Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,401–1,420 of 1,587 words

    စ

    စောင်းကန်း

    [sáʊɴkáɴ]
    တည့််တည့် ဖြောင့်ဖြောင့် မဟုတ်ဘဲ။ ၂၊ မဖြောင့် မတည့် စွေစောင်းပြီးကေ။ တဖက် နိမ့်ပနာ တဖက် မြင့်သောအနိန်နန့်
    တည့််တည့် ဖြောင့်ဖြောင့် မဟုတ်ပဲ။ ၂၊ မဖြောင့် မတည့် စွေစောင်းလျက်။ တစ်ဖက် နိမ့်၍ တစ်ဖက် မြင့်သော အားဖြင့်
    slope
    ကြိယာဝိသေသန

    စောင်းကန်း၂

    [sáʊɴkáɴ၂]
    မျက်စိ စိကေချေ စွေသော သူ
    မျက်စိ အနည်းငယ် စွေသော သူ
    Squint-eyed
    နာမ်

    စောင်းကပါးရိကပါး

    [sáʊɴkpàးɹìkpàး]
    ကိုယ်၊ နှုတ်ဖြင့် မထိတထိ စောင်းခပ်မြောင်းခပ် အရိပ်ချပနာ ပြုမူ ပြောဆိုဗျာယ်
    ကိုယ်၊ နှုတ်ဖြင့် မထိတထိ စောင်းမြောင်း သွယ်ဝိုက်၍ ပြုမူ ပြောဆိုလျက်
    circuitously
    ကြိယာဝိသေသန

    စောင်းကီစောင်းကန်း

    [sáʊɴkísáʊɴkáɴ]
    တည့်တည့် ဖြောင့်ဖြောင့် မဟုတ်ဘဲ။ ၂၊ ထင်ရာ မြင်ရာ။ ဆန့်ကျင်ဘက် ဖြစ်ရေအနိန်နန့်
    တည့်တည့် ဖြောင့်ဖြောင့် မဟုတ်ပဲ။ ၂၊ ထင်ရာ မြင်ရာ။ ဆန့်ကျင်ဘက် ဖြစ်သော အားဖြင့်
    mindlessly
    ကြိယာဝိသေသန

    စောင်းကြီးမာန်ကြီး

    [sáʊɴt͡ɕïmààɴt͡ɕï]
    ထောင်လွှား မောက်မာမှု။ မာန်ဝင့်မှု
    ထောင်လွှား မောက်မာမှု။ မာန်ဝင့်မှု
    hubris
    နာမ်

    စောင့်ကွပ်

    [sɔ́ɪ̰ɴkwaʔ]
    ထိန်းသိမ်း ကာကွယ်ရေ။ စောင့်ကြပ်သည်
    ထိန်းသိမ်း ကာကွယ်သည်။ စောင့်ကြပ်သည်
    guard
    ကြိယာ

    စောင်းခတ်

    [sáʊɴkʰaʔ]
    အရိပ်ကျလောင်းာက်ရေစကားဖြင့် ထိခိုက် ပုတ်ခတ်ရေ။ အရိပ်ချ ရည်ညွန်းသည်
    သွယ်ဝိုက်သော စကားဖြင့် ထိခိုက် ပုတ်ခတ်သည်။ သွယ်ဝိုက် ရည်ညွန်းသည်
    circuitously-indirectly
    ကြိယာ

    စောင်းခတ်မောင်းခတ်

    [sáʊɴkʰaʔmáʊɴkʰaʔ]
    အရိပ်ကျလောင်းာက်ရေစကားနန့် ထိခိုက် ပုတ်ခတ်ရေ။ အရိပ်ချ ရည်ညွန်းသည်
    သွယ်ဝိုက်သော စကားဖြင့် ထိခိုက် ပုတ်ခတ်သည်။ သွယ်ဝိုက် ရည်ညွန်းသည်
    circuitously-indirectly
    ကြိယာ

    စောင်းခတ်ယောင်းခတ်

    [sáʊɴkʰaʔjáʊɴkʰaʔ]
    အရိပ်ကျလောင်းာက်ရေစကားနန့် ထိခိုက် ပုတ်ခတ်ရေ။ အရိပ်ချ ရည်ညွန်းသည်
    သွယ်ဝိုက်သော စကားဖြင့် ထိခိုက် ပုတ်ခတ်သည်။ သွယ်ဝိုက် ရည်ညွန်းသည်
    circuitously-indirectly
    ကြိယာ

    စောင်းခတ်လောင်းခတ်

    [sáʊɴkʰaʔláʊɴkʰaʔ]
    အရိပ်ကျလောင်းာက်ရေစကားနန့် ထိခိုက် ပုတ်ခတ်ရေ။ အရိပ်ချ ရည်ညွန်းသည်
    သွယ်ဝိုက်သော စကားဖြင့် ထိခိုက် ပုတ်ခတ်သည်။ သွယ်ဝိုက် ရည်ညွန်းသည်
    circuitously-indirectly
    ကြိယာ

    စောင်းချီပက်ချီ

    [sáʊɴɕípɛʔɕí]
    စောင်းရိပ်သော စကားဖြင့် ထိခိုက် ပုတ်ခတ် ပြောဆိုရေ။ မခံသာယောင် စောင်းချိတ် ပြောဆိုရေ
    စောင်းရိပ်သော စကားဖြင့် ထိခိုက် ပုတ်ခတ် ပြောဆိုသည်။ မခံသာအောင် စောင်းချိတ် ပြောဆိုသည်
    circuitously-indirectly
    ကြိယာ

