Dictionary Entries
Showing 1,461–1,480 of 1,587 words
စ
စော်တလီ
[sɔ̀tlí]
Arakanese:
အခွင့်အရီးကို မျှော်စပ်ဗျာယ် တယောက်ယောက်၏ လိုလားမှုကို ဖြည့်စွမ်းသောအနိန်နန့်
Burmese:
အခွင့်အရေးကို မျှော်ကိုးလျက် တစ်စုံတစ်ဦး၏ လိုလားမှုကို ဖြည့်စွမ်းသော အားဖြင့်
English:
none
Grammar Note:
ကြိယာဝိသေသန
စော်တလီအစို့
[sɔ̀tlíʔso̰]
Arakanese:
ဝေါယာဉ်၊ ထမ်းစင်ရို့ကို ထမ်းဆောင်ရရေ အသင်းအဖွဲ့။ အစု
Burmese:
ဝေါယာဉ်၊ ထမ်းစင်တို့ကို ထမ်းဆောင်ရသော အသင်းအဖွဲ့။ အစု
English:
group
Grammar Note:
နာမ်
စော်ရကာမော်ရကာ
[sɔ̀ɹkàmɔ̀ɹkà]
Arakanese:
လူတိကိုအမှု မထားပဲ ကိုယ့်ထင်ရာ ပြုရေ။ ၂၊ ပလွှား ပြောဆိုရေ။ ၃၊ ကိုယ့် ဂုဏ် ပကာသနကို ဖော်ထုတ် ပြောဆိုရေ
Burmese:
သူတစ်ပါးကို အမှု မထားပဲ မိမိထင်ရာ ပြုသည်။ ၂၊ ပလွှား ပြောဆိုသည်။ ၃၊ မိမိ၏ ဂုဏ် ပကာသနကို ထုတ်ဖော် ပြောဆိုသည်
English:
brag
Grammar Note:
ကြိယာ
စော်လက်
[sɔ̀lɛʔ]
Arakanese:
တံပက်လူအား ရိုင်းစိုင်းစွာ ကျူးလွန် ပြောဆို ပြုမူသည်
Burmese:
တစ်ဘက်သားအား ရိုင်းစိုင်းစွာ ကျူးလွန် ပြောဆို ပြုမူသည်
English:
violate
Grammar Note:
ကြိယာဝိသေသန
စော်လတ်
[sɔ̀laʔ]
Arakanese:
မျိုးက်ခြောက်ခြောက်သော အသံဖြင့် ကြောက်စီရေ။ ရွံ့စီရေ။ လန့်စီရေ။ လှန့်သည်
Burmese:
ခြိမ်းခြောက်သော အသံဖြင့် ကြောက်စေသည်။ ရွံ့စေသည်။ လန့်စေသည်။ လှန့်သည်
English:
frighten
Grammar Note:
ကြိယာ
စဲ
[sɛ]
Arakanese:
တန့်ရေ။ နားရေ။ တန့်ရေ။ ဖြစ်ခြင်း၊ ပြုခြင်း စရေ တရပ်ရပ် အဆုံးသို့ ရောက်ရေ။ (အလုပ်စဲ၊ ရပ်စဲ၊ မိုဇ်းစဲ၊ ပြတ်စဲ အစဟိစွာ)
Burmese:
တန့်သည်။ နားသည်။ ရပ်သည်။ ဖြစ်ခြင်း၊ ပြုခြင်း စသည့် တစ်ရပ်ရပ် အဆုံးသို့ ရောက်သည်။ (အလုပ်စဲ၊ ရပ်စဲ၊ မိုဇ်းစဲ၊ ပြတ်စဲ စသည်)
English:
break
Grammar Note:
ကြိယာ
စဲ၂
[sɛ၂]
Arakanese:
မြစ် ချောင်း အစဟိစွာရို့မာ တနီရာ တည်းမာ ရစ်လည် နိန်ရေ ရေစု။ ဝဲ
Burmese:
မြစ် ချောင်း စသည်တို့တွင် တစ်နေရာ တည်းတွင် ရစ်လည် နေသော ရေစု။ ဝဲ
English:
whirlpool
Grammar Note:
နာမ်
စဲခေါင်
[sɛkʰèàɪ̀ɴ]
Arakanese:
မြစ်ရီ ကျရေအခါ နစ်၍ ကျန်ခရေ သဲသောင်။ စည်းခုံ
Burmese:
မြစ်ရေ ကျသောအခါ နစ်၍ ကျန်ခဲ့သည့် သဲသောင်။ စည်းခုံ
English:
sand bank
Grammar Note:
နာမ်
စဲတန်း
[sɛtáɴ]
Arakanese:
ရေစပ်၊ ရေလယ်စရေ အရပ်မာ သွယ်တန်း တွိရရေ သဲပြင်ရှည်
Burmese:
ရေစပ်၊ ရေလယ်စသည့် အရပ်တွင် သွယ်တန်း တွေ့ရသော သဲသောင်ပြင်
English:
sand bank
Grammar Note:
နာမ်
စဲဖေါက်
[sɛpʰaʊʔ]
Arakanese:
အသီးမာ အစိများ ပါရေ နှပျိုး တမျိုး၏ အမည်
Burmese:
အသီးတွင် အစေ့များ ပါသော ငှက်ပျော တစ်မျိုး၏ အမည်
English:
banana
Grammar Note:
နာမ်
စွ
[sw]
Arakanese:
