Dictionary Entries
Showing 1,541–1,560 of 1,587 words
စ
စွမ်း
[sʊ̀ɴ]
Arakanese:
ပင့်မ ထမ်းချီ နှိုင်ရေ အစွမ်း သတ္တိနန့် ပြည့်စုံရေ။ ပြုလုပ် ဆောင်ရွက် နှိုင်ရေ ကိုယ်စွမ်း ဉာဏ်စွမ်း (အရည်အခြင်း) နန့်လည်း ပြည့်စုံရေ။ လုပ်ဆောင်နှိုင်ရေ
Burmese:
ပင့်မ ထမ်းချီ နိုင်သော အစွမ်း သတ္တိနှင့် ပြည့်စုံသည်။ ပြုလုပ် ဆောင်ရွက် နိုင်သော ကိုယ်စွမ်း ဉာဏ်စွမ်း (အရည်အချင်း) နှင့်လည်း ပြည့်စုံသည်။ လုပ်ဆောင်နိုင်သည်
English:
able
Grammar Note:
ကြိယာ
စွမ်းဆောင်
[sʊ̀ɴsʰàʊɴ]
Arakanese:
လုပ်ငန်း တာဝန်ကို ကျီပွန်စွာ ရွက်ဆောင် အောင်မြင်ရေ။ အဆုံးသတ် ပြီးစီးအောင် ယုယ ဖေးမ ကူညီရေ
Burmese:
လုပ်ငန်း တာဝန်ကို ကျေပွန်စွာ ရွက်ဆောင် အောင်မြင်သည်။ အဆုံးသတ် ပြီးစီးအောင် ယုယ ဖေးမ ကူညီသည်
English:
successful
Grammar Note:
ကြိယာ
စွမ်းတကား
[sʊ̀ɴtká]
Arakanese:
ခွန်အား၊ အင်အား။ သတ္တိ၊ အရည်အခြင်း
Burmese:
ခွန်အား၊ အင်အား။ သတ္တိ၊ အရည်အချင်း
English:
ability
Grammar Note:
နာမ်
စွမ်းတကုတ်
[sʊ̀ɴtkoʊʔ]
Arakanese:
ဇကုန် ကြိုးစားကေလည်း။ နင်လားငါလား ကြိုးအား ကုတ်ဗျာယ်
Burmese:
အစွမ်းကုန် ကြိုးစားလျက်။ အထူး တလည် ကြိုးအား ကုတ်လျက်
English:
efforts
Grammar Note:
ကြိယာဝိသေသန
စွမ်းရည်
[sʊ̀ɴɹɛ̀]
Arakanese:
လုပ်ကိုင် ဆောင်ရွက် နှိုင်ရေ ကိုယ်စွမ်း။ ဉာဏ်စွမ်း။ အရည်အခြင်း။ အရည်အသွီး
Burmese:
လုပ်ကိုင် ဆောင်ရွက် နိုင်သော ကိုယ်စွမ်း။ ဉာဏ်စွမ်း။ အရည်အချင်း။ အရည်အသွေး
English:
ability-quality
Grammar Note:
နာမ်
စွမ်းအား
[sʊ̀ɴá]
Arakanese:
လုပ်ကိုင် ဆောင်ရွက် နှိုင်ရေ ကိုယ်အင်အား။ ခွန်အား။ သတ္တိ။ စွမ်းရည်
Burmese:
လုပ်ကိုင် ဆောင်ရွက် နိုင်သော ကိုယ်အင်အား။ ခွန်အား။ သတ္တိ။ စွမ်းရည်
English:
ability-courage
Grammar Note:
နာမ်
စွမ်းအားတမံ
[sʊ̀ɴátmံ]
Arakanese:
နင်လားငါလား ကြိုးစား အားထုတ်ဗျာယ်။ စွမ်းအား ဟိသမျှ ကြိုးစား အားထုတ်ဗျာယ်။ ဇကုန် ကြိုးစားကေလည်း
Burmese:
