ လုပ်စောင် စသည်)။ ၃၊ စာစောင်ဟူသော အရေအတွက်ကို ပြဆိုသော စကားလုံး
English:
wait
Grammar Note:
ပစ္စည်း
စောင်း၂
[sáʊɴ၂]
Arakanese:
တိမ်းရေ။ ယိမ်းရေ။ နွဲရေ။ စွေရေ။ ကောက်။ မတည့်မမတ်။ ၂။ တိုက်ရိုက် မဟုတ်။ စောင်းခပ်မြောင်းခပ်၍ ပြောဆိုရေ
Burmese:
တိမ်းသည်။ ယိမ်းသည်။ နွဲသည့်။ စွေသည်။ မဖြောင့်မတန်း။ မတည့်မမတ်။ ၂။ တိုက်ရိုက် မဟုတ်။ စောင်းမြောင်း၍ ပြောဆိုသည်
English:
circuitously-indirectly
Grammar Note:
ကြိယာ
စောင်၃
[sàʊɴ၃]
Arakanese:
လိုရေအခါ ကူညီ ဆောင်ရွက်ရန် နံဖီး အပါး၌ အဆင်သင့် လုပ်ထားရေ
Burmese:
လိုသောအခါ ကူညီ ဆောင်ရွက်ရန် အနီး အပါး၌ အဆင်သင့် လုပ်ထားသည်
English:
ready
Grammar Note:
ကြိယာ
စောင်း၃
[sáʊɴ၃]
Arakanese:
နံချင်းပြိုင်ဖက် အရပ်။ ၂၊ အလျားလိုက် နံချင်းပြိုင်သား
Burmese:
နံဘေးဘက် အရပ်။ ၂၊ အလျားလိုက် နံဘေးသား
English:
none
Grammar Note:
နာမ်
စောင်၄
[sàʊɴ၄]
Arakanese:
တီးခတ်သော(ရခိုင်) စည်တူရိယာ၏ ဝဲဘက် မျက်နှာ(တီးခတ်) အော်သံ။ (ညာဘက် မျက်နှာ ဗြိန်း၊ ဝဲဘက် မျက်နှာ စောင်။ ဗြိန်း-စောင်
Burmese:
တီးခတ်သော(ရခိုင်) စည်တူရိယာ၏ ဝဲဘက် မျက်နှာ(တီးခတ်) မြည်သံ။ (ညာဘက် မျက်နှာ ဗြိန်း၊ ဝဲဘက် မျက်နှာ စောင်။ ဗြိန်း-စောင်
English:
sound of drum
Grammar Note:
နာမ်
စောင်၅
[sàʊɴ၅]
Arakanese:
တဖက်နန့် တဖက် ရန်ပြုဖို့ ကြိုတင် စီစိုင် ပြုလုပ်ရေ
Burmese:
တစ်ဘက်နှင့် တစ်ဘက် ရန်ပြုရန် ကြိုတင် စီစဉ် ပြုလုပ်သည်
English:
preparedness
Grammar Note:
ကြိယာ