Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 141–160 of 1,587 words

    စ

    စကားလှန်ထိုး

    [skáɬàɴtʰó]
    လူကြီး၊ မိဘ၊ ဆရာ သမားရို့ကို ပြန်ခံ၍ ပြောဆိုရေ။ နှုတ်လှန် ထိုးသည်
    လူကြီး၊ မိဘ၊ ဆရာ သမားတို့ကို ပြန်ခံ၍ ပြောဆိုသည်။ နှုတ်လှန် ထိုးသည်
    impudent
    ကြိယာ

    စကားလှမ်း

    [skáɬáɴ]
    အကြောင်း အရာ တစုံ တခုကို ပီးပို့ ပြောကြားပနာ အဆက် အသွယ် လုပ်ရေ
    အကြောင်း အရာ တစ်စုံ တစ်ခုကို ပေးပို့ ပြောကြား၍ အဆက် အသွယ် လုပ်သည်
    propose
    ကြိယာ

    စကားလှိုင်း

    [skáɬáɪɴ]
    ဝါ၊ လှည့်ပတ်၊ သွယ်ဝှိုက်၍ ပြောသော စကား
    လိမ်လည်၊ လှည့်ပတ်၊ သွယ်ဝှိုက်၍ ပြောသော စကား
    deceive
    နာမ်

    စကားလှော်

    [skáɬɔ̀]
    နှစ်ဦး နှစ်ဘက် ခိုက်ရန် ဖြစ်ပွားအောင် အကြားမှ မြှောက်ပင့်ပီး ဖန်တီး ပီးရေ။ ရန်တိုက် ပီးရေ
    နှစ်ဦး နှစ်ဘက် ခိုက်ရန် ဖြစ်ပွားအောင် အကြားမှ လှုံ့ဆော် ဖန်တီး ပေးသည်။ ရန်တိုက် ပေးသည်
    instigate or incite enmity
    ကြိယာ

    စကားဝိုင်းဖွဲ့

    [skáwáɪɴpʰwé]
    မျက်နှာ ချင်းဆိုင် စုဝေး၍ စကား ပြောဆို ကတ်တေ
    မျက်နှာ ချင်းဆိုင် စုဝေး၍ စကား ပြောဆို ကြသည်
    conversation
    ကြိယာ

    စကားဝှက်

    [skáʍɛʔ]
    အနက် အဓိပ္ပါယ် ဟိစွာကို မသိ မမြင်ယောင် လျှို့ထားရေ စကား
    အနက် အဓိပ္ပါယ် ရှိသည်ကို မသိ မမြင်အောင် လျှို့ထားသော စကား
    password
    ကြိယာ

    စကားသင်

    [skáθɪ̀ɴ]
    (စကား မပြောတတ် သိမ့်ရေ ခသျှေကို) စကား တတ်အောင် သင်ပီးရေ။ ၂၊ တစုံ တခု အမှု ကိစ္စအတွက် (စကားကို) ကြိုတင် ညွန်ကြား သင်ထားရေ။ ၃၊ ဘာသာ စကား တရပ်ရပ်ကို သင်ပီးရေ။ (ပို့ချရေ)။ ၄၊ မထိတထိ ရှုတ်ချ လိုရေ သဘောနန့် ပြောရေ့ စကား အတိုင်း တုံ့ပြန်ပနာ ပြောဆို
    (စကား မပြောတတ် သေးသော ခလေးကို) စကား တတ်အောင် သင်ပေးသည်။ ၂၊ တစ်စုံ တစ်ခု အမှု ကိစ္စအတွက် (စကားကို) ကြိုတင် ညွန်ကြား သင်ထားသည်။ ၃၊ ဘာသာ စကား တစ်ရပ်ရပ်ကို သင်ပေးသည်။ (ပို့ချသည်)။ ၄၊ မလေးမခန့် ရှုတ်ချ လိုသော သဘောဖြင့် ပြောသည့် စကား အတိုင်း တုံ့ပြန်၍ ပြောဆို
    word for word
    ကြိယာ

    စကားသတ်

    [skáθaʔ]
    သဖောတူညီကြောင်း စာဖြင့် တရားဝင် သတ်မှတ် ဖေါ်ပြချက်။ ကတိခံဝန် စာချုပ်
    သဘော တူညီကြောင်း စာဖြင့် တရားဝင် သတ်မှတ် ဖေါ်ပြချက်။ ကတိခံဝန် စာချုပ်
    contract
    နာမ်

