Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 1,581–1,587 of 1,587 words

    စ

    စွဲကိုင်

    [swɛkàɪɴ]
    လက်ဖြင့် နနောင်း ဆုပ်ထားရေ။ မလှုပ်မရွေ့ နနောင်းစွာ စွဲဆောင် ထားရေ
    လက်ဖြင့် မြဲမြံစွာ ဆုပ်ထားသည်။ မလှုပ်မရွေ့ ခိုင်မာစွာ စွဲဆောင် ထားသည်
    hold
    ကြိယာ

    စွဲချက်

    [swɛɕɛʔ]
    တရားရုံးမာ စွဲဆိုရေ တရား မှုခင်း၏ တခုတရီ ဖြစ်ပျက်မှု အခြင်းအရာ
    တရားရုံးတွင် စွဲဆိုသော တရား မှုခင်း၏ တစ်စုံတစ်ခု ဖြစ်ပျက်မှု အခြင်းအရာ
    charge
    နာမ်

    စွဲဆို

    [swɛsʰÒ]
    တရား သနန့် စီရင် ဆုံးဖြတ်ရေကို လိုလားသူက တရားရုံးမာ လျှောက်ထား အမှု လုပ်ရေ
    တရား သဖြင့် စီရင် ဆုံးဖြတ်သည်ကို လိုလားသူက တရားရုံးတွင် လျှောက်ထား အမှု လုပ်သည်
    prosecute
    ကြိယာ

    စွဲမက်

    [swɛmɛʔ]
    တွယ်စွာရေ။ ကပ်ငြိ စွဲလမ်းသည်
    တွယ်တာသည်။ ကပ်ငြိ စွဲလမ်းသည်
    attachment
    ကြိယာ

    စွဲမြဲ

    [swɛmɹɛ]
    မလှုပ်မယှားမယိုင်မနန့် ဖြစ်တေ
    မလှုပ်မရှား မယိုင်မနဲ့ ဖြစ်သည်
    stable
    ကြိယာ

    စွဲလမ်း

    [swɛláɴ]
    တွယ်ကပ်ရေ။ တပ်စွန်းရေ။ ၂၊ စိတ်၏ ကျက်စားရာ အာရုံထဲမာ လွန်မင်းစွာ ကပ်ငြိသည်
    တွယ်ကပ်သည်။ တပ်စွန်းသည်။ ၂၊ စိတ်၏ ကျက်စားရာ အာရုံထဲတွင် လွန်မင်းစွာ ကပ်ငြိသည်
    attachment
    ကြိယာ

    စွဲလောင်

    [swɛlàʊɴ]
    မီး အပူဟိန်ဖြင့် လောင်ကျွမ်းရေ
    မီး အပူရှိန်ဖြင့် လောင်ကျွမ်းသည်
    burn
    ကြိယာ