Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 281–300 of 913 words

    ဆ

    ဆန်လှောင်

    [sʰàɴɬàʊɴ]
    ဆန်တိကို အရပ် တပါးသို့ မပို့မဆောင် မရောင်းချပဲ လုံခြုံစွာ စုဆောင်း သိမ်းဆည်း ထားရေ
    ဆန်များကို အရပ် တပါးသို့ မပို့မဆောင် မရောင်းချပဲ လုံခြုံစွာ စုဆောင်း သိမ်းဆည်း ထားသည်
    store rice
    ကြိယာ

    ဆန်လှောင်၂

    [sʰàɴɬàʊɴ၂]
    အရပ် တပါးသို့ မပို့ဆောင် မရောင်းချပဲ လုံခြုံစွာ သိမ်းဆည်း ထားရေ ဆန်
    အရပ် တပါးသို့ မပို့ဆောင် မရောင်းချပဲ လုံခြုံစွာ သိမ်းဆည်း ထားသော ဆန်
    store rice
    နာမ်

    ဆန်လှော်ဆုပ်

    [sʰàɴɬɔ̀sʰoʊʔ]
    လောင်းာ်ထားရေ ဆန်ကို ညက်အောင် ထောင်းပြီး ထန်းညှက်၊ သကာ အစဟိစွာရို့နန့် ရောနှော နယ်ပြီး အဆုပ်ပြုပနာ တပျော်တပါး စားသောက်သော အစားအစာ
    လှော်ထားသော ဆန်ကို ညက်အောင် ထောင်းပြီး ထန်းလျက်၊ သကာ စသည်တို့နှင့် ရောနှော နယ်ပြီး အဆုပ်ပြု၍ တပျော်တပါး စားသောက်သော အစားအစာ
    Rice-ball
    နာမ်

    ဆန်ဝါ

    [sʰàɴwà]
    ရီစွတ်သော စပါးကို ကြိတ်ခွဲ ရာမာ ဖြစ်ပေါ် လာရေ အရောင်ဝါ ဖြစ်တေ့ ဆန်
    ရေစိုစွတ်သော စပါးကို ကြိတ်ခွဲ ရာတွင် ဖြစ်ပေါ် လာသော အရောင်ဝါ ဖြစ်သည့် ဆန်
    none
    နာမ်

    ဆန်းသစ်

    [sʰáɴθɪʔ]
    အသစ် တီထွင်ရေ။ နောက်ထပ် အသစ် (ပြန်ပနာ) ဖြစ်ပေါ် လာရေ
    အသစ် တီထွင်သည်။ နောက်ထပ် အသစ် (ပြန်လည်) ဖြစ်ပေါ် လာသည်
    be new
    ကြိယာ

    ဆန်သိုက်ကြည့်

    [sʰàɴθaɪʔt͡ɕɛ့̀]
    (နတ်ကောင်းမမထံ) နတ်များ ပူးဝင်ပြီးကေ ကခုန်ကာ ဟောပြောသော အခြင်း အရာ။ (နတ်ကောင်းမ ခေါ် နတ်ကောင်းမ ရို့က ဆန်တခွက်ကို တင်ပြီး အစွဲပယောဂ ဟိမဟိ တွက်ဆိုချက်ကို ဆန်ခွက်ကြည့်သည် ဟု ဆိုရေ။) နတ်ဆရာရို့၊ ဆိုကာဖွဲ့နွဲ့၊ ကြီးမုံပြင်မာ၊ ဆင်ခြီတွက်ကေ၊ ဆန်ခွက်ကြည့်လို့ (ကော်
    (နတ်ကတော်မထံ) နတ်များ ပူးဝင်၍ ကခုန်ကာ ဟောပြောသော အခြင်း အရာ။ (နတ်ကတော် ခေါ် နတ်ကောင်းမ တို့က ဆန်တစ်ခွက်ကို တင်ပြီး အစွဲပယောဂ ရှိမရှိ တွက်ဆိုချက်ကို ဆန်ခွက်ကြည့်သည် ဟု ဆိုသည်။) နတ်ဆရာတို့၊ ဆိုကာဖွဲ့နွဲ့၊ ကြီးမုံပြင်မှာ၊ ဆင်ခြေတွက်ကေ၊ ဆန်ခွက်ကြည့်လို့ (ကော်
    consult an astrologer
    နာမ်

    ဆံနှပ်

    [sʰံn̥aʔ]
    ဆံထုံး၊ ဆံကျစ်ရို့ကို ကရားကထား မကျစီရန် နှိပ်ထားရရေ အဆင် တန်ဆာ တမျိုး
    ဆံထုံး၊ ဆံကျစ်တို့ကို ဖရိုဖရဲ မကျစေရန် နှိပ်ထားရသော အဆင် တန်ဆာ တစ်မျိုး
    hairpin
    နာမ်

    ဆံပင်

    [sʰံpɪ̀ɴ]
    အဂေါင်းမွှီး
    ဦးခေါင်းမွှေး
    hair
    နာမ်

    ဆံပင်ကိုက်

    [sʰံpɪ̀ɴkaɪʔ]
    ဆံပင် ညှပ်ရေ။ ဆံသသည်
    ဆံပင် ညှပ်သည်။ ဆံသသည်
    cut hair
    ကြိယာ

    ဆံပင်စိုးရွား

    [sʰံpɪ̀ɴsóɹWà]
    စွတ်ပနာ ပြန့်ကြဲဗျာယ် ဟိနိန်ရေ ဆံပင်စု
    စိုစွတ်၍ ပြန့်ကြဲလျက် ရှိနေသော ဆံပင်စု
    wet hair
    နာမ်

