Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,421–1,440 of 1,587 words

    စ

    စောင်းထောင်

    [sáʊɴtʰàʊɴ]
    တဖက် အမြင့်သို့ မြင့်တက်ပနာ တဖက် အောက်ကို နိမ့်ကျဗျာယ်
    တစ်ဘက် အမြင့်သို့ မြင့်တက်၍ တစ်ဘက် အောက်သို့ နိမ့်ကျလျက်
    slope
    ကြိယာဝိသေသန

    စောင်းထောင်မောင်းထောင်

    [sáʊɴtʰàʊɴmáʊɴtʰàʊɴ]
    မျက်နှာပြင် အာ့လုံးညီညာ ပြင်နိန်ရေ မဟုတ်ရေ။ ၂၊ တဖက် နိမ့်ပနာ တဖက် မြင့်သည် ဖြစ်ရေ
    မျက်နှာပြင် တပြေးတည်း ညီညာ ပြန့်ပြူးသည် မဟုတ်သော။ ၂၊ တစ်ဘက် နိမ့်၍ တစ်ဘက် မြင့်သည် ဖြစ်သော
    irregular-unevenly
    နာမဝိသေသန

    စောင်းထောင်မောင်းထောင်၂

    [sáʊɴtʰàʊɴmáʊɴtʰàʊɴ၂]
    မျက်နှာပြင် အာ့လုံးညီညာ ပြင်နိန်ရေ မဟိခြင်း။ တဖက် နိမ့်ပနာ တဖက် မြင့်သည်၏ အဖြစ်
    မျက်နှာပြင် တပြေးတည်း ညီညာ ပြန့်ပြူးသည် မယှိခြင်း။ တစ်ဘက် နိမ့်၍ တစ်ဘက် မြင့်သည်၏ အဖြစ်
    irregular-unevenly
    နာမ်

    စောင်းထောင်လောင်းထောင်

    [sáʊɴtʰàʊɴláʊɴtʰàʊɴ]
    မျက်နှာပြင် အာ့လုံးညီညာ ပြင်နိန်ရေ မဟုတ်ရေ။ ၂၊ တဖက် နိမ့်ပနာ တဖက် မြင့်သည် ဖြစ်ရေ
    မျက်နှာပြင် တပြေးတည်း ညီညာ ပြန့်ပြူးသည် မဟုတ်သော။ ၂၊ တစ်ဘက် နိမ့်၍ တစ်ဘက် မြင့်သည် ဖြစ်သော
    irregular-unevenly
    နာမဝိသေသန

    စောင်းထောင်လောင်းထောင်၂

    [sáʊɴtʰàʊɴláʊɴtʰàʊɴ၂]
    မျက်နှာပြင် အာ့လုံးညီညာ ပြင်နိန်ရေ မဟိခြင်း။ တဖက် နိမ့်ပနာ တဖက် မြင့်သည်၏ အဖြစ်
    မျက်နှာပြင် တပြေးတည်း ညီညာ ပြန့်ပြူးသည် မယှိခြင်း။ တစ်ဘက် နိမ့်၍ တစ်ဘက် မြင့်သည်၏ အဖြစ်
    irregular-unevenly
    နာမ်

    စောင်ပင်

    [sàʊɴpɪ̀ɴ]
    အလုပ်တခုကို မရမက စစွဲမမြဲ အားမလျော့ပဲ။ ဒုတ်သီမြုတ်သီခံဗျာယ်
    အလုပ်တစ်ခုကို မရမနေ စွဲစွဲမြဲမြဲ အားမလျော့ပဲ။ ကြံကြံခံလျက်
    stoicism-endure-forbear-hardily
    ကြိယာဝိသေသန

    စောင်ပင်ရာလား

    [sàʊɴpɪ̀ɴɹàlá]
    အလုပ်တခုကို စိတ်ရှည် လက်ရှည် မရမက စစွဲမမြဲ အားမလျော့ပဲ။ ခက်ခက်ခဲခဲ ဒုတ်သီမြုတ်သီခံဗျာယ်။ (လုပ်ဆောင်ရေ)
    အလုပ်တစ်ခုကို စိတ်ရှည် လက်ရှည် မရမနေ စွဲစွဲမြဲမြဲ အားမလျော့ပဲ။ ခက်ခက်ခဲခဲ ကြံကြံခံလျက်။ (လုပ်ဆောင်သည်)
    stoicism-endure-forbear-hardily
    ကြိယာဝိသေသန

    စောင်းပါးရိပါး

    [sáʊɴpàးɹìpàး]
    တစုံ တခုပြုမူ ဖြစ်ပျက်မှု အခြီအရဲ မျှကို ပြ၍။ ၂။ တိုက်ရိုက် အဖြီာင့် မဟုတ်ဘဲ ရိုက်ပတ် ကွေ့ပတ်သောအနိန်နန့် (ပြောရေ)
    တစ်စုံ တစ်ခုပြုမူ ဖြစ်ပျက်မှု အခြေအနေ မျှကို ပြ၍။ ၂။ တိုက်ရိုက် အဖြောင့် မဟုတ်ပဲ ရိုက်သိုင်း ကွေ့ပတ်သော အားဖြင့် (ပြောသည်)
    indirectly
    ကြိယာ

