Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,501–1,520 of 1,587 words

    စ

    စွန်ဂေါင်း

    [sʊ̀ɴɡèàɪ́ɴ]
    အပင်ကြီး များမာ တွယ်ကပ်၍ ပေါက်နီ တတ်ရေ ဥပင်ကြီး တမျိုး
    သစ်ပင်ကြီး များတွင် တွယ်ကပ်၍ ပေါက်နေ တတ်သော ဥပင်ကြီး တစ်မျိုး
    name of plant
    နာမ်

    စွန့်စား

    [sʊ̀ɴ့sá]
    ဟိဆိုင် တွိကြုံရဖို့ ဖီးအန္တရာယ် ရို့ကို အလီး မထားပဲ ဟိကို တိုးပြီးကေသာ ဖြစ်မြောက်အောင် လုပ်ဆောင်ရေ
    ရင်ဆိုင် တွေ့ကြုံရမည့် ဘေးအန္တရာယ် တို့ကို အလေး မထားပဲ ရှေ့သို့ တိုး၍သာ ဖြစ်မြောက်အောင် လုပ်ဆောင်သည်
    risk
    ကြိယာ

    စွန်းဆီး

    [sʊ́ɴsʰï]
    ခံမားမှ စိမ့်ထွက်သော အရည်။ သွန်းဆီး။
    ခံတွင်းမှ စိမ့်ထွက်သော အရည်။ တံတွေး
    spit
    နာမ်

    စွန်းတင်

    [sʊ́ɴtɪ̀ɴ]
    အမိုး ဘုံပိတ်။ အမိုး အောက်မှ ဘုံပိတ် ပိုင် ပြုလုပ် ထားရေ အောက်ခံ အမိုးလွှာ။ ဗိတာန်
    အမိုး မျက်နှာကြက်။ အမိုး အောက်မှ မျက်နှာကြက် သဖွယ် ပြုလုပ် ထားသော အောက်ခံ အမိုးလွှာ။ ဗိတာန်
    ceiling
    နာမ်

    စွန်းတာ

    [sʊ́ɴtà]
    ပိုက်ကွန်ကို ယက်သဲပိုင် ပြုလုပ် ထားရေ ပိုက်ချရေ ကိရိယာ တမျိုး
    ပိုက်ကွန်ကို ယက်သဲကဲ့သို့ ပြုလုပ် ထားသော ငါးဖမ်းသည့် ကိရိယာ တစ်မျိုး
    net
    နာမ်

    စွန်တောင်ဝဲ

    [sʊ̀ɴtàʊɴwɛ]
    (စွန်အတောင်ဖြင့် ခတ်၍ ပျံဝဲပိုင်) အဝတ်အထည်၊ ခတောင်း၊ သင်္ကန်း အစဟိစွာရို့ကို ခပ်ယွန်းယွန်း၊ စောင်းရွှီရွှီ ဝတ်ဆင်ရေ။ (ယင်းပိုင် ဝတ်ဆင် ထားရေ အဝတ်ခတောင်း၊ သင်္ကန်း အစဟိစွာရို့၏ အစွန်အဖျားသည် လီသတ် ရေအခါ တလှုပ်လှုပ် တရွရွ လှုပ်ရှား နိန်ရေ။
    (စွန်အတောင်ဖြင့် ခတ်၍ ပျံဝဲသကဲ့သို့) အဝတ်အထည်၊ ပုဆိုး၊ သင်္ကန်း စသည်တို့ကို ခပ်ယွန်းယွန်း၊ စောင်းရွှေရွှေ ဝတ်ဆင်သည်။ (ယင်းသို့ ဝတ်ဆင် ထားသော အဝတ်ပုဆိုး၊ သင်္ကန်း စသည်တို့၏ အစွန်အဖျားသည် လေသုတ် သောအခါ တလှုပ်လှုပ် တရွရွ လှုပ်ရှား နေသည်။
    pull up the hem of one’s skirt
    ကြိယာ

