Dictionary Entries
Showing 161–180 of 1,587 words
စ
စကားအိုးဖွင့်
[skáʔópʰwɪ̰ɴ]
Arakanese:
အစည်း အဝီး ပြုလုပ်ပနာ စကား ပြောဆို ကတ်တေ။ လက်သပ် နှီးနှော ကတ်တေ
Burmese:
အစည်း အဝေး ပြုလုပ်၍ စကား ပြောဆို ကြသည်။ တိုင်ပင် နှီးနှော ကြသည်
English:
consult
Grammar Note:
ကြိယာ
စကားအူပေါက်
[skáʔùpaʊʔ]
Arakanese:
အစီ အစိုင်မဟိ ကြုံရာ ကျဖမ်း ပြောမိ အတွက်နန့် မားယွင်း ချက်တိ ပါဟိသနန့် အယုံ အကြည် (အဓိပ္ပါယ်) မဟိ ဖြစ်တေ
Burmese:
အစီ အစဉ်မရှိ ကြုံရာ ကျဖမ်း ပြောမိ သောကြောင့် မှားယွင်း ချက်များ ပါရှိသဖြင့် အယုံ အကြည် (အဓိပ္ပါယ်) မရှိ ဖြစ်သည်
English:
desultory talk
Grammar Note:
နာမ်
စံကိုး
[sံkó]
Arakanese:
ဝါးနှီးဖြင့် ရက်လုပ် ထားရေ အနားကွပ် ပါရေ ဇောက်တိမ်ရေ ဆန်အစဟိစွာ ပြာရန် အဝိုင်းပြား။ ဗန်း၊ စံဂိုး
Burmese:
ဝါးနှီးဖြင့် ရက်လုပ် ထားသော အနားကွပ် ပါသည့် စောက်တိမ်သော ဆန်စသည် ပြာရန် ချပ်ဝိုင်း။ ဗန်း၊ စကော
English:
tray
Grammar Note:
နာမ်
စံကိုးကွာ
[sံkókwà]
Arakanese:
စံဂိုးကို ဝိုင်း၍ ကွပ်ထားရေ အကွပ်
Burmese:
စကောကို ဝိုင်း၍ ကွပ်ထားသော အကွပ်
English:
hem
Grammar Note:
နာမ်
စကိုးစက
[skósk]
Arakanese:
တောင်မရောက် မြောက်မကျ ဖြစ်ခြင်း။ ဟိုမရောက် သည်မရောက် ဖြစ်ခြင်း
Burmese:
တောင်မရောက် မြောက်မကျ ဖြစ်ခြင်း။ ဟိုမရောက် သည်မရောက် ဖြစ်ခြင်း
English:
neither here nor there - neither short nor long
Grammar Note:
နာမ်
စကေ-ကား
[skè-ká]
Arakanese:
စကားကို ပြောကေးနန့် ကျယ်လားပနာ လက်စ မသတ်နိုင်ပဲ ဖြစ်တေ
Burmese:
စကားကို ပြောရင်းနှင့် ကျယ်သွား၍ လက်စ မသတ်နိုင်ပဲ ဖြစ်သည်
English:
Long-winded
Grammar Note:
ကြိယာ
စက္ကဝတ်
[skə́kəwaʔ]
Arakanese:
ဇမ္ဗူဒိပ် ကျွန်းလုံးကို ပိုင်စိုးသော မင်း။ ဧကရာဇ် မင်း
Burmese:
ဇမ္ဗူဒိပ် ကျွန်းလုံးကို ပိုင်စိုးသော မင်း။ ဧကရာဇ် မင်း
English:
monarch
Grammar Note:
နာမ်
စက္ကူ
[skə́kəù]
Arakanese:
ပုံနှိပ်ရန်၊ စာရီးရန်၊ ထုပ်ပိုးရန် အစဟိစွာရို့ အတွက် ဝါး၊ ကောက်ရိုး၊ သစ်သား အစဟိစွာရို့ကို ပြုလုပ် ထားရေ ပါးလွှာ ပြားပြန့်ရေ အလွှာချပ်
Burmese:
ပုံနှိပ်ရန်၊ စာရေးရန်၊ ထုပ်ပိုးရန် စသည်တို့ အတွက် ဝါး၊ ကောက်ရိုး၊ သစ်သား စသည်တို့ကို ပြုလုပ် ထားသော ပါးလွှာ ပြားပြန့်သည့် အလွှာချပ်
English:
paper
Grammar Note:
နာမ်
စက္ကူပန်း
[skə́kəùpáɴ]
Arakanese:
နွယ်ယောင် ပင်ယောင် ပန်းပင် တမျိုး။ ၂၊ စက္ကူဖြင့် ပြုလုပ် ထားရေ ပန်း
Burmese:
နွယ်ယောင် ပင်ယောင် ပန်းပင် တစ်မျိုး။ ၂၊ စက္ကူဖြင့် ပြုလုပ် ထားသော ပန်း
English:
bougainvillea
Grammar Note:
နာမ်
စက္ကူဖြူ
[skə́kəùpʰɹù]
Arakanese:
စာမရီးရ သိမ့်ရေ စက္ကူ
Burmese:
စာမရေးရ သေးသော စက္ကူ
English:
paper
Grammar Note:
နာမ်
စက်
[sɛʔ]
Arakanese:
ခြေဖဝါး၊ လက်ဖဝါးမာ ပါဟိရေ အရီး အကြောင်း လက္ခဏာ။ ၂၊ တရာ့သျှစ် ကွက် ၅၅ စက်လက္ခဏာရို့ ပါဟိရေ ဘုရားသခင်၏ ခြေတော်။ ၃၊ ဘုန်း၊ တန်ခိုး၊ အာဏာ။ ၄၊ လှံ၊ ဓါး၊ သီနတ် အစဟိရေ သာမန် လက်နက်။ ၅၊ ပတ်ချာ လည်နိန်ရေ အရာ
