Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 221–240 of 913 words

    ဆ

    ဆန်း၂

    [sʰáɴ၂]
    ထူးခြား ထင်ရှားခြင်း မဟိ (သာမန်မျှ) ဖြစ်တေ။ ထူးခြားချက်၊ ထူးကဲ သာလွန်မှု အစဟိစွာ မပါဟိခြင်း။ (မည်ကာဇာလောက်) ဖြစ်တေကို ပြသော စကားလုံး
    ထူးခြား ထင်ရှားခြင်း မရှိ (သာမန်မျှ) ဖြစ်သည်။ ထူးခြားချက်၊ ထူးကဲ သာလွန်မှု စသည် မပါရှိခြင်း။ (မည်ကာမည်မျှ) ဖြစ်သည်ကို ပြသော စကားလုံး
    unusual
    နာမ်

    ဆန့်ကီဆန့်ကော

    [sʰàɴ့kísʰàɴ့kɔ́]
    အလုပ်မဲ့ အကိုင်မဲ့ ယနာနာ လည်ပတ် လားလာဗျာယ်
    အလုပ်မဲ့ အကိုင်မဲ့ ယောင်ချာချာ လည်ပတ် သွားလာလျက်
    jobless
    ကြိယာဝိသေသန

    ဆန်ကုန်မြီလီး

    [sʰàɴkòʊɴmɹìlï]
    ဘာတခုလောက် ဗဟရီ။ တစုံ တခုသော အကျိုး ကျေးဇုကိုမျှ မပြုနိုင် ဖြစ်တေ
    ဘာတစ်ခုမျှ အသုံးမကျ။ တစ်စုံ တစ်ခုသော အကျိုး ကျေးဇူးကိုမျှ မပြုနိုင် ဖြစ်သည်
    useless person
    ကြိယာ

    ဆန်ကုန်မြီလီး၂

    [sʰàɴkòʊɴmɹìlï၂]
    တခုတရီမျှ အသုံး မကျသူ။ တစုံ တခုသော အကျိုး ကျေးဇုကိုမျှ ရွက်ဆောင် နိုင်စွမ်း မဟိသူ
    တစ်စုံတစ်ခုမျှ အသုံး မကျသူ။ တစ်စုံ တစ်ခုသော အကျိုး ကျေးဇူးကိုမျှ ရွက်ဆောင် နိုင်စွမ်း မရှိသူ
    useless person
    နာမ်

    ဆန့်ကျင်

    [sʰàɴ့t͡ɕɪ̀ɴ]
    အတိုက်အခံ ပြုရေ။ ဖီလာ ကန့်လန့် ဖြစ်တေ
    အတိုက်အခံ ပြုသည်။ ဖီလာ ကန့်လန့် ဖြစ်သည်
    oppose
    ကြိယာ

    ဆန့်ကျင်၂

    [sʰa̰ɴt͡ɕɪ̀ɴ၂]
    အတိုက်အခံ ဖြစ်ခြင်း။ ဖီလာ ကန့်လန့် ဖြစ်ခြင်း။ ကွဲလွဲခြင်း
    အတိုက်အခံ ဖြစ်ခြင်း။ ဖီလာ ကန့်လန့် ဖြစ်ခြင်း။ ကွဲလွဲခြင်း
    oppose
    နာမ်

    ဆန့်ကျင်ဘက်

    [sʰàɴ့t͡ɕɪ̀ɴbʱɛʔ]
    ဖီလာ ကန့်လန့် ဖြစ်ရေ အရာ။ အဟန့်တား ဖြစ်ခြင်း
    ဖီလာ ကန့်လန့် ဖြစ်သော အရာ။ အတားဆီး ဖြစ်ခြင်း
    opposition
    နာမ်

    ဆန်ကျိုးဆန်ပဲ့

    [sʰàɴt͡ɕósʰàɴpé]
    ၁၊ ကျိုးပဲ့ နိန်ရေ ဆန်စိ၏ အစိတ် အပိုင်း။ ၂၊ (ဥပစာ) အသုံး မကျသူ
    ၁၊ ကျိုးပဲ့ နေသော ဆန်စေ့၏ အစိတ် အပိုင်း။ ၂၊ (ဥပစာ) အသုံး မကျသူ
    broken rice
    နာမ်

    ဆန်ကြမ်း

    [sʰàɴt͡ɕáɴ]
    လူး၊ ဆပ်၊ ကောက်ညှင်း အစဟိရေ ဆန်ကို ထားပနာ ထမင်း ချက်စားရရေ ဆန်ကို မှည့်ခေါ် ထားရေ အမည်
    လူး၊ ဆပ်၊ ကောက်ညှင်း စသော ဆန်ကို ထား၍ ထမင်း ချက်စားရသော ဆန်ကို မှည့်ခေါ် ထားသော အမည်
    ordinary rice
    နာမ်

    ဆန်းကြယ်

    [sʰáɴt͡ɕɛ̀]
    အများနှင့် မတူ ကွဲပြားရေ။ ၂၊ အမျိုးမျိုး အဖုံဖုံ ဖြစ်တေ
    အများနှင့် မတူ ကွဲပြားသည်။ ၂၊ အမျိုးမျိုး အဖုံဖုံ ဖြစ်သည်
    wonderful
    ကြိယာ