အထူး တလည် ကြိုးစား အားထုတ်လျက်။ စွမ်းအား ရှိသမျှ ကြိုးစား အားထုတ်လျက်။ အစွမ်းကုန် ကြိုးစားလျက်
English:
efforts
Grammar Note:
ကြိယာဝိသေသန
စွယ်
[swɛ̀]
Arakanese:
လွှသွား ပိုင် သွားနှစ်ဘက် ပေါက်နီသော ငါးမန်း၏ ရှည်ထွက် နိန်ရေ နှုတ်သီး။ အစွယ်။ ၂၊ မြွီ၏ အဆိပ် တည်ဟိ နိန်ရေ သွား။ ၃၊တခုခုကဟိကို ငေါ၍ ထိုးထွက် နိန်ရေ အရာ။ ၄၊ ဆင်၏ ခံမားမှ အပြင်သို့ ချွန်၍ ကော့ထွက် နိန်ရေ ရှည်သော အရာ။ ၅၊ လူရို့၏ ရှေ့အရင်လား
Burmese:
လွှသွား ကဲ့သို့ သွားနှစ်ဘက် ပေါက်နေသော ငါးမန်း၏ ရှည်ထွက် နေသော နှုတ်သီး။ အစွယ်။ ၂၊ မြွေ၏ အဆိပ် တည်ယှိ နေသော သွား။ ၃၊ တစ်စုံ တစ်ရာမှ ရှေ့သို့ ငေါ၍ ထိုးထွက် နေသော အရာ။ ၄၊ ဆင်၏ ခံတွင်းမှ အပြင်သို့ ချွန်၍ ကော့ထွက် နေသော ရှည်သော အရာ။ ၅၊ လူတို့၏ ရှေ့သွားနှင့်
English:
fang
Grammar Note:
နာမ်
စွယ်စုံ
[swɛ̀sòʊɴ]
Arakanese:
ဖြူဖွေးဗျာယ် ဟိကို ရှည်လျားစွာ ကော့တက် နိန်ရေ အစွယ် နှစ်ချောင်း ဟိသော ဆင်
Burmese:
ဖြူဖွေးလျက် ရှေ့သို့ ရှည်လျားစွာ ကော့တက် နေသော အစွယ် နှစ်ချောင်း ယှိသော ဆင်
English:
elephant tusk
Grammar Note:
နာမ်
စွယ်စုံ၂
[swɛ̀sòʊɴ၂]
Arakanese:
အစွယ် နှစ်ချောင်းထွက် ပိုင် ဗြီးရေ
Burmese:
အစွယ် နှစ်ချောင်းထွက် သကဲ့သို့ ပြေးသည်
English:
run
Grammar Note:
ကြိယာ
စွယ်တော်
[swɛ̀tɔ̀]
Arakanese:
ဗုဒ္ဓ ဘုရားသျှင်၏ သွားအစွယ်
Burmese:
ဗုဒ္ဓ ဘုရားရှင်၏ သွားအစွယ်
English:
fang
Grammar Note:
နာမ်
စွယ်တော်၂
[swɛ̀tɔ̀၂]
Arakanese:
အရွက်ရှည်ရှည် ချွန်ချွန်ပန်းမုံ ထွက်စမာ ဖြူဖွေး၍ သွားအစွယ်နန့် တူသော မွှီးကြိုင်ရေ ပန်းတမျိုး။ ငွီပန်း။ (အဖြူ၊ အရဲ၊ အဝါ၊ အပြောက် အစဟိစွာ ကွဲပြားဗျာယ် ဟိရေ)
Burmese:
အရွက်ရှည်ရှည် ချွန်ချွန် ပန်းငုံ ထွက်စတွင် ဖြူဖွေး၍ သွားအစွယ်နှင့် တူသော မွှေးကြိုင်သည့် ပန်းတစ်မျိုး။ ငွေပန်း။ (အဖြူ၊ အနီ၊ အဝါ၊ အပြောက် စသည် ကွဲပြားလျက် ရှိသည်)
English:
a kind of flower
Grammar Note:
နာမ်
စွယ်ရောင်ပြ
[swɛ̀ɹàʊɴpɹ]
Arakanese:
ကြောက်မက်ဖွယ် ကောင်းရေ အမူအရာ၊ အခြင်းအရာကို ပြရေ
