Dictionary Entries
Showing 1,561–1,580 of 1,587 words
စ
စွာတုံးပေါင်း
[swàtóʊɴpèàɪ́ɴ]
Arakanese:
လေးဘက် တွားဗျာယ် အဂေါင်းကို အောက်ငုံ့ပြီး တင်သားကို အထက်ကို မြှောက်တင်ဗျာယ်
Burmese:
လေးဘက် တွားလျက် ဦးခေါင်းကို အောက်ငုံ့ပြီး တင်ပါးကို အပေါ်သို့ မြှောက်တင်လျက်
English:
crawl
Grammar Note:
ကြိယာဝိသေသန
စွာပိုင်
[swàpàɪɴ]
Arakanese:
ဇာ နည်းနန့် ပြုမူ ဆောင်ရွက် စွာကို မီးမြန်း ရာမာ သုံးသော အမီး စကားလုံး
Burmese:
မည်သို့သော နည်းဖြင့် ပြုမူ ဆောင်ရွက် သည်ကို မေးမြန်း ရာ၌ သုံးသော အမေး စကားလုံး
English:
how
Grammar Note:
ပစ္စည်း
စွာပြန်ဂေါင်းပြန်
[swàpɹàɴɡèàɪ́ɴpɹàɴ]
Arakanese:
အရင်းသည် အဖျား အဖျားသည် အရင်း ပြောင်းပြန် ဖြစ်ဗျာယ်။ ၂၊ အစီအစိုင် အနိန်အထား အစိုင်အလာ ဆန့်ကျင်ဗျာယ်
Burmese:
အရင်းသည် အဖျား အဖျားသည် အရင်း ပြောင်းပြန် ဖြစ်လျက်။ ၂၊ အစီအစဉ် အနေအထား အစဉ်အလာ ဆန့်ကျင်လျက်
English:
opposite
Grammar Note:
ကြိယာဝိသေသန
စွာရကာမော်ရွကာ
[swàɹkàmɔ̀ɹwkà]
Arakanese:
နီရာ တိုင်းမာ ဩဇာ လွှမ်းမိုး ခြယ်လှယ်ဗျာယ်။ ဝင့်ဝါ ဂုဏ်ထုတ် ပလွှား၍
Burmese:
နေရာ တကာတွင် ဩဇာ လွှမ်းမိုး ခြယ်လှယ်လျက်။ ဝင့်ဝါ ဂုဏ်ထုတ် ပလွှား၍
English:
proud
Grammar Note:
ကြိယာဝိသေသန
စွာရောင်
[swàɹàʊɴ]
Arakanese:
တစုံ တခုသော စကားကို ပြောရာမာ သဲကွဲအောင် မကြားလိုက်ရ ယင့်အတွက် နောက်ထပ် မီးမြန်းရာမာ သုံးသော အမီး စကားလုံး
Burmese:
တစ်စုံ တစ်ခုသော စကားကို ပြောရာ၌ သဲကွဲအောင် မကြားလိုက်ရ သည့်အတွက် နောက်ထပ် မေးမြန်းရာ၌ သုံးသော အမေး စကားလုံး
English:
randomly
Grammar Note:
ပစ္စည်း
စွာလိပ်လက်
[swàlìaʔlɛʔ]
Arakanese:
ဘဲ သတ္တဝါ သွားပိုင် တင်သားကို လှုပ်ပနာ လှုပ်ပနာ (လားရေ)
Burmese:
ဘဲ သတ္တဝါ သွားသကဲ့သို့ တင်ပါးကို လှုပ်၍ လှုပ်၍ (သွားသည်)
English:
none
Grammar Note:
ကြိယာဝိသေသန
စွာလောင်ဘာလောင်
[swàlàʊɴbʱàlàʊɴ]
Arakanese:
စွာကျယ် အာကျယ်။ စွာလောင် စွာလောင်
Burmese:
စွာကျယ် အာကျယ်။ စွာလောင် စွာလောင်
English:
loud-mouth
Grammar Note:
ကြိယာဝိသေသန
စွာလောင်အာလောင်
[swàlàʊɴʔlàʊɴ]
Arakanese:
စွာကျယ် စွာကျယ်။ စွာကျယ် အော်ကျယ်
Burmese:
စွာကျယ် စွာကျယ်။ စွာကျယ် အော်ကျယ်
English:
loud-mouth
Grammar Note:
ကြိယာဝိသေသန
စွာလဲ
[swàlɛ]
Arakanese:
တစုံ တခုသော စကားကို ပြောရာမာ သဲကွဲအောင် မကြားလိုက်ရရေ အတွက် နောက်ထပ် မီးမြန်းရာမာ သုံးသော အမီး စကားလုံး
Burmese:
တစ်စုံ တစ်ခုသော စကားကို ပြောရာ၌ သဲကွဲအောင် မကြားလိုက်ရသည့် အတွက် နောက်ထပ် မေးမြန်းရာ၌ သုံးသော အမေး စကားလုံး
English:
repeat
Grammar Note:
ပစ္စည်း
စွာလဲ၂
[swàlɛ၂]
Arakanese:
ပျော်ရွှင်လိုရေ သဘောနန့် ကြီစပ် ပြောဆိုရေ စကားလုံး
Burmese:
ပျော်ရွှင်လိုသည့် သဘောဖြင့် ကျီစယ် ပြောဆိုသော စကားလုံး
English:
fun
Grammar Note:
နာမ်
စွာလှုပ်ငှက်
[swàɬoʊʔŋ̊ɛʔ]
Arakanese:
ပတုံးကို အမြဲတမ်း လှုပ်နီရေ ငှက်တမျိုး
Burmese:
အမြီးကို အမြဲတမ်း လှုပ်နေသည့် ငှက်တစ်မျိုး
English:
a kind of bird
Grammar Note:
နာမ်
စွိ.
