Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,441–1,460 of 1,587 words

    စ

    စောင်းသတ်

    [sáʊɴθaʔ]
    အတိုက်အခံ ပြုရေ။ ဆန့်ကျင် ဆောင်ရွက်ရေ။ အတား အဆီး အဖြစ် တည်ဟိရေ။ ၂၊ တိမ်းရေ။ ယိမ်းရေ။ ယွဲ့ရေ။ စွေရေ။ လွဲရေ။ စောင်းသည်
    အတိုက်အခံ ပြုသည်။ ဆန့်ကျင် ဆောင်ရွက်သည်။ အတား အဆီး အဖြစ် တည်ရှိသည်။ ၂၊ တိမ်းသည်။ ယိမ်းသည်။ ယွဲ့သည်။ စွေသည်။ လွဲသည်။ စောင်းသည်
    against
    ကြိယာ

    စောင့်သိ

    [sɔ́ɪ̰ɴθì]
    စောင့်စည်းရေ။ စောင့်ယှောက်သည်
    စောင့်စည်းသည်။ စောင့်ရှောက်သည်
    lookafter-save
    ကြိယာ

    စောင်းသီစောင်းသတ်

    [sáʊɴθísáʊɴθaʔ]
    စကား ပြေပြေ ပြစ်ပြစ် ဟိရေ မဟုတ်ရေ။ သာယာ ခြီငံမှု မဟိရေ (စကား)။ ၂၊ နား မချမ်းသာ စိတ်မာ သာယာ ချမ်းမြေ့စွာ ခံစားရရေ မဟုတ်ရေ
    စကား ပြေပြေ ပြစ်ပြစ် ရှိသည် မဟုတ်သော။ သာယာ ချေငံမှု မရှိသော (စကား)။ ၂၊ နား မချမ်းသာ စိတ်တွင် သာယာ ချမ်းမြေ့စွာ ခံစားရသည် မဟုတ်သော
    debate
    နာမဝိသေသန

    စောင်းသီစောင်းသတ်၂

    [sáʊɴθísáʊɴθaʔ၂]
    အတိုက်အခံ ပြုရေ။ ဖီလာ ဖြစ်တေ။ ကန့်လန့် ဖြစ်တေ
    အတိုက်အခံ ပြုသည်။ ဖီလာ ဖြစ်သည်။ ကန့်လန့် ဖြစ်သည်
    oppose-defy
    ကြိယာ

    စောင့်သုံး

    [sɔ́ɪ̰ɴθóʊɴ]
    (ဥပုဒ်သီလ) မကျိုး မပေါက် မပျက်စီး ရယောင် ထိန်းသိမ်းရေ။ စောင့်ယှောက်ရေ။ ကိုယ်၊ နှုတ်၊ နှလုံးကို သိမ်းဆည်း စောင့်ထိန်းသည်
    (ဥပုဒ်သီလ) မကျိုး မပေါက် မပျက်စီး ရအောင် ထိန်းသိမ်းသည်။ စောင့်ရှောက်သည်။ ကိုယ်၊ နှုတ်၊ နှလုံးကို သိမ်းဆည်း စောင့်ထိန်းသည်
    adhere
    ကြိယာ

    စောင်းသျှူး

    [sáʊɴʃùး]
    အရင်းကြီးပြီးကေ အဖျားဘက်ကို အစိုင်အတိုင်း လျှော့လားရေ။ ငယ်လားရေ
    အရင်းကြီး၍ အဖျားဘက်သို့ အစဉ်အတိုင်း လျှော့သွားသော။ ငယ်သွားသော
    descend
    နာမဝိသေသန

    စောင့်ဟုသိ

    [sɔ́ɪ̰ɴhoʊθì]
    (အရပ်)တနားချေလောင်းာက် စောင့်ဆိုင်း ရပ်တန့်ရန် ပြောဆိုရေ စကား
    (အရပ်) ခဏမျှ စောင့်ဆိုင်း ရပ်တန့်ရန် ပြောဆိုသော စကား
    wait
    နာမ်

    စောင့်ဟုသိ၂

    [sɔ́ɪ̰ɴhoʊθì၂]
    (အရပ်)တနားချေလောင်းာက် စောင့်ဆိုင်း ရပ်တန့်ရန် ပြောဆိုရေ
    (အရပ်) ခဏမျှ စောင့်ဆိုင်း ရပ်တန့်ရန် ပြောဆိုသည်
    wait
    ကြိယာ

    စောစမ်း

    [sɔ́sáɴ]
    စနည်းနာရေ။ စစ်ဆီးရေ။ မီးမြန်းရေ။ ထောက်လှမ်းသည်
    စုံစမ်းသည်။ စစ်ဆေးသည်။ မေးမြန်းသည်။ ထောက်လှမ်းသည်
    survey
    ကြိယာဝိသေသန

    စောစော

    [sɔ́sɔ́]
    အဦးဖျဖျား။ လူတိထက် အလျင်ဦးစွာ
    ဦးဦးဖျားဖျား။ သူတစ်ပါးထက် အလျင်ဦးစွာ
    first
    ကြိယာဝိသေသန

