Arakan — Myanmar Lexicon

Arakan Dictionary

A regional lexicon of Arakan words with IPA pronunciation, Burmese–Rakhine conversion, and English equivalents — curated and kept alive.

    Dictionary Entries

    Showing 301–320 of 913 words

    ဆ

    ဆပ်နှံ

    [sʰaʔn̥ံ]
    ဆပ်အပွင့် ဆပ်အသီးများ ဟိရေ ဆပ်စပါး၏ အခိုင်
    ဆပ်အပွင့် ဆပ်အသီးများ ရှိသော ဆပ်စပါး၏ အခိုင်
    cereak
    နာမ်

    ဆပ်ပြာသီး

    [sʰaʔpɹàθï]
    မင်း၏ စီတမန်။ ဗေါင်းနီမှစွီးစွီး၊ သပုံသီး၊ ရောက်စီရောက်စီ၊ ငါ့ဟိပါးကာ၊ ပြင်းထန်ခုရောက်စီ (ဓမ္မက)
    မင်း၏ စေတမန်။ ဗေါင်းနီမှစွီးစွီး၊ ဆပ်ပြာသီး၊ ရောက်စီရောက်စီ၊ ငါ့ရှိထံမှာ၊ ပြင်းထန်ခုရောက်စီ (ဓမ္မက)
    none
    နာမ်

    ဆပ်ဖါငါး

    [sʰaʔpʰàŋàး]
    ငလက်ခွာနန့် ဆင်သော အကြီးဟိ ပင်လယ် ငါးကြီး တမျိုး
    ကကူရံနှင့် ဆင်သော အကြေးရှိ ပင်လယ် ငါးကြီး တစ်မျိုး
    sea fish
    နာမ်

    ဆပွတ်

    [sʰpwaʔ]
    (ဥပစာ) ထင်ရာကို ပြုလုပ်ပနာ မိုက်မဲ အဆိုးအဆာ။ ဆိုဆုံးမ ခက်သူ။ သာမန် လူရို့ ဣန္ဒြေ စောင့်စည်း၍ မဝံ့ မရဲရေ အမှုကို ပြုမူ တတ်သူ
    (ဥပစာ) ထင်ရာကို ပြုလုပ်၍ မိုက်မဲ ဆိုးသွမ်းသူ။ ဆိုဆုံးမ ခက်သူ။ သာမန် လူတို့ ဣန္ဒြေ စောင့်စည်း၍ မဝံ့ မရဲသည့် အမှုကို ပြုမူ တတ်သူ
    blackguard
    နာမ်

    ဆပွတ်၂

    [sʰpwaʔ၂]
    မိုက်မဲ ဆိုးညစ်သော။ ဆိုဆုံးမ ခက်သော။ ဣန္ဒြေကို မစောင့်မစည်း ပြုမူ တတ်ရေ
    မိုက်မဲ ဆိုးသွမ်းသော။ ဆိုဆုံးမ ခက်သော။ ဣန္ဒြေကို မစောင့်မစည်း ပြုမူ တတ်သော
    blackguard
    နာမဝိသေသန

    ဆံဖျားညီ

    [sʰံpʰráɲí]
    ၁၊ တပ်ခြံ ကာရာမာ ဖြစ်စီ၊ တစုံ တခုကို အတန်းလိုက် စိုက်ရာမာ ဖြစ်စီ၊ မတိုမရှည်၊ မနိမ့်မမြင့် တတန်းတည်း ဟိရေ။ ၂၊ (ဥပစာ) တစည်း တရုံးတည်း တည်ဟိရေ
    ၁၊ ခြံစည်းရိုး ကာရာ၌ ဖြစ်စေ၊ တစ်စုံ တစ်ခုကို အတန်းလိုက် စိုက်ရာ၌ ဖြစ်စေ၊ မတိုမရှည်၊ မနိမ့်မမြင့် တစ်တန်းတည်း ရှိသည်။ ၂၊ (ဥပစာ) တစ်စည်း တစ်ရုံးတည်း တည်ရှိသည်
    none
    ကြိယာ