    ဆန်ကြိတ်

    [sʰàɴt͡ɕeɪʔ]
    စပါးကို ဆန်ဖြစ်ယောင် ကြိတ်ရေ။ ဆန်ခွဲသည်
    စပါးကို ဆန်ဖြစ်အောင် ကြိတ်သည်။ ဆန်ခွဲသည်
    mill paddy or rice
    ကြိယာ

    ဆန့်ကြီးဆန့်ကြော

    [sʰàɴ့t͡ɕïsʰàɴ့t͡ɕɔ́]
    နောက်ကို ခါးညွတ် ကိုင်း၍ ခပ်လန်လန် လားလိ့ ဟိသူ။ ၂၊ ယနာနာ လည်ပတ် လားလာ နီသူ
    နောက်သို့ ခါးညွတ် ကိုင်း၍ ခပ်လန်လန် သွားလေ့ ရှိသူ။ ၂၊ ယောင်ချာချာ လည်ပတ် သွားလာ နေသူ
    uncertainly
    နာမ်

    ဆန်ခတ်

    [sʰàɴkʰaʔ]
    လုံးကြီးတင် အထဲမာ ‘အဆန်’ ထည့်ရေ။ (သာဓက။ ကြွီ။
    လုံးကြီးတင် အထဲတွင် ‘အဆန်’ ထည့်သည်။ (သာဓက။ ကြွီ။
    none
    ကြိယာ

    ဆန်ခပ်

    [sʰàɴkʰaʔ]
    ထမင်းအိုး ထဲကို ဆန်ထည့်ရေ။ ပြည်ကြီးဝန်ကို၊ အိုးတန်ဆန်ခပ် (တောင်)
    ထမင်းအိုး ထဲသို့ ဆန်ထည့်သည်။ ပြည်ကြီးဝန်ကို၊ အိုးတန်ဆန်ခပ် (တောင်)
    put in
    ကြိယာ

    ဆန်ခါ

    [sʰàɴkʰà]
    ဝါး၊ နှီး၊ နန်းကြိုး စစွာတိနန့် အပေါက်ငယ်များ ချန်၍ ရက်လုပ် ထားရေ ဗန်းဝိုင်း။ စံဂိုးဆန်ခါ၊ ရို့နန့်ရာကေ၊ ကာကွယ်မလွတ် (ထာနု)
    ဝါး၊ နှီး၊ နန်းကြိုး စသည်တို့ဖြင့် အပေါက်ငယ်များ ချန်၍ ရက်လုပ် ထားသော ဗန်းဝိုင်း။ စံဂိုးဆန်ခါ၊ တို့နှင့်သာလျှင်၊ ကာကွယ်မလွတ် (ထာနု)
    sieve
    နာမ်

    ဆန်ခါကျ

    [sʰàɴkʰàt͡ɕ]
    ၁၊ ဆန်စိ၊ စပါးစိ အစဟိစွာရို့ကို စံဂိုးမာ တင်ကာ လှုပ်ခါ၍ ငယ်ရေ အရာရို့ကို ဆန်ခါပေါက်မှ ကျစီရေ။ ၂၊ (ဥပစာ) တခုလေ့သင့် ဗဟရီ၊ အကျိုးမဟိ ဖြစ်တေ
    ၁၊ ဆန်စေ့၊ စပါးစေ့ စသည်တို့ကို စကောတွင် တင်ကာ လှုပ်ခါ၍ သေးငယ်သော အရာတို့ကို စကာပေါက်မှ ကျစေသည်။ ၂၊ (ဥပစာ) ဘာမှ အသုံးမကျ၊ အကျိုးမရှိ ဖြစ်သည်
    sift
    ကြိယာ

    ဆန်ခါကျ၂

    [sʰàɴkʰàt͡ɕ၂]
    ဆန်စိ၊ စပါးစိ အစဟိစွာရို့ကို စံဂိုးမာ တင်ကာ လှုပ်ခါ၍ (ဆန်ခါပေါက်) မှ ကျလှာရေ ငယ်ရေ ဆန်စိ၊ စပါးစိ အစဟိစွာ
    ဆန်စေ့၊ စပါးစေ့ စသည်တို့ကို စကောတွင် တင်ကာ လှုပ်ခါ၍ (စကာပေါက်) မှ ကျလာသော သေးငယ်သော ဆန်စေ့၊ စပါးစေ့ စသည်
    sift
    နာမ်

    ဆန်ခါကြား

    [sʰàɴkʰàt͡ɕá]
    အပေါက် ကြဲသော စကာ
    အပေါက် ကြဲသော စကာ
    sieve
    နာမ်

    ဆန်ခါချ

    [sʰàɴkʰàɕ]
    ဆန်စိ၊ စပါးစိ အစဟိစွာရို့ကို စကာမာ တင်ပနာ သေးသယ်သော အရာဝတ္တုရို့ကို စကာ ပေါက်မှ ကျစီရေ
    ဆန်စေ့၊ စပါးစေ့ စသည်တို့ကို စကာတွင် တင်၍ သေးသယ်သော အရာဝတ္တုတို့ကို စကာ ပေါက်မှ ကျစေသည်
    sift
    ကြိယာ

    ဆန်ခါတင်

    [sʰàɴkʰàtɪ̀ɴ]
    စကာနှင့် ချရေအခါ မကျပဲ ကျန်ဟိ နီကျန်သည်
    စကာနှင့် ချသောအခါ မကျပဲ ကျန်ရှိ နေရစ်သည်
    best of the lot
    ကြိယာ