    စောင်းချော်

    [sáʊɴɕɔ̀]
    လွဲရေ။ ရန်စရေ။ ၂၊ မားရေ
    လွဲသည်။ ထိပါးသည်။ ၂၊ မှားသည်
    wrong
    ကြိယာ

    စောင်းငီစောင်းငန်း

    [sáʊɴŋísáʊɴŋáɴ]
    တည့််တည့် ဖြောင့်ဖြောင့် မဟုတ်ဘဲ။ ၂၊ ထင်ရာမြင်ရာ။ ဆန့်ကျင်ဘက် ဖြစ်ရေ အနိန်နန့်
    တည့််တည့် ဖြောင့်ဖြောင့် မဟုတ်ပဲ။ ၂၊ ထင်ရာမြင်ရာ။ ဆန့်ကျင်ဘက် ဖြစ်သော အားဖြင့်
    oppose-defy
    ကြိယာ

    စောင့်စည်း

    [sɔ́ɪ̰ɴsɛ́]
    ကြည့်ရှု စောင့်ယှောက်ရေ။ သိမ်းဆည်းရေ။ ၂၊ ကိုယ်၊ နှုတ်၊ နှလုံးကို သိမ်းဆည်း (စောင့်ထိန်း) ရေ။ ၃၊ ကျေးဇု တရားကို လေးစား ရိုသီရေ
    ကြည့်ရှု စောင့်ရှောက်သည်။ သိမ်းဆည်းသည်။ ၂၊ ကိုယ်၊ နှုတ်၊ နှလုံးကို သိမ်းဆည်း (စောင့်ထိန်း) သည်။ ၃၊ ကျေးဇူး တရားကို လေးစား ရိုသေသည်
    lookafter-save
    ကြိယာ

    စောင်းစောင်း

    [sáʊɴsáʊɴ]
    စိကေချေ စောင်းယိုင်ရေ။ စွေသည်
    အနည်းငယ် တိမ်းယိမ်းသည်။ စွေသည်
    incline
    ကြိယာ

    စောင့်ဆိုင်း

    [sɔ́ɪ̰ɴsʰáɪɴ]
    မျှော်လင့် ရပ်နားရေ
    မျှော်လင့် ရပ်နားသည်
    wait
    ကြိယာ

    စောင်းတန်း

    [sáʊɴtáɴ]
    အိမ်၊ ကျောင်း၊ နန်းတော် ရို့မာ ရှည်လျား ထည်ဝါစွာ ပြုလုပ် ထားရေ လှဂ။ ၂၊ ဘုရားသို့ ဦးတည် လားဖို့ တဆက်တည်း ဆောက်လုပ် ထားရေ အဆောင်ရှည်။ ၃၊ ရှည်လျားစွာ ပြုလုပ် ထားရေ လှဂ
    အိမ်၊ ကျောင်း၊ နန်းတော် တို့တွင် ရှည်လျား ထည်ဝါစွာ ပြုလုပ် ထားသော လှေကား။ ၂၊ ဘုရားသို့ ဦးတည် သွားရန် တစ်ဆက်တည်း ဆောက်လုပ် ထားသော အဆောင်ရှည်။ ၃၊ ရှည်လျားစွာ ပြုလုပ် ထားသော လှေကား
    stair way
    နာမ်

    စောင်းထိစောင်းထောင်

    [sáʊɴtʰìsáʊɴtʰàʊɴ]
    မျက်နှာပြင် တပြိုင်တည်း ပြန့်ပြူးသည် မဟုတ်ရေ။ ညီဝါရေ မဟုတ်ရေ။ ၂၊ ဆန့်ကျင်ဘက် ဖြစ်ရေ (စကားမျိုးကို ပြောဆိုရေ)
    မျက်နှာပြင် တစ်ပြေးတည်း ပြန့်ပြူးသည် မဟုတ်သော။ ညီညာသည် မဟုတ်သော။ ၂၊ ဆန့်ကျင်ဘက် ဖြစ်သော (စကားမျိုးကို ပြောဆိုသည်)
    oppose-defy
    နာမဝိသေသန

    စောင်းထိစောင်းထောင်၂

    [sáʊɴtʰìsáʊɴtʰàʊɴ၂]
    မညီမညာ ဟိခြင်း။ အနိမ့် အမြင့် ဟိရေ၏ အဖြစ်။ ၂၊ ဆန့်ကျင်ဘက် ဖြစ်ရေ စကားမျိုးကို ပြောဆိုရေ၏ အဖြစ်
    မညီမညာ ရှိခြင်း။ အနိမ့် အမြင့် ရှိသည်၏ အဖြစ်။ ၂၊ ဆန့်ကျင်ဘက် ဖြစ်သော စကားမျိုးကို ပြောဆိုသည်၏ အဖြစ်
    raggedly
    နာမ်

    စောင့်ထိန်း

    [sɔ́ɪ̰ɴtʰéɪɴ]
    သီလ မကျိုး မပေါက် မပျက် စီးရယောင် ကိုယ်၊ နှုတ်၊ နှလုံးကို စောင့်စည်းရေ။ သိမ်းဆည်းသည်
    သီလ မကျိုး မပေါက် မပျက် စီးရအောင် ကိုယ်၊ နှုတ်၊ နှလုံးကို စောင့်စည်းသည်။ သိမ်းဆည်းသည်
    adhere
    ကြိယာ