    ဆံဖျားညီ၂

    [sʰံpʰráɲí၂]
    ယင်းပိုင် တတန်းတည်း ဟိနိန်ရေ အရာ
    ယင်းသို့ တစ်တန်းတည်း ရှိနေသော အရာ
    comb hair
    နာမ်

    ဆံဖြေဖားရား

    [sʰံpʰɹèpʰáɹá]
    ပူဆွေး သောက များရေ သူရို့၏ အပြု အမူဖြစ်ရေ ဆံပင်ကို ဖြီပြီး ကရားကထား ပြန့်ကြဲ ချထားဗျာယ်။ အတန်နီမှ၊ ဆံဖြေဖားရား၊ မေပဋါလေ၊ မြီမာလူးကေ၊ ရူးသွတ်လားသို့ (ပဋါ)။ ဆံဖြေဖားရား၊ ဝမ်းဖားဖားသည်၊ ခြီကိုးရားပြုဗျာယ် (ဗမာချီ)
    ပူဆွေး သောက များသော သူတို့၏ အပြု အမူဖြစ်သော ဆံပင်ကို ဖြေပြီး ဖရိုဖရဲ ပြန့်ကြဲ ချထားလျက်။ အတန်နေမှ၊ ဆံဖြေဖားရား၊ မေပဋါလေ၊ မြေမှာလူးကေ၊ ရူးသွတ်လားသို့ (ပဋါ)။ ဆံဖြေဖားရား၊ ဝမ်းဖားဖားသည်၊ ခြီကိုးရားပြုလျက် (ဗမာချီ)
    uncombed
    ကြိယာဝိသေသန

    ဆံမစစ်ဦးမစစ်

    [sʰံmsɪʔʔúmsɪʔ]
    ၁၊ (သေပွဲ၊ ငိုပွဲ ကြုံတွိ လာရေအခါ) ဟိုမကိုင်တတ် သည်မကိုင်တတ် ဖြစ်ဗျာယ်။ ၂၊ တစုံ တခု အရီးကိစ္စတွက်နန့် အယင့်ယင် လားလိုသည် ဖြစ်ပနာ။ ၃၊ ဒေါသ ပြင်းထန် ရေအခါ မျိုးမာ
    ၁၊ (သေပွဲ၊ ငိုပွဲ ကြုံကြိုက် လာသည့်အခါ) ဟိုမကိုင်တတ် သည်မကိုင်တတ် ဖြစ်လျက်။ ၂၊ တစ်စုံ တစ်ခု အရေးကိစ္စကြောင့် လျင်မြန်စွာ သွားလိုသည် ဖြစ်၍။ ၃၊ ဒေါသ ပြင်းထန် သောအခါ မျိုးတွင်
    none
    ကြိယာဝိသေသန

    ဆမ်း

    [sʰáɴ]
    ထမင်း အစဟိရေ တစုံ တခုထက်ရို့ ဆီ၊ ရေ၊ အရည် စစွာကို ပျံ့နှံအောင် ဆွတ်ဖျန်းသည်
    ထမင်း စသော တစ်စုံ တစ်ခုပေါ်သို့ ဆီ၊ ရေ၊ အရည် စသည်ကို ပျံ့နှံအောင် ဆွတ်ဖျန်းသည်
    sprinkle
    ကြိယာ

    ဆံမျှင်

    [sʰံmɹ̯ɪ̀ɴ]
    ဆံပင်။ ခေါင်းမွှီး
    ဆံပင်။ ခေါင်းမွှေး
    hair
    နာမ်

    ဆံမျှင်၂

    [sʰံmɹ̯ɪ̀ɴ၂]
    ငယ်သော ပမာဏ ဟိရေ။ ငယ်ရေ။ မကြီးရေ
    ငယ်သော ပမာဏ ရှိသော။ သေးငယ်သော။ မကြီးသော
    strand of hair
    နာမဝိသေသန