    စကားသန်

    [skáθàɴ]
    အမှန်ထက် ပိုလွန်၍ ပြောဆိုရေ။ ချဲ့ထွင်၍ ဝါကြွား ပြောဆိုရေ။ ၂၊ ဝင့်ကြွား၍ ပြောရေ
    အမှန်ထက် ပိုလွန်၍ ပြောဆိုသည်။ ချဲ့ထွင်၍ ဝါကြွား ပြောဆိုသည်။ ၂၊ ဝင့်ကြွား၍ ပြောသည်
    boast
    ကြိယာ

    စကားသရမ်း

    [skáθɹáɴ]
    စကား ပြောဆိုရာမာ အထိန်း အသိမ်း အစောင့် အစည်း နည်းရေ။ တွိ့ကရာ တောင်စဉ် ရေမရ ပြောဆိုရေ
    စကား ပြောဆိုရာတွင် အထိန်း အသိမ်း အစောင့် အစည်း နည်းသည်။ တွေ့ကရာ တောင်စဉ် ရေမရ ပြောဆိုသည်
    said incoherently
    ကြိယာ

    စကားသီ

    [skáθí]
    ပြောင်းလဲ ပြုပျင်၍မရ နနောင်းသော စကား
    ပြောင်းလဲ ပြုပြင်၍မရ ခိုင်မာသော စကား
    the strong words
    နာမ်

    စကားသုံး

    [skáθóʊɴ]
    စကား သုံးနှုန်းပုံ။ စကားလုံး သုံးပုံ သုံးနည်း
    စကား သုံးနှုန်းပုံ။ စကားလုံး သုံးပုံ သုံးနည်း
    word trending
    နာမ်

    စကားသွင်း

    [skáθwɪ́ɴ]
    တဖက် သားကို သဖောပေါက်အောင် တင်ကူး နားချ ထားရေ
    တစ်ဘက် သားကို သဘော ပေါက်အောင် တင်ကူး နားချ ထားသည်
    prime someone in confidence
    ကြိယာ

    စကားသွန်း

    [skáθʊ́ɴ]
    ရယ်ချင်ဖွယ် ဖြစ်ယောင် တမင် ဖန်တီး ပြောဆိုရေ။ စကားဖြင့် ရယ်ချင်အောင် ပြုသည်
    ရယ်ချင်ဖွယ် ဖြစ်အောင် တမင် ဖန်တီး ပြောဆိုသည်။ စကားဖြင့် ရယ်ချင်အောင် ပြုသည်
    joke
    ကြိယာ

    စကားသွန်း၂

    [skáθʊ́ɴ၂]
    အကျိုး မဟိရေ စကား
    အကျိုး မရှိသော စကား
    inessential
    နာမ်

    စကားသွယ်

    [skáθwɛ̀]
    ရီလာ မြောင်းပေး သဖောဖြစ်ယောင် ကျိုးကြောင်း ဆက်ပြီးကေ ပြောပြ ထားရေ
    ရေလာ မြောင်းပေး သဘော ဖြစ်အောင် ကျိုးကြောင်း ဆက်၍ ပြောပြ ထားသည်
    lane
    ကြိယာ

    စကားသွားစကားလာ

    [skáθWàskálà]
    ဆိုလိုရင်း စကား၏ အနက် အဓိပ္ပါယ်။ စကား၏ သွင်ပြင် အနေ အထား
    ဆိုလိုရင်း စကား၏ အနက် အဓိပ္ပါယ်။ စကား၏ သွင်ပြင် အနေ အထား
    meaning of word
    နာမ်

    စကားဟောင်း

    [skáháʊɴ]
    ရှေးသူ ဟောင်းရို့ ပြောဆို ဆုံးမ ခရေ စကား။ ပုံပြင်။ ဝတ္တု
    ရှေးသူ ဟောင်းတို့ ပြောဆို ဆုံးမ ခဲ့သော စကား။ ပုံပြင်။ ဝတ္တု
    story
    နာမ်

    စကားအို

    [skáʔÒ]
    ပြောဆို ပြီးနန့်သော စကားကို ထပ်ကာထပ်ကာ ပြောဆိုခြင်း
    ပြောဆို ပြီးနှင့်သော စကားကို ထပ်တလဲလဲ ပြောဆိုခြင်း
    repeatedly
    နာမ်

    စကားအိုး

    [skáʔó]
    စကားကို အလွန် အကျွံ ပြောဆို တတ်သူ။ စကားကို အဆုံးထိ မဟိအောင် ပြောဆို နိုင်စွမ်း ဟိသူ
    စကားကို အလွန် အကျွံ ပြောဆို တတ်သူ။ စကားကို ဆုံးခန်းတိုင် မရှိအောင် ပြောဆို နိုင်စွမ်း ရှိသူ
    talkative person - loquacious person
    နာမ်