    စွန်းတော်

    [sʊ́ɴtɔ̀]
    အမိုး ဘုံပိတ်။ အမိုး အောက်မှ ဘုံပိတ် ပိုင် ပြုလုပ် ထားရေ အောက်ခံ အမိုးလွှာ။ ဗိတာန်
    အမိုး မျက်နှာကြက်။ အမိုး အောက်မှ မျက်နှာကြက် သဖွယ် ပြုလုပ် ထားသော အောက်ခံ အမိုးလွှာ။ ဗိတာန်
    ceiling
    နာမ်

    စွန်းထွီး

    [sʊ́ɴtʰwï]
    ခံမားမှ စိမ့်ထွက်သော အရည်။ သွန်းဆီး။
    ခံတွင်းမှ စိမ့်ထွက်သော အရည်။ တံတွေး
    spit
    နာမ်

    စွန့်ပစ်

    [sʊ̀ɴ့pɪʔ]
    လိုအပ်ချက် မဟိသည် ရို့ကို အရာ တနီရာသို့ ရောက်ယောင် ပစ်ရေ။ ဝေးပစ်သည်
    လိုအပ်ချက် မယှိသည် တို့ကို အခြား တစ်နေရာသို့ ရောက်အောင် ပစ်သည်။ လွှင့်ပစ်သည်
    throw
    ကြိယာ

    စွန်ပန်း

    [sʊ̀ɴpáɴ]
    ဆီးဖက်ဝင်ရေ ခြုံပန်းပင် တမျိုး
    ဆေးဖက်ဝင်သည့် ချုံပန်းပင် တစ်မျိုး
    herbal
    နာမ်

    စွန့်ပယ်

    [sʊ̀ɴ့pɛ̀]
    ရက်ရက် စက်စက် ကင်းပြတ်ရေ။ ၂၊ ယှောင်ဖယ် လားရေ။ ဂရု မစိုက်ပဲ ထားရေ။ ၃၊ ကြဉ်ရေ။ အပြင်ကို ရွင့်ရောက် စီရေ
    ရက်ရက် စက်စက် ကင်းပြတ်သည်။ ၂၊ ဖဲကြဉ် သွားသည်။ ဂရု မစိုက်ပဲ ထားသည်။ ၃၊ ကြဉ်သည်။ ပြင်ပသို့ လွင့်ရောက် စေသည်
    abandon
    ကြိယာ

    စွန်ပလောင်

    [sʊ̀ɴplàʊɴ]
    အုန်းပင်၊ ထန်းပင်နန့် တူ၍ အသီး ပျစ်ဗျာယ် သီးပြီး ချိုရေ အရသာဟိသော အပင် တမျိုး
    အုန်းပင်၊ ထန်းပင်နှင့် တူ၍ အသီး ပြွတ်သိပ်လျက် သီးပြီး ချိုသော အရသာယှိသော အပင် တစ်မျိုး
    name of plant
    နာမ်

    စွန်ပုတ်

    [sʊ̀ɴpoʊʔ]
    အာကာမှ နိန်ပြီးကေ ကြက်၊ ကြွ၊ ငှက် အစဟိစွာရို့ကို တဟုန်တည်း ထိုးယူယူကာ စားလေ့ဟိသော စွန်အကြီးစား တမျိုး
    ကောင်းကင်မှ နေပြီး ကြက်၊ ကြွ၊ ငှက် စသည်တို့ကို တစ်ဟုန်တည်း ထိုးသုတ်ယူကာ စားလေ့ယှိသော စွန်အကြီးစား တစ်မျိုး
    osprey
    နာမ်

    စွန်းပုတ်

    [sʊ́ɴpoʊʔ]
    အဂေါင်း ထိပ်လယ်၌ စိကေချေ ချိုင်ထားရေ ဆံပင်စု
    ဦးခေါင်း ထိပ်လယ်၌ အနည်းငယ် ချဉ်ထားသော ဆံပင်စု
    switch of hair
    နာမ်