Burmese:
ခြေဖဝါး၊ လက်ဖဝါးတွင် ပါရှိသည့် အရေး အကြောင်း လက္ခဏာ။ ၂၊ တစ်ရာ့ရှစ် ကွက် ၅၅ စက်လက္ခဏာတို့ ပါရှိသည့် ဘုရားသခင်၏ ခြေတော်။ ၃၊ ဘုန်း၊ တန်ခိုး၊ အာဏာ။ ၄၊ လှံ၊ ဓါး၊ သေနတ် စသော သာမန် လက်နက်။ ၅၊ ပတ်ချာ လည်နေသော အရာ
English:
machine
Grammar Note:
နာမ်
စက်၂
[sɛʔ၂]
Arakanese:
မင်းအစဟိရေ မြတ်သော သူရို့ အိပ်သည်
Burmese:
မင်းစသော မြတ်သော သူတို့ အိပ်သည်
English:
sleep
Grammar Note:
ကြိယာ
စက်ကရိုင်
[sɛʔkɹàɪɴ]
Arakanese:
မြက်ပင်၊ စပါးပင် အစဟိစွာရို့ကို ပိုင်းဖြတ်ရရေ လက်ကိုင်ရိုးတပ် ပိုင် ကောက်သော သံကိရိယာ။ တင်းစိုင်
Burmese:
မြက်ပင်၊ ကောက်ပင် စသည်တို့ကို ပိုင်းဖြတ်ရသော လက်ကိုင်ရိုးတပ် အသွား ကောက်သော သံကိရိယာ။ တံစဉ်
English:
adze
Grammar Note:
နာမ်
စက်ကရေ
[sɛʔkɹè]
Arakanese:
မြက်ပင်၊ စပါးပင် အစဟိစွာရို့ကို ပိုင်းဖြတ်ရရေ လက်ကိုင်ရိုးတပ် ပိုင် ကောက်သော သံကိရိယာ။ တင်းစိုင်
Burmese:
မြက်ပင်၊ ကောက်ပင် စသည်တို့ကို ပိုင်းဖြတ်ရသော လက်ကိုင်ရိုးတပ် အသွား ကောက်သော သံကိရိယာ။ တံစဉ်
English:
adze
Grammar Note:
နာမ်
စက်ကရေငှက်
[sɛʔkɹèŋ̊ɛʔ]
Arakanese:
ကျောက်ဆောင်၊ ကျောက်ခေါင်း ရို့မာ အသိုက်ပြုပနာ နီလေ့ ဟိရေ ငှက်တမျိုး
Burmese:
ကျောက်ဆောင်၊ ကျောက်ခေါင်း တို့တွင် အသိုက်ပြု၍ နေလေ့ ရှိသော ငှက်တစ်မျိုး
English:
(Buddhist Scriptures) peacock – like bird with wings of wondrous hues.edible – nest swiftlet. Collocalia fu ciphagac cesulanta.
Grammar Note:
နာမ်
စက်ကေသျှေ
[sɛʔkèʃè]
Arakanese:
စစ်လက်နက် ဖန်စွာကျီ၊ အချေစားရို့ကို ခြုံ၍ ခေါ်သော အမည်
Burmese:
စစ်လက်နက် အပေါ့စား၊ အငယ်စားတို့ကို ခြုံ၍ ခေါ်သော အမည်
English:
kind of army-tools
Grammar Note:
နာမ်
စက်ကွင်း
[sɛʔkwɪ́ɴ]
Arakanese:
ဩဇာအာဏာ ပြန့်နှံ့သက်ရောက်ရာ နယ်ပယ် ဒေသ။၂၊ မိုဇ်းကြိုး လျှပ်စီး၏ စွမ်းအား ပြန့်နှံ့ရာ ဝန်းကျင် နီရာဒေသ
Burmese:
ဩဇာအာဏာ ပျံနှံ့သက်ရောက်ရာ နယ်ပယ် ဒေသ။၂၊ မိုဇ်းကြိုး လျှပ်စီး၏ စွမ်းအား ပျံနှံ့ရာ ဝန်းကျင် နေရာဒေသ
English:
area
Grammar Note:
နာမ်
စက်ခွ
[sɛʔkʰw]
Arakanese:
န-ကျီးဟက်။ ၂၊ အရိုး ရှည်တပ်ထားရေ အဖျားမာ သံစူးခွ နှစ်ချောင်းပါရေ စစ်သုံး လက်နက် တမျိုး
Burmese:
န-ကျီးဟက်။ ၂၊ အရိုး ရှည်တပ်ထားသော အဖျားတွင် သံဆူးခွ နှစ်ချောင်းပါသည့် စစ်သုံး လက်နက် တစ်မျိုး
English:
kind of army-tools
Grammar Note:
နာမ်
စက်စက်
[sɛʔsɛʔ]
Arakanese:
အရည် တစက်ပြီး တစက် မပြတ်မလပ် ယိုးစီး ကျဗျာယ်
Burmese:
အရည် တစ်စက်ပြီး တစ်စက် မပြတ်မလပ် ယိုးစီး ကျလျက်
English:
drip
Grammar Note:
ကြိယာဝိသေသန
စက်စက်၂
[sɛʔsɛʔ၂]
Arakanese:
အသုံးမပြု ရသိမ့် ဆိုပနာ။ မဟောင်း သိမ့်ရေအနိန်နန့်
Burmese:
အသုံးမပြု ရသေး ဟူ၍။ မဟောင်း သေးသော အားဖြင့်
English:
new
Grammar Note:
ကြိယာဝိသေသန