    စောင့်ဖန်သား

    [sɔ́ɪ̰ɴpʰàɴθá]
    မင်း၊ မိဖုရား စသူရို့ အိပ်စက် ရေအခါ အလှည့်ကျ တာဝန်ယူ စောင့်ယှောက် ပီးရရေ မင်းမှုထမ်း
    မင်း၊ မိဖုရား စသူတို့ အိပ်စက် သောအခါ အလှည့်ကျ တာဝန်ယူ စောင့်ရှောက် ပေးရသော မင်းမှုထမ်း
    servant of the king or state
    နာမ်

    စောင်မ

    [sàʊɴm]
    ကူညီရေ။ ထောက်ပံ့ရေ။ ချီးမြှောက်ရေ။ စောင့်ယှောက်သည်
    ကူညီသည်။ ထောက်ပံ့သည်။ ချီးမြှောက်သည်။ စောင့်ရှောက်သည်
    help-lookafter
    ကြိယာ

    စောင်မ၂

    [sàʊɴm၂]
    အရင်းအနှီး ပြုလုပ်ဖို့ရာ အဖြစ် ထောက်ပံ့သော ဥစ္စာ
    အရင်းအနှီး ပြုလုပ်ဖို့ရာ အဖြစ် ထောက်ပံ့သော ဥစ္စာ
    contribution
    နာမ်

    စောင်းမာန်

    [sáʊɴmààɴ]
    အလွန် မောက်မာ ထောင်လွှား တတ်ရေ စိတ်နီ စိတ်ထား
    အလွန် မောက်မာ ထောင်လွှား တတ်သော စိတ်နေ စိတ်ထား
    haughty
    နာမ်

    စောင်မာန်ကြီးဝင်

    [sàʊɴmààɴt͡ɕïwɪ̀ɴ]
    ကိုယ့်ကိုယ်ကို အထူး လွန်ကဲစွာ အထင်အမြင် ကြီးခြင်း။ မောက်မာသော စိတ်ထား စိတ်နီ။ ထောင်လွှားသော မာနထား ဟိခြင်း
    မိမိကိုယ်ကို အထူး လွန်ကဲစွာ အထင်အမြင် ကြီးခြင်း။ မောက်မာသော စိတ်ထား စိတ်နေ။ ထောင်လွှားသော မာနထား ရှိခြင်း
    arrogant
    နာမ်

    စောင့်မျှော်

    [sɔ́ɪ̰ɴmr̯ɔ̀]
    တစုံ တယောက် ပေါ်ပေါက် လာခြင်းကို ငံ့မျှော် ကြိုနိန်ရေ
    တစ်စုံ တစ်ယောက် ပေါ်ပေါက် လာခြင်းကို ငံ့မျှော် ကြိုနေသည်
    wait
    ကြိယာ

    စောင်းမြောင်း

    [sáʊɴmɹáʊɴ]
    အရိပ်ကျလောင်းာက်ရေစကားဖြင့် ထိခိုက် ပုတ်ခတ်ရေ။ အရိပ်ချ ရည်ညွန်းသည်
    သွယ်ဝိုက်သော စကားဖြင့် ထိခိုက် ပုတ်ခတ်သည်။ သွယ်ဝိုက် ရည်ညွန်းသည်
    circuitously-indirectly
    ကြိယာ

    စောင်းရံ

    [sáʊɴɹံ]
    အပင်၊ ဝါးပင်ရို့နန့် ပြုလုပ် ကာရံ ထားရေ တပ်ခြံ
    သစ်ပင်၊ ဝါးပင်တို့ဖြင့် ပြုလုပ် ကာရံ ထားသော ခြံစည်းရိုး
    hedge
    နာမ်

    စောင်းရန်

    [sáʊɴɹàɴ]
    အမျက် ထွက်ရေ။ ဒေါသ ဖြစ်တေ။ မာန်ပါရေ
    အမျက် ထွက်သည်။ ဒေါသ ဖြစ်သည်။ စိတ်ဆိုးသည်
    angry
    ကြိယာ

    စောင်းရိပ်ပါးရိပ်

    [sáʊɴɹìaʔpàးɹìaʔ]
    မခံသာယောင် စောင်းရိပ်ကာ ပြောဆိုရေ။ တိုက်ရိုက် မဟုတ်ဘဲ ရိုက်ပတ် ကွေ့ပတ် ပြုလုပ်ရေ။ ပြောဆိုရေ။ ရိပ်ဝဲသည်
    မခံသာအောင် စောင်းရိပ်ကာ ပြောဆိုသည်။ တိုက်ရိုက် မဟုတ်ပဲ ရိုက်သိုင်း ကွေ့ပတ် ပြုလုပ်သည်။ ပြောဆိုသည်။ ရိပ်ဝဲသည်
    circuitously-indirectly
    ကြိယာ

    စောင့်ရှောက်

    [sɔ́ɪ̰ɴʃɔ́ɛʔ]
    ကြည့်ရှု ထိန်းသိမ်းရေ။ စောင်မရေ။ ကူညီရေ။ ထောက်ပံ့ရေ။ ၂၊ သိမ်းပိုက်သည်
    ကြည့်ရှု ထိန်းသိမ်းသည်။ စောင်မသည်။ ကူညီသည်။ ထောက်ပံ့သည်။ ၂၊ သိမ်းပိုက်သည်
    subsidise-confiscate
    ကြိယာ

    စောင့်လင့်

    [sɔ́ɪ̰ɴlɪ̰ɴ]
    တစုံ တယောက် ပေါ်ပေါက် လာရန်ကို မျှော်လင့် စောင့်စားသည်
    တစ်စုံ တစ်ယောက် ပေါ်ပေါက် လာရန်ကို မျှော်လင့် စောင့်စားသည်
    wait
    ကြိယာ