[swì.]
Arakanese:
ကကောင်းလျင်သောအနိန်နန့်
Burmese:
လျင်မြန်သော အားဖြင့်
English:
fast
Grammar Note:
ကြိယာဝိသေသန
စွိ.ကနဲ
[swì.knɛ]
Arakanese:
တနားချေနန့်အနိန်နန့်။ အမှတ်မထင် ဖြစ်ပေါ်သောအနိန်နန့်။ တမုဟုတ်ချင်း
Burmese:
ခဏချင်း အားဖြင့်။ အမှတ်မထင် ဖြစ်ပေါ်သော အားဖြင့်။ တမုဟုတ်ချင်း
English:
immediately
Grammar Note:
ကြိယာဝိသေသန
စွိ.စွိ.သျှေ
[swì.swì.ʃè]
Arakanese:
ငယ် ပိန်ချွန်သော
Burmese:
သေးငယ် ပိန်ချွန်သော
English:
thin and sharp
Grammar Note:
နာမဝိသေသန
စွီး
[swï]
Arakanese:
အရဲကို အထူး ပြုရေ အရောင်
Burmese:
အနီကို အထူး ပြုသော အရောင်
English:
red
Grammar Note:
နာမ်
စွီးစွီး
[swïswï]
Arakanese:
အရဲရောင်ကို အထူး ပြုပနာ ပြောသော စကားလုံး
Burmese:
အနီရောင်ကို အထူး ပြု၍ ပြောသော စကားလုံး
English:
red
Grammar Note:
နာမ်
စွီးစွီး၂
[swïswï၂]
Arakanese:
နီရဲသော အသွီး အရောင် စိုပြည် တောက်ပဗျာယ်
Burmese:
နီရဲသော အသွေး အရောင် စိုပြည် တောက်ပလျက်
English:
shine
Grammar Note:
ကြိယာဝိသေသန
စွေစောင်း
[swèsáʊɴ]
Arakanese:
စိကေချေ တိမ်းရေ။ ယိမ်းရေ။ ယွဲ့ရေ။ လွဲသည်
Burmese:
အနည်းငယ် တိမ်းသည်။ ယိမ်းသည်။ ယွဲ့သည်။ လွဲသည်
English:
sway
Grammar Note:
ကြိယာ
စွဲ
[swɛ]
Arakanese:
(တပ်) အခိုင်အမာ တည်နီရေ။ ၂၊ ကပ်ငြိ တွယ်နိန်ရေ။ ၃၊ အမြဲတစေ ပြုလုပ်ရေ။ ၄၊ အကျိုး ဟိဟိ သုံးစွဲရေ။ ၅၊ ယိုးစွပ်ရေ။ ယိုးစွပ်ရေ။ ၆၊ အခိုင်အမာ (တပ်) တည်နီရေ။ ၇၊ အကြောင်း ပြုရေ။ ၈၊ တရားရုံးမာ အမှုလုပ်ရေ
Burmese:
(တပ်) အခိုင်အမာ တည်နေသည်။ ၂၊ ကပ်ငြိ တွယ်နေသည်။ ၃၊ အမြဲတစေ ပြုလုပ်သည်။ ၄၊ အကျိုး ယှိယှိ သုံးစွဲသည်။ ၅၊ ယိုးစွပ်သည်။ စွပ်စွဲသည်။ ၆၊ အခိုင်အမာ (တပ်) တည်နေသည်။ ၇၊ အကြောင်း ပြုသည်။ ၈၊ တရားရုံးတွင် အမှုလုပ်သည်
English:
prosecute
Grammar Note:
ကြိယာ
စွဲကပ်
[swɛkaʔ]
Arakanese:
ငြိတွယ် နိန်ရေ။ တပ်မက်သည်
Burmese:
ငြိတွယ် နေသည်။ တပ်မက်သည်
English:
lust
Grammar Note:
ကြိယာ