Burmese:
ကြောက်မက်ဖွယ် ကောင်းသော အမူအရာ၊ အခြင်းအရာကို ပြသည်
English:
terrible behaviour
Grammar Note:
ကြိယာ
စွယ်သည်
[swɛ̀θɛ̀]
Arakanese:
ငါးမန်း၏ ရှည်သော နှုတ်သီးဖျားမာ ပါရေ နှစ်ဘက်သွား လွှနန့် တူရေ (နှာရိုး ထွက်နိန်ရေ) ငါးမန်းစွယ်
Burmese:
ငါးမန်း၏ ရှည်သော နှုတ်သီးဖျားတွင် ပါသည့် နှစ်ဘက်သွား လွှနှင့် တူသည့် (နှာရိုး ထွက်နေသော) ငါးမန်းစွယ်
English:
shark fangs
Grammar Note:
နာမ်
စွာ
[swà]
Arakanese:
တစုံ တခုကို အမည် မဖေါ်ထုတ်ပဲ ညွှန်ပြ လိုရေ အခါမှ တွဲပြီးကေ သုံးရေ စကားလုံး။ (ထိုစွာ၊ အေစွာ အစဟိစွာအနိန်နန့် သုံးရေ။) ၂၊ (ကိုယ့်) ပိုင်ဆိုင်ရေ အရာဝတ္တု
Burmese:
တစ်စုံ တစ်ခုကို အမည် မဖေါ်ထုတ်ပဲ ညွှန်ပြ လိုသည့် အခါတွင် တွဲ၍ သုံးသည် စကားလုံး။ (ထိုစွာ၊ အေစွာ စသည်ဖြင့် သုံးသည်။) ၂၊ (မိမိ) ပိုင်ဆိုင်သော အရာဝတ္တု
English:
that
Grammar Note:
နာမ်
စွာ၂
[swà၂]
Arakanese:
တင်သား နှစ်ဘက် အသားစိုင်။ တင်ဆုံ
Burmese:
တင်ပါး နှစ်ဘက် အသားစိုင်။ တင်ဆုံ
English:
hip
Grammar Note:
နာမ်
စွာ၃
[swà၃]
Arakanese:
‘ဘာ-ဇာလေ့’ ဆိုရေ အမီး စကား။ (စွာ-စွာလဲ အစဟိစွာနန့် သုံးနှုန်းရေ။
Burmese:
‘ဘာ-ဘာလဲ’ ဟူသော အမေး စကား။ (စွာ-စွာလဲ စသည်ဖြင့် သုံးနှုန်းသည်။
English:
what
Grammar Note:
နာမ်
စွာကျယ်အာကျယ်
[swàt͡ɕɛ̀ʔt͡ɕɛ̀]
Arakanese:
မောက်မောက် မာမာသော စကားကို ကျကျယ်လောင်လောင် ပြောဆိုဗျာယ်
Burmese:
မောက်မောက် မာမာသော စကားကို ကျယ်လောင်စွာ ပြောဆိုလျက်
English:
loud-mouth
Grammar Note:
ကြိယာဝိသေသန
စွာကျယ်အော်ကျယ်
[swàt͡ɕɛ̀ʔɔ̀t͡ɕɛ̀]
Arakanese:
စွာကျယ် စွာကျယ်။ စွာလောင် စွာလောင်
Burmese:
စွာကျယ် စွာကျယ်။ စွာလောင် စွာလောင်
English:
loud-mouth
Grammar Note:
ကြိယာဝိသေသန
စွာချင့်
[swàɕɪ̰ɴ]
Arakanese:
သိလိုသူက ဇာအရာ ဖြစ်တေကို မီးမြန်းရာမာ သုံးသော အမီး စကားလုံး
Burmese:
သိလိုသူက မည်သည့်အရာ ဖြစ်သည်ကို မေးမြန်းရာ၌ သုံးသော အမေး စကားလုံး
English:
what
Grammar Note:
ပစ္စည်း