    စောစောစီးစီး

    [sɔ́sɔ́sïsï]
    အဦးဖျဖျား။ လူတိထက် အလျင်ဦးစွာ
    ဦးဦးဖျားဖျား။ သူတစ်ပါးထက် အလျင်ဦးစွာ
    first
    ကြိယာဝိသေသန

    စောတွတ်

    [sɔ́twaʔ]
    ထူးကဲ မြင့်မြတ်သော။ အထွတ်အမြတ် ဖြစ်ရေ။ ရိုသေ လေးစား အပ်ရေ။ ချစ်ခင် မြတ်နိုး အပ်ရေ
    ထူးကဲ မြင့်မြတ်သော။ အထွတ်အမြတ် ဖြစ်သော။ ရိုသေ လေးစား အပ်သော။ ချစ်ခင် မြတ်နိုး အပ်သော
    excellent
    နာမဝိသေသန

    စောဒက

    [sɔ́dk]
    တရားနည်းလမ်းတကျ ဆုံးဖြတ်ရေကို အလိုဟိရေ သူ။ တရားလို။ ၂၊ ပြစ်တင် ယိုးစွပ်သော သူ
    တရားသဖြင့် ဆုံးဖြတ်သည်ကို အလိုရှိသော သူ။ တရားလို။ ၂၊ ပြစ်တင် စွပ်စွဲသော သူ
    complainant-plaintiff
    နာမ်

    စောဒကတက်

    [sɔ́dktɛʔ]
    ကိုယ့် ပြောလိုရင်းကို ခိုင်မြဲအောင် နောက်ထပ် တခေါက် ပြောဆိုရေ
    မိမိ ပြောလိုရင်းကို ခိုင်မြဲအောင် နောက်ထပ် တစ်ကြိမ် ပြောဆိုသည်
    repeat again
    ကြိယာ

    စောဒနာပြု

    [sɔ́dnàpɹoʊ]
    မီးမြန်း စီစစ်သား။ ပြစ်တင် ယိုးစွပ်ရေ
    မေးမြန်း စီစစ်သည်။ ပြစ်တင် စွပ်စွဲသည်
    prosecute
    ကြိယာ

    စောပန်းဇင်းအစို့

    [sɔ́páɴzɪ́ɴʔso̰]
    ဒင်္ဂါး ခပ်သွန်း လုပ်သော အမှုထမ်းအဖွဲ့။ (မြောက်ဦးမြို့ မြင်တော်မူ တောင်၏ တောင်ဘက် တောင်ခြီရင်းမာ ဒင်္ဂါး ခပ်သွန်း လုပ်ရာဌာန (စောဒါးမနှိုင်အစို့) အလုပ်ရုံ တည်ဟိ ခဖူးရေ။
    ဒင်္ဂါး ခပ်သွန်း လုပ်သော အမှုထမ်းအဖွဲ့။ (မြောက်ဦးမြို့ မြင်တော်မူ တောင်၏ တောင်ဘက် တောင်ခြေရင်းတွင် ဒင်္ဂါး ခပ်သွန်း လုပ်ရာဌာန (စောပန်းဇင်းအစို့) အလုပ်ရုံ တည်ရှိ ခဲ့ဖူးသည်။
    coin maker
    နာမ်

    စောဘုရင်

    [sɔ́bʱoʊɹɪ̀ɴ]
    ဘုန်းတန်ခိုး အာဏာနန့် လက်ရုံးရည်၊ နှလုံးရည် ပြည့်စုံသော ဘုရင်
    ဘုန်းတန်ခိုး အာဏာနှင့် လက်ရုံးရည်၊ နှလုံးရည် ပြည့်စုံသော ဘုရင်
    king
    နာမ်

    စောမီး

    [sɔ́mï]
    တနိုင်ငံလုံးကို အုပ်ချုပ်ရေ မင်း။ ဘုရင်။ ၂၊ လက်အောက် နိုင်ငံ အစုရို့ကို သိမ်းပိုက် အုပ်ချူပ်သော ဘုရင်။ ၃၊ ဂုဏ် အစဟိစွာ ထူးကဲ သာလွန် မြင့်မားသော သူ
    တစ်နိုင်ငံလုံးကို အုပ်ချုပ်သော မင်း။ ဘုရင်။ ၂၊ လက်အောက် နိုင်ငံ အစုတို့ကို သိမ်းပိုက် အုပ်ချူပ်သော ဘုရင်။ ၃၊ ဂုဏ် စသည် ထူးကဲ သာလွန် မြင့်မားသော သူ
    king
    နာမ်

    စောရနက္ခတ်

    [sɔ́ɹnkʰə́kʰaaʔ]
    သခိုးနန့် ဆိုင်ရေ နက္ခတ်။ ၂၊ ကြတ္တိကာ နက္ခတ်ကို ခေါ်သော စကားလုံး
    သူခိုးနှင့် ပတ်သက်သော နက္ခတ်။ ၂၊ ကြတ္တိကာ နက္ခတ်ကို ခေါ်သော စကားလုံး
    thief
    နာမ်

    စော်

    [sɔ̀]
    ရိုင်းစိုင်းစွာ ပြောဆို ပြုမူသည်
    ရိုင်းစိုင်းစွာ ပြောဆို ပြုမူသည်
    rudely
    ကြိယာ