Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 201–220 of 913 words

    ဆ

    ဆတ်ယီဆတ်ယား

    [sʰaʔjísʰaʔjá]
    ၁၊ ရောက်တတ် ရာရာ။ မှန်းခြေချက် မဟိဘဲ။ ၂၊ ခြေဦး တည့်ရာ။ ၃၊ စိတ် မတည်မငြိမ် လွင့်ပါးဗျာယ်
    ၁၊ ရောက်တတ် ရာရာ။ မှန်းခြေချက် မရှိပဲ။ ၂၊ ခြေဦး တည့်ရာ။ ၃၊ စိတ် မတည်မငြိမ် လွင့်ပါးလျက်
    disquiet
    ကြိယာဝိသေသန

    ဆတ်ရတ်ကတိ

    [sʰaʔɹaʔktì]
    ၁၊ အခြီ အနေမဲ့။ မှန်းခြေချက် မဟိဘဲ။ ၂၊ ရောက်တတ် ရာရာ
    ၁၊ အခြေ အနေမဲ့။ မှန်းခြေချက် မရှိပဲ။ ၂၊ ရောက်တတ် ရာရာ
    disquiet
    ကြိယာဝိသေသန

    ဆတ်ရပ်ခရေ

    [sʰaʔɹaʔkʰɹè]
    ၁၊ အခြီ အနေမဲ့။ မှန်းခြေချက် မဟိဘဲ။ ခြေဦး တည့်ရာ။ ၂၊ ရောက်တတ် ရာရာ။ ရောက်ရာ ပေါက်ရာ။ စေကာခိုင်းလွှတ်၊ ဆတ်ရပ်ခရေ၊ ငါ့တိုင်းပြည်က၊ ရွင့်စေမှတ်ရဖို့တွက်နန့် (ဥဒိန်သာ)
    ၁၊ အခြေ အနေမဲ့။ မှန်းခြေချက် မရှိပဲ။ ခြေဦး တည့်ရာ။ ၂၊ ရောက်တတ် ရာရာ။ ရောက်ရာ ပေါက်ရာ။ စေကာခိုင်းလွှတ်၊ ဆတ်ရပ်ခရေ၊ ငါ့တိုင်းပြည်က၊ ရွင့်စေမှတ်လို့ (ဥဒိန်သာ)
    disquiet
    ကြိယာဝိသေသန

    ဆတ်ရိုက်

    [sʰaʔɹaɪʔ]
    အစိုးရ၏ အမှတ်သားပါ တံဆိတ် တခုကို ပင်ဖြစ်ဖြစ်။ အသင်း၊ အဖွဲ့၊ ရုံး၊ ကျောင်း အစဟိစွာရို့၏ အမှတ်အသား တံဆိပ်ကို ပင်ဖြစ်ဖြစ် ရိုက်နှိပ်သည်
    အစိုးရ၏ အမှတ်သားပါ တံဆိတ် တစ်ခုကို လည်းကောင်း။ အသင်း၊ အဖွဲ့၊ ရုံး၊ ကျောင်း စသည်တို့၏ အမှတ်အသား တံဆိပ်ကို လည်းကောင်း ရိုက်နှိပ်သည်
    stamp
    ကြိယာ

    ဆထက်ကဲ

    [sʰtʰɛʔkɛ]
    အဆ များစွာ လွန်ကဲ ပိုပြီးကေဗျာယ်
    အဆ များစွာ လွန်ကဲ ပိုမိုလျက်
    exceed
    ကြိယာဝိသေသန

    ဆထက်ကဲ၂

    [sʰtʰɛʔkɛ၂]
    အဆပေါင်း များစွာ လွန်ကဲ ပိုပြီးကေခြင်း
    အဆပေါင်း များစွာ လွန်ကဲ ပိုမိုခြင်း
    exceed
    နာမ်

    ဆံထိုး

    [sʰံtʰó]
    ဆံထုံး၊ ဆံကျစ်ရို့ကို ခိုင်မြဲစီရန် ထိုးထား ရရေ ဆံထုံး တန်ဆာ တမျိုး
    ဆံထုံး၊ ဆံကျစ်တို့ကို ခိုင်မြဲစေရန် ထိုးထား ရသော ဆံထုံး တန်ဆာ တစ်မျိုး
    hairpin
    နာမ်

    ဆံထုံး

    [sʰံtʰóʊɴ]
    အဂေါင်းဟိ ဆံပင်ကို ဖွဲ့ချိုင်ရေ။ ရစ်ပတ် ထုံးဖွဲ့သည်
    ဦးခေါင်းရှိ ဆံပင်ကို ဖွဲ့ချည်သည်။ ရစ်ပတ် ထုံးဖွဲ့သည်
    dress hair
    ကြိယာ

    ဆံထုံး၂

    [sʰံtʰóʊɴ၂]
    ရစ်ပတ် ထုံးထားရေ မမာ့ရို့၏ ဆံထုံးပုံ တမျိုး
    ရစ်ပတ် ထုံးထားသော မိန်းမတို့၏ ဆံထုံးပုံ တစ်မျိုး
    dress hair
    နာမ်

    ဆနီ

    [sʰní]
    သံကို ဖြတ်သော ဆောက်
    သံကို ဖြတ်သော ဆောက်
    chisel
    နာမ်

    ဆနီ၂

    [sʰní၂]
    ဖေသာ တပြား၏ သျှစ်ဖို့တဖို့
    ပိုက်ဆံ တစ်ပြား၏ ရှစ်ဖို့တစ်ဖို့
    #NAME?
    နာမ်