    ဆံပင်စူရား

    [sʰံpɪ̀ɴsùɹá]
    (ဆံပင်ကို မထုံးဖွဲ့ပဲ) ကရားကထား ဖွာကြဲ ဗျာယ်ဟိ နိန်ရေ ဆံပင်စု
    (ဆံပင်ကို မထုံးဖွဲ့ပဲ) ဖရိုဖရဲ ပြန့်ကြဲ လျက်ရှိ နေသော ဆံပင်စု
    switch of hair
    နာမ်

    ဆံပင်စူရား၂

    [sʰံpɪ̀ɴsùɹá၂]
    (ဆံပင်ကို မထုံးဖွဲ့ပဲ) ကရားကထား ပြန့်ကြဲဗျာယ်။ ကျောက်ဖြူသား မောင်သျှင်၊ လိပ်ထိုးဝင်၊ ဆံပင်စရား၊ လိပ်ထိုးသား (တေး)
    (ဆံပင်ကို မထုံးဖွဲ့ပဲ) ဖရိုဖရဲ ပြန့်ကြဲလျက်။ ကျောက်ဖြူသား မောင်သျှင်၊ လိပ်ထိုးဝင်၊ ဆံပင်စရား၊ လိပ်ထိုးသား (တေး)
    switch of hair
    ကြိယာဝိသေသန

    ဆံပင်စူရား၃

    [sʰံpɪ̀ɴsùɹá၃]
    ဆံပင် ကရားကထား ပြန့်ကြဲ နိန်ရေ
    ဆံပင် ဖရိုဖရဲ ပြန့်ကြဲ နေသည်
    switch of hair
    ကြိယာ

    ဆံပင်ထရော

    [sʰံpɪ̀ɴtʰɹɔ́]
    ဆံပင်ကို ဖြေ၍ ရှည်သွယ် ဖြာချ ထားဗျာယ်
    ဆံပင်ကို ဖြေ၍ ရှည်သွယ် ဖြာချ ထားလျက်
    spread out of hair
    ကြိယာဝိသေသန

    ဆံပင်ထရော၂

    [sʰံpɪ̀ɴtʰɹɔ́၂]
    ယင်းပိုင် ရှည်သွယ် ဖြာချ ထားရေ ဆံပင်စု
    ယင်းသို့ ရှည်သွယ် ဖြာချ ထားသော ဆံပင်စု
    spread out of hair
    နာမ်

    ဆံပင်ဖားရား

    [sʰံpɪ̀ɴpʰáɹá]
    ဆံပင်ကို မထုံးပဲ ရှည်သွယ်စွာ ဖြန့်ချ ထားဗျာယ်
    ဆံပင်ကို မထုံးပဲ ရှည်သွယ်စွာ ဖြန့်ချ ထားလျက်
    spread out of hair
    ကြိယာဝိသေသန

    ဆံပင်အူဆရောင်း

    [sʰံpɪ̀ɴʔùsʰɹáʊɴ]
    ဆံပင်ကို မဖီးလူးပဲ မြင်မကောင်းယောင် ကရားကထား ပြန့်ကြဲ ထွီးယှက် ညှီဟောက်သော အနံဟိရေ ဆံပင်ဖြင့်
    ဆံပင်ကို မဖီးလိမ်းပဲ မြင်မကောင်းအောင် ဖရိုဖရဲ ပြန့်ကြဲ ထွေးယှက် ညှီဟောက်သော အနံရှိသော ဆံပင်ဖြင့်
    uncombed
    ကြိယာဝိသေသန

    ဆပါအိမ်

    [sʰpàʔèɪɴ]
    လူဆိုး သူဆိုးရို့ကို ဖမ်းဆီး နှိမ်နှင်းရန် စောင့်နီသူ။ ရန်သူ၏ အခြီ အနေကို ထောက်လှမ်းရန် လှည့်လည် နီသူ။ ၂၊ ရဲ။ အစောင့်
    လူဆိုး သူဆိုးတို့ကို ဖမ်းဆီး နှိမ်နှင်းရန် စောင့်နေသူ။ ရန်သူ၏ အခြေ အနေကို ထောက်လှမ်းရန် လှည့်လည် နေသူ။ ၂၊ ရဲ။ အစောင့်
    Police - guard
    နာမ်

    ဆပ်

    [sʰaʔ]
    လူရို့ စားသုံးသော စပါးပိုင် အလုံးအစိ ငယ်ရေ ကောက်စပါး တမျိုး
    လူတို့ စားသုံးသော စပါးကဲ့သို့ အလုံးအစေ့ သေးငယ်သော ကောက်စပါး တစ်မျိုး
    millet
    နာမ်

    ဆပ်၂

    [sʰaʔ၂]
    ၁၊ (ချီးယူ ထားရေ ငွီကို) ပြန်ပနာ ပီးရေ။ ၂၊ (ကျေးဇုကို) တုန်ပြန်ရေ။ ယင်းတိုင်သျှင် မိဘကို လုပ်ကျွေးရေ၊ ကျေးဇုဆပ်တေ မနှမ်းယေ
    ၁၊ (ချေးယူ ထားသော ငွေကို) ပြန်လည် ပေးသည်။ ၂၊ (ကျေးဇူးကို) တုန်ပြန်သည်။ ယင်းသူ မိဘကို လုပ်ကျွေးရေ၊ ကျေးဇူးဆပ်တေ မဟုတ်လားယေ
    repay
    ကြိယာ