ပိုလွန်သော အဓိပ္ပါယ်ကို ပြသော စကားလုံး
Burmese:
ပိုလွန်သော အဓိပ္ပါယ်ကို ပြသော စကားလုံး
English:
more
Grammar Note:
ပစ္စည်း
စွံ
[swံ]
Arakanese:
ကုန်ဝန် ရောင်း၍ သွက်ရေ။ ဝယ်ရန် လူများ ရောက်ဟိသည်
Burmese:
ကုန်ပစ္စည်း ရောင်း၍ သွက်သည်။ ဝယ်ရန် လူများ ရောက်ရှိသည်
English:
good sale
Grammar Note:
ကြိယာ
စွက်
[swɛʔ]
Arakanese:
တပေါင်းတည်း ရောထည့်ရေ။ ထပ်၍ ဖြည့်သွင်းရေ။ ၂၊ (လူတိက မလိုလားပဲနန့် သူတိ ကိစ္စမာ) ဝင်ရောက် ထုတ်ဖေါ် သိစီရေ
Burmese:
တစ်ပေါင်းတည်း ရောထည့်သည်။ ထပ်၍ ဖြည့်သွင်းသည်။ ၂၊ (သူတစ်ပါးက မလိုလားပဲနှင့် သူများ ကိစ္စတွင်) ဝင်ရောက် ထုတ်ဖေါ် သိစေသည်
English:
add
Grammar Note:
ကြိယာ
စွက်စွက်
[swɛʔswɛʔ]
Arakanese:
(လောင်းကို အယင့်ယင် စွက်စွက်) လောင်းာ်ခတ် သွားဗျာယ်
Burmese:
(လှေကို လျင်မြန်စွာ စွက်စွက်) လှော်ခတ် သွားလျက်
English:
row
Grammar Note:
ကြိယာဝိသေသန
စွင့်
[swɪ̰ɴ]
Arakanese:
အလွန် မြင့်မားရေ။ တည့်ဖြောင့်ရေ။ ၂၊ (တစုံ တခုသော အသံကို နားဖြင့် စွင့်ဗျာယ်) အာရုံ၌ သက်ဝင်ရေ။ စိတ်ကို စူးစိုက်ရေ။ စိတ်ဝင် စားရေ။ လျောက်ပတ် သင့်မြတ်သည်
Burmese:
အလွန် မြင့်မားသည်။ တည့်ဖြောင့်သည်။ ၂၊ (တစ်စုံ တစ်ခုသော အသံကို နားဖြင့် စွင့်လျက်) အာရုံ၌ သက်ဝင်သည်။ စိတ်ကို စူးစိုက်သည်။ စိတ်ဝင် စားသည်။ လျောက်ပတ် သင့်မြတ်သည်
English:
concentrate
Grammar Note:
ကြိယာ
စွင့်စွင့်
[swɪ̰ɴswɪ̰ɴ]
Arakanese:
အလွန် မြင့်မားသော။ တည့်မတ်သော
Burmese:
အလွန် မြင့်မားသော။ တည့်မတ်သော
English:
steep
Grammar Note:
နာမဝိသေသန
စွင်းစွင်း
[swɪ́ɴswɪ́ɴ]
Arakanese:
တစုံ တခုကို ဦးတည်ပြီးကေ အရီးတကြီး သုတ်ပြာသုတ်နင်း ပြေးသွား ပိုင် လျှောက်သည်
Burmese:
တစ်စုံ တစ်ခုကို ဦးတည်၍ အရေးတကြီး သုတ်ခြေတင် ပြေးသွား သကဲ့သို့ လျှောက်သည်
English:
rush
Grammar Note:
ကြိယာဝိသေသန
စွင့်စွင့်ငွားငွား
[swɪ̰ɴswɪ̰ɴŋWàŋWà]
Arakanese:
အသျှူတရာမြင့်မားစွာ
Burmese:
အလွန်မြင့်မားစွာ
English:
steeply
Grammar Note:
ကြိယာဝိသေသန
စွတ်
[swaʔ]
Arakanese:
ရေတနည်း အရည် တခုခုနန့် စွတ်စိုသော
Burmese:
ရေသို့မဟုတ် တစ်ခုခုသော အရည်ဖြင့် စွတ်စိုသော
English:
wet
Grammar Note:
နာမဝိသေသန
စွတ်၂
[swaʔ၂]
Arakanese:
သစ်သားကို သုံးဒေါင့် ကကွချေ ပြုလုပ်ထားရေ အရာ။ ၂၊ တစုံ တခု တင်ဆောင်ပနာ ဆွဲငင် သယ်ယူသော အရာ။ (အများအနိန်နန့် ဘုရား ဆင်တုရုပ်ကို သယ်ယူရာမာ စွတ်ကို သုံးရေ)
Burmese:
သစ်သားကို သုံးထောင့် ခပ်ကော့ကော့ ပြုလုပ်ထားသော အရာ။ ၂၊ တစ်စုံ တစ်ခု တင်ဆောင်၍ ဆွဲငင် သယ်ယူသော အရာ။ (များသော အားဖြင့် ဘုရား ဆင်တုရုပ်ကို သယ်ယူရာ၌ စွတ်ကို သုံးသည်)
English:
a kind of tool
Grammar Note:
နာမ်