    ဆန္ဒ

    [sʰn̪a̰n̪d̪a̰]
    တောင့်တချက်။ မျှော်လင့်ချက်။ အလို။ အာသာ
    တောင့်တချက်။ မျှော်လင့်ချက်။ အလို။ အာသာ
    desire-opinion
    နာမ်

    ဆန္ဒတူ

    [sʰn̪a̰n̪d̪a̰tù]
    သဖောတူညီချက်
    သဘော တူညီချက်
    agree
    နာမ်

    ဆန္ဒပြ

    [sʰn̪a̰n̪d̪a̰pɹ]
    ကိုယ်ရို့၏ လိုအပ်ချက်ကို (သပိတ် မှောက်ခြင်း စစွာတိနန့်) ဖော်ထုတ်ပနာ သိစီရေ
    မိမိတို့၏ လိုအပ်ချက်ကို (သပိတ် မှောက်ခြင်း စသည်တို့ဖြင့်) ထုတ်ဖော်၍ သိစေသည်
    protest
    ကြိယာ

    ဆန္ဒပြင်း

    [sʰn̪a̰n̪d̪a̰pɹɪ́ɴ]
    ဖြစ်လိုရေ စိတ် ရှေ့ပြေး နိန်ရေ
    ဖြစ်လိုသော စိတ် ရှေ့ပြေး နေသည်
    aspire
    ကြိယာ

    ဆန္ဒပြု

    [sʰn̪a̰n̪d̪a̰pɹoʊ]
    ကိုယ်ရို့၏ လိုလားချက်ကို ဖော်ထုတ်ပနာ တင်ပြရေ
    မိမိတို့၏ လိုလားချက်ကို ထုတ်ဖော်၍ တင်ပြသည်
    express wish
    ကြိယာ

    ဆန်

    [sʰàɴ]
    ၁၊ စပါးအစိကို အပြင်ခွံ ချွတ်ထားရေ အဆန်များ။ ၂၊ အပြင်ခွံ မပါရေ အစိ
    ၁၊ စပါးအစေ့ကို အပြင်ခွံ ချွတ်ထားသော အဆန်များ။ ၂၊ အပြင်ခွံ မပါသော အစေ့
    rice
    နာမ်

    ဆန့်

    [sʰàɴ့]
    ၁၊ လိမ်တွန့် ကောက်ခွေ ကပင် စန့်စီရေ။ စန့်အောင် ဆန့်ရေ။ ၂၊ ရပ်တန့် နားနီရာမှ ဟိကို ဆက်ပနာ လားရေ။ ခရီး ဆန့်သည်
    ၁၊ လိမ်တွန့် ကောက်ခွေ သည်မှ စန့်စေသည်။ စန့်အောင် ဆန့်သည်။ ၂၊ ရပ်တန့် နားနေရာမှ ရှေ့သို့ ဆက်လက် သွားသည်။ ခရီး ဆန့်သည်
    stretch out
    ကြိယာ

    ဆန်း

    [sʰáɴ]
    ၁၊ တိုးပွား ကျယ်ပြန့် လာရေ။ (ကျွန်းကမ်း၊ လယ်ယာ မြေ တိုးပွား လာရေ။) သောင်ပိုလို့ ကျွန်းဆန်း၊ ကျွန်းဆန်းလို့ - လယ်ဖြစ်။ ၂၊ အသစ်ဖြစ်ပေါ်ရေ။ ဆန်းလျှင်တချက်၊ ရိုးလျှင်တသက် (ပုံ)။ ၃၊ ထူးခြာရေ။ ၄၊ မရိုးမဖြောင့် မမှန်ကန် ဖြစ်တေ။ ၅၊ အမျိုးမျိုး အဖုံဖုံ
    ၁၊ တိုးပွား ကျယ်ပြန့် လာသည်။ (ကျွန်းကမ်း၊ လယ်ယာ မြေ တိုးပွား လာသည်။) သောင်ပိုလို့ ကျွန်းဆန်း၊ ကျွန်းဆန်းလို့ - လယ်ဖြစ်။ ၂၊ အသစ်ဖြစ်ပေါ်သည်။ ဆန်းလျှင်တစ်ချက်၊ ရိုးလျှင်တစ်သက် (ပုံ)။ ၃၊ ထူးခြားသည်။ ၄၊ မရိုးမဖြောင့် မမှန်ကန် ဖြစ်သည်။ ၅၊ အမျိုးမျိုး အဖုံဖုံ
    different
    ကြိယာ

    ဆန်၂

    [sʰàɴ၂]
    ၁၊ ရေစီကို ပင်ဖြစ်ဖြစ်၊ လီစုန်ကို ပင်ဖြစ်ဖြစ် ဖီဆန်၍ လားရေ။ ၂၊ ငြင်းပယ်ရေ။ ဆန့်ကျင်ရေ။ ၃၊ နိမ့်ရာမှ မြင့်ရာသို့ တက်ရေ
    ၁၊ ရေစီကို လည်းကောင်း၊ လေစုန်ကို လည်းကောင်း ဖီဆန်၍ သွားသည်။ ၂၊ ငြင်းပယ်သည်။ ဆန့်ကျင်သည်။ ၃၊ နိမ့်ရာမှ မြင့်ရာသို့ တက်သည်
    going against the wind or tide
    ကြိယာ