    ဆံမြိတ်

    [sʰံmɹeɪʔ]
    ထုံးဖွဲ့ ထားရေ တပတ်ရစ် ဆံထုံးမာ အစွန်း ထုတ်ထားရေ ဆံပင် စု။ ဆံမြိတ်ချ - လှပါယင့်၊ ကျောက်တန်းစီ-ညီပါယင့် (ပန်းဝှက်)
    ထုံးဖွဲ့ ထားသော တစ်ပတ်ရစ် ဆံထုံးတွင် အစွန်း ထုတ်ထားသော ဆံပင် စု။ ဆံမြိတ်ချ - လှပါယင့်၊ ကျောက်တန်းစီ-ညီပါယင့် (ပန်းဝှက်)
    tress of loose hair
    နာမ်

    ဆံမြွာ

    [sʰံmWɹà]
    ဆံပင်။ ခေါင်းမွှီး
    ဆံပင်။ ခေါင်းမွှေး
    hair
    နာမ်

    ဆံမြွာ၂

    [sʰံmWɹà၂]
    စိကေချေ မျှသော ပမာဏ။ အမှုမထား လောက်သော အရာ။ ငယ်ရေ အရာဝတ္တု
    အနည်းငယ် မျှသော ပမာဏ။ အမှုမထား လောက်သော အရာ။ သေးငယ်သော အရာဝတ္တု
    a little
    နာမ်

    ဆံမြွာ၃

    [sʰံmWɹà၃]
    ၁၊ အရွယ်ပမာအနိန်နန့် ငယ်သော။ ၂၊ အလီး အမှု ဂရု မထား လောက်သော။ လာမည့်အရီး၊ တောင်းကြီးလောက်လည်း၊ ဖီးမျိုးတိုင်း၊ ရန်ပုစ္ဆာကို၊ ဆံမြွာတတန်း၊ မစိုးလွမ်းနန့် (ထာနု)
    ၁၊ အရွယ်ပမာ အားဖြင့် ငယ်သော။ ၂၊ အလေး အမှု ဂရု မထား လောက်သော။ လာမည့်အရီး၊ တောင်းကြီးလောက်လည်း၊ ဖီးမျိုးတကာ၊ ရန်ပုစ္ဆာကို၊ ဆံမြွာတတန်း၊ မစိုးလွမ်းနှင့် (ထာနု)
    smallest size
    နာမဝိသေသန

    ဆမှန်း

    [sʰm̥áɴ]
    မှန်းဆ ချင့်ချိန်ရေ။ ဝိုးတိုး ဝါးတား သိရေ။ ခန့်တွက်ရေ။ ဆင်ခြင်သည်
    မှန်းဆ ချင့်ချိန်သည်။ ဝိုးတိုး ဝါးတား သိသည်။ ခန့်တွက်သည်။ ဆင်ခြင်သည်
    judge
    ကြိယာ

    ဆယား

    [sʰjá]
    အခြီ အနေမဲ့ မှန်းခြေ မဟိ။ အလုပ်မဲ့၊ ကြံရာမဲ့ ရောက်တတ် ရာရာ
    အခြေ အနေမဲ့ မှန်းခြေ မရှိ။ အလုပ်မဲ့၊ ကြံရာမဲ့ ရောက်တတ် ရာရာ
    jobless - unemployed
    ကြိယာဝိသေသန

    ဆယားသတ်

    [sʰjáθaʔ]
    စိတ် မတည် မငြိမ် ရွှင့်ပါးဗျာယ်။ ရပ်တည်ရာ မဟိ။ လှည့်လည် ကျက်စား လားလာဗျာယ်။ ၂၊ အသုံး မကျသောအနိန်နန့်
    စိတ် မတည် မငြိမ် လွှင့်ပါးလျက်။ ရပ်တည်ရာ မရှိ။ လှည့်လည် ကျက်စား သွားလာလျက်။ ၂၊ အသုံး မကျသော အားဖြင့်
    inquietude
    ကြိယာဝိသေသန

    ဆယ်

    [sʰɛ̀]
    ကိုးထက် တခု ကြီးရေ အရွီအတွက်။ နှစ်ခု မြောက်သော ကိန်း။ (ခု၊ ဆယ်)
    ကိုးထက် တစ်ခု ကြီးသော အရေအတွက်။ နှစ်ခု မြောက်သော ကိန်း။ (ခု၊ ဆယ်)
    ten
    နာမ်