    စွန်မစွန်ဝဲတမ်း

    [sʊ̀ɴmsʊ̀ɴwɛtáɴ]
    တယောက်က ကြက်မလုပ်ပနာ ကြက်ချေ လုပ်သူရို့က ကြက်မကြီး လုပ်သူ၏ ခါးကို အဆင့်ဆင့် ဆွဲထား ကတ်ရရေ။ နောက် တယောက်က စွန်လုပ်ပနာ လက်နှစ်ဖက်ကို စွန်၏ အတောင်ဝဲ ပိုင် ပြုလုပ်ပြီးကေလျှင် စိန်ငယ် ဆို၍ ကြက်ချေတိကို ထိုးယူရေ ပုံဟန် ကစပ်နည်း တမျိုး။၂၊ ကစပ်နည်း တမ
    တစ်ယောက်က ကြက်မလုပ်၍ ကြက်ငယ် လုပ်သူတို့က ကြက်မကြီး လုပ်သူ၏ ခါးကို အဆင့်ဆင့် ဆွဲထား ကြရသည်။ နောက် တစ်ယောက်က စွန်လုပ်၍ လက်နှစ်ဖက်ကို စွန်၏ အတောင်ဝဲ သကဲ့သို့ ပြုလုပ်ပြီးလျှင် စိန်ငယ် ဆို၍ ကြက်ငယ်များကို ထိုးသုတ်သည့် ပုံဟန် ကစားနည်း တစ်မျိုး။၂၊ ကစားနည်း တစ်မ
    a kind of game
    နာမ်

    စွန့်ရက်

    [sʊ̀ɴ့ɹɛʔ]
    ကိုယ့် အကျိုးကို ငဲ့ကွက် တွယ်တာမှု ကင်းသော။ စွန့်ရွှတ် ပီးကမ်း လွယ်သော
    မိမိ အကျိုးကို ငဲ့ကွက် တွယ်တာမှု ကင်းသော။ စွန့်လွှတ် ပေးကမ်း လွယ်သော
    offer
    နာမဝိသေသန

    စွန်ရဲ

    [sʊ̀ɴɹɛ]
    အယင့်ယင် ပျံသန်းနှိုင်ဗျာယ်း ကြက်၊ ကြွ၊ ငှက် အစဟိစွာရို့ကို တဟုန်တည်း ဗြုန်းခနဲ ထိုးယူ တတ်ရေ မျက်စိ အမြင်သန် ကကောင်းလျင်ရေ သိမ်းငှက် တမျိုး
    လျင်မြန်စွာ ပျံသန်းနိုင်ပြီး ကြက်၊ ကြွ၊ ငှက် စသည်တို့ကို တဟုန်တည်း ရုတ်တရက် ထိုးသုတ် တတ်သော မျက်စိ အမြင်သန် လျင်မြန်သည့် သိမ်းငှက် တစ်မျိုး
    osprey
    နာမ်

    စွန်လက်သည်း

    [sʊ̀ɴlɛʔθɛ́]
    ကျွဲ၊ နွားရို့၏ ပတုံးဖျားမာ စွန်၏ ခြီသည်းပိုင် ကောက်ကောက် ကွေးကွေး ပါရေ ကျွဲ၊ နွား ရို့ကို ပြောဆို သုံးနှုန်းသော စကားလုံး
    ကျွဲ၊ နွားတို့၏ အမြီးဖျားတွင် စွန်၏ ခြေသည်းကဲ့သို့ ကောက်ကောက် ကွေးကွေး ပါသော ကျွဲ၊ နွား တို့ကို ပြောဆို သုံးနှုန်းသော စကားလုံး
    hook
    နာမ်

    စွန်လက်သည်းကုပ်

    [sʊ̀ɴlɛʔθɛ́koʊʔ]
    ကျောက်မျက် ရတနာရို့ကို ခိုင်မြဲ စီရန် ကုပ်ထားရေ အချွန်။ ချွန်ထွက် နိန်ရေ အရာ
    ကျောက်မျက် ရတနာတို့ကို ခိုင်မြဲ စေရန် ကုပ်ထားသော အချွန်။ ချွန်ထွက် နေသော အရာ
    sharp
    နာမ်

    စွန့်လွှတ်

    [sʊ̀ɴ့lW̯aʔ]
    ကပ်ငြိခြင်း၊ စွဲလန်းခြင်း၊ တပ်မက်ခြင်း မဟိ ဖြစ်တေ။ ဖယ်ယှားသည်
    ကပ်ငြိခြင်း၊ စွဲလန်းခြင်း၊ တပ်မက်ခြင်း မယှိ ဖြစ်သည်။ ဖယ်ရှားသည်
    remove
    ကြိယာ